Mar
08

လူပျက်


ငါ့ကို ပျော်တော်ဆက်စမ်းပါ
နှလုံးစိတ်ဝမ်း မရွှင်မလန်းဖြစ်တဲ့အခါ ဘုရင်မင်းမြတ်ကို အပျော်(တော်)ဆက်သ ရတယ်လို့
ငါ့ တစွန်းတစ ဗဟုသုတနဲ့ တောင်းဆိုလိုက်မယ်
ငါ နှလုံးစိတ်ဝမ်း မရွှင်မလန်းဖြစ်နေလို့ ဒါ

ပေမယ့် ငါက ဘုရင်မင်းမြတ်တယောက် မဟုတ်ဘူး မင်းမြတ်ဘုရင်လည်းမဟုတ်
မြတ်မင်းဘုရင်လား ဘုမြတ်ရင်မင်းလား ခနိုးခနဲ့ မင်းမို့ မင်းမျက်မာန်တော် ရှ မှာ မစိုးရွံ့ပဲ
ပြောရဲဆိုရဲ နှုတ်သရမ်းရဲတဲ့အကောင် သဘောက်မသား ငါ့သံလျက်ဖျားမှာ အသက်
ပါရော့မယ် အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရ စပါးဆို စပါး မယားဆို မယား
မင့် မကြားဖူးရော့သလား

(အော်..
ပြဇာတ်ကိုး)

ဒါလဲ ပျော်တော်ဆက်နည်း တခုလို့ သက္ကရာဇ် ၂၀၀၀
ဒီဘက်မှာ ဆိုမယ်ဆိုလည်း ဆိုလို့ရသပေါ့ ကောင်းကင်ကလဲ ဗုံလိုပမာ အချက်ပေးလို့ရ ကိုယ်ခန္ဓာ
တပြုံတမ လုံး တဆတ်ဆတ် တုန်ရင်လို့ရ မိုက်ခရိုဖုံး ကို မမြင်အောင်ဝှက်ပြီး သီချင်းတွေ က, ရင်းခုန်ရင်း
ဆိုလို့ရ ရုံဝင်ခ မြှင့်တင်လို့လည်းရ ည ည လိုက်အိပ်လို့လည်းရ ခရစ်တော်၌ အိပ်ပျော်ချင်သလောက် အိပ်
ပျော် လို့လည်းရ

" နို့ ဒီ ခြံစည်းရိုးကို ဘယ်သူက ခတ်မှာတဲ့တုန်း"
" နို့ ဒီ ပန်းချီကားကို ဘယ်သူက ချိတ်ဆွဲမှာတဲ့တုန်း"
" နို့ ဒီ ရာသီဥတုကို ဘယ်သူက အမိန့်ပြန်တမ်းထုတ်မှာတဲ့တုန်း"
" နို့ ဒီ ကဒ်ပြားမှာ ဘယ်သူက အချက်အလက်အမှန်တွေ ဖြည့်စွက်မှာတဲ့တုန်း"
" နို့ ဒီ ပလာမဲကို ဘယ်သူက ခပ်တည်တည် ပေါက်မဲလုပ်မှာတဲ့တုန်း "
ဟ ငါက မရောက်အောင်သွားနေတာ မရွေ့အောင်လှမ်းနေတာ မဖြစ်အောင် ပျက်နေတာ
ငါက လူပျက်
ငါက လူရွင်တော်မဟုတ်ဘူး

အောင်မာ -
ရာရာစစ
ငါ့ကို ပျော်တော် လာမဆက်ခိုင်းနဲ့။ ။

ခင်အောင်အေး
၂၅၊ ဖေဖော်ဝါရီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၁း၁၇ နာရီ


0 ယောက်ကဒီလိုမြင်တယ် to "လူပကျြ"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

SuMoTuWeThFrSa
View Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts