အင်တာနက်ဒေါင်းလုဒ် မန်နေဂျာ ၅.၁၉ နှင့် Patch File

အင်တာနက် ဒေါင်းလုဒ် မန်နေဂျာ 5.19 ထွက်လာပါပြီ Path File လေးနဲ့ပါ တင်ပေးလိုက်ပါတယ်..

အရင်ပိုစ့် ဒေါင်းလုဒ်မန်နေဂျာ 5.17 တုန်းက Path File ထည့်နည်းပါ ရေးပေးထားခဲ့ ပေမယ့် အခုမှ ဖတ်မိသူတွေ ဘယ်လို ထည့်ရမှန်း မသိသေးသူတွေ အတွက် အခုတစ်ခါ ထပ်ပြီး Path File ထည့်နည်းပါ ထပ်ပြီး ရှင်းပြလိုက်ပါတယ်..။

လုပ်နည်းလေးကတော့ ပထမဦးဆုံး ကျွန်တော် တင်ပေးထားတဲ့ လင့်ကနေတစ်ဆင့် ဒေါင်းလုဒ် ချလိုက်ပါ..

I.D.M 5.19 Download


Media Fire နဲ့ အဆင်မပြေသူများ အတွက် အောက်မှာ Direct Download လုပ်နိုင်ပါတယ်..


ပြီးရင် Zip ဖိုင်ကို ဖြည်လိုက်ရင် ဖိုင်နှစ်ဖိုင် တွေ့ပါလိမ့်မယ်..

အဲဒီအထဲက idman519.exe ဆိုတာကို အရင် Run လိုက်ပါ..
အင်စတောလုပ်ပြီးပြီဆိုရင် အင်တာနက်ဒေါင်းလုဒ် မန်နေဂျာကို ပြန်ပြီး Exit လုပ်ပြီး ပိတ်ထားလိုက်ပါ..
နောက်တစ်ဆင့်အနေနဲ့က C:\ program file ထဲက Internet Download Manager ဖိုင်ကို ဖွင့်လိုက်ပါ ..
ပြီးသွားရင် အဲဒီထဲကို Patch 5.xx (2010.04.28).exe ဆိုတဲ့ ဖိုင်ကို ဆွဲထည့်လိုက်ပါ ဒါမှ မဟုတ်လဲ copy & paste လုပ်လိုက်ပေါ့..၊

Internet Download Manager ဖိုင်ထဲကို Patch 5.xx (2010.04.28).exe ရောက်သွားပြီ ဆိုရင် အဲဒီ Patch ဖိုင်ကို D-Click နဲ့ Run လိုက်ပေါ့ဗျာ ဒါဆိုရင်ဒီလိုပုံလေးပေါ်လာပါလိမ့်မယ်..။


ဒါဆို နောက်ဆုံး အဆင့်အနေနဲ့ ပုံမှာ အနီလေး ဝိုင်းပြထားတဲ့ Patch ဆိုတာလေး ကို နှိပ်လိုက်ရင် Internet Download Manager v5.19 ကို Full version နဲ့ သုံးလို့ ရပြီပေါ့ဗျာ...။


အားလုံးအဆင်ပြေပါစေ..။









PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


ငါးဘဲဖြူ အိုးကပ်



ဒီလိုလည်းရတယ် အစက ပြန်စရသလို အဲဒါလည်းရတယ် စာအုပ်လှန်ကြေး ပန်းပေးကြေး

သတင်းလာကာနီး တီးလုံး ကဗျာကို ဘဝအဖြစ် ၂ မောင်သာနိုး ၇၂ ဒါ့အပြင် လူ့လောကတွင်

ဒီနားလေးက လေနည်းနည်းရတယ် အသက်ရှူရတာ ပိုလို့ အားရတယ် တဏှာမျိုး ငါးပါးရှိကြောင်း

ကျနော့်မှာ ဆယ်ပေါင် လျော့နေတယ်ခင်ဗျ အမွေးမညှပ်ရသေးတဲ့ သိုးကောင်တွေ ချိုးဖြူငှက်တွေ

တကယ် ပျံသွားကြပြီလား မြေသင်းနံ့ ဖြူ-မည်း မြင်နေရာက အရောင်တွေ စိမ့်ဝင်လာကာ လက်ရှိ

မြောင်းထဲမှာပဲ သွားရှာ မင်းလည်းရတယ် ငါလည်းရတယ် ဒါနဲ့ ကြောင်ကိုဆွဲပေးမယ့်ခြူ ရပြီလား

ခြူသွားဆွဲမယ့် လူအမည်စာရင်း ရပြီလား ပေါလောပေါ်နိယာမ အရ ပေါလောမျောနေတဲ့ ငါ့အမည်

စာရေးဆရာကြီး မောင်ထင် ဆိုလျင် စောင်မာန်မပြင်း နုစေမင်း ထူးဆန်းသည်မှာ ဇာတ်ခုံကြီးမှာ

သြကာသ လောကကြီးမှာ အနောက်မှာ အရှေ့မှာ အာကာသထဲမှာ ဝင်ရိုးစွန်းမှာ café D မှာ

ငါးဘဲဖြူကလေးတွေ အိုးကပ်ချက်ထားတယ် ငရဲအိုးမှာ ဂျိုးကပ်မယ့်ကောင် အိုးထိန်းစက်ကဲ့သို့

ခြာခြာလည်၏ ရေမှာ အရုပ်ရေးမိသည် ဝေဒနာသရုပ်အဆွေးကိုတော့ သေအချာ အဟုတ်တွေး

မယ်လို့ အံမယ်မင်း…..မြင်းလောင်းမယ့်ကောင် သွား ငါ့အိမ်ပေါ်က ခုဆင်းသွား ဆင်သားချက်၍

အရပ်ဝေ မည့်သူ ဒါနဲ့ အရေးပေါ် ကက်ဘိနက် အစည်းအဝေး အမြန်ခေါ်ပြီး ကြိုးကြာငှက်၏ ဝမ်း

ဗိုက် ကိုခွဲကြည့်သောအခါ အစီအစဉ်တွေ အဆီအငေါ်တည့်နေကြရင် ညနေခင်းဟာ ခါတိုင်းထက်

ပိုလှတယ် တက်စီးလိုက်တာပဲ လေယာဉ်ပျံဆိုလား ထွက်လာတုန်းကနာရီကို တနာရီရှေ့တိုးလိုက်

မှ ဒေသစံတော်ချိန်ဆိုလား တိမ်တွေကြားထဲ တချက်နှစ်ချက် ဝုန်းဒိုင်းကျဲသွားသေးတယ် တခဲနက်

အပြာရောင်ဟာ ကောင်းကင်မှာကော ရေပြင်မှာရော ပင်လယ်လို့ ခေါ်ကြသတဲ့ သူ့အနားသတ်

နှုတ်ခမ်းတွေ လှုပ်တယ်ဆိုရုံလေး မိန့်ခွန်းတွေတော့ မေ့သလောက်ဖြစ်နေပါပြီ အတိအကျသိချင်

ရင် နားကြပ်နဲ့ အိုင်ပေါ့နဲ့ သရီးဂျီနဲ့ အီလက်ထရွန်းနစ် ဒီဗိုက်စ် တမျိုးမျိုး (အမည်မခေါ်တတ်)များ

မှာ အသင့်ရနိုင်ပြီတဲ့ ငါးဘဲဖြူ အိုးကပ် တော့ not available yet တဲ့ ။ ။



ခင်အောင်အေး

၂၆၊ ဧပြီ၊ ၂၀၁၀ စင်္ကာပူ စံတော်ချိန် ၁၆း၅၈ နာရီ
Read more


ဘလောဂ်ဂါများ animated tag cloud မပေါ်တော့ရင်


ပြီးခဲ့တဲ့ နှစ်ပါတ်လောက်က ကျွန်တော့ ဘလော့မှာ ထည့်ထားတဲ့ animated tag cloud လေးဘာမှ မပေါ်တော့ပဲ ဗျောင် အဖြူထည် ကြီးပဲ ပေါ်နေလို့ တော်တော် စိတ်ညစ်သွားတယ် သူ့မှာ ထည့်ထားတဲ့ JS ဖိုင်တွေ အလုပ်မလုပ်တော့ လို့လား Swf ဖိုင်ပဲ လင့်သေနေလို့လား အမျိုးမျိုး ကြိုးစား ကြည့်တယ် ဘယ်လိုမှ မရဘူးဗျာ..

ဒါနဲ့ သူ့နဂို ပိုင်ရှင် ဆိုဒ်မှာ သွားပြန်ထပ်ကြည့်တယ် အမေးအဖြေ တွေ ကြည့်ပြီး ပြန်လုပ် ကြည့်တာ ဟောဗျာ အခုတော့ သကောင့်သား ပြန်ပေါ်လာပါပြီ ကျွန်တော့် ဘလော့ဂ် အောက်ဆုံးမှာ သွားကြည့်နိုင်ပါတယ်...

ကျွန်တော် အရင်က သွားလည်ရင်း ဒီ လေဘယ် animated tag cloud လေးတွေ ထည့်ထားတဲ့ ဘလော့ဂ်တွေကို သွားလိုက် ပြန်ရှာ ကြည့်တော့ သူတို့လဲ အကုန် ဗျောင်တွေ ဖြစ်နေတယ် တစ်ချို့လဲ ရိုးရိုး tag cloud တွေ ပြောင်းထည့်ထားတာ တွေ့ရတယ် ဒီတော့ ကျွန်တော် ပြန်လည်ပြီး ဒီကောင်ကို အသက်ဘယ်လို ပြန်သွင်းရမလဲ ဆိုတာ ဝေမျှ ပါရစေ တစ်ကယ်လို့ မထည့်ဖူးဘူး အခုမှ ထည့်မယ် ဆိုလဲ ရပါတယ်ဗျာ ဒီအောက်က နည်းအတိုင်းသာ လုပ်လိုက်ပါ..။


သင့်ရဲ့ Blogger dashboard ထဲကနေ Layout>Edit HTML ကိုသွားလိုက်ပါဗျာ..

ကုဒ်တွေ ပြထားတဲ့ Box ကြီးရဲ့ ညာဘက် အပေါ်ထောင့်လေးမှာ "Expand widget templates" box လေးအသေးလေး ရှိပါတယ် အဲဒါကို လုံးဝ check မလုပ်ပါနဲ့ check လုပ်တယ် ဆိုတာ အဲဒီ အကွက်လေးကို နှိပ်လိုက်ရင် အမှန်ခြစ်ကလေး ဖြစ်သွားပါမယ် အမှန်မခြစ်ပါနဲ့ပေါ့ဗျာ...

ပြီးရင်တော့ ဟောဒီ အောက်က ကုဒ်လေးတွေ ကို ရှာလိုက်ပါ..

<b:section class='sidebar' id='sidebar' preferred='yes'>

ဘယ်လို ရှာရမလဲ ဆိုတော့ မျက်စိနဲ့ရှာပေါ့ ဟက် ဟက် နောက်တာပါ ဒီအတိုင်း လိုက်ရှာနေရင် ခေါင်းမူးပြီး တစ်ခါထဲ စိတ်ကုန်သွားမှာပေါ့ CTRL+F ကို တွဲနှိပ်လိုက်ရင် ဖိုင်းယားဖောက်စ် မှာ ဆိုရင် ဘရောက်ဇာ ဘယ်ဘက် အောက်မှာ Find: ဆိုပြီး ကွက်လပ်ကလေး ပေါ်နေပါလိမ့်မယ် IE ဆိုလဲ အပေါ် ဘယ်ဘက်မှာ Find: ဆိုပြီးပေါ်လာရင်အပေါ်က ကုဒ်လေးကို ကော်ပီ ပေ့စ် လုပ်လိုက်ရင် အဲဒီ စာကြောင်း ရှိတဲ့ ဆီ တစ်ခါထဲ တန်းရောက်သွားမှာပါ..(မသိသေးသူ များအတွက် ရည်ရွယ်ပြီး လေကြောရှည်ခြင်း ဖြစ်ပါသည် သိပြီးသူများ ကျော်လွှား၍ ဆက်ဖတ် နိုင်ပါသည်..။)

တွေ့ပြီလား အဲဒီကုဒ် အိုကေ ဒါဆို သင့်အတွက် လွယ်ကူစွာ နောက်တစ်ဆင့်သွား ရုံပါပဲ..
ရှာတွေ့တဲ့ ကုဒ်ရဲ့ အောက်မှာ ဟောဒီ အောက်က ကုဒ်တွေကို ကူးထည့်လိုက်ပါဗျာ..

<b:widget id='Label99' locked='false' title='Labels' type='Label'>
<b:includable id='main'>
  <b:if cond='data:title'>
    <h2><data:title/></h2>
  </b:if>
  <div class='widget-content'>

    &lt;object type="application/x-shockwave-flash" data="http://Your Url/tagcloud.swf" width="250" height="200" allowscriptaccess="always" &gt;
        &lt;param name="movie" value="http://Your Url/tagcloud.swf" /&gt;
        &lt;param name="bgcolor" value="#ffffff" /&gt;
        &lt;param name="flashvars" value="tcolor=0x000000&amp;mode=tags&amp;distr=true&amp;tspeed=100&amp;tagcloud=&lt;tags&gt;
      <b:loop values='data:labels' var='label'>
<a expr:dir='data:blog.languageDirection' expr:href='data:label.url' style='12'><data:label.name/></a>
</b:loop>
&lt;/tags&gt;" /&gt;
        &lt;p&gt;Blogumulus by &lt;a href='http://www.roytanck.com/'&gt;Roy Tanck&lt;/a&gt; and &lt;a href='http://www.bloggerbuster.com'&gt;Amanda Fazani&lt;/a&gt;&lt;/p&gt;
    &lt;/object&gt;


  </div>

  <b:include name='quickedit'/>
</b:includable>
</b:widget>

တန်းပလိတ် အမျိုးအစားကို လိုက်ပြီး တစ်ချို့မတွေ့နိုင်ပါဘူး အဲဒီလို မတွေ့သူတွေ အတွက် အရင် ထည့်ထားတဲ့ သူတွေနဲ့ လုံးဝ မထည့်ဘူးသေးတဲ့ သူများဆိုပြီး ရှာဖို့ ကုဒ် နှစ်မျိုး ပေးပါ့မယ်..။

ထည့်ဖူးသူများအတွက် ရှာရန်..

<b:widget id='Label99' locked='false' title='Labels' type='Label'/>

လုံးဝ မထည့်ဘူးပဲ ရိုးရိုး Label ပဲ ထည့်ထားသူများ ရှာရန်..

<b:widget id='Label1' locked='false' title='Labels' type='Label'/> 

ကဲ တွေ့ကြပြီ ဆိုရင်တော့ ကျွန်တော် ခုနက အပေါ်မှာ ပြထားတဲ့ ထည့်ရမယ့် ကုဒ်တွေကို အခုတွေ့တဲ့ ကုဒ် နေရာမှာ အစားထိုး ထည့်လိုက်ရုံပါပဲ ထပ်ပြောပါမယ်

ပထမဆုံး ရှာရန် ပေးထားတဲ့ ကုဒ်ကို တွေ့ခဲ့ရင် သူ့ရဲ့ အောက်မှာ ထည့်ရမည့် ကုဒ်ကို တန်းထည့်ပါ..
ဒုတိယ နဲ့ တတိယ ကုဒ်တွေပဲ တွေ့တယ် ဆိုရင် အဲဒီ ကုဒ်တွေ နေရာမှာ အစားထိုးထည့်ရ ပါမယ်.. ပြီးရင် အရင်ဆုံး Preview ကြည့်လိုက်ပါ ကုဒ်ထည့်တာတွေ မှန်တယ်ဆို ကိုယ့်လင့်ကို ရောက်သွားပါမယ် ..
ပြီးရင်တော့ တန်းပလိတ်ကို Save လုပ်လိုက်ပေါ့ဗျာ..အခုမှ ဒီကုဒ်ကို ထည့်မယ် ဆိုတဲ့သူတွေ အတွက်တော့ ဆေ့ဖ်လုပ်ချိန်မှာ အရင် widget အဟောင်းကို ဖျက်မလား မေးပါလိမ့်မယ် ဒါဆို Delete Widget ဆိုတာလေး သာနှိပ်ပေးလိုက်ပါ..။

တစ်ခု ရှိတာကတော့ သူ့ရဲ့ အရင် ဖိုင်လင့်တွေက သေသွားပါပြီ အဲဒီတော့ ကိုယ့်ဖာသာကိုယ် ဖရီးနဲ့ဒါရိုက်လင့် ပေးတဲ့ ဟော့စ်စတင် တစ်ခုခုမှာ SWF ဖိုင်လေးကို အပ်လုဒ် တင်ပြီး သုံးကြပါ ဒါဟာ အကောင်းဆုံး နဲ့ ကြာရှည် သုံးနိုင်မယ့် နည်းလမ်းပါပဲ ကျွန်တော် တင်ပေးလဲ ရပါတယ် ဒါပေမယ့် ဝိုင်းသုံးကြ ရင် ခဏလေးနဲ့ ဒီလိုပဲ လင့်သေသွားမှာ မို့လို့ ကိုယ့်ဖာသာ တင်ပြီး ကိုယ်ပိုင် လင့်ကို သုံးတာ အကောင်းဆုံးပါ ကျွန်တော် သုံးတဲ့ ဟော့စတင်း လင့်က  ဒီမှာ ပါ အောက်က SWF ဖိုင်လေးကို ဒေါင်းလုဒ် လုပ်ပြီးရင် ကျွန်တော် ပြောတဲ့ ဟော့စတင်မှာ သွားတင်လိုက်ပါ ပြီးရင်တော့ http://Your Url/tagcloud.swf ဆိုပြီး အနီရောင်နဲ့ ရေးပြထားတဲ့ နေရာတွေမှာ ကိုယ့်ဖိုင်လင့်တွေ အစားထိုးထည့်လိုက်ပါ.။

Tag Cloud SWF

ဘက်ဂရောင်း နောက်ခံ အရောင်တွေ စာလုံး အရောင်တွေ အကြီးအသေးတွေ စသဖြင့် ကိုယ်လိုချင်သလို ပြောင်းဖို့ကတော့ အရင်က ကျွန်တော် ရေးခဲ့တဲ့ Blogger များအတွက် Flash Animated Label Cloud ဆိုတဲ့ ပိုစ့်မှာ သွားကြည့်နိုင်ပါတယ် ခင်ဗျာ..။

အားလုံးပဲ အဆင်ပြေ ကြပါစေ.


PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


ဒီကနေ့ည နားထောင်ဖြစ်တဲ့ သီချင်း (၂၃ ဧပြီ ၂၀၁၀)

Brandi Carlile , The Interface in Los Angeles, on January 7, 2010.
ဘာရယ် ညာရယ်တော့ ဟုတ်ဘူးဗျာ အခု အလုပ်က ပြန်ရောက်တော့ နားထောင်မိတဲ့ သီချင်းလေး ကို ဗွီဒီယို တင်ပေးလိုက်တယ် Play List နဲ့ ဆိုတော့ ပြောင်းပြောင်း နေစရာ မလိုဘူးပေါ့..။

ကျွန်တော်ကလဲ ကမ်းထရီး သီချင်းအေးအေး လေးတွေ ကြိုက်တဲ့ကောင် ဆိုတော့ ကောင်မလေး သီချင်းဆိုတာကို နားလဲထောင် သီချင်းဆိုနေပုံ လေးလဲ ကြည့်ပြီး အင်းးးးး ကဲ နားထောင် ကြည့်လိုက်ပါဗျာ...။





Who: Brandi Carlile

From: Ravensdale, Wash.

Why We Love Her: Carlile's powerful, crystal-clear voice inspires comparison with the likes of Patty Griffin and Melissa Etheridge. Couple that with a songwriting ability that compels us to sit up and listen, and it's easy to see why Carlile has earned the respect of the musical nobility.
Read more


Fire Fox အတွက် Foxtab 1.3

အကြီးကြည့်ရန်ပုံကိုနှိပ်ပါ

ဘလော့ဂ်နဲ့ ပက်သက် တာတွေ ချည်းရေး နေရတော့ အပြောင်းအလဲလေး ဖြစ်အောင် တစ်ခြား တစ်မျိုးပြောင်း ရေးလိုက်အုံးမယ်ဗျာ..

ဘာလို့လဲ ဆိုတော့ ဘလော့ဂ် လည်တဲ့ အထဲမှာ ဘလော့ဂ်ဂါ မဟုတ် သူတွေ လဲ အများအပြား ပါတယ် ဆိုတော့ ဘလော့ဂ်နဲ့ ပါတ်သက်တာ ချည်းဆိုပြန်ရင် သာမန်စာဖတ်သူတွေ အတွက် ပျင်းရိ ငြီးငွေ့စရာ ဖြစ်နေမှာ စိုးတဲ့ အတွက် ဘလော့ဂ်ဂါ တွေကော ရိုးရိုး စာဖတ်သူတွေ ပါ အသုံးဝင်မယ့် ဟာလေး တစ်ခု တင်ပြချင်ပါတယ် အဲဒါကတော့ အင်တာနက် လည်သူတိုင်း Browser တွေ သုံးကြရမှာပါ IE,Fire Fox အစရှိသဖြင့်ပေါ့လေ ဒီတော့ ကျွန်တော်က ဖိုင်းယားဖောက်စ် ခရေဇီ ဆိုတော့ ဖိုင်းယားဖောက်စ် အတွက် လှပဆန်းပြားတဲ့ Add on လေး တစ်ခုကို ဝေမျှချင်ပါတယ်..။

အောက်က ပုံလေးတွေ ကတော့ သူ့ရဲ့လုပ်ဆောင် နိုင်စွမ်းလေးတွေပါ

အကြီးကြည့်ရန်ပုံကိုနှိပ်ပါ

ကြည့်ကြည့်ပါအုံး မလန်းပေဘူးလား.... ဟုတ်ပြီ ဒါဆို ဘယ်လို ရနိုင်မလဲ??

http://www.foxtab.com/ ကိုသွားလိုက်ပါ ပြီးရင် Download Now ဆိုတာလေးကို နှိပ်လိုက်ပါ ဒါဆို ဖိုင်းယားဖောက်စ် ညာဘက်အပေါ်ထောင့် နားမှာ အင်စတောလုပ်ဖို့ Allow ခလုတ်လေး ပေါ်လာပါမယ်. အဲဒါကို ဆက်နှိပ်ပေးပါ ဒါဆိုရင် pop up ဝင်းဒိုး တစ်ခုပေါ်လာပါလိမ့်မယ် အင်စတော လုပ်ဖို့ ငါးစက္ကန့် လောက် စောင့်ရပါမယ် ပြီးရင် အင်စတော ခလုတ်လေးကို နှိပ်လိုက်ပါ အင်စတော လုပ်ပြီးတာနဲ့ ဖိုင်းယားဖောက်စ် ကို Restart လုပ်ခိုင်းရင် လုပ်လိုက်ပါ..၊

ဖိုင်းယားဖောက်စ် ပြန်ပွင့်လာတဲ့ အချိန်မှာ ကျွန်တော်တို့ လိပ်စာဘား URL Bar ဘေးနားမှာ အပြာရောင် စကရင် တွေ ထပ်နေတဲ့ ပုံလေး တစ်ခု တိုးလာပါလိမ့်မယ်..

အကြီးကြည့်ရန်ပုံကိုနှိပ်ပါ

ကျန်တဲ့ အပိုင်းတွေကတော့ အားလုံး လွယ်ကူစွာ အသုံးပြုနိုင်မှာပါ ကိုယ်တိုင်လုပ်ကြည့် လိုက်ရင် သိနိုင်ပါတယ်...။

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


၁၃၇၁ ခု မဟာသင်္ကြန်အပြီး နောက် သုံး၊ လေး ရက်မှာ အရေးအသား




အကောင်းဆုံးကို သူမ မယုံကြည်ဘူး တဲ့

ပြဌာန်းထားတာကိုကြည့်ရင် အဲ့ဒီ ပဲ့တင်ဟိန်းသံတွေကို ကဗျာတွေက

လုပ်နေရမှာဖြစ်တယ် ငယ်ငယ်တုန်းက ရည်ရွယ်ချက် အဓိပဇ္ဇောတော

စာကလေးတကောင်နှစ်ကောင်က အိမ်ပေါက်ဝ ဖိနပ်ချွတ်နားထိရောက်လာတယ်

ပြုပြင်စီရင်ထားသော (အထူးပြုပြင်စီရင်ထားသော) မျက်နှာဖုံးဟာ စမ်းသပ်မှု

နားမလည်တဲ့ ဘာသာစကားတမျိုးမျိုး တချိန်လုံးမြည်နေတယ် သစ်ကိုင်းခြောက်

ကျိုးကျလာတဲ့ လည်မြို လ တွေရော ကြယ်တွေရော နောက် ဘော်ကြယ်တလက်လက်တွေ

အနောက်ကို ဘယ်အထိ ရေဆုံးရေဖျားလိုက်ရမလဲ ကျုပ်ကပဲ အပူ ဖွင့်ပေးရမလား

အရဲရင့်ဆုံး အမှုန့် သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ခတ်ဖို့ မတုန့်ပြန်ကြဘူး ဆေးမစား

မီပုံ ၆ ခုနဲ့ ၂၄ ခု မြောက်မှာ အပိုင်းအစတခုစီ တွေ့တယ် ရေရဲ့ ရုပ်ဖွဲ့စည်းပုံ မှိုဝါတွေ

မက်မန်းတွေ၊ ငါးရှဥ့်လှံပင်တွေ ပွတ်သပ် ချောက်ချဖို့ စိုင်းပြင်းထားတဲ့ တင်မိုသီ လီယာရီ

ဒီလိုပဲ စာလုံးတွေ စာကြောင်းတွေ စီချမိတယ် “ ဘယ် မဟုတ်တမ်းတရားကောင်” ဈေးသည်

ရဲ့ လက်ညှစ်ဟွန်းသံ နေအလင်းပူပူ ဟာ တလျှောက်လုံး ဖိချနေ လမ်းမှာ လှမ်းနှုတ်ဆက်လိုက်သူ

ကို မသဲမကွဲ ပြုံးပြမိ ကြောက်ခမန်းလိလိ တချွင်ချွင်ဂီတသံ လေတိုက်နှုန်းနဲ့လဲ ဆက်စပ် ပတ်သက်

နေတယ်တဲ့ အမွှေးအမျှင်ထူလဗျစ် တစ်ခုတွင် တိုရှည်သံ၊ သို့မဟုတ် ဖိဖော့ အစဉ်အမြဲ ထူးခြား

နေမည့် ‘ဖီလင’် ရေမွှေး မရှက်တမ်း မရွံ့တမ်း တည်ငြိမ်အေးဆေးစွာ လိုရာခရီးကို တရွေ့ရွေ့နှင်လျက်

ဗေဒါရောင် သူ့အခင်းအကျင်းနဲ့သူ ပုံသဏ္ဍန်ဟာ စာရဲ့ ကြီးမား။ ။



ခင်အောင်အေး

၂၀၁၀၊ ဧပြီ ၂၀ ဘန်ကောက်စံတော်ချိန် ၁၀း၂၂ နာရီ
Read more


ဘလော့ဂ် အတွက် ပိုစ့်ဗျူး ကောင်တာ




wordpress နဲ့လုပ်ထားတဲ့ ဘလော့ဂ်တွေကို သွားခဲ့တိုင်း ပိုစ့်တွေထိပ်မှာ ဒီပိုစ့်ကို ဘယ်နှစ်ယောက် ကြည့်ပြီးပြီလဲ ဆိုတဲ့ Post View Counter လေးတွေကို တွေ့ကြရမှာပါ အဲဒါကို မြင်တိုင်း ငါတို့ ဘလော့ဂ်စပေါ့ မှာလဲ အဲလိုလေး လုပ်လို့ရရင် အရမ်းကောင်းမှာပဲ ဆိုပြီး တောင့်တ ခဲ့တာ အတော်လေး ကြာပါပြီ.. ကျွန်တော်တင် မက ဘလော့ဂ်စပေါ့မှာ ဘလော့ဂင်း နေကြသူတိုင်းလဲ အဲဒါမျိုးလေးကို လိုချင်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်..အခုတော့ ဒီစိတ်ကူးယဉ်မှုကို အကောင်အထည် ဖော်နိုင်ပါပြီဗျာ..။

ကဲ စလုပ်လိုက်ကြရအောင်ဗျာ အရမ်းလဲ လွယ်ကူလို့ လူတိုင်း လုပ်နိုင်မယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်..

သူ့မှာ အောက်က ဖော်ပြပါ ပုံထဲကလို့မျိုး စတိုင် ၂ မျိုးရှိပါတယ်



အဆင့်(၁)

အပေါ်က စတိုင်နှစ်မျိုး ထဲက ကြိုက်တဲ့ စတိုင် ကိုရွေးပါ အောက်က ကုဒ်တွေကတော့ စတိုင် ၁ မျိုးခြင်းအတွက် ကုဒ်တွေ ဖြစ်ပါတယ်..။

Style 1.(with Icon) code

<b:if cond='data:blog.pageType == &quot;item&quot;'>
<div align='center' style='border:solid 2px #999999; padding:0px; margin:2px; width:100px; display:compact'><img height='16' src='http://forums.bit-tech.net/images-light/misc/stats.gif' width='16'/>
<script src='http://www.amitjain.co.in/pageview.php' type='text/javascript'/></div>
</b:if>


Style 2. ( No Icon ) code,

<b:if cond='data:blog.pageType == &quot;item&quot;'>
<div align='center' style='border:solid 2px #999999; padding:2px; margin:2px; width:100px; display:compact'>
<script src='http://www.amitjain.co.in/pageview.php' type='text/javascript'/>
</div></b:if>


အဆင့်(၂)

ဘလော့ဂ်ထဲ ကုဒ်ထည့်ပါမယ်..

မိမိရဲ့ ဘလော့ဂ်အကောင့်နဲ့ ဘလော့ဂ်ထဲ ဝင်လိုက်ပါ ပြီးရင် Layout>>Edit html, ဘာမှ စမလုပ်သေးခင် အပေါ်က check Expand Widget Templates box.လေးကို အမှန်လေး ခြစ်ပေးပါ..။

ပြီးရင်တော့ ဒီအောက်က ကုဒ်လေးကို ရှာပါ

<div class='post-header-line-1'/>

ကုဒ်လေးကို တွေ့ပြီ ဆိုရင် အဲဒီ ကုဒ်ရဲ့ အောက်မှာ အပေါ်က ကိုယ်ရွေးချယ် ထားတဲ့ ကုဒ်လေးတွေ ကို ထည့်လိုက်ပါ..။

ဗျာ ရှာလို့ မတွေ့ဘူး အိုခေပါ နောက်တစ်ခု ထပ်ရှာကြည့်လိုက်ကြရအောင်..။


<data:post.body/>

ဒီတစ်ခုတော့ တွေ့ပြီပေါ့ ကဲ တွေ့ပြီဆိုရင် ဒီကုဒ်ရဲ့ အပေါ်မှာ ကိုယ်ရွေးချယ်ထားတဲ့ ကုဒ်လေးတွေကို ထည့်လိုက်ပါ..။

ကဲ ဒီကုဒ် နှစ်ခုထဲက တစ်ခုခုကတော့ လုံးဝ ကျိန်းသေ ပေါက်ကို တွေ့ရမှာပါ အားလုံး ထည့်ပြီးပြီ ဆိုရင်တော့ တန်းပလိတ်ကို Save လုပ်နိုင်ပါပြီ..။

သူ့ရဲ့ နမူနာ အစမ်းကတော့ အခု ညီကို မောင်နှမတို့ ဖတ်နေတဲ့ ကျွန်တော့် ပိုစ့်ရဲ့ ထိပ်နားကိုသာ ကြည့်လိုက်ပါတော့..။

အားလုံး အဆင်ပြေကြပါစေဗျာ ကြိုက်တယ် အဆင်ပြေကြတယ်ဆိုလဲ စာမူခလေး အဖြစ် ကွန်မန့်လေးတွေ ပေးသွားကြပါအုံးဗျာ..

နောက်လာမယ့် ပိုစ့်လေးတွေ အတွက် အားဆေးပေါ့ :P

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


ကုဒ်တွေမလိုတဲ့ Recent Posts with Thumbnails



ကျွန်တော်တို့ ဘလော့ဂ်စရေးခါစက ဆိုရင် ကိုယ့်ရဲ့ နောက်ဆုံးတင်ထားတဲ့ ပိုစ့်လေးတွေကို ဆိုဒ်ဘားမှာ ထည့်ချင်လွန်းလို့ Edit HTML ထဲဝင်ပြီး ကုဒ်တွေ ထည့်ရ Add Gadget ထဲသွားပြီး ကုဒ်တွေ ထပ်ထည့်ရနဲ့ ခေါင်းတွေ အတော်လေး စားခဲ့ရပါတယ် ဒါတောင်မှ ရခဲ့ရင်လဲ ရိုးရိုးပါ ပိုစ့်ခေါင်းစဉ်လေးနဲ့ စာလေး နှစ်ကြောင်းသုံးကြောင်းလောက်ပဲ ပေါ်တာပါ..။

ဟော အခုလာပါပြီဗျာ ကျွန်တော်တို့ www.blogger.com ကြီးက အသစ်တွေ တစ်ခုပြီး တစ်ခု လုပ်ပေးနေလိုက်တာ တဖြည်းဖြည်း ဝေါ့ပရက်စ် လိုလုပ်ဆောင်နိုင်စွမ်းတွေ ရှိလာပါပြီ အဲဒါတွေကို ကျွန်တော် တစ်ခုပြီး တစ်ခု တင်ပြသွားပါ့မယ်..။

ဒီကနေ့တော့ အပေါ်က ခေါင်းစဉ်ထဲက အတိုင်း HTML ကုဒ်တွေ မလိုပဲ ခလုတ်လေး နှိပ်ပေးရုံနဲ့ ကိုယ့်ရဲ့နောက်ဆုံး တင်ထားတဲ့ ပိုစ့်တွေကို ဆိုဒ်ဘားမှာ Thumbnails နဲ့တကွ ပိုစ့်ရဲ့စာသားတွေ (မိမိ အလိုရှိသလောက် ပေါ်ချင်သလောက်ကို Add Gadget ထဲမှာ ပြင်ပေးနိုင်ပါတယ် Thumbnails မှာပုံပေါ်ဖို့ကတော့ ကိုယ့်ရဲ့ပိုစ့်တွေမှာ ပုံတွေ ရှိဖို့တော့ လိုပါတယ်..) ဒါတင်လား ဆိုတော့ ဒါတင်မက ပါဘူး ပိုစ့်တင်တဲ့ နေ့နဲ့ ကွန်မန့်ဘယ်နှစ်ခု ပေးခဲ့တယ် အပြည့်အစုံ ဖတ်မယ် More ဆိုတာတွေပါ ပါပါတယ်ဗျာ..။

နမူနာပုံစံလေး ကြည့်ချင်တယ် ဆိုရင်တော့ ဒီမှာ သွားကြည့်လိုက်ပါဗျာ..။

ကဲ ပြောနေကြာတယ် နမူနာ ပုံစံကို ကြည့်ပြီး သဘောကျပြီလား..

အောက်က ခလုတ်လေးကိုသာနှိပ်လိုက်ပါ...၊




ဒါဆိုရင် အောက်က ပုံမှာ ဖော်ပြထား တဲ့နေရာကို ရောက်သွားပါမယ်..။


တစ်ကယ်လို့ ကိုယ့်မှာ ဘလော့ဂ် တစ်ခုထဲ မဟုတ်ပဲ အများကြီး ရှိခဲ့မယ် ဆိုရင်လဲ ကိုယ်ထည့် ချင်တဲ့ ဘလော့ဂ် နာမည်ကို ရွေးချယ် ပေးနိုင်ပါတယ် ပြီးရင်တော့ CONFIGURE GADGED ဆိုတာလေးကို နှိပ်ပေးလိုက်ပါ...
ဒါဆို ဒီပုံလေးမှာ မြင်ရတဲ့ နေရာကို ရောက်သွားပါမယ်..။


အနီနဲ့ကွင်းပြ ထားတဲ့ နေရာမှာ ကိုယ်ထည့်ချင်တဲ့ ဘလော့ဂ် ရဲ့ လိပ်စာကို ထည့်ပေးရမှာ ဖြစ်ပါတယ်..
ပြီးရင်တော့ SAVE လုပ်လိုက်ပါ..၊

ဒါဆို ကိုယ့်ရဲ့ Blogger Dashboard ကိုရောက်သွားမှာ ဖြစ်ပြီး ကိုယ်ထည့်လိုက်တဲ့ ဘလော့ဂ် ရဲ့ Layout>>Page Elements နေရာမှာ Recent Posts ဆိုပြီး Gadege အသစ်တစ်ခု တိုးနေတာကို တွေ့ရမှာပါ အဲဒါကို ကိုယ်လိုချင်တဲ့ နေရာကို ရွေ့ပြီး SAVE လုပ်လိုက်ပြီးရင် ကိုယ့်ဘလော့ဂ် လေးကို ပြန်ကြည့်လိုက်ပါ ကိုယ့်ရဲ့ နောက်ဆုံးပိုစ့်လေး တွေကို ပုံလေးတွေနဲ့ တကွ မြင်ရမှာပါ..။

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


ကိုယ်ပိုင် ဘလော့ဂ်တန်းပလိတ် လုပ်ကြရအောင်



ကျွန်တော်တို့ ဘလော့ဂ် တစ်ခု စလုပ်ပြီးပြီ ဆိုရင် နောက်ထပ် ဆက်ပြီး လာတာကတော့ ဘလော့ဂ်တန်းပလိတ်ပါပဲ ထောင်ပေါင်း များစွာသော တန်းပလိတ်များကို ဖရီးတင်ပေးထားတဲ့ ဆိုဒ်တွေ ကနေပြီး ဒေါင်းလုဒ်လုပ်ပြီး အလှဆင်နိုင်ကြပါတယ် ဒါပေမယ့် ကိုယ့်စိတ်ကြိုက် ဖြစ်သလား ဆိုတော့ တစ်ခုမဟုတ် တစ်ခုတော့ လိုနေတာပါပဲ ဒီလိုအပ်ချက်တွေက HTML ကုဒ်တွေ ကို သိနားလည်တဲ့ သူတွေ အတွက် ကိုယ့်စိတ်ကြိုက် ထပ်ဖြည့်လို့ ရပေမယ့် အစိမ်းသက်သက် သာမန် ဘလော့ဂ်ဂါ တွေ အတွက်တော့ ဟိုလူ့ကို အကူအညီတောင်းရ ဒီလူ့ကို အကူအညီတောင်းရနဲ့ အတော်လေး စိတ်ညစ်စရာပါ ဒါတွေ အခုတော့ အားလုံး အဆင်ပြေအောင် Blogger In Draft ကနေပြီး ကိုယ်ပိုင် စိတ်ကြိုက်တန်းပလိတ်တွေကို HTML အကြောင်းနကန်းတစ်လုံး မှ နားလည်စရာ မလိုပဲ ခလုတ်တစ်ချက်စီ တစ်ဆင့်ပြီး တစ်ဆင့် နှိပ်ပြီး ဖန်တီးလို့ရအောင် လုပ်ပေးလိုက်ပါပြီ..။

(၁)ဘလော့မူလစာမျက်နှာ.... ဒီကောင်ကတော့ တန်းပလိတ်တစ်ခု အခြေခံစတင်ဖန်တီးရာမှ အရေးအကြီးဆုံးပါပဲ၊သင် လိုချင်တဲ့ ပုံစံ ကို သူပေးထားတဲ့ တန်းပလိတ် ၈ မျိုးထဲကနေ ရွေးချယ်နိုင်ပါတယ်...သူပေးထားတာတွေကတော့ ဆိုဒ်ဘားမပါ၊ဆိုဒ်ဘား ဘယ် သို့မဟုတ် ညာ၊ဆိုဒ်ဘားနှစ်ခု၊ဆိုဒ်ဘားအကြီး၊ဆိုဒ်ဘားအကြီးအောက်မှာမှ နောက်ထပ် အသေးနှစ်ခု ထပ်ခွဲ အစရှိသည်တို့ ပါဝင် ပါတယ်(အောက်ကပုံကို ကြည့်နိုင်ပါတယ်)




နောက်ပြီး ဆိုဒ်ဘားတွေ နဲ့ ပိုစ့်နေရာ တွေကို အတိုးအကျယ် လုပ်နိုင်သလို ရွေ့နိုင်မှာပါ..။

(၂)ဘလော့အောက်ခြေ....အောက်ခြေ ကော်လံကိုလဲ တစ်ခုထားမလား နှစ်ခုထားမလား သုံးခုထားမလား အစရှိသဖြင့်လဲ စိတ်ကြိုက်ရွေး ချယ်နိုင်ပါတယ်..။




(၃)နောက်ခံဘက်ဂရောင်း...သင့်အနေနဲ့ ပုံကြီးတစ်ပုံကိုပဲ ဖြစ်ဖြစ် ပုံအသေးလေးတွေကိုပဲ ထပ်ခါတလဲလဲ လုပ်ပြီးပဲ ဖြစ်ဖြစ် သင့်ဘလော့နောက်ခံ ဘက်ဂရောင်း ကိုစိတ်ကြိုက်ဖန်တီးနိုင်မှာပါ ဒါ့အပြင် ပုံမဟုတ်လဲ စိတ်ကြိုက်အရောင်တွေကို နောက်ခံထားလို့ရပါတယ်..။

(၄)နောက်ဆုံး ဘလော့ဟက်ဒါ တွေ အောက်ခြေတွေက ဖောင့်တွေရဲ့ စတိုင်တွေ အကြီးအသေးတွေ အရောင်တွေ အစုံအစုံဗျာ မိမိစိတ်ကြိုက် စိတ်ကူးဥာဏ်ကွန့်မြူးသလို HTML ကုဒ်တွေ နားလည်စရာမလိုပဲ တစ်ကယ့် ပရီမီယံတန်းပလိတ် တစ်ခုကို မိမိစိတ်ကြိုက် ဖန်တီးလို့ ရပါပြီ...။

ကဲ စလုပ်ကြည့်လိုက် ကြရအောင်ဗျာ..

အဆင့်(၁)ဒီလင့် Blogger In Draftကနေ ကိုယ့်ဘလော့ဂ် အကောင့်ကို ဝင်လိုက်ပါ အခုမှ စလုပ်မယ်ဆိုသူများအတွက် လောလောဆယ် သူပေးထားတဲ့ တန်းပလိတ်ထဲက တစ်ခုခုကို ရွေးလိုက်ပါဗျာ..

အဆင့်(၂)ပြီးရင် Layout -> Template Designer ဆိုတဲ့ ဆီမှာ ဟက်ဒါပါ/မပါ ဘက်ဂရောင်း ပုံပါ/မပါ ရွေးပါ ...

အဆင့်(၃)မိန်းဖရိမ်၊ဘလော့အောက်ခြေ ဘလော့အောက်ခြေမှာ ဖရိမ် ဘယ်နှစ်ခု ထည့်မလဲ ဆိုတာကိုရွေးပါ..၊

အဆင့်(၄)ပြီးရင် Background tab ကနေ နောက်ခံပုံထားမှာလား ဒါမှ မဟုတ် အရောင်လေးပဲ ထားမှာလား ဆိုတာ ရွေးချယ်ပေးပါ..၊
ဒီနေရာမှာ သူပေးထားတဲ့ နောက်ခံပုံတွေ မလိုချင်ဘူး ကိုယ့်ကိုယ်ပိုင် ပုံကို ထည့်ချင်တယ် ဆိုရင်တော့ Layout ထဲက Edit Html ထဲမှာ ဟောဒီ အောက်က ကုဒ်တွေ ကို ရှာလိုက်ပါ..

<Variable name="body.background" description="Body Background" type="background"
color="$(body.background.color)" default="#111111 url(http://themes.googleusercontent.com/image?id=1OACCYOE0-eoTRTfsBuX1NMN9nz599ufI1Jh0CggPFA_sK80AGkIr8pLtYRpNUKPmwtEa) repeat-x fixed top center" value="#111111 url(http://themes.googleusercontent.com/image?id=1OACCYOE0-eoTRTfsBuX1NMN9nz599ufI1Jh0CggPFA_sK80AGkIr8pLtYRpNUKPmwtEa) repeat-x fixed top center"/>

အနီရောင်ပြထားတဲ့ Url နေရာမှာ ကိုယ်လိုချင်တဲ့ ပုံရဲ့ လိပ်စာလေး ထည့်ပေးလိုက်ရုံပါပဲ..။

အဆင့်(၅)နောက်ဆုံး အနေနဲ့ ကိုယ့်ဘလော့က ပိုစ့်နေရာ ဆိုဒ်ဘား နေရာ တွေက စာလုံးတွေ နောက်ခံ အရောင်တွေ စာလုံး အရွယ် အစားတွေ ကို ရွေးချယ်ပေးပါ..၊

အားလုံး စိတ်ကြိုက်ဖြစ်ပြီဆိုရင် Apply To Blog ဆိုတာလေးကို နိပ်လိုက်ပြီး ရင်တော့ တစ်ကယ့် ဒီဇိုင်နာ တစ်ယောက် ရေးဆွဲပေးထားသလို သင့်စိတ်ကြိုက် ဘလော့တန်းပလိတ် တစ်ခုကို သင်ပိုင်ဆိုင်နိုင်ပါပြီ..။

ဒီမှာ ကျွန်တော် အစမ်းလုပ်ထားတာလေး သွားကြည့်နိုင်ပါတယ်..။

HTML ကုဒ်တွေ နားမလည်တဲ့ သူတွေ အတွက် ဘလော့ဂ် တန်းပလိတ် လေးကို ခလုတ်လေးတွေ နှိပ်ပေးရုံနဲ့ အကြမ်းဖျင်း တည်ဆောက် ပြီးသွားတဲ့ နောက်မှာ ဆိုဒ်ဘားက လိုအပ်မယ့် Widgets လေးတွေကိုလဲ ဒီလိုပဲ ခလုတ်နှိပ်ပေးရုံနဲ့ ထည့်လို့ ရမှာ လေးတွေ ကို နောက်ပိုစ့်တွေမှာ ဆက်လက် တင်ပြ ပေးသွားပါ့မယ်..။




PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


တိမ်တွေ နဲ့ စစ်တုရင် ထိုးကစားခြင်း





စဝင်တဲ့အခါ စစ်တုရင်ရုပ် ဥပမာ ဘိရှော့နဲ့ ပွန်း ၂ ကောင်ကြား ဖြတ်သွားသာရုံ

မယုံနိုင်အောင် ခေါင်းခါယမ်းလျက် အရှေ့ဘက် တောင်တန်းတွေဆီ ဤကမ္ဘာ နွေဘွဲ့

မှောင်ထဲမှာခဏ အစရှိသည်ဖြင့် ပူးပေါင်းလုပ်ဆောင်ချက် ‘တဟီတီ သွားရအောင်’ နောက်

အနှစ် သုံးလေးဆယ် ကြာအပြီး အလွှာငါးလွှာ ဂြိုဟ်ဘယ်နှစ်လုံးခန့် ပူးမည်လဲ ပလပ်စတစ်စ

တကျွတ်ကျွတ် မြည်သံ စွဲ အလင်္ကာ လူတကာ စွဲမက်စေမည့် စီမံချက် ထိုမှ ပခုက္ကူ -- ဂန့်ဂေါ -- ကလေး

ရထားလမ်းဖြင့် ဘုရင်မကို Qh2 မှ ကိုင်မ ၍ သူ့မြင်းမခုန်နိုင်စေရန် ပိတ် ပျူယဉ်ကျေးမှု အစတည်လာ

သော အခါသမယကပင်လျင် ကမြင်းနီကောင်ကိုက်လို့ ယောင်ကိုင်းနေတာပဲ အုတ်အော်သောင်းနင်းလား

အုတ်ကျစ်ကျော်အေးလား ဆာဂျေအေမောင်ကြီးက ငါးနှစ်ကြီးတယ် သမ္မတ ဦးချစ်လှိုင်ဆိုရင်

ဖြည်းညှင်းစွာ ဘယ်မှညာ ညာမှဘယ်သို့ အရုပ်များ အဖြူအမည်းတွေ ရောထွေးပြန့်ကျဲသွားပြီး

မျက်လုံးအစုံ တောက်ပလာ အခိုးထွက်မတတ် ‘ ဟတ်ချိုး ဖုရား’ နှာချေဆတ်မိတယ် ဒေါင့်တန်းကို

ချုပ်ထားပြီး ကာဆယ်လ်နဲ့ထောက် အမေရိကန်တပ်ဖွဲ့များအားလုံး အီရတ်မှ ပြန်လာကြောင်း ခေါင်းကြီး

အလွယ်လေးပါ ဒါများ ဘာခက်လို့လဲ အာရုံ + ခံစား + ပုံ သိမ်မွေ့ ကျယ်ပြန့် စိတ်ကိစ္စ အလျော့တွက်

ပစ်ရမစ် ဇောက်ထိုးပုံစံ မှတ်နည်း ကီဝီ ဖိနပ်တိုက်ဆေးဘူး jack of all trades and master of none

အလို လေးလေး ‘Check!’ တဲ့ အလစ်တိုက်ကွက် ငါ့မြင်းကအမောဆို့နေပြီ ရဲတိုက်ထဲမှာ ဆေးသေတ္တာ

ပြေးယူစမ်း နာကျင်ရမှုများသည် အဘယ်အသွင်ကို ဆောင်ယူထားရမည်နည်း တနေ့ လူကလေး ကြီးလာ

သည့်အခါ လေးကွက်ကျား ဘုတ်ကိုချ၍ နဝေ တိမ်တောင် တိမ်တိုက် တိမ်မည်းညို ပြိုမလိုတိမ် တိမ်တမာန်

တိမ်ကြားမင်းခေါင် တိမ်တဆုတ် တိမ်ဖုံးပါလို့လမသာ တိမ်ပန်းချီ တိမ်ပလီ တိမ်တွေကိုကြည့်နေရင်း

တိမ်တွေ တိမ်ဝင်သွားတာ ဘဝတသက်တာမှာ ဒီတခါပဲ ။ ။



ခင်အောင်အေး

၇၊ ဧပြီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၁း၅၉ နာရီ

Read more


(Depth) နဲ့အပေါက်



မသေချာမှုအတွက် သုံးသော စကားလုံး မနသီစွဲ

ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် လုံလောက်ပြီလို့ စောကြတယ်

လက်ရေး ၂ မျိုးကိုရောထားတဲ့ပုံစံ ကျုပ်တော့ သေမင်းတမန်ဖြစ်သွားပြီ

ကျွန်တော်က ထိုအပြုံးကိုနားလည်နေသည် လက်ကနဲ

ပအိုဝ်း ၁၂၅၄၄ ဦး၊ ဗမာ ၁၈၇၄ ဦး၊ ပလောင် ၆၉၇ ဦး၊ မွန် ၅၁၆၄ ဦး

အပျောက်အရှမရှိ အလွန်အင်မတန် ပြဇာတ်ဆန်နေတယ် သုံးပိုင်းခွဲခြားထားတယ်

“ကျွန်တော်မျိုးမှာ ဆင်ကြီးကိုချင်တွယ်ဘို့ နည်းနာရှိပါတယ်ဘုရား”

သုံးစွဲသူမှာ မည်သူဖြစ်သနည်း နှိပ်ကွပ်မှု ဝေးကွာသောအရာ ပူးလ်

တပတ်လျင် တနင်္ဂနွေ အင်္ဂါနှင့် ကြာဿပတေးနေ့တိုင်း စကော်လာတွေ

အရှိန်မရသေးတော့ မီးပေါင်တင်လိုက်သည်နှင့် အပြိုင်းအရိုင်း သံဇကာကွက်ကြားမှ

တစ်ကြောင်းပြီး တစ်ကြောင်းဆင်းလာ ပါဝါမျက်မှန်ထူထူနှင့် ဆံဖြူကျိုးကျဲနှင့် ဋ- ၀၅-၁

ဒီဇိုင်းချို့ယွင်းချက်ကြောင့် ပျင်းစရာတွေ တနံတလျားကြီး ထိုးထွက်ပေါ်ပေါက်လာရာ

မူရင်းကို ဘာသာပြန်ပြီး စာသားတခုခု ဖြည့်ထည့်လိုက် ဖောင့်ပြောင်းပစ်လိုက်

သေဆုံးပြီးနောက် တစ်ဦးဦးက ငွေ၊ အိမ် ပစ္စည်းတွေကိုယူရမည်ဟု

Early morning wind in the umbrella of the pumpkin stand by marlene mountain

ကံ့ကော်ပွင့်တွေ ဖွေးဖွေးလှုပ် နှင်းမြူမှုန်မှုန် သစ်ရွက်ခြောက် မီးရှို့ရာက မီးခိုးနံ့ ခုနှစ်

သက္ကရာဇ်တွေ အလွှားလိုက် ပြတ်ကျသွားပြီး ပတ္တာဆက် ဇာတ်ကြောင်းပြန်

ကြမ်းသော ရိုင်းသော သန်သော သွက်သော အဟုန်ပြင်းသောမြစ်တစ်စင်း

နောက်ထပ်လည်း အသုံးပြုဘို့ £ သန်း ၁၀၀ လောက် ကျန်ပါသေးတယ်

အရည်အသွေးမြှင့်တင်ခြင်းသည် လူချင်းတွေ့လျင်ရှေးဦးစွာ မင်္ဂလာပါ ဟုပြောလေ့ရှိ

နောက် မဧခင်ရေးတဲ့ ချစ်ရိုးအမှန် ၁၉၀၉ ကို ကြိုက်သွားတဲ့ရေးဟန် ဖူးပွင့်ဝေဆာနေ၏

မြင်းတစ်ကောင်သည် တယောထိုးနေ၏ ။ ။



ခင်အောင်အေး

၆၊ ဧပြီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၁း၁၉ နာရီ
Read more


တစ်သက်လုံး သုံးလို့ရမယ့် ESET Smart Security နဲ့ NOD32 Antivirus 4

Antivirus တွေ Internet Security တွေ သုံးနေရင်း လိုင်စင် ဘလက်လစ် ထဲဝင်သွားလို့ ပြန်ပြန်ရှာနေရတဲ့ သူတွေ ဒါမှ မဟုတ် သုံးလ လေးလ ပဲ လိုင်စင်သက်တမ်းရလို့ သုံးလေးလ တစ်ခါ အင်တာနက်ထဲ လိုက်လိုက် ရှာနေရတဲ့ သူတွေ တစ်သက်လုံး သုံးနိုင်မယ့် အမြဲတမ်း အပ်ဒိပ် လုပ်ပေးနေမယ့် ဗိုင်းရပ် ဆော့ဖ်ဝဲလ်လေးများ မလိုချင်ကြဘူးလားဗျာ…..???

ကဲ လိုချင်တယ်ဆို ဆက်ဖတ်ပေတော့ ညီကိုမောင်နှမအပေါင်းတို့ရေ အပေါ်က ခေါင်းစဉ် ထဲက ESET Smart Security 4 ကိုပဲ ဖြစ်ဖြစ် NOD32 Antivirus 4 ကိုပဲ ဖြစ်ဖြစ် တစ်သက်လုံး လိုင်စင်သက်တမ်း ကုန်ဖို့ ၃၁ ရက် အလိုမှာ ရပ်နေအောင် လုပ်ပေးမယ့် ဆော့ဖ်ဝဲလ်လေး ကိုဝေမျှပေးပါရစေ….၊

ဒီ ESET Smart Security 4 and NOD32 Antivirus 4 ဆိုတာလဲ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး သူလဲ အင်တာနက်ထဲမှာ Antivirus ဆော့ဖ်ဝဲလ် ထိပ်တန်းစာရင်း ၁၀ ခုထဲမှာ နံပါတ် ၃၊၄၊၅ နေရာမှာ ရှိတဲ့ ဆော့ဖ်ဝဲလ် တစ်ခုပါ သူလဲ Kaspersky တို့Norton တို့ထက် မညံ့ပါဘူး နှိင်းယှဉ် ချက်တွေကို ဒီမှာ ကြည့်နိုင်ပါတယ် ကျွန်တော်လဲ အရင်က Kaspersky Internet Security ဝယ်ကို သုံးတာပါ ကောင်းတာတော့ ကောင်းပါတယ် ဒါပေမယ့် အခု လိုင်စဉ်ကုန်ပြီလေ ဒီတော့ ဖရီးရမယ့် ဟာတွေ လိုက်ရှာတာ စုံနေတာပဲ ရတဲ့ လိုင်စင် မှန်သမျှကလဲ ကိုယ်သွင်းလိုက်တယ် သုံးလေးလ ရမယ် အိုကေ ပြဿနာ မရှိဘူး သုံးလ တစ်ခါ လိုက်ရှာမယ်ကွာ ဆိုပြီး ထားလိုက်တယ် ဟော နောက်တစ်ပါတ်လောက် နေကော အပ်ဒိပ် လုပ်ရင်း နီသွားပါလေရော သွားပြီလေ ထည့်ထားတဲ့ လိုင်စင် ဘလက်လစ် ဝင်သွားပြီ ဒီလိုနဲ့ စိတ်မရှည်ပဲ အင်တာနက်ထဲ မွှေရင်း ဒီကောင်လေးကို ရလိုက်တယ်ဗျာ သူလဲ ကောင်းတယ် ငြိမ်တယ် Kaspersky ထက်ပေါ့တယ် တစ်သက်လုံး လိုင်စင် ကုန်မှာ မပူရတော့ဘူး အမြဲ အပ်ဒိပ်လုပ်တယ် လိုင်စင်ကုန်ဖို့ ၃၁ ရက် အလိုမှာပဲ ရပ်နေတယ် ကဲ ကြော်ညာခ မရပဲ ကြော်ညာလိုက်ရတာ အဲဒါ ကိုယ့်လိုပဲ ကိုယ့်ညီကို မောင်နှမ တွေကို စိတ်ချမ်းချမ်းသာသာ သုံးစေချင်လွန်းလို့ မသုံးပဲ နေကြမှာစိုးလို့ အဲဒီလောက် ကြေညာနေတာပါ ကဲပြောနေကြာတယ် အောက်မှာသာ ဒေါင်းလိုက်ကြတော့နော်..။

ESET Smart Security 4 ပဲဖြစ်ဖြစ် NOD32 Antivirus 4 ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ ကိုယ့်ကွန်ပြူတာနဲ့ ကိုက်မဲ့ ဆော့ဖ်ဝဲလ်ကို မူရင်း ဆိုဒ်မှာပဲ ဒေါင်းလိုက်ကြပါခင်ဗျာ..။







ဒီယူဇာနံမယ် နဲ့ ပက်စ်ဝပ် တွေကတော့ ဒေါင်းတဲ့အခါမှာ သူက တောင်းလာခဲ့ရင် ပေးဖို့ပါ ဘာဖြစ်လို့ တောင်းလဲ ဆိုတော့ အရင်ဝယ်သုံး ဖူးတဲ့သူတွေကို အမြည်းပေးတဲ့အနေနဲ့ စမ်းသုံးခိုင်းတာ မို့လို့ပါ..။

Username:EAV-28760216
Password:4ep45pu2t2

Username:EAV-28760223
Password:hcdcprh24x

Username:EAV- 28760227
Password:vnd6de5d6m

Username:EAV-28573543
Password:8uk5rhjcn2

Username:EAV- 28573544
Password:k4tbpbjjde

Username:EAV-28573547
Password:6v3cjxtf6p

Username:EAV-28573550
Password:74tx8tfnfx

Username:EAV-28573540
Password:n3d4xv8fvp

Username:EAV-28573542
Password:updxrpj6xj

ESET4 Box4EVER_v4.30A.exe ဒါလေးကတော့ အပေါ်က နှစ်ခု ဘယ်ဟာပဲ ဖြစ်ဖြစ်ကို ဟက်ဖို့ပါ..။








ဒေါင်းပြီးသွားရင် ဇစ်ဖိုင်လေးကို ဖွင့်လိုက်ပါ ပြီးတော့မှ ဇစ်ဖိုင်ထဲက ReadMe_ESET4_Box4ever.txt ဆိုတာကို ဖတ်ပြီးတော့သာ ဆက်လုပ်ကြပေတော့ဗျို့ ဖတ်ပြီး နားမလည်ဘူးလား ဒါဆိုလဲ အေက်မှာ ဗွီဒီယိုပါ တင်ထားပေးပါတယ်ဗျာ ရှင်းအောင် သေချာကြည့်ပြီးတော့သာ လိုက်လုပ်ကြည့်ကြပါတော့..။



minminko on April 3, 2010 7:24 AM said... အကိုရေဘယ်လိုလုပ်ရမှာလည်းမလုပ်တတ်လို့ မြန်မာလို့ရှင်းပြပေးပါလား

ညီလေးတစ်ယောက်က ကွန်မန့်ထဲမှာ မေးထားလို့ မြန်မာလိုပါ ထပ်ပြီး ရှင်းပြပါမယ်..။

(၁)ESET Smart Security သို့မဟုတ် NOD32 Antivirus 4 ကိုကိုယ်ကြိုက်နှစ်သက်ရာကို ဒေါင်းလုဒ် လုပ်ပြီး Run လိုက်ပါ...၊

(၂) ပြီးရင် သူ့ကိုဖွင့်ထားပြီး F5 ဆိုတာကိုနှိပ်လိုက်ပါ ပြီးရင်ပေါ်လာတဲ့ Antivirus and antispyware ဆိုတဲ့ အထဲက Enable self-defense ဆိုတဲ့ စာကြောင်းလေးဘေးက အမှန်ခြစ်ထားတာလေးကို ဖြုတ်ပေးလိုက်ပါ ဒါဆို ကွန်ပြူတာက Restart လုပ်ဖို့ လိုကြောင်းကို ပြောလာပါလိမ့်မယ် ဒါဆို ကွန်ပြူတာကို Restart လုပ်ပေးလိုက်ပါ...၊

(၃)ပြီးလို့ ရှိရင် ESET4 Box4EVER_v4.30A.exe ဆိုတဲ့ ကောင်လေးကို Run လိုက်ပါ ဒါဆိုရင် Box လေးတစ်ခုပေါ်လာပါလိမ့်မယ် အဲဒီ box လေးထဲက Lock ဆိုတာလေးကို နှိပ်လိုက်ပါ...၊

(၄)ပြီးရင် ကိုယ်Run ထားတဲ့ ESET သို့မဟုတ် NOD 32 ကို F5 ပြန်နှိပ်ပြီး Enable self-defense ကိုပြန် အမှန်လေး ခြစ်ပေးလိုက် ရီစတက် လုပ်ခိုင်းရင် ပြန်လုပ်လိုက် ဒါဆို အမြဲတမ်း သက်တမ်းကုန်ဖို့ ၃၁ ရက် အလိုမှာ ပဲအမြဲရှိနေမှာပါ..။

လွယ်ပါတယ် အဆင့် ၁ ၂ ၃ အတိုင်းအစဉ်လိုက် လုပ်ပြီးရင် အဆင့် ၄ က အဆင့်  ၂ ကို ပြောင်းပြန်ပြန်လုပ် တာပါပဲ..။

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts