အတိတ်၏အရိပ် တိပ်ခွေ




အခုပဲ အရိပ်တွေပြေးထွက်သွားကြတယ်
အခုပဲ အတိတ်ဟာ အရည်ပျစ်ပျစ်လိုလို ရှေးကလည်း သည်လိုဖြစ်ဖူးသည်
မယုံခြင်းနဲ့ ယုံလိုခြင်းများ အတိုက်အစား ကြမ်းတမ်းပက်စက်လွန်းတဲ့ လက်သီးတချက်
လိပ်ပြာနှုတ်သွားတယ် ဒီလိုပြောရင်လည်းရသပေါ့ ပေါ့ပေါ့နေပေါ့ပေါ့စားနေ့စွဲများ ထိုးသီ
ထားတဲ့ တံကျင် အနောက်စွန်းမှာ ယွန်းလုလု သူရိန်နေမင်းဆိုတာ အိုင်-ကဖေးဆိုင်ထဲ သတင်း
စာ တစ်စောင်နဲ့ ကော်ဖီကြမ်းတခွက်နဲ့ ရှင်းလို့မရတဲ့ ဝါကျတွေနဲ့ ဆေးလိပ်ပြာခွက်ထဲ ပြာ
အစား လိပ်ပြာအတောင်ကအရောင်မှုန်ကလေးတွေ မတ်က်စ် နဲ့မာ့က်စ်နဲ့ မက်က်စ် မကွဲပြားတော့
လျှာဟာ လိပ်နေတယ် ဘာသာစကားသင်တန်းကျောင်းမှာ ဖိုနက်တစ်က်စ် သင်နေတာ ဒီလို
ပဲလေ လူငယ်ဆိုတော့ ရှေ့တက်လမ်းတွေဘာတွေကြည့်ရတယ် ကောင်မလေးရှိတဲ့ လမ်းဘက်
တော့ ဒီနေ့မသွားဘူး သားသူငယ်ချင်းကောင်တွေဆို တယောက်တယောက်ကို စော် သုံး လေး
ပွေ စီလောက်တော့ အနည်းဆုံးပဲ သူ့တက်ကြွယုံကြည်နေပုံက ဘာမဆို ပြီးသွားမယ် ဆိုတဲ့ပုံ
မင်မိုရီစတစ်ကို ဘောင်းဘီအိတ်ထဲ ပြီးစလွယ်ထိုးထည့်ပြီးထွက်သွားတယ် လျှာဟာလိပ်နေတယ်
တခုခုပြောရမှာ ဝန်ချီစက်ကြီးနဲ့တက်ဖိထားသလိုပဲ ဆေးလိပ်ပြာ ချွေဖို့အခက်အခဲဖြစ်နေတယ်
ကော်ဖီပန်းကန်ပြားထဲမှာ အရိပ်တချို့နဲ့ ပြားပိနေတဲ့ ပျစ်ချွဲချွဲ အတိတ်များ။ ။

ခင်အောင်အေး
၂၇၊ မတ်၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၁၆း၅၀
Read more


UniBlue Driver Scanner ၂၀၁၀



ဒီဆော့ဖ်ဝဲလ်လေး ကတော့ သုံးဖူးသူတိုင်း သိကြမှာပါ၊ မသိသေးသူများလဲ သုံးကြည့်ဖို့ တိုက်တွန်းလိုပါတယ်..။

သူက ဘာကောင်းလဲ ဆိုတော့ ကိုယ့်ကွန်ပြူတာရဲ့ Driver တွေကို အမြဲစစ်ဆေး ပေးနေပြီး အမြဲ အပ်ဒိတ် လုပ်ပေးနေတဲ့ အတွက် တကူးတက လိုက်ရှာနေစရာ မလိုတော့ပဲ ကွန်ပြူတာရဲ့ Driver တွေဟာ အမြဲ အပ်တူဒိပ် ဖြစ်နေမှာပါ..။

အင်စတော လုပ်ပြီးတာနဲ့ Run လိုက်ရင် သူက ကွန်ပြူတာထဲက driver တွေကို စစ်ပါလိမ့်မယ် စစ်ပြီးသွားပြီ ဆိုတာနဲ့ ဘာမှ မလုပ်ပါနဲ့အုံး အရင်ဆုံး စကရင်ရဲ့ ဘယ်ဘက် အောက်မှာ ရှိတဲ့ ခလုတ်လေး ကနေ တဆင့် အရင်ဆုံး serial-key ကို ထည့်ပေးလိုက်ပါ ဒါမှ သူက ဒိတ်အောက်နေတဲ့ ဒရိုင်ဘာတွေကို စပြီး ဒေါင်းလုဒ် လုပ်ပေးမှာ ဖြစ်ပါတယ်..။

အခုနောက်ဆုံးထွက်တဲ့ ၂၀၁၀ ဗားရှင်းလေးကို serial-key လေးနဲ့ တင်ပေးလိုက်ပါတယ်..။







PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


အလိုအလျောက် ကဗျာရေးစက်



ကလေးလေးတယောက်ကိုအိပ်ယာကနှိုးလိုက်ဖို့စောသေးတယ်

ဂျောက်ကနဲ တံခါးပိတ်သံ တဝေါဝေါ ရထားဖြတ်မောင်းသွားသံ

ချယ်နယ်နျူးအေးရှားသတင်းကြေညာသံတိုးသဲ့သဲ့

နေ့အသစ်တခုနဲ့ မိတ်ဖွဲ့ရတဲ့အခါတိုင်း

တွေ့ရတာဝမ်းသာပါတယ် (ဒါပေမယ့်) ထင်သလောက်မလွယ်ဘူး

အေယူဒီ ဇီးရိုးပွိုင့်အိတ်အိတ်ဇီးရိုးဖိုး စာတန်းတွေအကြောင်းလိုက်

အကြောင်းလိုက်ပြေးဝင်သွားတာ သက်ပြင်းမှုံမှုံကလေး နေရောင်စူးစူး

မိုက်ခွက်တွေ တပြုံလုံးအထိုးခံနေရသူကိုသနားရမလား ကိုယ့်ကိုယ်ကိုပဲ..

မီးလောင်နေတဲ့ ယောက်ယက်ခတ်မှုထဲမှာ မြောက်တက်

ပြာလို တအိအိ ပြန်ဆင်းလာခဲ့မယ်

ကတိစကားဟာ ခဏခဏလဲဝတ်တဲ့ တီရှပ်တွေ

စာသားနဲ့လူကိုတွဲချိတ်လိုက်ဖို့ လူတိုင်းလိုလားသလား ဆိုတော့

အအေးနဲ့ကိုက်ညှပ်ထားတဲ့ ပုံပန်းသဏ္ဍာန်

သဘာဝဟာချစ်စရာလား ကြောက်ရွံ့ထိတ်လန့်စရာဆီ

ပြက္ခဒိန်နဲ့ စကားပြောခြင်းများ စတင်ခဲ့ရာ သတ်မှတ်ချက်စကားလုံး

/အချိန်/

စခရင်မှာ ပေါ်နေတဲ့ စာသားအရဆိုရရင် အခုအချိန်ဟာ နံနက်ခင်း တဲ့

ပျော့ပျော့ကလေး ထိုးနှိုက်လိုက်တဲ့ စိတ်ထဲ သာယာမှုကို ထိစမ်းမိသေးလား

တထစ်ချင်းဖြုတ်ချလာခဲ့ရာ သန်းပေါင်းထောင်ပေါင်းများစွာ

ဖြစ်လိုက် ပျက်လိုက် ပြန်ဖြစ်လိုက် ပြန်ပျက်လိုက်

နောက်ထပ်ဖြစ်လိုက်ပျက်လိုက်တွေအနန္တ

လှုပ်ခါလိုက်တဲ့ ခွေးတကောင်ပေါ်က လွင့်ထွက်ကျလာတဲ့ ခွေးလှေးတွေပမာ

ယင်းတော်မလေးသည် မျက်စေ့တဖက်ပျက်နေသူ

အသက်ရှူရတာ အိုင်စကရင်စားနေရသလိုပဲ

ပွဖောင်းဖောင်း ( ပွယောင်းယောင်းဟုရေးလျှင်လည်းရ) လေအိတ်တွေ သီးပြွတ်နေလျက်

မိုးကောင်းကင်ဆိုင်ရာ ဒဿန ဟု လမ်းဖြတ်ကူးတော့မယ့် လူတယောက်ရဲ့ အပြော

လက်ထပ်လက်စွပ်ကို စမ်းမိတဲ့အခါ ရေချိုးခန်းပေါက်ဝမှာ ချော်လဲသူ

ပန်းတွေ အားပါးတရပွင့်နေတဲ့ ဥယျာဉ်ထဲ

အဘိဓါန်ကိုသုံးတယ်ဆိုလဲ စာလုံးပေါင်းမှန်မမှန်ကြည့်ရုံမျှသာ

တားကက်ကို ဒါရိုက်ဟစ် ခင်ဗျားဘာမှ စိတ်ညစ်မနေနဲ့တော့

ဗဟိုထိန်းချုပ်ခန်းက အော်တိုခလုပ်ကိုတင်လိုက်ပြီ

အခုအချိန်ကစပြီး အားလုံး အော်တို။ ။





ခင်အောင်အေး

၂၂၊ ဒီဇင်ဘာ၊ ၂၀၀၉ စင်္ကာပူစံတော်ချိန် ၁၀း၁၈ နာရီ
Read more


E-book လုပ်ဖို့ Nitro PDF Pro

Nitro PDF Pro



ကိုယ်ရေးထားတဲ့ ဘလော့ဂ်ပိုစ့်တွေ ကိုပဲ ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာ မှတ်တမ်းတွေ ကိုပဲ ဖြစ်ဖြစ် ကွန်ပြူတာနဲ့ အင်တာနက်ပေါ်မှာ E-book အဖြစ် သိမ်းထားမယ် ဖြန့်ဝေချင်တယ် ဆိုသူများ အတွက် ဒီ Nitro PDF Professional လေးက အရမ်းအသုံးဝင်မှာပါ Keygen ပါ ပါဝင်တဲ့ အတွက် တသက်လုံးသုံး စိတ်ချလက်ချသုံး သုံးဖြစ်အောင်သုံး အားမကုန်ဘူးတဲ့ အဟဲ ဘက်ထရီကြော်ငြာ တွေနဲ့ ရောကုန်ပြီ….၊

ဒီ ပရိုဂရမ်လေးက Nitro PDF Professional လို့ နာမည်တပ်ထားတဲ့ အတိုင်းပါပဲ Professional အဆင့် E-book တစ်အုပ် လုပ်ဆောင်ရာမှာ စိတ်တိုင်းကျ လုပ်လို့ရပါတယ်…၊
အောက်က ဗွီဒီယို လေးကတော့ လိုင်စင်ကီးကို ဘယ်လို ရှာပြီး ဘယ်လို ထည့်ရမယ် ဆိုတာ ပြထားတဲ့ ဗွီဒီယိုလေးပါ ဒီလောက်ဆိုရင်တော့ အားလုံး အဆင်ပြေ ကြမယ် ထင်ပါတယ်..။




ဒီအောက်က ဒေါင်းလုဒ် ပုံလေးကို နှိပ်ပြီး Nitro PDF Pro ကို ဒေါင်းနိုင်ပါတယ် mediafire ကနေ တင်ပေးထားတာပါ..။





PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


Tuneup Utilities ၂၀၁၀



ဘလော့မှာ စာမရေးတာတောင် အတော်ကြာသွားပါပြီ.။
ဘာကြောင့်လဲ ဆိုတော့ ခရီးတစ်ခုသွားနေတာ နှစ်လ ကြာသွားသလို ကွန်ပြူတာလဲ မရှိတော့တာကြောင့် ဖြစ်ပါတယ်..၊

အခုတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ ကွန်ပြူတာ ပြန်ဝယ်ပြီး လိုအပ်တာလေးတွေ အင်စတော လိုက်လုပ် နေရပါတယ်..၊

အဲဒီမှာပဲ စပါပြီ ဇာတ်လမ်းတွေ ကိုယ်ကလဲ ကွန်ပြူတာ အသစ်ဝယ်တယ် ဆိုတော့ ဝင်းဒိုးလေးလဲ အသစ်လေး တင်မှ ဆိုပြီး windows 7 64 bit လေး ဝယ်တင်လိုက်ပါလေရော..၊

ပထမဆုံးက ဇော်ဂျီဖောင့်ပဲ အရင်ကိုယ်တင်ပေးထားတဲ့ ဇော်ဂျီအင်စတောပဲ လုပ်လိုက်တာ စာတွေ မြင်ရတယ် ကိုယ်ကရိုက်လို့မရဘူး အဲဒါနဲ့ သံလုံငယ်ဆီမှာ ဝင်းဒိုး ၇ အတွက် ကီးဘုတ် အင်စတော တွေ့တာနဲ့ Run လိုက်တာ အဆင်ပြေသွားတယ်..။

နောက်တော့ ကွန်ပြူတာ ကျန်းမာရေးအတွက် လက်စွဲ သုံးေနေကျ TuneUp Utilities လေးကို ကိုယ့်ဆီမှာ ရှိပြီးသား လေးပဲပြန်တင်မယ်လေ ဆိုပြီး TuneUp Utilities 2009 ကို Run လိုက်တာ ဘယ်လိုမှ မရဘူးဖြစ်နေတယ်..။

ဒါနဲ့ပဲ ဂူဂယ်ကြီး အားကိုးနဲ့ လိုက်ရှာလိုက်တာ TuneUp Utilities 2010 လေးကို Keygen လေးနဲ့တကွ ရလို့ windows 7 နဲ့ အဆင်ပြေသွားတော့တယ် ကျွန်တော့လိုပဲ အခက်တွေ့နေသူတွေ ပဲဖြစ်ဖြစ် လုံးဝကို မရှိသေး မသိသေးသူတွေ အတွက် ဆော့ဝဲလ်လေးကို ဇစ်ဖိုင်လေးနဲ့ ဝေမျှလိုက်ပါတယ်ဗျာ။

Read more


လူပျက်


ငါ့ကို ပျော်တော်ဆက်စမ်းပါ
နှလုံးစိတ်ဝမ်း မရွှင်မလန်းဖြစ်တဲ့အခါ ဘုရင်မင်းမြတ်ကို အပျော်(တော်)ဆက်သ ရတယ်လို့
ငါ့ တစွန်းတစ ဗဟုသုတနဲ့ တောင်းဆိုလိုက်မယ်
ငါ နှလုံးစိတ်ဝမ်း မရွှင်မလန်းဖြစ်နေလို့ ဒါ

ပေမယ့် ငါက ဘုရင်မင်းမြတ်တယောက် မဟုတ်ဘူး မင်းမြတ်ဘုရင်လည်းမဟုတ်
မြတ်မင်းဘုရင်လား ဘုမြတ်ရင်မင်းလား ခနိုးခနဲ့ မင်းမို့ မင်းမျက်မာန်တော် ရှ မှာ မစိုးရွံ့ပဲ
ပြောရဲဆိုရဲ နှုတ်သရမ်းရဲတဲ့အကောင် သဘောက်မသား ငါ့သံလျက်ဖျားမှာ အသက်
ပါရော့မယ် အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရ စပါးဆို စပါး မယားဆို မယား
မင့် မကြားဖူးရော့သလား

(အော်..
ပြဇာတ်ကိုး)

ဒါလဲ ပျော်တော်ဆက်နည်း တခုလို့ သက္ကရာဇ် ၂၀၀၀
ဒီဘက်မှာ ဆိုမယ်ဆိုလည်း ဆိုလို့ရသပေါ့ ကောင်းကင်ကလဲ ဗုံလိုပမာ အချက်ပေးလို့ရ ကိုယ်ခန္ဓာ
တပြုံတမ လုံး တဆတ်ဆတ် တုန်ရင်လို့ရ မိုက်ခရိုဖုံး ကို မမြင်အောင်ဝှက်ပြီး သီချင်းတွေ က, ရင်းခုန်ရင်း
ဆိုလို့ရ ရုံဝင်ခ မြှင့်တင်လို့လည်းရ ည ည လိုက်အိပ်လို့လည်းရ ခရစ်တော်၌ အိပ်ပျော်ချင်သလောက် အိပ်
ပျော် လို့လည်းရ
" နို့ ဒီ ခြံစည်းရိုးကို ဘယ်သူက ခတ်မှာတဲ့တုန်း"
" နို့ ဒီ ပန်းချီကားကို ဘယ်သူက ချိတ်ဆွဲမှာတဲ့တုန်း"
" နို့ ဒီ ရာသီဥတုကို ဘယ်သူက အမိန့်ပြန်တမ်းထုတ်မှာတဲ့တုန်း"
" နို့ ဒီ ကဒ်ပြားမှာ ဘယ်သူက အချက်အလက်အမှန်တွေ ဖြည့်စွက်မှာတဲ့တုန်း"
" နို့ ဒီ ပလာမဲကို ဘယ်သူက ခပ်တည်တည် ပေါက်မဲလုပ်မှာတဲ့တုန်း "
ဟ ငါက မရောက်အောင်သွားနေတာ မရွေ့အောင်လှမ်းနေတာ မဖြစ်အောင် ပျက်နေတာ
ငါက လူပျက်
ငါက လူရွင်တော်မဟုတ်ဘူး

အောင်မာ -
ရာရာစစ
ငါ့ကို ပျော်တော် လာမဆက်ခိုင်းနဲ့။ ။

ခင်အောင်အေး
၂၅၊ ဖေဖော်ဝါရီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၁း၁၇ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts