TO RFA

သတင်းသမားတွေကြောင့် မုန်တိုင်းဘေး သင့်သူတွေ ကိုကူညီနေတဲ့ အဖွဲ့ကလူတွေ အနှောင့်အယှက်ဖြစ်ကုန် ကြတာကို သိစေချင်လို့ ကိုမျက်လုံး ဆီက ဒီပိုစ့်လေး ကို ကူးပြီးတင်လိုက်တာပါ...။

ကျွန်တော်တို့လူမျိုးများ ကိုယ့်တပ် ကိုယ်နင်းတာ ဝသီ တစ်ခုလို ဖြစ်နေပြီလား ဆိုတာ တွေးလို့တောင် မတတ်တော့ပါဘူးဗျာ...။

ကဲ သူဘာတွေ ပြောထားလဲ ဆိုတာ ဖတ်ကြည့်ရအောင်.......

ညနေက ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်မှ ပြောလာပါတယ်။ မင်းတို့ လေဘေးသင့်တဲ့သူတွေကို အိမ်တွေပြန်ဆောက်ပေးနေတဲ့အကြောင်းကို RFA က ပြောသွားတယ်တဲ့။ မင်းတို့ကို ဦးဆောင်လုပ်နေတဲ့ ကိုညီလင်းဆက်ဆိုတဲ့ ကွန်ပျူတာသမားက မန်နေဂျာရာထူးကတောင်ထွက်ပြီး လုပ်နေတယ်။ ရံပုံငွေ ဒေါ်လာသောင်းချီပြီးရနေတော့ အတားအဆီး၊ အနှောက်အယှက်မခံရပဲနဲ့ ဆက်လုပ်လို့ရနေတယ်ဆိုပြီး ပြောသွားတယ်တဲ့။ အဲဒီအကြောင်းကို ကျွန်တော်တို့ အားလုံးသိသွားတာနဲ့ တော်တော် ဒေါသထွက်သွားပါတယ်။ ဒီမီဒီယာတွေနဲ့ ပတ်သတ်လို့ အရင်တုန်းကလည်း ကျွန်တော် တော်တော်ပြောခဲ့ဖူးပါတယ်။ ဘေးကနေတီးပေးမနေကြပါနဲ့လို့။ ခင်ဗျားတို့ မိုင်ပေါင်းများစွာဝေးတဲ့နေရာက မဆင်မခြင် ဒါမှမဟုတ် ရည်ရွယ်ချက် ရှိရှိပြောလိုက်တဲ့ စကားတွေက စိတ်သန့်သန့်နဲ့ လုပ်နေကြတဲ့သူတွေအတွက် ဘယ်လောက်အထိ ထိခိုက်ခံစားသွားရနိုင်သလဲဆိုတာ သတင်းသမားတစ်ယောက်အနေနဲ့ သိသင့်ပါတယ်။ ဒါမျိုးက သတင်းသမားမှမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အခြေခံ အသိစိတ်ဓါတ်လောက်ရှိရင်တောင် ပြောသင့် မပြောသင့် သိပါတယ်။ ခင်ဗျားတို့ အဲဒီလို ပြောလိုက်တာ သတင်းဟုတ်ပါသလား။ ဘယ်သူတွေများ အကျိုးထူးရသွားမလဲ။ ကျွန်တော်တို့အားလုံးဟာ လူအချင်းချင်း တတ်နိုင်သလောက် ဝိုင်းကူနေကြတာပါ။ ခင်ဗျားတို့လို အဝေးကြီးကနေ ခံစားခွင့်တွေ တစ်ပုံကြီးနဲ့ လေကိုရင်းပြီး လုပ်စားနေကြတဲ့သူတွေ တစ်ယောက်မှ မပါပါဘူး။ ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေတာက ကျွန်တော်တို့လက်ထဲ ရောက်လာသမျှသော ရံပုံငွေမှန်သမျှကို လေဘေးရော၊ ရေဘေးပါ တကယ်ခံခဲ့ရတဲ့သူတွေဆီကို အကျိုးရှိရှိရောက်သွားဖို့ပါ။

ခင်ဗျားတို့ ထင်ထားတာက ဒေါ်လာ သောင်းဂဏန်းလောက်က ကျွန်တော်တို့ရှေ့ကို ဒုန်းဆိုရောက်လာ၊ ကျုပ်တို့က အဲဒီပိုက်ဆံတွေကို ဝယ်စရာရှိတာ အလွယ်တကူဝယ်ပြီး ကားကြီးနဲ့ ငြိမ့်ငြိမ့်လေး လပွတ္တာကိုရောက်၊ ဟိုဟိုဒီဒီ လှူစရာရှိတာတွေ လှူပြီး ပြန်လာကြ ဒီလိုများ ထင်နေကြသလား။ အဆင့်တိုင်း အဆင့်တိုင်းမှာ ဆက်လုပ်ချင်စိတ်ကုန်လောက်တဲ့အထိ အခက်အခဲတွေ အများကြီးပါ။ ကျွန်တော်တို့မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်မှုတွေ အများကြီးရှိပါတယ်။ ဒါတွေကို ဘယ်သူမှ ကျွန်တော်တို့လောက် မသိပါဘူး။ ဒီကောင်တွေ ဘာကြောင့်အတားအဆီး မခံရတာလဲဆိုတာလောက်ပဲ ခင်ဗျားတို့ စဉ်းစားတတ်သလား။ ငါတို့ ပြောလိုက်လို့ ဒီကောင်တွေ ဒုက္ခရောက်သွားရင် ငါတို့ ဖွစရာ သတင်းရမယ်ဆိုတာလောက်ပဲ တွေးသလား။ နည်းနည်းငြိမ်သွားရင် မပွ ပွအောင် ထပြီး ဖွ၊ ခံစရာရှိတော့ တကယ်လုပ်နေရတဲ့ကောင်တွေခံ၊ အဲဒီအချိန်ကျမှ ခင်ဗျားတို့ လျှာတွေယားနေအောင် ပြောချင်နေတဲ့ အကြောင်းတွေကို အတုံးလိုက် အတစ်လိုက် ဝိုင်းပြောကြ။ အဲဒီအချိန်မှာ လေဘေးရေဘေးခံခဲ့ရသူတွေအတွက်လည်း ထိခိုက်နစ်နာမှုအများကြီး ရှိသွားမှာပဲဆိုတာ တွေးမိသလား။ လက်ရှိပြန်လည်ထူထောင်ရေးနဲ့ လှူဒါန်းကူညီနေတဲ့သူတွေက စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အားလုံးကို အထိခိုက်ခံပြီး လုပ်နေရတဲ့အထဲ ဘယ်သူတော့ ဘယ်လို ဖြစ်သွားပြီဆိုပြီး ကြားရရင် ဒီအလုပ်ကို လုပ်နေတဲ့ လူ ၁၀၀ မှာ ၉၀ လောက်က ဆက်မလုပ်တော့ဘူးဆိုရင် ဘယ်သူတွေ အကျိုးယုတ်မလဲ။

ဘယ်သူမှ မတားလဲ ကျွန်တော်တို့မှာ Fund မရှိသလောက် နည်းနေပြီ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ ဆက်လုပ်ဖြစ်မယ် မထင်တော့ပါဘူး။ အခုလောလောဆယ် ကိုညီလင်းဆက်တို့ ဆိပ်ကလေးကုန်းရွာမှာ အိမ်အလုံး ၂၀ နဲ့ ကွင်းသုံးဆင့် ရွာမှာ အိမ် အလုံး ၂၀ ဆောက်ပေးနေကြပါတယ်။ ဒီရွာတွေမှာတော့ အိမ်တိုင်တွေက အစ ပံ့ပိုးပေးတဲ့အတွက် ကုန်ကျစရိတ်တွေလည်း ပိုပြီးကုန်ကျလာပါတယ်။ ကျွန်တော်တို့မှာ Fund လည်း မရှိ၊ ဆက်လက်လုပ်ဆောင်ဖို့အတွက် အခြေအနေလည်း မပေးတော့ဘူးဆိုရင်တော့ ဘယ်လောက်ပဲ လုပ်ချင်စိတ်ရှိရှိ ဆက်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။
Read more


မကိုက်လို့ပါ

"ဘဲဥပြုတ် ကြက်ဥပြုတ် ရမယ်"...

"ကြက်ကြော် ငုံးကြော်"...

"ဆေးလိပ် ကွမ်းယာ"..

နားထဲသို့ ဝင်ရောက်လာသော အသံများကြောင့် ကားရှေ့ခေါင်း ခန်းတွင် အိပ်ပျော်လာသော မောင်မျိုး တစ်ယောက် အသိအာရုံများ ခန္ဓာကိုယ် ဆီသို့ပြန်လည် ဝင်ရောက် လာကြသည်...။

"အား" အပြင်းကြော တစ်ချက်ဆန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အာရုဏ်တက် မလင်းတလင်း အချိန် မီးရောင် မမှိန့်တမှိန် အောက်တွင် များပန်းခပ် လှုပ်ရှားနေကြသည့် လူများ ဈေးသည်များ ကိုတွေ့လိုက် ရသည်တွင် သူတို့ စစ်ဆေးရေး ဂိတ်သို့ ရောက်ရှိနေပြီ မှန်းသိလိုက်ရသည်....။

အင်း ဒီတစ်ခါလဲ ဘာတွေ ပြောပြီး ဘယ်လောက်ပေးရအုံးမလဲ မသိ....

သူက ကုန်သည် တစ်ယောက် နယ်စပ်ဘက် မှနေ၍ တဖက်နိုင်ငံ ဘက်သို့ နိုင်ငံတွင်းမှ ကုန်များ ရောင်းချ ပြီးလျှင် တဖက်နိုင်ငံမှ ကိုယ့်နိုင်ငံတွင်း လိုအပ်သော ကုန်များ တဖန် ဝယ်ယူပြီး ပြန်လည် ရောင်းချ ပြီး အသက်မွေး ဝမ်းကျောင်း ပြုနေရသည်...။

အတွေးစ ကို အမြန်ဖြတ် ၍ သူကားပေါ်မှ ဆင်းလိုက်သည် အချိန်မှီ တဖက်နိုင်ငံ ကိုရောက်ဖို့က ရှိသေးသည်လေ နောက်ကျပါက ကုန်များ လိုသည့်ဈေးမရ ဖြစ်သွားနိုင်သည်..

ထို့နောက်တော့ ဂိတ်ဘေး ရှိ ရုံးခန်းလေး ထဲ အမြန်ဝင်ရောက်သွားလိုက်သည် ထိုထဲတွင်လဲ သူ့လို ကုန်သည်များ ဆက်ကြေးပေးရန် အဲလေ ယောင်လို့mrgreenဂိတ်ဖြတ်သန်း ခွင့် ရရန် စောင့်ဆိုင်းနေကြသည်ကိုတွေ့လိုက်ရ၏...

တစ်ဦးပြီး တစ်ဦး ဝင်လိုက်ထွက်လိုက် ဖြင့် ဖြတ်သန်းခွင့် လက်မှတ်များ ထုတ်ပေး ရာ အခန်းလေးထဲမှ ငိုမလို မျက်နှာများ ဖြင့် လက်မှတ်ကို ရရှိသွားပြီးသည့် သကာလ မောင်မျိုး အလှည့် သို့ရောက်လာ သည်..။

မောင်မျိုးလည်း အခန်းလေးထဲသို့ ဝင်သွားလိုက်ရာ အိပ်ရေးမဝသော မျက်နှာ (တာဝန်ကြောင့်တော့ မဟုတ် ညက ကာရာအိုကေ ဘားသွားလိုက်သဖြင့် မအိပ်လိုက် ရဟန်တူသည်..) ဖြစ်ကတတ်ဆန်း တာဝန်ကျေ ဝတ်ဆင်ထားသော ဖရိုဖရဲ ယူနီဖောင်း တို့ဖြင့် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦး ကိုတွေ့လိုက် ရသည်..

ထိုသူ က မောင်မျိုး ကိုမော့တောင် မကြည့်ပါ ထုံးစံအတိုင်း မေးခွန်း များသာ ထွက်လာ၏

"ဘယ်နှစ်စီးလဲ"

"သုံးစီး ပါခင်ဗျ"

"အင်း ဒါဆို ခင်ဗျားလဲ အမြဲ ကုန်သွယ် နေတာပဲ ထုံးစံ အတိုင်းလုပ်လေ"

"ဟုတ်ကဲ့ သုံးစီး ဆိုတော့ ဟောဒီမှာ ပါဆရာ"

မောင်မျိုး စိတ်ထဲ တော်တော်လေး ပေါ့ပေါ့ ပါးပါး ဖြစ်သွား၏ ဘာကြောင့်လဲ ဆိုတော့ထုံးစံအတိုင်း ဆိုတော့ တော်သေးတာပေါ့ နဲနဲ ပိုကျန် နိုင်ပြီ ဆိုပြီး တွေးလို့မှ မဆုံးသေးခင်...

"ဟေ့ ..ဟေ့ ဒါကဘာလုပ်တာလဲကွ"

"ဆရာပဲ ထုံးစံအတိုင်း လုပ်ဆိုလို့လေ အရင်ပေးနေကျ အတိုင်း ပေးထားပါတယ် ဆရာ"

"ဟေ့ မင်းဒီဘက် မရောက်တာ ကြာပြီထင်တယ် မင်းပေးတဲ့ ထုံးစံ အတိုင်း က အရင် ဦးစီးမှုး တုန်းကဟာကွ.. အခု ဦးစီးမှုး အသစ်ရောက်လာတော့ နဲနဲ ကျပ်တယ် အရင် ထုံးစံ နဲ့မရတော့ဘူး ရှောရှော ရှုရှု လေးဖြစ်အောင် ဆီပိုထည့် ပေးရတယ်ကွ ဒါလဲ မင်းတို့အတွက်ပါကွာ မင်းသိပါတယ် မင်းတို့ ကုန်တွေ နောက်ကျသွားရင် ဖြတ်ခွင့်မပေးလို့ လှည့်ပြန် သွားရရင် ဘာတွေဖြစ် ကုန်မယ် ဆိုတာကို"..evil...။

မောင်မျိုး ဘာမှပြန်မပြောနိုင်တော့ပါဘူးsad
သူပြော သလောက်ပေးပြီး ဖြတ်သန်းခွင့် လေးကိုလက်ထဲ ကျစ်ကျစ် ပါအောင်ဆုတ်ကိုင်ပြီး အခန်းထဲက လှည့်ထွက် အလာမှာ တာဝန်ရှိသူ ကြီးပြောလိုက် တဲ့ စကား တစ်ခွန်း က မောင်မျိုးနောက် ကို ကပ်လိုက်လာ၏..

"ကိုယ်တို့လဲ ဒီလောက် မတောင်းချင် ပါဘူး ကွာ ဒါပေမယ့် အပေါ် ကိုတဆင့်ပြီး တဆင့် ဆိုတော့ မကိုက်လို့ပါ" ဟူသတတ်...။

မောင်မျိုး တစ်ယောက် တော့ သူတို့ ကုန်သည် တွေလို ငွေကြေး တစ်ပြားမှ မရင်းရပါပဲ နှင့် အလကား ရသည့် ငွေ ကို ဘာကြောင့် မကိုက်ဖူးလို့ ပြောလဲဆိုတာ ကို စဉ်းစားရင်း...rolleyes

Read more


ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာ့ပြည်သူများ အသံ စတင်လိုက်ပါပြီ။

Posted by မင်းမင်း
ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာ့ပြည်သူများ အသံ စတင်လိုက်ပါပြီ။

ကျွန်တော်တို့ လူ့ဘဝမှာ ရွေးချယ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်။ ကိုယ်စိတ်ထက်သန်ရာ၊ လမ်းမှန်ရာလို့ ထင်ရင် ရွေးချယ်နိုင်ပါတယ်။ လူဆိုတာ အသိစိတ်ဓါတ်ရှိတာကို အမှားအမှန်ကို ခွဲခြားသင့်ပါတယ်။ ကျွန်တော်ဟာ လမ်းမှန်တယ်လို့ ထင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက် က ရပ်တည်သူတစ်ဦးဖြစ်ပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို မမှန်ဘူးထင်လို့ မရပ်တည်သူတွေ၊ ဒါမှမဟုတ် ဒီကိစ္စတွေမှာ ကြားကနေပြီး ဘာမှမလုပ်သူတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ လာမည့် ၁၉ရက် ၆လ ၂၀၀၈ ခုနှစ်မှာ အသက် ၆၃ နှစ်ပြည့်ပါတော့မယ်။ ကျွန်တော်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်ကျေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တာဝန်ကျေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေဟာ လုံး၀ တာဝန်မကျေသေးဘူးလို့ ကျွန်တော် ယူစပါတယ်။ ကျွန်တော်သူငယ်ချင်းတွေဟာ နိုင်ငံရေးဆိုတာ သိနေကြပေမဲ့၊ နေ့စဉ်စားရေးနေရေး အစဉ်ပြေအောင် ကြိုးစားကြရင်း နိုင်ငံရေးဆိုတာကို မေ့ထားကြတာ တွေ့ရပါတယ်။ ဒီမှာ ကျွန်တော် ပြည်တွင်းက ပြည်သူတွေကို ပြောတာမဟုတ်ပါဘူး။ ပြည်ပပြည်သူတွေဟာ ကျွန်တော်တို့ အတွက် အရမ်းကို အားထားစရာ လူထုလည်း ဖြစ်ပါတယ်။ ပြည်တွင်းက လူတွေလှုပ်ရှားနိုင်တာထက် ကျွန်တော်တို့ ပြည်ပက လူတွေဟာ ပိုလို့ လှုပ်ရှားနိုင်မယ်ဆိုတာ လူတွေအကုန်သိကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ပထမဆုံး Jim Carrey လို ဘာမှမဆိုင်တဲ့ သရုပ်ဆောင် တစ်ယောက်ကတောင် ဒေါ်စုအတွက် ဗီဒီယို တင်ပြီး တောင်ဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ ငြိမ်နေကြတယ်။ ဘယ်သူမှ တုံတုံမလှုပ်တာကို တွေ့ကြရပါတယ်။ ဒီ့အတွက် ကျွန်တော်တို့ ကမ္ဘာက လူတွေ လူကြည့်များတဲ့ Youtube လို နေရာမျိုးမှာ ဒေါ်စုအတွက် လွတ်မြောက်စေရန် တောင်းဆိုကြရင် အတိုင်းထက်လွန်ပြီး ကောင်းမွန်တာကို တွေ့ရမှာပါ။

ဒီအစီအစဉ်ဟာ ပြည်ပနိုင်ငံတွေပိုမိုပြီး မြန်မာပြည်အကြောင်း နားလည်စေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျဉ်းထောင်းမှာ ဆက်လက် ရှိနေဆဲဆိုတာကို မေ့မသွားကြရန်နှင့် ဒေါ်စု လွတ်မြောက်ရန်အတွက် ပိုမိုပြီး လှုပ်ရှားမှုများ ပြုလုပ်သွားနိုင်ရန် ဖြစ်ပါတယ်။ ကျွန်တော် ဒီအစီအစဉ်ကို မြန်မာနိုင်ငံ ပြည်ပရောက် ပြည်သူများ လှုပ်ရှားနိုင်မည့် ကိစ္စတစ်ခုလို့ မြင်ပါတယ်။


ကောင်းကျိုးများ၊

၁။ နိုင်ငံတကာမှာ ဒေါ်စု အား လွတ်မြောက်ရန်အတွက် ပိုမိုဖိအားပေးလာရန်။
၂။ အိမ်မှ လွယ်ကူစွာ လှုပ်ရှားမှုတစ်ခု ပြုလုပ်နိုင်ပြီး၊ နိုင်ငံတကာသို့ လျှင်မြန်စွာ နှိုးဆော်မှုများ ရောက်နိုင်ခြင်း။
၃။ ငွေကြေးကုန်ကျမှုများ မရှိခြင်း။
၄။ စစ်အစိုးရမှ အများလှုပ်ရှားမှုများကြောင့် တစ်ဦးတစ်ယောက်အား ဦးတည်ပြီး အန္တရယ်များ မပြုလုပ်နိုင်ခြင်း။

ဆိုးကျိုးများ၊

၁။ စစ်အစိုးရမှ ဝင်ရောက် အနှောက်ယှက်ပေးနိုင်ရန်ရှိသော်လည်း ၊ အနှောက်အယှက်များ လုံး၀ မထိရောက်နိုင်ခြင်း။

ဆိုးကျိုးများဟာ လုံး၀ မရှိသလောက်ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အများနှင့်လုပ်သောအရာများကြောင့် ဖြစ်ပါတယ်။

လိုအပ်သော အရာများ၊

၁။ ဗီဒီယို ကင်မရာ ( လက်ကိုင်ဖုန်းတွင်ပါသော ဖုန်း သို့ ဗီဒီယိုရိုက်နိုင်သော ကင်မရာများ )
၂။ စာရိုက်ထုတ်နိုင်သော စက်တစ်လုံး(မရှိပါက လက်ဖြင့် ရေးသားနိုသည်)။ လိုအပ်ပါက အောက်ပါပုံကို ပုံနှိပ်အသုံးပြုပါ။
၃။ ရိုက်ထားသော ဗီဒီယိုအား Editing တည်းဖြတ်ခြင်းများ ပြုလုပ်ခြင်း၊ စာသားများ ထပ်မံရေးသားခြင်းများ မပြုလုပ်ပါရန်တောင်းဆိုအပ်ပါသည်။
၄။ ကိုယ်အသုံးပြုထားသော ဘာသာစကားသည် ဘယ်ဘာသာစကားဖြစ်သည်ကို ဗီဒီယိုပေးပို့ရာတွင် ရေးသားပေးပါ။ အဘယ့်ကြောင့်ဆိုတော် သက်မှတ်ထားသော လူဦရေပြည့်လာပါက ၎င်း ဗီဒီယိုများကို Special Editing Software များဖြင့် ပြန်လည် တည်းဖြတ်မည်ဖြစ်ပြီး၊ ၎င်း ဒီဗီဒီ ကို သက်ဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေးဌာနများသို့ ပေးပို့မည်ဖြစ်သည်။
၅။ သင်ရိုက်ကူးထားသော ဗီဒီယို နောက်ခံသည် ၊ လူသိများသော အထိမ်းအမှတ် အဆောက်အဦးများ ရှေ့တွင်ရိုက်ထားပါက ပိုမိုကောင်းမွန်ပါသည်။ ဥပမာ Statue of Liberty ရုပ်ထုကြီး နောက်ခံထား၍ ရိုက်ထားခြင်း (သို့) နည်းမျိုးစုံဖြင့် Free DASSk စာရွက်အား ညာဘက်မှ ဘယ်ဘက်သို့ တီထွင်စွာ ပေးပို့ပေးနိုင်ခြင်း။

ပါဝင်ရမည့် စာသားမှာ ။ Free Daw Aung San Suu Kyi နှင့် youtube.com/freedassk ။ သို့သော် ရေးသားထားသော အရာကို အင်္ဂလိပ်လိုသာ ရေးသားရမည်ဖြစ်သည်။
ပါဝင်ရမည့် အသံမှာ။ ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးရန် ၊ အမိဘာသားစကားနှင့်ပြောဆိုနိုင်ပါသည်။ ဥပမာ- ကရင်လူမျိုးဖြစ်ပါက ကရင်၊ သို့သော် ပြောဆိုလိုက်သော အသံသည် အဓိက အဓိပ္ပါယ်ပါရမည်ဖြစ်သည်။ ထိုအချက်မှာ ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးရေးကို ဘာသာပြန်ထားသည့် ပုံစံမျိုးသာ ဖြစ်စေရမည်။ ၎င်း အသံများကို စစ်မှန်ခြင်းရှိမရှိ၊ စစ်စေးမည်ဖြစ်ပြီး၊ မျက်နှာသက်သေ ပါသော ဗီဒီယိုများကြောင့် အခက်အခဲ ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်သည်။
ပါဝင်ရမည့် ဗီဒီယိုမှာ။ Free Daw Aung San Suu Kyi နှင့် youtube.com/freedassk ဟု ရေးသားထားသော စာရွက်ကို ညာဘက်မှ ယူပြီး ဘယ်ဘက်သို့ ပေးပို့သော ပုံစံမျိုးဖြစ်စေရမည်။

ကျွန်တော်အခုဗီဒီယိုများလိုက်လံစုစောင်းနေပါတယ်။ သင့်အနေနှင့်ရိုက်ပြီးသား ရှိပါက၊ ၎င်း ရိုက်ပြီးသား ဖိုင်သို့မဟုတ် လင့်များကို အီးမေးသို့ ပေးပို့စေလိုပါသည်။ အီးမေးလိပ်စာကတော့ hteink.min(at)gmail.com ဖြစ်ပါတယ်။

အားလုံး အဆင်ပြေကြပါစေဗျာ

ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်နိုင်ပါစေ

PS: ဤပိုစ့်ကို လူငယ် တော်လှန်ရေး ဘလော်ဂါ ကိုမင်းမင်း ထံမှကူးယူဖော်ပြပါသည်..။
Read more


Address ဘားမှာ လိုဂိုလေးတွေထည့်မယ်

ကျွန်တော် တို့ ဘလော့ဂ်တစ်ခုကိုဝင်လိုက်ပြီဆိုရင် ဘရောက်ဇာရဲ့ ထိပ်မှာရှိတဲ့ လိပ်စာ ဘားမှာ ဘလော်ဂါကွန် ရဲ့လိုဂိုလေး ကိုဒီလိုတွေ့ရမှာ ဖြစ်ပါတယ်...။

ကဲ ဒီနေရာလေး ကို ကိုယ်ပိုင်လိုဂိုလေး အဖြစ်ပြောင်းချင်သူ များအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လေး ဝေမျှပေးချင်ပါတယ်သိပြီးသူများ သိပြီးဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမယ့် မသိသေးသူများ လုပ်ရမှာ ခက်ခဲနေသူများ အတွက် ရည်ရွယ်ပြီး ဝေမျှလိုက်တာပါ...။

လုပ်ပုံလုပ်နည်းကတော့ အလွန်လွယ်ကူပါတယ် ကဲစလိုက်ကြရအောင်...

ပထမဦးဆုံး ဘလော့ဂ် ရဲ့ Layout ကိုဝင်လိုက်ပါ..

ပြီးရင်တော့ Edit HTML ထဲကိုထပ်ဝင်လိုက်ပါ...

အဲဒီမှာ ကုဒ်တွေထဲက
<head>
ဆိုတဲ့ကုဒ်လေးရဲ့ နောက်မှာဒီကုဒ်ကိုထည့်လိုက်ပါ...

<link href='http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif'
rel='shortcut icon'/>

ဒီကုဒ်မှာထည့်ထားတဲ့ လိုဂိုလေး ရဲ့လိပ်စာ အတိုင်းထည့်လိုက် ရင်တော့ ကျွန်တော့် လိုဂိုပုံစံလေး ဖြစ်တဲ့ မြန်မာ နိုင်ငံအလံလေး ဟာ လိပ်စာ ဘားမှာ တလူလူ လွင့်နေမှာ ဖြစ်ပါတယ် ..

မိမိတို့နှစ်သက်သလို လိုဂိုလေးများ ပုံလေးများ လုပ်ပြီး ဝဘ်ဆိုက် တစ်ခုခုမှာ upload လုပ်ပြီး ရလာတဲ့ url လိပ်စာကို အပြာရောင်ပြထားတဲ့ နေရာမှာ အစားသွင်းလိုက်ခြင်းဖြင့် မိမိ တို့ကိုယ်ပိုင်လိုဂိုလေးများ ဖန်တီးနိုင်ကြပါစေ..smile

Read more


လွဲချက်ကနာ (၂)

အခုဖြစ်ရပ် ကလေးကတော့ ပထမ ရေးသားတင်ပြခဲ့တဲ့ လွဲချက်ကနာ ပိုစ့်ရဲ့အဆက်လို့ ပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ အဲဒီ အငယ်မလေး နဲ့ပဲ ဆက်လွဲရတဲ့ အလွဲမို့လို့ပါ...။

ဖြစ်ပုံကတော့ ပထမ အလွဲကို အိမ်မှာရှိတဲ့ ကိုရွှေတွေက ဝိုင်းဝန်းရှင်းပြလို့ ကောင်မလေး ကလက်ခံသွားပါတယ် (ဟူး...တော်ပါသေးရဲ့နော်) ဒါနဲ့ပဲတဖြည်းဖြည်း ရင်းနှီးမှုလေးတွေ ရရှိလာပါတယ် ဒါပေမယ့် ခက်တာက သူ့စကားငါမသိ ငါ့စကားသူမသိ သနားပါဘိ ဆိုတဲ့ ကဗျာလေး ထဲကလိုပါပဲ ကျွန်တော်ကလဲရောက်ခါစ မင်္ဂလာနံနက်ခင်းပါဆိုတာနဲ့ ဟဲလို ဆိုတာလောက်ပဲ တတ်တာပါ..။

ဒါပေမယ့် ဘယ်ရလိမ့် မလဲလေ အီဖေကိုယ် ကြံရင် ထရံတောင် တုတ်ခနောင်း ဖြစ်တယ်ဆိုလား ဘာဆိုလား အဲဒီစကားလိုပါပဲ ကိုယ့်အရင် ရောက်နှင့်နေသူထဲက စကားရောစာပါ ရတဲ့သူတစ်ယောက် ကို အကူအညီတောင်း ပြီး ကိုယ်ပြောချင်တာတွေကို စာနဲ့ရေးခိုင်းပြီး ကောင်မလေး ကျောင်းသွားချိန် ကိုစောင့်ပြီး ပေးပါတယ်....။

ကောင်မလေးကလဲ သူတို့နိုင်ငံမှာ ဒီလို စာပေးလေ့ ပေးထ မရှိလို့လားမသိ ဘယ်တော့မှ မညင်းပါဘူး ပြုံးပြုံး ပြီးတော့ကို ယူယူသွားပါတယ်....၊ တစ်နေ့တော့ပေါ့ဗျာ ကျွန်တော်က သူ့ကိုစာထဲမှာ မင်းလေး ဟာ အရမ်းလှတယ် မင်းလေးနဲ့စကားတွေပြောချင်တယ် ဒါပေမယ့် ကိုယ်ကမင်းတို့စကားကို မတတ်ဘူး ဒါကြောင့် မင်းလေးနဲ့စကားတွေ သင်ချင်တယ် နောက်ကိုယ်သိချင်တာက မင်းမှာ ယောင်္ကျားလေး သူငယ်ချင်း ရှိလား လို့ရေးပြီး ပေးလိုက်ပါတယ်..။ (ဒီမှာကတော့ ယောင်္ကျားလေး သူငယ်ချင်း ဆိုရင် ရည်းစားပဲ ပုံမှန် ယောင်္ကျားလေး သူငယ်ချင်း လို့ပြောမှ ရိုးရိုး သူငယ်ချင်း...စကားချပ်)..။

ဒီလိုနဲ့ကောင်မလေး ကျောင်းကပြန်လာချိန်ကို အပေါင်းအသင်းတွေနဲ့ အိမ်ရှေ့က ပန်းခြံမှာ စကားပြောရင်း စောင့်နေလိုက်တာ ဘက်စ်ကား ဆိုက်လာတော့ ကောင်မလေးဆင်းလာပါပြီ ပြီးတော့ ကျွန်တော့်ကိုမြင်တော့ ထုံးစံအတိုင်း ပြုံးပြပြီး အိမ်ပေါ်တက်သွားပါတယ် အားလုံးကကော ကျွန်တော်ရော ကတော့ အဆင်ပြေပြီ ဆိုတာ စိတ်ထဲမှာ တွေးမိနေ ကြလေရဲ့ ...။

ခဏပါပဲ သိပ်မကြာလိုက်တဲ့ အချိန်လေး အတွင်းမှာ ကောင်မလေး ပြန်ဆင်းလာပြီး ကျွန်တော် တို့ဆီ တည့်တည့် မတ်မတ်ကြီး လျှောက်လာပါတယ် ပြီးတော့ ကျွန်တော့် ကို ပြုံးကြည့်ရင်း စကားတတ်တဲ့ ကျွန်တော့်သူငယ်ချင်း ကိုပဲ သူပြောချင်တာတွေပြောပါတော့တယ်...။

ကျွန်တော့်သူငယ်ချင်း စကားပြန်ပြတာကတော့.........

ကောင်မလေး.... နင့်သူငယ်ချင်းကိုနင်စာရေးပေးတာ မဟုတ်လား ပြောပြလိုက်သူ့ကို ငါသူ့ကိုခင်ပါတယ် သူနဲ့လဲ စကားတွေ ပြောချင်ပါတယ် ဒါပေမယ့် ငါ့မှာ အချိန်မရှိဘူး နောက်ပြီး ငါ့မှာ ကျောင်းအတူတူတက်နေတဲ့ ယောင်္ကျားလေး သူငယ်ချင်း ရှိတယ် ကျောင်းပြီးရင် သူနဲ့ငါနဲ့လက်ထပ်ပြီး ဟန်းနီးမွန်း အတူတူ ထွက်ကြမှာ သူကလဲ ငါ့ကို အရမ်းချစ်တယ် ငါရောပဲ နင့်သူငယ်ချင်း ကို အဲဒါ ပြောပြလိုက်...။

ပြောချင်ရာ ပြောပြီးတာနဲ့ ကောင်မလေး က လမ်းမဘက် ကိုလှည့်ထွက်သွား ပါတော့တယ် ကျွန်တော့် အပေါင်း အသင်းတွေလဲ စိတ်မကောင်း စွာနဲ့ အားလုံး ကိုယ့်အခန်းရှိ ရာဆီ ကိုယ်ပြန်သွားကြလို့ ပန်းခြံထဲမှာတော့ ကျွန်တော် တစ်ယောက်ထဲ ငေါင်းစင်းစင်းနဲ့ကျန်ခဲ့ပါတော့တယ်..။

စိတ်ထင် ၁၅ မိနစ်လောက် ကြာချိန်မှာတော့ ကောင်မလေး သူစားနေကျ အာလူးကြော်ဗူးလေးပိုက် ပြီးပြုံးစိစိဖြင့် ကျွန်တော့် အနားကပ်လာ ပြီး စကားတစ်ခွန်းမေးလိုက်၏ ဟိုင်း ဗီဂေ့စ် တဲ့လေ ကျွန်တော်ကတော့ ကြောင်တောင်တောင် ဖြင့်သာပြန်ကြည့်နိုင်သည် ဘာစကားသံမှာထွက်မလာ ထိုအချိန် မှာပင်ကယ်တင်ရှင် ပေါ်လာ၏ (ထိုစဉ်ခဏလေး တွင် ထင်လိုက်မိခြင်းသာ) ပန်းခြံနှင့် ကပ်လျှက် အခန်းတွင် နေထိုင်သူ ကိုရွှေတစ်ဦး သူကလဲ စာဂျပိုး အခန်းပြူတင်းပေါက်မှ ကျွန်တော်တို့ကို ဘယ်အချိန် ကတဲက ချောင်းကြည့်နေသည်မသိ သူက ကျွန်တော့်ကို လှမ်းပြောလိုက်တာက ...

" ဟေ့ရောင် ဗီဂေ့စ် ဆိုရင် ဂွဒ် လို့ပြောရတယ်ကွ"

သူပြောသံကြားတော့ ကျွန်တော်လဲ အမြန် ကောင်မလေး ကို ဂွဒ် ဂွဒ် လို့ပြန်လဲ ပြောလိုက်ရော ကောင်မလေး က မျက်စောင်းထိုးပြီး အိမ်ပေါ်ကို ဆောင့်ကြီး အောင့်ကြီးနဲ့ ပြန်တက်သွားပါတယ်...

ဒါနဲ့ကျွန်တော် လဲ ဟိုလူကို ...

"ဟေ့လူ ကောင်မလေး ကဘာပြောတာလဲ ".....လို့သိချင်ဇောနဲ့မေးလိုက်တော့

"ဟကောင်ရ ကောင်မလေးက မင်းကို နေကောင်းလား လို့မေးတာလေကွာ ဒါဆိုရင်ကောင်းတယ် ဂွဒ် လို့ပြန်ဖြေရတယ်" ဟု ပြောရင်း ပြူတင်းပေါက် ဘေးမှ ခွာသွား၏

စောစောက ကယ်တင်ရှင်နတ်သားတစ်ပါးလိုထင်မိ သောထိုသူကို ချက်ချင်း စေတန်နတ်ဆိုးဝင်ပူးနေသော သူဟု အမြင်အာရုံတွင် ချက်ချင်း ပြောင်းလဲသွားသည်..။

ထိုသူကတော့မမှားပါ သူနားစွန်နားဖျား ကြားသဖြင့် ဝင်ကူညီသည်သာ

ကျွန်တော့်မှာသာ ဒုက္ခလှလှ ကြီးတွေ့သွားပြီ ဆိုတာ ကိုယ်ပဲသိသည်

ဘာကြောင့်လဲဆိုတော့ ကောင်မလေး က ကျွန်တော့် ကို ဆွ သည့်အနေဖြင့် ရည်းစားရှိသည် ဘာညာ ပြောပြီးမှာ ကျွန်တော် ခံစားနေရပြီဆိုပြီး နေလို့ကောင်းရဲ့လား ဟု လာမေးခြင်း ဖြစ်လေသည်

ကျွန်တော်ပြန်ပြောသင့်သည်က နေမကောင်းဘူး ငါ့အသဲတွေ ကွဲကုန်ပါပြီ မင်းကြောင့် အစရှိသဖြင့်ပြောလိုက် လျှင် ကောင်မလေးက သူနောက်လိုက်တာဖြစ်ကြောင်း အထင်မလွဲ ဖို့ အကြောင်းပြောရင်းဖြင့် ကျွန်တော်တို့ နောက်ပိုင်း အဆင်ပြေသွားနိုင်၏ ယ္ခုတော့ .......။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts