လမ်း


အလင်းရှိမယ်ထင်တဲ့ဘက်ကို ရော်ယမ်းမှန်းဆရင်း
တကယ်တမ်း တိုးရွေ့နေမိတာက အမှောင်ဖက်ဆီ..

အမျိုးအမည်မသိ အနံ့အသက်များ
ဖိနင်းမိသမျှ အပျော့အမာများ
အသက်ရှူသံဟာ ပိန်းပိတ်အမှောင်ထုနဲ့အသားတကျ
တခုခုကို ဆုပ်ကိုင်မိရင် ချက်ခြင်းပြန်မလွှတ်နိုင်ပဲ စူးစမ်း
ဖတ်ဖူးမှတ်ဖူးခဲ့သမျှ အတွေးအခေါ်အယူအဆတွေ ဘာမှအသုံးမတည့်ပုံ
ဒယိမ်းဒယိုင် ခြေလှမ်းများက သယ်မ သွားတဲ့အတိုင်း ‘ကမ္မသကာ’ ပဲလေ
ရေရွတ်မိ၊

ချုပ်ရိုးတွေက ပြောပြတဲ့ နာကျင်ခံစားရပုံ ဆက်တင်များ
ဒဏ္ဍာရီထဲမှာသာ မြင်တွေ့ရတတ်တဲ့ ရင်သပ်ရှုမော ဇာတ်ကွက်အလှည့်များ
ကျွန်ပ်၏အားသာမှုမှာ ဤနေရာမှ ဝေးရာလွတ်ရာဆီသို့ ဦးတည်ပြေးလွှားလျက်၊

ဒင်းကြမ်းပြည့်နေတဲ့ အမှားများနဲ့လမ်းမ
‘ပုထုဇဉ်ပီပီ ကိုယ်လဲ အမှားနဲ့မကင်းဘူးလေ’ ဆိုပြီး ရယ်ကျဲကျဲနဲ့
ဖြတ်ခဲ့တယ်။

ခင်အောင်အေး
၂၊ ဇွန်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၉း၅၀ နာရီ
Read more


အရှက် နဲ့ သိက္ခာ



အကျအရှုံးများစွာနဲ့
ဒီတောင်ကုန်းက ဆုတ်ခွာပေးရလုလု
အခြေအနေမှာ၊

အသက်လု တိုက်ပွဲဆင်နွှဲရင်း
အရှက်နဲ့သိက္ခာအတွက်
ဆက်လက် ကာကွယ်ဖြစ်ခဲ့တယ်၊

ဒီတောင်ကုန်းပေါ်မှာ
တန်ဖိုးရှိတာဆိုလို့ ဘာတစ်ခုမှ မရှိပေမယ့်..

ဒီတောင်ကုန်းပေါ်မှာ
မြက်ရိုင်းတစ်ခင်းနဲ့
ခြုံနွယ်ပိတ်ပေါင်းကလေးတွေမျှသာ ရှိပေမယ့်…။   ။

ခင်အောင်အေး
၃၊ ဇွန်၊ ၂၀၁၂ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၂၀း၅၁ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts