ကဗျာဆရာနဲ့ မန်ချက်စတာ




ကိုယ့်သူငယ်ချင်းကတော့
ဖုံးနဲ့လှမ်းချိန်းတဲ့ နောက် ဗမာ မိတ်ဆွေတစ်ယောက်နဲ့
တွေ့ဖို့ မြို့ထဲကို ကတိုက်ရိုက်ထွက်သွားလေရဲ့ --

ကိုယ့်မှာသာ ၁၂ ထပ်အမြင့်ပေါ်က
သူ့တိုက်ခန်းထဲ ကွန်ပြူတာ ခပ်နွမ်းနွမ်းတစ်လုံး
မြန်နှုန်းအတန်အသင့်မြင့်တဲ့ အင်တာနက်ချိတ်ဆက်ထားမှု အားကိုးနဲ့
တစ်ယောက်တည်း ကျန်ရစ်တယ်

သိပ် နောက်တတ် စ,တတ်တဲ့ မန်ချက်စတာပဲ
သူ့မြို့ကြီးပေါ် ဟိုတစ်ကွက် ဒီတစ်ကွက် နေရောင် ပျောက်ကြားထိုးပြီး
ကိုယ့်ကို လှည့်စား မြှူဆွယ်တယ် မင်း ကဗျာဆရာဆိုရင် ဖွဲ့ပေါ့ တဲ့

အရှုံးပေးပါတယ် မန်ချက်စတာရယ်
မင့် ကျော်ကြားမှုက ကမ္ဘာကြီးနဲ့ မဆံ့အောင် ကျယ်ပြောလွန်းလှတယ်
ကိုယ် ကဗျာကလေး မဖြစ်ညစ်ကျယ်နဲ့ မင့်ကို တု မနှိုင်းသာပါဘူး
ဒါပေမယ့် ကိုယ် အခု အချစ်စိတ်တွေ ပြည့်လျှံနေတယ် မန်ချက်စတာ
မင်း ကိုယ့် အချစ်ကိုတော့ စံတုမှီနိုင်မယ် မထင်ဘူး
ဒီစကားနဲ့ပဲ မင့်ကို အနိုင်ပိုင်းလိုက်တော့မယ်

ကိုယ်မင်းကို ကဗျာမဖွဲ့ရက်ပါဘူး မန်ချက်စတာရယ်..။ ။

ခင်အောင်အေး
၂၇၊ နိုဝင်ဘာ၊ ၂၀၁၂ ဆဲလ်ဖို့ဒ်၊ မန်ချက်စတာ ၁၅း၂၂ နာရီ
Read more


ဗီယင်နာ ၂

အနှစ် ငါးဆယ်ကျော်ကာလ တစ်လျှောက်လုံး
တစ်လ တစ်ခါ မြင်နေကျ အဲဒီ လ၀န်းပဲ။

ဒါပေမယ့် ခု မြင်ရတာက ညည့်အချိန်မတော် အေးစိမ့်စိမ့်ကြီးထဲ
မာပယ်လ်ရွက်တွေနဲ့ ပွတ်ရှပ်တိုးတိုက်ပြီး မြင်ရတဲ့ လ။  

၆၊ နိုဝင်ဘာ၊ ၂၀၁၂။  ဗီယင်နာ၊ သြစထရီးယား   ၀၂း၃၄ နာရီ

Read more


ဗီယင်နာ


မင်းသိပ်လှတယ် ဗီယင်နာ
ဒါပေမယ့် ငါ့ မှာ ခြောက်ခြားရတယ်။

မင်းအလှမှာ မင်သက်မိနေခဲ့တယ်
ငါ့ရဲ့ ကဗျာဆရာ အဖြစ်ကို ငါစွန့်ပစ်လိုက်ပါတော့မယ်။

မင်းကို စာဖွဲ့ဖို့ ငါ မတတ်နိုင်ဘူး
ငါ့ပါးစပ်က ယောင်ယမ်းထွက်ကျလာတဲ့ စကားက
တစ်ခွန်းထဲရယ်..

မင်းသိပ်လှတယ် ဗီယင်နာ။ ။

ခင်အောင်အေး ၅၊ နိုဝင်ဘာ၊ ၂၀၁၂ ဗီယင်နာ၊ သြစထရီးယား ၁၆း၀၁ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts