အခုဖြစ်ရပ် ကလေးကတော့ ပထမ ရေးသားတင်ပြခဲ့တဲ့ လွဲချက်ကနာ ပိုစ့်ရဲ့အဆက်လို့ ပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ အဲဒီ အငယ်မလေး နဲ့ပဲ ဆက်လွဲရတဲ့ အလွဲမို့လို့ပါ...။
ဖြစ်ပုံကတော့ ပထမ အလွဲကို အိမ်မှာရှိတဲ့ ကိုရွှေတွေက ဝိုင်းဝန်းရှင်းပြလို့ ကောင်မလေး ကလက်ခံသွားပါတယ် (ဟူး...တော်ပါသေးရဲ့နော်) ဒါနဲ့ပဲတဖြည်းဖြည်း ရင်းနှီးမှုလေးတွေ ရရှိလာပါတယ် ဒါပေမယ့် ခက်တာက သူ့စကားငါမသိ ငါ့စကားသူမသိ သနားပါဘိ ဆိုတဲ့ ကဗျာလေး ထဲကလိုပါပဲ ကျွန်တော်ကလဲရောက်ခါစ မင်္ဂလာနံနက်ခင်းပါဆိုတာနဲ့ ဟဲလို ဆိုတာလောက်ပဲ တတ်တာပါ..။
ဒါပေမယ့် ဘယ်ရလိမ့် မလဲလေ အီဖေကိုယ် ကြံရင် ထရံတောင် တုတ်ခနောင်း ဖြစ်တယ်ဆိုလား ဘာဆိုလား အဲဒီစကားလိုပါပဲ ကိုယ့်အရင် ရောက်နှင့်နေသူထဲက စကားရောစာပါ ရတဲ့သူတစ်ယောက် ကို အကူအညီတောင်း ပြီး ကိုယ်ပြောချင်တာတွေကို စာနဲ့ရေးခိုင်းပြီး ကောင်မလေး ကျောင်းသွားချိန် ကိုစောင့်ပြီး ပေးပါတယ်....။
ကောင်မလေးကလဲ သူတို့နိုင်ငံမှာ ဒီလို စာပေးလေ့ ပေးထ မရှိလို့လားမသိ ဘယ်တော့မှ မညင်းပါဘူး ပြုံးပြုံး ပြီးတော့ကို ယူယူသွားပါတယ်....၊ တစ်နေ့တော့ပေါ့ဗျာ ကျွန်တော်က သူ့ကိုစာထဲမှာ မင်းလေး ဟာ အရမ်းလှတယ် မင်းလေးနဲ့စကားတွေပြောချင်တယ် ဒါပေမယ့် ကိုယ်ကမင်းတို့စကားကို မတတ်ဘူး ဒါကြောင့် မင်းလေးနဲ့စကားတွေ သင်ချင်တယ် နောက်ကိုယ်သိချင်တာက မင်းမှာ ယောင်္ကျားလေး သူငယ်ချင်း ရှိလား လို့ရေးပြီး ပေးလိုက်ပါတယ်..။ (ဒီမှာကတော့ ယောင်္ကျားလေး သူငယ်ချင်း ဆိုရင် ရည်းစားပဲ ပုံမှန် ယောင်္ကျားလေး သူငယ်ချင်း လို့ပြောမှ ရိုးရိုး သူငယ်ချင်း...စကားချပ်)..။
ဒီလိုနဲ့ကောင်မလေး ကျောင်းကပြန်လာချိန်ကို အပေါင်းအသင်းတွေနဲ့ အိမ်ရှေ့က ပန်းခြံမှာ စကားပြောရင်း စောင့်နေလိုက်တာ ဘက်စ်ကား ဆိုက်လာတော့ ကောင်မလေးဆင်းလာပါပြီ ပြီးတော့ ကျွန်တော့်ကိုမြင်တော့ ထုံးစံအတိုင်း ပြုံးပြပြီး အိမ်ပေါ်တက်သွားပါတယ် အားလုံးကကော ကျွန်တော်ရော ကတော့ အဆင်ပြေပြီ ဆိုတာ စိတ်ထဲမှာ တွေးမိနေ ကြလေရဲ့ ...။
ခဏပါပဲ သိပ်မကြာလိုက်တဲ့ အချိန်လေး အတွင်းမှာ ကောင်မလေး ပြန်ဆင်းလာပြီး ကျွန်တော် တို့ဆီ တည့်တည့် မတ်မတ်ကြီး လျှောက်လာပါတယ် ပြီးတော့ ကျွန်တော့် ကို ပြုံးကြည့်ရင်း စကားတတ်တဲ့ ကျွန်တော့်သူငယ်ချင်း ကိုပဲ သူပြောချင်တာတွေပြောပါတော့တယ်...။
ကျွန်တော့်သူငယ်ချင်း စကားပြန်ပြတာကတော့.........
ကောင်မလေး.... နင့်သူငယ်ချင်းကိုနင်စာရေးပေးတာ မဟုတ်လား ပြောပြလိုက်သူ့ကို ငါသူ့ကိုခင်ပါတယ် သူနဲ့လဲ စကားတွေ ပြောချင်ပါတယ် ဒါပေမယ့် ငါ့မှာ အချိန်မရှိဘူး နောက်ပြီး ငါ့မှာ ကျောင်းအတူတူတက်နေတဲ့ ယောင်္ကျားလေး သူငယ်ချင်း ရှိတယ် ကျောင်းပြီးရင် သူနဲ့ငါနဲ့လက်ထပ်ပြီး ဟန်းနီးမွန်း အတူတူ ထွက်ကြမှာ သူကလဲ ငါ့ကို အရမ်းချစ်တယ် ငါရောပဲ နင့်သူငယ်ချင်း ကို အဲဒါ ပြောပြလိုက်...။
ပြောချင်ရာ ပြောပြီးတာနဲ့ ကောင်မလေး က လမ်းမဘက် ကိုလှည့်ထွက်သွား ပါတော့တယ် ကျွန်တော့် အပေါင်း အသင်းတွေလဲ စိတ်မကောင်း စွာနဲ့ အားလုံး ကိုယ့်အခန်းရှိ ရာဆီ ကိုယ်ပြန်သွားကြလို့ ပန်းခြံထဲမှာတော့ ကျွန်တော် တစ်ယောက်ထဲ ငေါင်းစင်းစင်းနဲ့ကျန်ခဲ့ပါတော့တယ်..။
စိတ်ထင် ၁၅ မိနစ်လောက် ကြာချိန်မှာတော့ ကောင်မလေး သူစားနေကျ အာလူးကြော်ဗူးလေးပိုက် ပြီးပြုံးစိစိဖြင့် ကျွန်တော့် အနားကပ်လာ ပြီး စကားတစ်ခွန်းမေးလိုက်၏ ဟိုင်း ဗီဂေ့စ် တဲ့လေ ကျွန်တော်ကတော့ ကြောင်တောင်တောင် ဖြင့်သာပြန်ကြည့်နိုင်သည် ဘာစကားသံမှာထွက်မလာ ထိုအချိန် မှာပင်ကယ်တင်ရှင် ပေါ်လာ၏ (ထိုစဉ်ခဏလေး တွင် ထင်လိုက်မိခြင်းသာ) ပန်းခြံနှင့် ကပ်လျှက် အခန်းတွင် နေထိုင်သူ ကိုရွှေတစ်ဦး သူကလဲ စာဂျပိုး အခန်းပြူတင်းပေါက်မှ ကျွန်တော်တို့ကို ဘယ်အချိန် ကတဲက ချောင်းကြည့်နေသည်မသိ သူက ကျွန်တော့်ကို လှမ်းပြောလိုက်တာက ...
" ဟေ့ရောင် ဗီဂေ့စ် ဆိုရင် ဂွဒ် လို့ပြောရတယ်ကွ"
သူပြောသံကြားတော့ ကျွန်တော်လဲ အမြန် ကောင်မလေး ကို ဂွဒ် ဂွဒ် လို့ပြန်လဲ ပြောလိုက်ရော ကောင်မလေး က မျက်စောင်းထိုးပြီး အိမ်ပေါ်ကို ဆောင့်ကြီး အောင့်ကြီးနဲ့ ပြန်တက်သွားပါတယ်...
ဒါနဲ့ကျွန်တော် လဲ ဟိုလူကို ...
"ဟေ့လူ ကောင်မလေး ကဘာပြောတာလဲ ".....လို့သိချင်ဇောနဲ့မေးလိုက်တော့
"ဟကောင်ရ ကောင်မလေးက မင်းကို နေကောင်းလား လို့မေးတာလေကွာ ဒါဆိုရင်ကောင်းတယ် ဂွဒ် လို့ပြန်ဖြေရတယ်" ဟု ပြောရင်း ပြူတင်းပေါက် ဘေးမှ ခွာသွား၏
စောစောက ကယ်တင်ရှင်နတ်သားတစ်ပါးလိုထင်မိ သောထိုသူကို ချက်ချင်း စေတန်နတ်ဆိုးဝင်ပူးနေသော သူဟု အမြင်အာရုံတွင် ချက်ချင်း ပြောင်းလဲသွားသည်..။
ထိုသူကတော့မမှားပါ သူနားစွန်နားဖျား ကြားသဖြင့် ဝင်ကူညီသည်သာ
ကျွန်တော့်မှာသာ ဒုက္ခလှလှ ကြီးတွေ့သွားပြီ ဆိုတာ ကိုယ်ပဲသိသည်
ဘာကြောင့်လဲဆိုတော့ ကောင်မလေး က ကျွန်တော့် ကို ဆွ သည့်အနေဖြင့် ရည်းစားရှိသည် ဘာညာ ပြောပြီးမှာ ကျွန်တော် ခံစားနေရပြီဆိုပြီး နေလို့ကောင်းရဲ့လား ဟု လာမေးခြင်း ဖြစ်လေသည်
ကျွန်တော်ပြန်ပြောသင့်သည်က နေမကောင်းဘူး ငါ့အသဲတွေ ကွဲကုန်ပါပြီ မင်းကြောင့် အစရှိသဖြင့်ပြောလိုက် လျှင် ကောင်မလေးက သူနောက်လိုက်တာဖြစ်ကြောင်း အထင်မလွဲ ဖို့ အကြောင်းပြောရင်းဖြင့် ကျွန်တော်တို့ နောက်ပိုင်း အဆင်ပြေသွားနိုင်၏ ယ္ခုတော့ .......။

ဒါလေးတွေလဲ ရှိသေးတယ်
11 ယောက်ကဒီလိုမြင်တယ် to "လှဲခကျြကနာ (၂)"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
ညမီးအိမ် says:
ကိုလင်းထက်ကြီးရေ ဗီဂေ့စ် လားဗျာ။ အနော်တော့ ဗီဂေ့စ် မဂေ့စ်နိုင်ဘူး။ အတည်းတွဲနေရို့။ ဟီးရွှတ် ဘွက်(နပ်ညစ်၍ ကိုလင်းထက် အင်္ကျီမှာသွားကပ်သောအသံ)။ ဗီဂေ့စ် ဗီဂေ့စ် ဗီဂေ့စ် ဗီဂေ့စ် ဗီဂေ့စ် ဗီဂေ့စ်
Republic says:
စွံတယ်ဗျာ ၊ အားကျတယ် ၊ အဟီး :P
Anonymous says:
ဟားဟား ဘုမသိ ဘမသိ နဲ့ ဂွဒ် ထည့်လိုက်တာကို အစ်ကိုရ အခုတော့ ဂွ သွားပြီးမဟုတ်လားး း)
P>S= ဆီပုံးမှာကော့မန့်ရေးရတာ စာလုံးတွေက တုန်နေတယ် ကြာလည်းကြာတယ် ဘာလို့လည်းမသိ ကြည့်လိုက်အုံးနော့် အစ်ကိုကြီး ပိတ်ရက်မှာ မျက်နှာမသစ်ပဲ ကွန်ပျူတာရှေ့ထိုင်နေတယ် ဟားဟားး လျှို့ဝှက်ချက်တွေ သိထားတယ် ။
win zaw says:
ညီလေး တစ်ကနေပြန်စစို့။
ကိုတော့အားပေးတယ်။ ပုဆိုးထုပ်ပဲထမ်းရထမ်းရ၊
ဖျာလိပ်ပဲရွက်ရရွက်ရ၊ ကူညီမယ်။
---
အခန်းဆက်ရှိသေးရင် လက်တို့လိုက်ပါ။
အရောက်လာခဲ့မယ်။
BLACK DREAM says:
ဂွဒ်တယ်ဟေ့....ဂွဒ်တယ်ဟ...။ ဘာမှမလုပ်ချင် မကိုင်ချင်လောက်အောင်ကို ဂွဒ်နေတယ်...။ ဂွဒ်ကျ ဂွဒ်ကျ ကျွန်တော်ကတော့ ဂေါက်တော့မယ်...။ ရူးရင်ရူး မရူးရင် လူသတ်မှုတစ်ခုခုပဲ...။
p.s- ပို့စ်နှင့်ဆိုင်ချင်မှ ဆိုင်ပါမည်..။ ဦးနှောက်ပုံမှန် အလုပ်မလုပ်သည်ကို ခွင့်လွှတ်ပါ။
ကျော်လင်းထွန်း says:
အခုတော့ နောက်ကြသွားပြီညီလေး နောက်ဆို အမြန်တာ ဆွဲထား ဒါမျိုး ကသွက်မှညီလေးရဲ့
မွန် says:
ဗီဂေ့စ်မဟုတ်ပဲ ခုတော့ ဗီဂစ်ဖြစ်တွားပီပေါ့ ဂစ်ဂစ်ဂစ်ဂစ်ဂစ် ဟတ်ဟတ်
heartmuseum says:
ကောင်းတယ်..... ဘုမသိ ဘမသိပဲ ဗီဂေ့စ် ချင်အုံး... ဟား...ဟား...
အိုင်လွယ်ပန် says:
ကိုလင်းရေ!
ဗီဂေ့စ်
မေမိုးမခ says:
ကိုလင်းထက်ရေ
ဗီဂေ့စ် ဗီဂေ့စ် ဗီဂေ့စ် ဟီးဟီး
Min Min says:
ဒါမျိုးလည်း ရှိပေသကိုး...