Prevent Image Copying မိမိပိုစ့်မှ ပုံများကို ကာကွယ်လိုသူများ အတွက်

ညီမငယ် သိင်္ဂါကျော်က ကွန်မန့်ထဲမှာ မေးလာပါတယ်...
ဓါတ်ပုံတွေကိုကော ကော်ပီ လုပ်လို့ မရအောင် ဘယ်လို လုပ်ရပါမလဲ ဆိုပြီးတော့
ဒါကြောင့် ဓါတ်ပုံတွေ အလွယ်တကူ ကော်ပီ လုပ်ခံရခြင်းမှ ကင်းဝေးဖို့ (အလွယ်တကူ လို့ သုံးတာက တကယ် ခိုးယူချင်တဲ့ သူတွေ အတွက်ကတော့ နည်းလမ်းပေါင်းစုံ ရှိပါတယ် အကောင်းဆုံးကတော့ ဓါတ်ပုံပေါ်မှာCopyright စာတန်း မိမိဘလော့ အမည် သို့ နာမည် ရေးထည့်ထားတာ အကောင်းဆုံးပါ)အောက်က နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်..။

မိမိ ပိုစ့်ထဲ တွင် ထည့်လိုသော ပုံများ အားလုံးကို တင်လိုက်ပါ..
ပြီးတဲ့ အခါမှာ ပိုစ့်တင်တဲ့ အကွက်ရဲ့ ညာဘက် အပေါ်မှာ ရှိတဲ့ Edit HTML နဲ့ Compose နှစ်ခု အနက်က Edit HTML ကို ရွေးလိုက်ပြီး မိမိ တင်ထားတဲ့ ပုံတွေရဲ့ ကုဒ်ကို ရှာလိုက်ပါ အောက်ကလို ဖြစ်ပါလိမ့်မယ်..




<div class="separator" style="clear: both; text-align: center;">
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8H-GWEtbbxj37JgoqbeFLFb2McRRG-MTtL_9EM3EIDSWvXjQBAtiajSc_pMgZjlPCpy0xSaV0e6rkeE8UJ6_Jcx-sp4mt2ZWel25wfHUvzOAGSwIu6YTurjlPGlY5OW09kMtmvfCRNg/s1600/no+copy+image.png" imageanchor="1" style="margin-left: 1em; margin-right: 1em;"><img border="0" height="311" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8H-GWEtbbxj37JgoqbeFLFb2McRRG-MTtL_9EM3EIDSWvXjQBAtiajSc_pMgZjlPCpy0xSaV0e6rkeE8UJ6_Jcx-sp4mt2ZWel25wfHUvzOAGSwIu6YTurjlPGlY5OW09kMtmvfCRNg/s400/no+copy+image.png" width="400" /></a></div>

ပြီးသွားရင် အနီနဲ့ ပြထားတဲ့ စာသားတွေကို ဖယ်ထုတ်လိုက်ပါ ဒါဆိုရင် ဒီလိုမျိုးလေး ဖြစ်သွားပါမယ်..

<div class="separator" style="clear: both; text-align: center;">
<img border="0" height="311" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8H-GWEtbbxj37JgoqbeFLFb2McRRG-MTtL_9EM3EIDSWvXjQBAtiajSc_pMgZjlPCpy0xSaV0e6rkeE8UJ6_Jcx-sp4mt2ZWel25wfHUvzOAGSwIu6YTurjlPGlY5OW09kMtmvfCRNg/s400/no+copy+image.png" width="400" /></div>

ပြီးသွားပြီဆိုရင် အဲဒီ ကုဒ်တွေထဲမှာ oncontextmenu="return false;" ဆိုတာလေး ထည့်ပေးရပါမယ် အောက်က နမူနာ အတိုင်းပါ

<div class="separator" style="clear: both; text-align: center;">
<img oncontextmenu="return false;" border="0" height="311" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8H-GWEtbbxj37JgoqbeFLFb2McRRG-MTtL_9EM3EIDSWvXjQBAtiajSc_pMgZjlPCpy0xSaV0e6rkeE8UJ6_Jcx-sp4mt2ZWel25wfHUvzOAGSwIu6YTurjlPGlY5OW09kMtmvfCRNg/s400/no+copy+image.png" width="400" /></div>

ပြီးသွားရင်တော့ ပိုစ့်ကို Publish လုပ်လို့ ရပါပြီ ဘယ်လို ဖြစ်လာမလဲ ဆိုတာ အောက်က ပုံလေးကို စမ်းသပ် နှိပ်ကြည့် ကော်ပီ လုပ်ကြည့်နိုင်ပါတယ်..။


စမ်းသပ် copy & select လုပ်ကြည့်ရန်

အားလုံး အဆင်ပြေကြပါစေဗျာ..

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


No Copy No Select မိမိပိုစ့်တွေ ကာကွယ်ချင်သူများ အတွက်


ဟား ဟား ဒါလေးများ ငါတို့ သိတာ ကြာပေါ့ လုပ်ထားပြီးသား လို့တော့ အထင်တော် မမှားကြပါနဲ့အုံးဗျာ အရင်ဆုံး ငါတို့ သိထားတာ ထည့်ထားတာနဲ့ တူသလားလို့ အရင် ဖတ်ကြည့် စမ်းကြည့်ပါအုံး တစ်ကယ်လို့ သိပြီးသား ထည့်ပြီးသား ဆိုလဲ ဆောရီးပါ မသိသေးသူ တွေ အတွက်ပေါ့...

လုပ်ထားကြပါတယ် ဘလော့ အတော်များများ စာတွေကို Select လေး လုပ်ပြီး ကုူးဖို့ အတွက် Right Click နှိပ်လိုက်မှ ကွန်ပြူတာက အလန့်တကြား ထအော်ပြီး ဘရောက်ဇာမှာ Popup ဝင်းဒိုးလေး ပေါ်လာပြီး Right Click လုပ်ခြင်း ခွင့်မပြု ဘာညာ နဲ့ အမိန့်ကြော်ညာတွေ စည်းကမ်း သတ်မှတ်ချက်တွေ ထွက်ပေါ်လာတာ.....

အဲလိုကြီး လုပ်မယ့် အစား ယဉ်ယဉ်ကျေးကျေးလေး အစကတဲက စာတွေကို Selected လုပ်လို့ မရအောင် လုပ်ထားကြရရင် မကောင်းဘူးလားဗျာ...

ဟောဒီမှာ Demo လင့်လေးမှာ သွားစမ်းကြည့်လိုက်ပါ အဲဒီက ပိုစ့်က စာတွေ Right Click နှိပ်ဖို့ အဆင့်ထိ မပြောနဲ့ စာတွေကိုတောင် Select လုပ်လို့ ရရဲ့လား ဆိုတာ...

ဒီတော့ ကူးချင်တဲ့ သူကပဲ ဟင် ငါတို့ ကွန်မကောင်းလို့လား မသိဘူး ၊ ငါတို့ ကွန်ပြူတာ ကြောင်နေလို့လား မသိဘူး ၊ ငါတို့ ဘရောက်ဇာ ဘာဖြစ်နေလဲ မသိဘူး ဆိုတဲ့ ဇဝေ ဇဝါ များစွာနဲ့ ကိုယ့်ကို အမြင်မကပ်တော့ဘူးပေါ့ဗျာ ...နို့မို့ သတိပေးစာ ပြူးတူးပြဲတဲ အသံတွေကလဲ မြည်သေး ဆိုတဲ့ အချိန်ကျရင် တော်တော် အဝှာကျယ်တဲ့ ဘလော့ဂ်ပါလားလို့ မေတ္တာ ပို့ခံရအုံးမယ် မဟုတ်လား...

ကဲ လုပ်ချင်တယ်ဆို အောက်က ကုဒ်လေးတွေကို ကူးလိုက်ဗျာ...

<script type="text/javascript">
var omitformtags=["input", "textarea", "select"]
omitformtags=omitformtags.join("|")
function disableselect(e){
if (omitformtags.indexOf(e.target.tagName.toLowerCase())==-1)
return false
}
function reEnable(){
return true
}
if (typeof document.onselectstart!="undefined")
document.onselectstart=new Function ("return false")
else{
document.onmousedown=disableselect
document.onmouseup=reEnable
}
</script>

အပေါ်က ကုဒ်လေးတွေ ကူးပြီးပြီ ဆိုရင်တော့(ကျွန်တော်ကတော့ ကုဒ်တွေ ကူးစေချင်လွန်းတဲ့ အတွက် ဒီနည်းကို သုံးမထားပါဘူး :P) ....

/blogger dashboard ကိုသွားလိုက်ပါ

/ပြီးရင် Desing --&-- Page Elements. ကို ဆက်သွားပါ...

/နောက်တော့ sidebar က 'Add a Gadget' ဆိုတာကို နှိပ်လိုက်ပါ

/'HTML/Javascript' ဆိုတာ ရွေးချယ်ပြီး ကုဒ်တွေ ထည့်ပြီး Save လုပ်ပြီးရင် ပြီးပါပြီဗျာ..

အဲဒီနေရာမှာ တတ်နိုင်ရင် အဲဒီ Gadget ကို အပေါ်ဆုံးမှာ ထားနိုင်ရင် အကောင်းဆုံးပါပဲ.. အားလုံးပြီးရင် ကိုယ့်ဆိုဒ်ထဲ သွားကြည့်လိုက်ပါအုံး စာတွေကို Select လုပ်လို့ ရသေးလားဆိုတာကို...

အားလုံး အဆင်ပြေကြပါစေ အဆင်မပြေခဲ့သော် အောက်က ကွန်မန့်ထဲ မေးထားခဲ့ နိုင်ပါတယ်..။

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။

Read more


ဘလော့ လည်ရင်း သီချင်းသံ ပေါ်လာလို့ လန့်တတ်သူများ အတွက်


တစ်ခြား လူတွေတော့ မသိပါဘူး ကျွန်တော်တော့ လန့်ပါတယ် ဘာလန့်တာလဲ ???
ဘလော့ဂ် တွေ လည်ပါတယ် အဲဒီမှာ တစ်ချို့ ဘလော့ဂ် ပိုင်ရှင်များ သူတို့ ကြိုက်နှစ်သက်သော မြူးဇစ် ပလေယာများ ရေဒီယို ပလေယာများ ထည့်ထားတတ် ကြပါတယ် အဲဒီ ဘလော့ကို ဝင်လိုက်ပြီ ဆိုရင် သီချင်းသံ အကျယ်ကြီး ရုတ်တရက် ထွက်လာရင် ကိုယ်က ည လူခြေတိတ်ချိန် ဘလော့လည်လေတော့ ထွက်ပေါ်လာတဲ့ သီချင်းသံကြောင့် အမြန် ပလေယာကို လိုက်ရှာပြီး အရင် ပိတ်ရပါတယ် ပြီးတော့မှ ဟူးးးးးးးး ကနဲ သက်ပြင်းချပြီး စာကို အေးဆေး ဖတ်နိုင်ပါတော့တယ် အဲဒီလို ဖြစ်နေသူများ နှင့် ဘလော့ဂ်ပိုင်ရှင် များကို နှစ်ဦး နှစ်ဖက် အဆင်ပြေအောင် တွေ့ရှိတာလေး နည်းနည်း ဝေမျှ ပေးချင်ပါတယ်...
ဝေမျှပေးမယ့် အပိုင်းမှာ အလည်လာသူ အပိုင်း နဲ့ အိမ်ရှင် ဘလော့ဂါ အပိုင်း နှစ်ပိုင်း ခွဲပြီး တင်ပြပေးပါ့မယ်..

အိမ်လည်သူများ အတွက်....

အိမ်လည်သူတွေ မိုဇီလာ ဖိုင်းယားယောက်စ် သုံးစွဲပြီး လည်စေချင်ပါတယ် မြန်မာဘလော့ အများစုကလဲ ကျွန်တော်/ ကျွန်မတို့ ဘလော့သည် ဖိုင်းယားဖောက်စ် ဖြင့်ကြည့်လျှင် ပိုအဆင်ပြေပါသည် ဘာညာ သာရကာ တွေ တင်ထားတတ်ပါတယ်.. ကျွန်တော်လဲ တိုက်တွန်းပါတယ် ဘာကြောင့်လဲ ဆိုတော့ အခု ပြောမဲ့ အိမ်လည်သူများ အတွက်က ဖိုင်းယားဖောက်စ် နဲ့မှ အဆင်ပြေမှာ မို့လို့ပါ.. :P

ကျွန်တော်တို့ ဝဘ်ဆိုဒ်တွေ ဘလော့ဂ် တွေမှာ  Java script တွေ ads တွေနဲ့ ကြော်ညာတွေ ဗွီဒီယိုတွေ သီချင်းပလေယာ တွေ ထည့်ထားတတ်ပါတယ် အဲဒါတွေကို ဟန့်တားနိုင်ဖို့ အကောင်းဆုံး Firefox add on နှစ်မျိုး ရှိပါတယ်..  Adblock Plus ဆိုတာနဲ့ No Script ဆိုတာ နှစ်ခုပါ..

အဲဒီ နှစ်ခုမှာ ကျွန်တော်ကတော့ Adblock Plus ဆိုတာကို ပိုနှစ်သက်ပါတယ် ဘာလို့လဲ ဆိုတော့ သူက ကိုယ်လိုသလို စီမံလို့ ရလို့ပါ ကိုယ်လိုတာပဲ ပိတ်မယ် ကြည့်ချင်တာတွေကို ဖွင့်ထားမယ် အဲလို လုပ်လို့ ရပါတယ် ဒီတော့ ဝဘ်ဆိုဒ် တစ်ခုကို ဝင်လိုက်ရင် ဆိုဒ်ပိုင်ရှင်က ဘာပေးချင်လဲ အရင် ကြည့်ပါ ကိုယ်မကြိုက်တာတွေကို Block ပါ No Script ကတော့ အကုန် block ထားတော့ ဆိုဒ်ပိုင်ရှင် ဘာပေးချင်လဲ ဘာပြချင်လဲ ဆိုတာ မမြင်ရပြန်တော့လဲ ကိုယ် မမြင်လိုက်ရ မသိလိုက်ရတာတွေ ရှိလာနိုင်ပါတယ် ဒါကြောင့် Adblock Plus ကို ကျွန်တော် သဘောကျတာပါ ဒီတော့ Adblock Plus ကို ဒီနေရာက သွားထည့်ပါ.. ဒါကတော့ သူ့ သုံးစွဲရမယ့် Screenshots လေးတွေပါ...အောက်မှာ သုံးစွဲနည်း ဗွီဒီယိုလေးလဲ ပြထားပါတယ် ...


နောက် ဝဘ်ဆိုဒ် တွေ ဘလော့တွေထဲက သီချင်းပလေယာတွေ ဗွီဒီယိုတွေ အော်တို အသံတွေ ထွက်လာတာ တွေကို တော့ အောက်က ပုံမှာ ပြထားသလိုပါပဲ ပလေယာပေါ် မောက်စ်ကာဆာလေး တင်လိုက်ပါ ဒါဆို block ဆိုတဲ့ ခလုတ်လေး ပေါ်လာပါမယ် အဲဒါလေး နှိပ်ပေးလိုက်ရင် နောက် အဲဒီ ဆိုဒ်ကို သွားလည်ရင် အသံတွေ ရုတ်တရက်ကြီး မပေါ်လာတော့ပါဘူး..... ဥပမာ အနေနဲ့ မြန်မာ ဘလော့တွေမှာ အများဆုံး တပ်ထားတတ်တဲ့ ဟာလေး တစ်ခုနဲ့ ပြထားပါတယ်...


တစ်ခြား ဘာ ပလေယာ ဖြစ်ဖြစ် အဲလိုလေး သာလုပ်ပေးပါ လန့်ဖြန့်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်..

ဘလော့ဂ် ပိုင်ရှင်များ အတွက်..

မိမိက ဧည့်သည်များကို အိမ်လာလည်တဲ့ အချိန်မှာ စာလေး ဖတ်ရင်း သီချင်းလေး နားထောင် ပါစေတော့ရယ်လို့ စေတနာနဲ့ ဖြစ်ဖြစ် ကိုယ့်ဆိုဒ်လေးထဲ ဘယ်သူတွေလာလဲ စီဘောက်ထဲက နုတ်ဆက်စကားလေး ပြောရင်း သီချင်းလေး နားထောင်ရအောင် ဆိုပြီး ဖြစ်ဖြစ် တတ်ထားပေမယ့် လာတဲ့ ဧည့်သည် အနေနဲ့စိတ်အနှောက် အယှက် ဖြစ်တာမျိုး ဖြစ်တတ်လို့ သူနားထောင်ချင် မှ ခလုတ်လေး ဖွင့်ပြီး နားထောင်လို့ ရအောင် လုပ်ထားပေးတာဟာ နှစ်ဦး နှစ်ဖက် ပိုပြီး အဆင်ပြေမယ်လို့ အကြံပေးချင်ပါတယ် ဒီတော့ ဘယ်လို လုပ်ရမလဲ...

ရုတ်တရက်ကြီး သီချင်းတွေ ဗွီဒီယိုတွေ ထထ ပွင့်တဲ့ ပလေယာတွေမှာ ဟောဒီကုဒ်ကို သုံးထားတတ်ကြပါတယ်..

autostart="1" သို့မဟုတ် autostart="true"

အဲဒီကုဒ်လေးတွေကို ဟောဒီလို ပြန်ပြင်ပေးပါ..

autostart="false"

ဒါဆိုရင် ပလေယာက သီချင်းတွေ ရုတ်တရက် အော်တို မပွင့်လာတော့ပဲ နားထောင်ချင်သူများ ပလေး ခလုတ်နှိပ်မှ သီချင်းသံ ထွက်လာမှာ ဖြစ်တဲ့ အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြမှာပါ...။


PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


Blogspot နှင့် ဘလော့ဂင်းနေသူများ သို့ အထူးသတိပေးချက်


ယခု တစ်လော မိတ်ဆွေ တစ်ဦး၏ ဘလော့ Reported Attack Site အဖြစ်သတ်မှတ် ခံလိုက်ရခြင်းကို လိုက်ကူညီရင်း အခြား ဘလော့များကိုလဲ လိုက်လံ ရှင်းလင်းပေးရင်း တွေ့လာတာကတော့ မြန်မာ ဘလော့ဂ်များ တစ်ဦးနှင့် တစ်ဦး ချိတ်ဆက် ထားကြသဖြင့် ဘလော့ဂ် အားလုံး လိုလိုနီးပါးဟာ Malware Identified ဖြစ်နေကြတာကို တွေ့ရပါတယ်.. 

ဒါဆိုရင် မကြာမှီ အချိန်အတွင်းမှာ Google က အဲဒီဆိုဒ်တွေကို အနှေးနဲ့ အမြန် Reported Attack Site များ အဖြစ် သတ်မှတ်လာမှာ ဖြစ်ပါတယ်..

Google က ဘာလို့ အဲဒီလို လုပ်ပါသလဲ??? ကျွန်တော်တို့ ဝဘ်ဆိုဒ်တွေမှာ ဂူဂယ်က စောင့်ကြည့်ပြီး ဝဘ်ဆိုဒ် အဆင့်အတန်းတွေ ခွဲပေးပါတယ် အဲဒါကို Pagerank လို့ ခေါ်ပါတယ် ၁၀ မှတ် ဆိုရင် အများဆုံး ဖြစ်ပြီး ၀ ကတော့ အနည်းဆုံးပါ ပါချီပါချက် ဝဘ်ဆိုဒ်ပေါ့ဗျာ ...

အဲဒီလို ဖြစ်တော့ ဉာဏ်ကြီးရှင်များက ဒါကို ဘယ်လို Hack ရမလဲ ဆိုပြီး တီထွင်ကြတာမှာ လင့်တွေ ချိတ်တဲ့ နည်းနဲ့ အသုံးပြုပါတယ် ဒီတော့ ဘလော့တစ်ခုဟာ ဘယ်ကိုသွားသွား သူ့လင့်တွေ က နေရာတကာမှာ ဆက်သွယ် ထားတယ် ဆိုတော့ PageRank တွေ တက်လာပါတယ်..

အဲဒါကို ဂူဂယ်က သိလို့ အခု ဆိုရင် PageRank တွေကို Update မလုပ်ပေးတာ အတော်ကြာခဲ့ပါတယ် ပုံမှန်အားဖြင့်တော့ ကိုးလ တစ်ခါ အကြီးစား Update လုပ်ပေးပါတယ် မနှစ်က သူတို့ လုပ်ပေးခဲ့တာ ဧပြီလတုန်းကပါ ထားပါတော့ ဒါက ပြဿနာရဲ့ အခြေခံ ဇစ်မြစ်ကို သိအောင် ပြောပြတာပါ..
ဒီတော့ ဂူဂယ်က ဝဘ်ဆိုဒ်တွေကို စစ်ပါတယ် အဲဒီ အခါမှာ လင့်သေနေတာတွေကို ချိတ်ထားတာတွေကို သူတို့ တွေ့ပါတယ် အဲဒီလို လင့်သေနေတာတွေ ချိတ်ထားခြင်း အားဖြင့် သင့် ဝဘ်ဆိုဒ်ကို ဝင်ဖတ်နေသူ တစ်ယောက်ဟာ စာတွေ အကုန်ပေါ်လာပြီး မြင်နေရပေမယ့် ဘရောက်ဇာက ဖတ်တာ မပြီးပဲ လင့်သေ နေတာတွေကို သူက ဆက်ရှာနေပါတယ် အဲလို အများကြီး သင့်မှာ ရှိနေပြီ ဆိုရင် သူတို့က ၉ ပါတ်ခန့်အကြာမှာ Reported Attack Site စာရင်းထဲ ထည့်လိုက်ပါတယ် ဒါဆို လာတဲ့ ဧည့်သည်တွေကို စာတန်း အနီရောင်ကြီးနဲ့ ကြိုဆိုတော့မှာ ဖြစ်ပါတယ်...
ကျန်တဲ့ အသေးစိတ် ကုသနည်း ကတော့ တစ်နေ့က တင်ထားတဲ့ ပိုစ့်မှာ သွားဖတ်ကြည့်လိုက်ပါ Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်းမှာ ဖတ်ကြည့်ပြီး လုပ်ကြည့်ကြပါခင်ဗျာ.။

အခုဒီပိုစ့်မှာ ပြောချင်တာက နောက်ထပ် တွေ့လာတာလေး တွေကို သတိပေးချင်လို့ပါ..

အခု ကျွန်တော်တို့ ဘလော့ဂါတွေမှာ ဘလော့ဂါ ပလိပ်ရောဂါ ကူးစက်နေပါပြီ တစ်ကယ့်ကို ပလိပ်ရောဂါ နဲ့ တူပါတယ်..

သူ့ရဲ့ ကူးစက်နည်းလေး ပြောပြပါမယ် ဘလော့ တစ်ခုဟာ သူက လင့် အသေတွေ ချိတ်ထားပါတယ် အဲဒီတော့ အဲဒီဘလော့မှာ Malware ရှိနေပြီ တစ်နည်း တင်စားရင် ပလိပ်ရောဂါ ရှိနေပြီပေါ့ဗျာ (ဒီကစလို့ ဒီပြဿနာကို ပလိပ်ရောဂါလို့ပဲ တင်စားသုံးသွားပါမယ် ပိုရှင်းအောင်ပါ)သူက တစ်ခြား ဘလော့တစ်ခုကို သွားလည်ပါတယ် ကွန်မန့်ပေးလိုက်ပါတယ် ဒါဆို အဲဒီ ကွန်မန့် အပေးခံရတဲ့ ဘလော့ဟာ ကျွန်တော့် ဘလော့ ဆိုကြပါစို့ရဲ့ အဲဒီအခါ ကျွန်တော့် ဘလော့မှာ အဲဒီ ကွန်မန့်ပေးလိုက်သူ နဲ့ ချိတ်ဆက်သွားခြင်းဖြင့် အဲဒိ ကွန်မန့် ပေးခံရတဲ့ ပိုစ့်ဟာ Malware ရှိတယ် ပလိပ်ရောဂါ ရှိနေတယ် လို့ ဆက်ပြီး သတ်မှတ်ခံရပါတယ် ဒီလိုနဲ့ ကျွန်တော့်ကို ချိတ်ဆက်ထားတဲ့  ကျွန်တော် ကွန်မန့်ပေးတဲ့ ဘလော့ဂ်တွေကို အဲလိုတွေ သွားပြီး ပြတော့တာပဲ ကူးစက်တော့ တာပါပဲ အဲဒီကနေ တစ်ဆင့် အဲဒီဘလော့ တွေကို ချိတ်ထားတဲ့ တစ်ခြား ဘလော့တွေကိုလဲ အဲဒီလို ဆက်ပြီး ကူးစက်တာပါ....

ဒီတော့ ပထမဦးဆုံး မိတ်ဆွေများ ရောဂါ ပြန့်ပွားနေတဲ့ အချိန်မှာ ဆိုဒ်ဘားမှာ ရှိတဲ့ ဘလော့ဂ်လင့်တွေကို ဖြုတ်ထားပါ Blog List တွေ Link List တွေ follower widget တွေကို ဖြုတ်ထားပေးပါ ပြီးရင် တတ်နိုင်ရင် ကိုယ့်ပိုစ့်တွေ ကို ကွန်မန့်ပေးတာဖြုတ်ထားပါ ကိုယ်လဲ သူများကို ကွန်မန့် မပေးပါနဲ့ ပေးချင်ခဲ့ရင် လဲ Blogger Profile ရှိတဲ့ ဂျီမေးလ်တွေနဲ့ Signin လုပ်ပြီး မပေးပါနဲ့OpenID နဲ့ နာမည် ရေးပြီး ကွန်မန့်ပေးကြပါ လို့ အကြံပေးချင်ပါတယ် ဘလော့ဂ်ဂါတွေ အကုန်လုံး ကိုယ့်ဆိုဒ်တွေကို ရှင်းလင်းရေး လုပ်ပြီးချိန်အထိ ရောဂါပိုး ကူးစက်တာ ငြိမ်သွားတဲ့ အထိပေါ့လေ ...

ဘယ်လို ရှင်းလင်းရေး လုပ်ရမလဲ ဆိုတာကတော့ http://sitecheck.sucuri.net/scanner/ ကိုသွားလိုက်ပါ ကိုယ့်ဘလော့ လိပ်စာ ထည့်ပြီး Scan ဖတ်လိုက်ပါ ဒါဆိုရင် ဆိုဒ်ဘားတွေ ဖြုတ်ထားပြီးပြီ ဆိုရင် သူက ဘယ်ပိုစ့်တွေဟာ Malware တွေ ရှိနေတယ် အဲဒီပိုစ့်ကို ကွန်မန့် ပေးထားတဲ့ ဘယ်လင့်တွေ ဘယ် Profile တွေဟာ ကူးစက်ရောဂါ ရှိနေတယ် ဆိုပြီး ပြပါလိမ့်မယ် အဲဒီ ကွန်မန့်တွေကို Dashboard >>Comments ထဲကနေ Spam ထဲ ခဏ ထည့်ထားပေးပါ ပြီးရင် တစ်ခါ ထပ်စစ်ကြည့်ပါ Status:Site verified to be secure and free of makware လို့ ဖြစ်တဲ့ အထိ စစ်လိုက် လင့်တွေ ဖြုတ် ကွန်မန့်တွေ ဖြုတ် လုပ်ပေးပါ ဒါဆို အဆင်ပြေပါပြီ အချိန် အတိုင်းအတာ တစ်ခုအထိတော့ လင့်တွေ ဖြုတ်ထားတာ အကောင်းဆုံး ဖြစ်မယ်လို့ အသိပေးချင်ပါတယ်..။

အခု ဒီပိုစ့်ကို ရေးဖြစ်တာကတော့ ပြဿနာ တက်နေကြတဲ့ ဘလော့မိတ်ဆွေ ညီကို မောင်နှမ များက သူတို့ လင့်တွေ ကွန်မန့်တွေထဲက လူတွေကို တစ်ယောက်ချင်း လိုက်ပြီး မရှင်းပြတတ် မရှင်းပြနိုင် ဖြစ်နေလို့ သိထားရအောင် သတိထားရအောင် ရှင်းလင်းရေးတွေ လုပ်ရအောင် ပိုစ့်လေး တစ်ခု နဲ့ ရှင်းပြပြီး သတိပေးပေးပါ လို့ တောင်းဆိုကြတဲ့ အတွက် ဒီပိုစ့်လေးကို ရေးဖြစ်တာပါ..အကူအညီ လိုခဲ့သည် ရှိသော် ကျွန်တော်ရဲ့ ဆိုဒ်ဘားမှာ ရှိတဲ့ အီးမေးလ် လိပ်စာ အတိုင်း ဆက်သွယ် နိုင်ပါတ်..။

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း


မိတ်ဆွေဟာ ဘလော့ရေးနေသူ တစ်ယောက် ဆိုကြပါစို့ တစ်နေ့ ကိုယ့်ဘလော့လေး ကိုဝင်လိုက်တဲ့ အချိန်မှာ အဲလို အနီရောင် ဆိုင်းဘုတ်ကြီးနဲ့ Reported Attack Page ဆိုပြီး သတိပေးစာကြီး ပေါ်လာရင် ဘယ်လိုများ ခံစားရမလဲ...

ဟုတ်ကဲ့ ခံစားရသူတွေ ခံစားပြီးကုန်ပါပြီဗျာ သေပြီပေါ့ ဧည့်သည်တွေ လာရင် ကိုယ့်ဘလော့ကပဲ ဧည့်သည်တွေကို ဗိုင်းရပ်စ် တွေ လွှတ်နေသလိုလို ဝင်ဖတ်ရင်ပဲ ကွန်ပြူတာကြီး ပျက်သွားတော့ မလိုလို ဆိုတော့ အကုန် ပြန်ပြေးကြပြီပေါ့...

ဟို တစ်နေ့က မိတ်ဆွေ တစ်ယောက်ရဲ့ ဘလော့ အဲလို ဖြစ်သွားပါတယ် ကျွန်တော့်ကို အကူအညီ တောင်းတာနဲ့ ဟိုလိုက်ဖတ် ဒီလိုက်ဖတ် နဲ့ လုပ်သင့်တာ လုပ်ပေးလိုက်တာ ဟော ဒီည လုပ်လိုက်တယ် မနက်ကျတော့ အဲဒီ ဆိုင်းဘုတ်ကြီး ပျောက်သွားပါလေရောဗျာ....

ဖြစ်တာက ဒီလိုပါ ဂူဂယ်က ဝဘ်ဆိုဒ်တွေကို သူတို့ လိုက်ပြီး စစ်ပါတယ် အဲဒီမှာ တစ်ချို့ ဆိုဒ်တွေက လင့်သေ နေတာတွေကို သူတို့ ဆိုဒ်မှာ ချိတ်ထားခြင်း embed နဲ့ သုံးရတဲ့ ဗွီဒီယို လင့်တွေ PDF ဖိုင်တွေ သီချင်း ဖိုင်တွေ များပြားစွာ သုံးထားပြီး လင့်များ သေနေခြင်း နောက် Js ဖိုင်များ Script များ လင့်တွေ သေနေခြင်း အစရှိသဖြင့်ပေါ့ဗျာ တွေ့ရင် သူတို့က ကိုးပတ် တိတိ ကြည့်ပါတယ် နောက်ပြီးရင်တော့ ခုနက ပြောသလို Black list ထဲ့ ထည့်လိုက်ပြီး အဲဒီ အနီရောင် သတိပေးစာကြီးက ပေါ်လာပါတော့တယ်..

ကဲ ဒီတော့ အဲဒါကို ဘယ်လို ပြန်ဖြေရှင်းမလဲ ဂူဂယ်က White listed ထဲ ပြန်ထည့်ပေးအောင် ဘယ်လို လုပ်ရမလဲ ???? ဘလော့ဂါ ညီကို မောင်နှမတွေ အတွက် ဝေမျှ ပေးပါရစေ..။ 

ကိုယ်မဖြစ်ဘူး လို့တော့ မတွက်ပါနဲ့ ခြိမ်းခြောက်တာ မဟုတ်ပါဘူး ကျွန်တော် သူများ ဘလော့လင့်တွေ ထည့်ပြီး လိုက်စမ်းပြီးပါပြီ နာမည်ကြီး ဘလော့ တစ်ချို့ အပါ အဝင် အတော်များများ black list ထဲ မဝင်သေးပေမယ့် Malware လို့ ခေါ်တဲ့ လင့်အသေတွေ ချိတ်ထားတာ အများကြီး တွေ့နေပါတယ်..

ကဲ ဖြစ်လာခဲ့ရင် လတ်တလော ဖြစ်နေခဲ့ရင် အောက်က အဆင့်လေးများ အတိုင်း လိုက်လုပ်လိုက်ပါ..။

၁/ဟောဒီလင့်ကို http://sitecheck.sucuri.net/scanner/ သွားပြီး ကိုယ့်ဘလော့ လိပ်စာ (http://www များ ထည့်ရန်မလိုပါ) ထည့်ပြီး Verify လုပ်လိုက်ပါ။ ခဏလေး စက္ကန့်ပိုင်းလောက် စောင့်ပြီးရင် အောက်ကလို ပေါ်လာပါလိမ့်မယ်.. မိမိဆိုဒ်၏ ကျန်းမာရေး ဂရုစိုက်သူများလဲ လစဉ် သွားရောက် စမ်းသပ် ပေးရင် ပိုကောင်းပါတယ်..

  
၂/အဲလို ပေါ်လာပြီဆိုရင် ကိုယ့်ဆိုဒ်မှာ လင့်ချိတ်ထားတဲ့ အထဲက အဲဒီ အနီပြနေတဲ့ လင့်တွေကို ပြန်ဖျက် ထုတ်ပေးပါ.. အကောင်းဆုံးနည်းကတော့ ဆိုဒ်ဘားမှာ ရှိတဲ့ လင့်တွေ widged တွေကို အကုန် ဖြုတ်ပစ်လိုက်တာ အကောင်းဆုံးပါ ပြီးရင် တစ်ခေါက် ထပ်စမ်းကြည့်ပါ အောက်က ပုံလို ပေါ်လာတဲ့ အထိပေါ့ ဘယ်လို လုပ်လုပ် အဆင်မပြေရင်တော့ တန်းပလိတ် အသစ်ပြောင်းထည့်လိုက်ပါ....။



သူ့မှာ အကုန် ရှင်းလင်းပြီးသွားပြီ ဘာမှ Malware တွေ မရှိတော့ပါဘူး ဒါပေမယ့် ဆိုဒ်ကတော့ Blacklisted ဝင်နေတုန်းပါပဲ.

ကိုယ့်ဆိုဒ်ဟာ အလည်လာသူတွေ ကိုဘာမှ မထိခိုက် စေတော့ဘူး ဆိုတာကို ဂူဂယ်ကို သတင်းပို့ပြီး စစ်ခိုင်းရပါမယ် ဒါမှ သူတို့ စစ်ပြီး ကိုယ့်ဆိုဒ်ကို Whitelisted ထဲ ပြန်ထည့်ပေးမှ အဲဒီ အနီရောင် သတိပေးစာတန်းကြီး ပျောက်မှာပါ..အဲဒါ လုပ်ဖို့ကတော့

၃/ ဟောဒီလင့်ကို https://www.google.com/webmasters/tools/home သွားလိုက်ပါအုံးဗျာ.. ပြီးရင် ကိုယ့်ဘလော့ကို အကောင့်ဖွင့်ထားတဲ့ Gmail လိပ်စာနဲ့ ပက်စ်ဝပ် ပေးပြီး ဝင်လိုက်ရင် အောက်က ပုံမှာ ပြထားတဲ့ နေရာကို ရောက်ပါမယ်..


အခု မြင်ရတဲ့ ပုံမှာ ကျွန်တော့် လိပ်စာနှစ်ခုကို မြင်ရမှာပါ မိတ်ဆွေ အနေနဲ့ ပထမဦးဆုံး ဝင်တာ ဆိုရင်တော့ အောက်က လင့်နှစ်ခုလိုမျိုး မြင်ရအုံးမှာ မဟုတ်ပဲ အပေါ်မှာ မြင်ရသလို ကိုယ့်မှာ ရှိတဲ့ ဘလော့တွေကို ပြနေတာပဲ မြင်ရမှာပါ ကိုယ်လုပ်ချင်တဲ့ ဘလော့ကို Tip လုပ်ပေးပြီး Add selected sites ဆိုတာလေး နှိပ်လိုက်ရင် Sites ဆိုတဲ့ နေရာမှာ ကိုယ် ခုနက Add လိုက်တဲ့ ဆိုဒ်ဒိုမိန်း နာမည် ပေါ်လာမှာပါ..

၄/အဲ နောက်တစ်ချက်ကတော့ ကိုယ်ပေးလိုက်တဲ့ ဘလော့လိပ်စာဟာ ကိုယ့်ရဲ့ ဘလော့ဂ် ဟုတ်မဟုတ် ပိုင်ရှင် ဟုတ်မဟုတ်ပေါ့လေ စစ်ပါသေးတယ် အောက်က ပုံလေး အတိုင်းပါပဲ ပထမဆုံး Add a meta tag to your site's home page ဆိုတာကို Tip ပေးလိုက်ရင် Instructions: ဆိုတာလေး အောက်မှာ ထပ်ပွင့်လာပါမယ် အဲဒီက ကုဒ်ကို ယူပြီး ကိုယ့် ဘလော့ရဲ့ HTML ကုဒ်တွေကြားထဲ ထည့်ရမှာပါ ..



ဘယ်လို ထည့်မလဲ ဆိုတာက ကိုယ့် ဘလော့ထဲ Login ဝင်လိုက်ပါ ပြီးရင်တော့ Design ထဲကနေ Edit Html ကို ဆက်ဖွင့်ပါ ပြီးရင် <head> ရဲ့ အောက်နား သို့မဟုတ် <body>ရဲ့ အပေါ်မှာ ခုနက ရထားတဲ့ ကုဒ်ကို ထည့်ပေးလိုက်ပါ ပြီးရင် Verify ခလုတ်လေး နှိပ်ပေးလိုက်ပါ..

၅/ ပြီးရင်တော့ ကိုယ်ပြဿနာ ဖြစ်နေတဲ့ ခုနက အောက်ကို Add လိုက်တဲ့ ဒိုမိန်းကို နှိပ်လိုက်ပါ ဒါဆို နောက်ထပ် စာမျက်နှာ တစ်ခု ပေါ်လာပါမယ် အဲဒီ စာမျက်နှာရဲ့ ဘယ်ဘက်ဆိုဒ်ဘားမှာ Diagnostics ဆိုတာလေးကို နှိပ်လိုက်ပါ နောက်ထပ် လေဘယ်တွေ အများကြီး ထွက်လာပါမယ် အဲဒီထဲက  Malware ကို ဆက်နှိပ်ပြီး Request a review. လုပ်ပေးလိုက်ပါ
တစ်ခုရှိတာကတော့ ကိုယ့်ဆိုဒ်ကို စကင် ဖတ်ပြီး အကုန်ရှင်းလင်းပြီ Blacklisted ဝင်နေတာပဲ ကျန်တော့တယ် ဆိုမှ အဆင့် ၃ ၊ ၄ နဲ့ ၅ ကိုလုပ်ပါ ပြီးသွားရင်တော့ ပစ်သာ ထားလိုက်ဗျာ (ကျွန်တော့် မိတ်ဆွေကို လုပ်ပေးတုန်းကတော့ သိပ်မကြာလိုက်ဘူးဗျ လေးငါးခြောက် နာရီ လောက်ပဲ ကြာ လိုက်တယ် ထင်တာပဲ )သတိရလောက်မှ ကိုယ့်ဘလော့လေး ပြန်ဖွင့်ကြည့်လိုက်ရင် အနီရောင် သတိပေးစာကြီး မရှိတော့တဲ့ လာလည်တဲ့ ဧည့်သည်တွေ ရဲ့ ဘရောက်စ်ဇာတွေ ကွန်ပြူတာတွေကို ဟမ်းစေတဲ့ အန္တရာယ်ကို မဖြစ်စေတော့တဲ့ ကိုယ့်ဘလော့လေးကို စိတ်ချမ်းသာစွာ မြင်တွေ့ရမှာပါ..
အားလုံး အဆင်ပြေကြပါစေ.

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။


Read more


တစ်ခါတုန်းက ကဗျာထဲမှာ ထည့်ရေးဖူးတဲ့ ပင်ကွင်းငှက်များအကြောင်း အခု ထပ်ပြောခြင်း


ပင်ကွင်းငှက်အကြောင်းဗဟုသုတ - အရုပ်လိုလှတယ်၊ မတ်တပ်လမ်းလျှောက်တယ်၊ အအေးပိုင်းဇုံမှာ
နေတယ်နဲ့ပင်ကွင်း စာအုပ်တိုက် - ဒါလောက်ပဲ သိတယ် ဒါပေမယ့် ခပ်တည်တည် ကဗျာထဲ ထည့်ရေး
တယ် (ကဗျာဖတ်သူက ပင်ကွင်းငှက်အကြောင်း စာအုပ်စာတမ်းတခုခု အင်တာနက်ဝက်ဘ်ဆိုဒ် တခုခုမှာ အလွယ်တကူ ရှာဖွေဖတ်ရှုလေ့လာလို့ရတယ်လေ) ကဗျာထဲမှာတော့ ဗဟုသုတတွေ ဘာတွေရမလား
ဆိုတဲ့ မြော်လင့်ချက်မျိုး မထားအပ်ဘူးမဟုတ်လား ကဗျာဆရာက penguin ဆို p-e-n-g-q-u-i-n လို့
စာလုံးပေါင်းကို မြင်ယောင်လိုက်ရုံပဲ ကျန်တာသူ့အလိုလို ခင်ဗျာ့မှာရှိပြီးသား အတိုင်း စီးဆင်းလာမှာပဲ
ခင်ဗျားကိုယ်တိုင်ကော ပင်ကွင်းငှက် ပုံတွေ ဘာတွေ မြင်ဖူးရဲ့လား မြင်ဖူးပြီးသားဆိုရင်တော့ မဆိုးဘူးပေါ့
မဟုတ်ရင် ကဗျာဆရာက ပုံတွေ ဘာတွေ ရှာပြရအုန်းမယ် ကဗျာဖတ်တယ်ဆိုတာကလဲ ကဗျာဆရာ ဘာ
ရေးထားတယ် ဆိုတာ ဖတ်တာလား ကဗျာဆရာ ဘယ်လိုရေးထားတယ်ဆိုတာဖတ်တာလား ကဗျာနောက်
ကွယ်က (ဘုရားသခင် ဆိုသူသာသိမယ့်) တခုခု ကွယ်ထား လျှို့ဝှက်ထားတယ် ထင်တာကို လိုက်ရှာဖတ်
နေတာလား (ဘုရားရေ..ဘုရားသခင်လို့ ပြောမိသွားတယ်) delete လုပ်ရမှာ ပျင်းနေတဲ့ အချိန်နဲ့ တိုက်တိုက်
ဆိုင်ဆိုင်မို့ ဒီစာကြောင်းကို ခင်ဗျားတို့ ကံအားလျော်စွာ ဖတ်ခွင့်ရသွားတယ် ပင်ကွင်းတွေဟာလဲ ကံအားလျော်
စွာ အပူပိုင်းမှာ သတ္တဝါ လာမဖြစ်ကြဘူး ငှက်သတ္တဝါလို့ ပြင်ပြောရမတဲ့လား သူတို့လမ်းလျှောက်တဲ့အခါ ဘယ်
ညာ တလှည့်စီ လှမ်းတယ်လေ ဘယ်လိုလုပ်ပြီး ပုခုံးနှစ်ဖက်ကြားခေါင်းပေါက် ဘာညာ သရကာ အဲဒါ ထားစမ်း
ပါအုန်း ကံအားလျော်စွာ သူတို့ပုံ ပိုစတာကြီးတခု နံရံမှာ ပခုံးနှစ်ဖက်ကြား ခေါင်းသေးသေးလေးနဲ့ နှုတ်သီးချွန်
တခုစီနဲ့ နောက်ခံရေခဲပြင်က ကံအားလျော်စွာ ဖွေးဖွေးဖြူလို့ အကောင်ရေ ရေတွက်ကြည့်တော့ တချို့ကွယ်နေ
တချို့ သေးနေ တချို့ ပိုစတာ အပြင်ဘက်ရောက်သွားတာမို့ အတိအကျပြောဖို့တော့ခက်တာပေါ့ ကံအားလျော်
စွာ ပိုစတာက တခုထဲမို့ ထပ်လဲ ရေတွက်မနေရပဲ ပင်ကွင်းတွေနဲ့ချည့် ညည်းငွေ့နေရမယ့် အဖြစ်ကပါ လွတ်
မြောက်ရတယ် ဒီထက်ကံကောင်းတာက သူတို့ဖာသာ ဘယ်လို အစာရှာစားကြတယ်ဆိုတာ ရုပ်မြင်သံကြားမှာ
တခါတလေ လာတတ်တဲ့ အစီအစဉ်မှာကြည့်ဖူးထားတဲ့အတိုင်း ငါးကြော်တွေ ဘာတွေလဲ ကြိုက်မယ် မထင်ပါ
ဘူး ဒါကြောင့် စားပွဲပေါ်မှာ ပက်လက်လန်နေတဲ့ ဖဲ့လက်စ ငါးကြော်ပန်းကန်ကို အုပ်ဆောင်းနဲ့ မအုပ်တော့ပဲ
သူ့အတိုင်းထားလိုက်ပြီး မလှုပ်တဲ့ ပင်ကွင်းတွေကို မျက်လုံးအကြည့်ကျော့ကွင်းနဲ့ တစ်ကောင်ပြီးတစ်ကောင်
နောက်ထပ် တစ်ကောင်ပြီး တစ်ကောင် နောက်ထပ် တစ်ကောင်ပြီးတော့ နောက်ထပ်..။ ။

ခင်အောင်အေး
၂၉၊ ဇန်နဝါရီ၊ ၂၀၁၁ ဘန်ကောက် ၂၀း၀၂ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts