အမှောင် ကျတဲ့ ဇူလိုင်လ


  • သမိုင်းထဲက ဘယ်တော့ မှ မေ့ဖျောက်လို့ မရမဲ့ နေ့ ....။
  • ရာဇဝင် ရိုင်းခဲ့ ရတဲ့ နေ့ .....။
  • တိုင်းပြည်ကို လမ်းမှန် အတိုင်း ထိမ်းကျောင်း မောင်းနှင်နေတဲ့ လမ်းပြကြယ်များ ကြွေသုန်းရတဲ့နေ့....။
  • တိုင်းပြည် ချောက်ကမ်းပါးထဲ ကျမှာ စိုးရိမ်လို့ ထိန်းသိမ်းလိုက် ရပါတယ် ဆိုပြီး ချောက်ကမ်းပါး ထဲ ဆွဲချမည့် သူများအတွက် အခွင့်အလမ်း တွေ ပွင့်ခဲ့ရတဲ့ နေ့ ....။
  • တိုင်းသူ ပြည်သားတွေ ကြိမ်မီးအုံး သလို အပူလုံးကြွ ယူကြုံးမရ ဖြစ်ခဲ့ရတဲ့ နေ့.....။
  • ဒီနေ့ ဇူလိုင်လ (၁၉) ရက်နေ့
  • အာဇာနည်နေ့ .......................။


Read more


ဘာကြောင့်လဲ ?


"ဒုန်း" "ဒုန်း" "ဒုန်း"

ကျယ်လောင် လှသော တံခါး ကိုထုနှက်သံ ကြောင့် ဇော်အောင် တစ်ယောက် အိပ်ရာ နံဘေး မှ နာရီ ကို ကြည့်လိုက်မိတော့ နံနက် ၂ နာရီ စွန်းစွန်း သာရှိသေးသည်...

အိမ်အပြင် တံခါးဝ မှ အမျိုးသမီး တစ်ယောက် ၏ အသံကို မသဲ မကွဲ ကြားနေရ သဖြင့် မနေနိုင်တော့ ပဲ တံခါး ကို သွား ဖွင့်ကြည့်လိုက်ရာ....

အိမ်နီးချင်း ဖြစ်သူ မတိုး ကို ပူပန်မှု စိုးရိမ် မှု တို့ ရောပြွန်း နေသော မျက်နှာ ဖြင့်တွေ့လိုက်ရသဖြင့် ဇော်အောင်လဲ အထိတ်တလန့်ဖြင့် မေးလိုက်မိ၏...

ဟဲ့ မတိုး ပါလား ညကြီး မင်းကြီး ဘာဖြစ်လို့လဲ အလန့်တကြားနဲ့ဟာ

ထိုသို့မေးလိုက် တာနှင့် တပြိုင်နက် မတိုး တစ်ယောက်လဲ ငိုချင်ရက် လက်တို့ဖြစ်သွား သလို ရှိုက်ကြီး တငင်ဖြင့်...

ကိုဇော်အောင် ကျမ ယောင်္ကျား ကို ကယ်ပါအုံး သူ အခု အရမ်းအသက်ရှု ကြပ်နေတယ် ဆောင်နေကျ ပန်းနာ သမားတွေ သုံးတဲ့ ရှုဆေး ရှုတာလဲ မရဘူး ဆေးရုံသွားမှ ဖြစ်မယ် ဒီအချိန်ကြီး ဆိုတော့လဲ ဘယ်မှာမှ ကားငှား လို့ ကရမှာ မဟုတ်လို့ ကိုဇော်အောင့် ကားနဲ့ပဲ ဆေးရုံ လိုက်ပို့ပေးပါရှင်.. ဟီး ဟီး ဟီး

မတိုး တစ်ယောက် ပြောလဲပြော ငိုလဲ ငိုချလိုက် ပါသည်...။

ဒါနှင့် ဇော်အောင် တစ်ယောက် အိမ်နီးချင်း ဖြစ်သည့် အပြင် မတိုး ၏ အမျိုးသား ဖြစ်သူ ကိုရွှေသန်း နှင့်လဲ ငယ်သူငယ်ချင်း များ ဖြစ်သည့် အတွက် သူငယ်ချင်း အတွက်လဲ စိုးရိမ်သွားပြီး..

ကဲ ကဲ မတိုး ဒါဆိုလဲ ငိုမနေ နဲ့တော့ မြန်မြန် ဆေးရုံ ကိုသွားရအောင် ငါ ကားထုတ်ပြီး လိုက်ခဲ့မယ် အိမ်က လိုတဲ့ ပစ္စည်းလေး တွေထည့်ပြီး စောင့်နေ ခုချက်ချင်းလာ ခဲ့မယ်

ပြောပြီးသည်နှင့် သူလဲ အိမ်ခန်းထဲ ကမန်းကတန်း ဝင် အပေါ် ရှပ်အကျႌ ကောက်စွပ် ပြီး ကားသော့ ယူကာ ဂိုထောင်ထဲ မှ ကား ထုတ်ကာ ဘေးအိမ် သို့ မောင်းသွားလိုက်၏.

အိမ်ရှေ့ရောက်တော့ မတိုးရော သူငယ်ချင်း ဖြစ်သူ ရွှေသန်း ကိုပါ အဆင်သင့် အိမ်ရှေ့တွင်စောင့်နေသည် ကို တွေ့လိုက်ရသည်...

ရွှေသန်း ကတော့ အသက်ရှု ကြပ်နေပေ မယ့် ဆိုးဆိုး ဝါးဝါး ပုံစံ သိပ်မရှိ ပုံရသဖြင့် အနည်းငယ် စိတ်အေးသွား ရသည် ဒီလောက် ဆို ရင်တော့ ဆေးရုံ ရောက်ရင် သက်သာ သွားမည်ဟု စိတ်ထဲ တွေးလိုက်မိသည်...။

ဒါနဲ့ လင်မယား နှစ်ယောက် ကိုတင်ပြီး အနီးစပ် ဆုံးဖြစ်သည့် မြောက်ဥက္ကလာဆေးရုံ သို့ကားလေး ကို ခပ်သွက်သွက်လေး မောင်းနှင် လာလိုက်၏..။

ဆေးရုံသို့ ရောက်ပါပြီ သို့နှင့် ထုံးစံ အတိုင်း တွေ လိုက်လုပ်ပြီး သကာလ အရေးပေါ်လူနာလက်ခံ ရာကို ရောက်လာသည့် အချိန် တွင် ကိုယ်တွေက သာ ကာယကံရှင်တွေမို့ အစိုးရိမ် အပူပန် ကြီးလွန်း နေသလား မသိ ဆရာဝန် ဆရာမ များကတော့ သွေးအေး လှ၏ ....

ဆရာမ တစ်ယောက် ကသာ ထွက်လာပြီး အဝင်ပေါက် လူနာ လက်ခံရာ နေရာမှ ရေးသား ပေးလိုက်သော ဆေးမှတ်ချက် ကို မျက်လုံး ဖြင့် တချက်သာ ဝေ့ကြည့်ပြီး ...

ကဲ ဒီ စင်္ကြန် မှာ စောင့်နေ အောက်ဆီဂျင် ပေးရမယ် အောက်ဆီဂျင်ဗူး က ဟိုဘက် အဆောင် ရောက်နေတယ် ကဲ မူတူးရေ ဟိုဘက်ဆောင်မှာ အောက်ဆီဂျင်ဘူး သွားယူလိုက်ပါအုံး

ဆရာမက လူနာလှည်း တွန်းလားသူ ကုလား ကို အောက်ဆီဂျင်ဘူး သွားယူ ရန်ပြောပြီး လူနာ ကိုတစ်ချက်မှ မကြည့်ပဲ အခန်းထဲ ပြန်ဝင်သွားပြီး အခန်းထဲ မှ ဆရာဝန် ဖြစ်ဟန်တူသူ နှင့် ဘာတွေ ကိုသဘောကျသည် မသိ တဟိ ဟိ တခွိခွိ ဖြင့် ရယ်မော နေလေ တော့သည်...။

အောက်ဆီဂျင်ဘူး သွားယူသူ ကိုယ်တော်ချော ကလဲ တော်တော်နှင့်ပေါ်မလာပါ..

မတိုး မှာ သူ့လင်ဖြစ်သူ လက်ကလေး ကို ကိုင်ရင်း လင်တော်မောင် အားနှစ်သိမ့်နေ၏

၁၅ မိနစ် ခန့်ကြာသွား၏ ကိုရွှေသန်း မျက်နှာ ပြာတက် လာ၏ အသက်ဘယ်လိုမှ ရှုမရတော့

ဆရာမ ဆရာမ လုပ်ပါအုံး ဒီမှာ အသက်ရှုလို့ မရတော့ဘူး

ဆရာမ အေးဆေးစွာ ထွက်လာ ချိန်တွင် မတော့ ကိုရွှေသန်း တစ်ယောက် အသက်ရှု မရတော့သည့် လောကကြီးကို စိတ်ကုန်ပြီး ထားခဲ့လေပြီ....

မျက်စိရှေ့တွင် ပင် လူတစ်ယောက် ကြီးမားသော ဒဏ်ရာ ဒဏ်ချက် မရှိပဲ ဆေးရုံသို့ အသက်ရှင်လျှက် ရောက်လာပြီး အသက်ကလေး ရှုနိုင်အောင် လုပ်ပေးလိုက် လျှင် လူ့ဘဝကြီးတွင် ဆက်လက် ရှင်သန် သွားနိုင်ပါ ရက်နှင့် ........

အရေးပေါ် ဟု စာရေးထား ပြီး အေးဆေးစွာ နေနိုင်သူများ ကြောင့်လား ?

ဆေးရုံဆေးခန်း တွင် အောက်ဆီဂျင်ဘူး လေး တောင် ပြည့်စုံစွာ မထားပေးနိုင်သူ တာဝန်ရှိသူများ ကြောင့်လား ?

တော့မသိပါ ဝေဒနာ ရှင်ကတော့ ယခုလောက်ဆို လျှင် လွပ်လပ်သန့်ရှင်းသော လေထုထဲ တွင် သူ၏ ဝိညာဉ် က လေကောင်းလေသန့် များ ကို အားရပါးရ အဆုပ် ထဲ ရှိုက်သွင်းနေလောက် ပေပြီ....။


ဤကဲ့ သို့ သော လူနာ များ မြန်မာပြည် တွင် မည်မျှ သေဆုံးခဲ့ ပြီလဲ ဆိုတာ စဉ်းတောင် မစဉ်းရဲ တော့ပါ ဘူးဗျာ...။

Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts