ရွှေဝါရောင်တော်လှန်ရေး နောက်ကွယ်မှ ပြူတင်းတံခါးများ


လွန်ခဲ့သော နှစ်နှစ်ခန့် ၂၀၀၇ နှစ်ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးကို ကမ္ဘာအရပ်ရပ်က သတင်းဌာန တွေရဲ့ တီဗွီသတင်းတွေမှာ ကမ္ဘာအနှံ့က ပြည်သူတွေ မြန်မာပြည်ကြီးထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ သိအောင် အလုံပိတ်ထားတဲ့ မြန်မာပြည်တွင်းထဲကနေ ကမ္ဘာ့ပြည်သူတွေ အတွက် ပြူတင်းပေါက်တွေ ဖွင့်ပေးခဲ့တဲ့ သတင်းထောက်များရဲ့ ဖြစ်ရပ်မှန်အခြေခံထားတဲ့ Burma VJ လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်လမ်းကို ကိုချမ်းမြစိုး ရဲ့ဘလော့ဂ်ကနေ တဆင့် ကိုရဲရင့်ငယ် ဘလော့ဂ်မှာ အပိုင်းလိုက်တွေ ဒေါင်းလုဒ် လုပ်ပြီး အားလုံး တစ်စု တစ်စည်းထဲ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်...။

တစ်ကယ်လို့ ကြည့်လို့အဆင်မပြေရင်ပဲ ဖြစ်ဖြစ် သမိုင်းမှတ်တမ်း တစ်ခုအနေနဲ့ သိမ်းထားချင်ရင်ပဲ ဖြစ်ဖြစ် ဒေါင်းလုဒ် လုပ်ချင်လုပ်နိုင်အောင် MP4 နဲ့ ရုပ်ရှင် တစ်ကားလုံး ကို အောက်မှာဒေါင်းနိုင်ပါတယ် ဖိုင်ဆိုဒ်ကလဲ 140 MB ပဲ ရှိတာမို့ ဒေါင်းလို့ အဆင်ပြေကြမယ် ထင်ပါတယ်..။

ရွှေဝါရောင် ရိုက်ကူးရေးအဖွဲ့မှ ၃ယောက်ခန့်စက်တင်ဘာအရေးအခင်းတွင် အဖမ်းခံခဲ့ရသည်။ သင်တို့၏
ရဲရဲတောက် ကြိုးပမ်းမှုများ အတွက် ဤနေရာမှ ဦးညွတ်ဂုဏ်ပြုလိုက်သည်။




ယခင် ကျွန်တော် တင်ထားပေးသော လင့်မှာ ပျက်သွားသဖြင့် ကိုချမ်းမြစိုး တင်ထားသော ယူကျူ့မှ Play List ကိုပဲ ပြန်တင်ပေး ထားပါတယ် ..။

Read more


အော်သံ

တစ်နေ့မှာတော့
လ , ဟာ
ကမ္ဘာကို ငုံ့တဲ့လို့ကြည့်ကာ
ရာစုနှစ်တွေ ထူပွလာတာက လွဲပြီး အလကားပဲ
တစ်ခွန်းထဲရေရွတ်ကာ
ခပ်မဆိပ်နေလိုက်တော့တယ်။
(သူဟာ လူတွေကို မြင်တွေ့သွားခဲ့တယ်)

ငါကတော့
ပါးစပ်ဝမှာ လက်နှစ်ဘက်ကာပြီး
ဟေး........... ကနဲ
အာခေါင်ခြစ်အော်လိုက်ရဲ့
စကြာဝဠာရဲ့ တံတိုင်းနံရံ တစ်ခုခု ဆီမှာ ပဲ့တင်ထပ်သွားနိုးနဲ့ပေါ့။ ။

ခင်အောင်အေး
Read more


၄ ရက်နေ့ / ယပ်တောင်

ဇွန်လ ၄ ရက်နေ့ ညနေစောင်း။

ချုန်းမည်းချ ငိုတော့ မလို မိုးသားတိမ်လိပ်တွေ
ပန်းဆိုးတန်းလမ်းဘက်ဆီတွားတက်လာတယ်။

မဆီမဆိုင်
“ခင်အောင်အေး...ကိုယ့်ကို...” ဆိုပြီး
ဘယ်တော့မှစကား အဆုံးသတ်လေ့မရှိတဲ့
ကိုမြေကြီးကို သတိရသွား။

ယပ်တောင်။ ။

(ကဗျာဆရာ ကိုမြေချစ်သူသို့)

ခင်အောင်အေး
Read more


Firefox 3.5 and IDM 5.17

မနေ့က ဘာရယ်လို့ မဟုတ်ဘူး ဟိုကြည့် ဒီကြည့်နဲ့ ကိုယ်သုံးနေတဲ့ Firefox 3.0.11 ကို နောက်ဆုံးပေါ် ဗားရှင်းလို့ ထင်နေတာ မှားသွားမှန်း သိလိုက်ရတယ်...

အဲလို ထင်နေတာလဲ ကိုယ့်အမှား မဟုတ်ဘူးလေ ဖိုင်းယားဖောက်စ် ၃ ထွက်လာကတဲက ထွက်တဲ့ နေ့မှာဒေါင်းနိုင်အောင် စာရင်းကြိုပေးထားပြီး ထွက်ထွက်ခြင်းပဲ ဒေါင်းပြီး သုံးလာလိုက်တာ အခု အထိပဲလေ..

သူကလဲ အမြဲ update လုပ်လာလိုက်တာ အခု ဗားရှင်း 3.0.11 ထိပဲ ဒီတော့ ကျွန်တော် သုံးနေတာ နောက်ဆုံးဗားရှင်းလို့ ထင်တာ မဆန်းပါဘူး..

ဟော... ဒါပေမယ့် အခုတွေ့ပြီ ကျွန်တော်သုံးနေတာ 3.0 ဗားရှင်း သူ့နောက်မှာ 3.1, 3.2 ,3.3 ,3.4,ဆိုပြီး ထွက်လာလိုက်တာ အခုဆိုရင် နောက်ဆုံး ဗားရှင်းက 3.5 ဖြစ်နေပြီ အရင်ကောင်တွေနဲ့ ဘာကွာလဲ ဆိုတာကတော့ သူက အမြန်ဆုံး လို့ ဖိုင်းယားဖောက်စ် ဝဘ်ဆိုဒ်မှာ ပြောထားတာပဲ ကျန်တဲ့ ကွာခြားချက်တွေက ဘာတွေလဲ ဆိုတာတော့ သူက Tab bar မှာ Tab bar အသစ်ဖွင့်ချင်ရင် မီနူးထဲ သွားစရာ မလိုတော့ပဲ Opera စတိုင်မျိုး ဘေးက အပေါင်းလက္ခဏာလေး ကို နှိပ်လိုက်ရုံနဲ့ နောက်ထပ် ဘားအသစ် တစ်ခု ပွင့်လာတာမျိုး ပေါ့လေ ကျန်တာတွေတော့ ကိုယ်တိုင်သာ စမ်းသပ်သုံးကြည့်ကြပါ အောက်က ဗွီဒီယိုမှာ သူတို့ ရှင်းပြထားတာသာ ကြည့်ပါတော့ဗျာ..။


ကဲ...ဒီတော့ ဝဘ်ဘရောက်ဇာ ဆိုရင် ဖိုင်းယားဖောက်စ် မှ ကြိုက်နှစ်သက်သူများ အမြန်ဆုံးသာ အောက်က ပုံလေးကို ကလစ်နှိပ်ပြီး သွားဒေါင်းကြပေတော့ဗျို့...။



ကဲ ဒေါင်းပြီးသွားကြပြီလား ဒါဆို ဇာတ်လမ်း ဆက်မယ်ဗျာ..
ကျွန်တော်လဲ ဒေါင်းပြီးသွားတော့ ဘာများ အသစ်တွေပါလဲ ဆိုပြီး လျှောက်ကြည့်ရင်းနဲ့ သူတို ညွှန်းထားသလို အမြန်ဆုံး ဖြစ်လားသိချင်လို့ ရုပ်ရှင်ကြည့်တဲ့ ဆိုဒ်တွေကို သွားသဗျ..
မဆိုးပါဘူး အရင်ထက်စာရင် ပိုမြန်လာတယ် ဒါနဲ့ ရုပ်ရှင် ကြည့်မယ်လဲ ဆိုကော တစ်ခုခု လိုနေသလို ခံစားမိတာနဲ့ သေချာကြည့်လိုက်တော့ လား..လား...

အရင်ဆို ရုပ်ရှင် ဖွင့်လိုက်တာနဲ့ စကရင်ရဲ့ ညာဘက်ဒေါင့်အပေါ်မှာ ပေါ်လာနေကြ အင်တာနက်ဒေါင်းလုဒ် မန်နေဂျာရဲ့ ဒေါင်းလုဒ်လုပ်တဲ့ ခလုတ်ပေါ်မလာဘူး..

ကိုယ်လဲ ဒေါင်းလုဒ် မန်နေဂျာ 5.15 မှာပဲ အပ်ဒိတ် မလုပ်ပဲ နေတာကြာပြီလေ ဘာလို့ဆို တစ်ခါ ဗားရှင်း အသစ် အပ်ဒိတ် လုပ်တိုင်း ပက်စ်ဝပ် တောင်းလွန်းလို့ အခုတော့ အပ်ဒိတ် မလုပ်လို့မရတော့ဘူးလေ သူ့ရဲ့ ဗားရှင်းအဟောင်းက အခု ဖိုင်းယားဖောက်စ် 3.5 မှာ အလုပ်မလုပ်တော့ဘူး..

ဒါနဲ့ အင်တာနက်ဒေါင်းလုဒ်မန်နေဂျာ နောက်ဆုံးဗားရှင်းလေးကို ရှာပြီး ဒေါင်းလိုက်တော့မှ ဒေါင်းလုဒ် ခလုတ်လေး ပြန်ပေါ်လာတော့တယ်..

ဒီတော့ မိတ်ဆွေတို့လဲ အင်တာနက် ဒေါင်းလုဒ် မန်နေဂျာ သုံးတယ် ဖိုင်းယားဖောက်စ် 3.5 လဲ သုံးချင်တယ် ဆိုရင်တော့ တစ်ခါထဲ အဆင်ပြေသွားအောင် Internet Download Manager v5.17 Build 5 - Mr1000 + Patch ဆိုတာလေး တင်ပေးလိုက်ပါတယ်ဗျာ သူ့မှာ Patch File ပါပြီးသားမို့လို့ ပက်စ်ဝပ်တွေ ဘာတွေ ထည့်စရာမလိုတော့ဘူးပေါ့ဗျာ ...

ကဲ ဒေါင်းမယ် ဆိုရင် ဟောဒီမှာ အောက်ကပုံလေးကို နှိပ်ပြီးဒေါင်းလိုက်ပါအုံး...



လုပ်နည်းလေးကတော့ ပထမဦးဆုံး ကျွန်တော် တင်ပေးထားတဲ့ လင့်ကနေတစ်ဆင့် ဒေါင်းလုဒ် ချလိုက်ပါ..
ပြီးရင် Zip ဖိုင်ကို ဖြည်လိုက်ရင် ဖိုင်နှစ်ဖိုင် တွေ့ပါလိမ့်မယ်..

အဲဒီအထဲက Internet Download Manager v5.17 Build 5.exe ဆိုတာကို အရင် Run လိုက်ပါ..
အင်စတောလုပ်ပြီးပြီဆိုရင် အင်တာနက်ဒေါင်းလုဒ် မန်နေဂျာကို ပြန်ပြီး Exit လုပ်ပြီး ပိတ်ထားလိုက်ပါ..
နောက်တစ်ဆင့်အနေနဲ့က C:\ program file ထဲက Internet Download Manager ဖိုင်ကို ဖွင့်လိုက်ပါ ..
ပြီးသွားရင် အဲဒီထဲကို Patch 5.xx (2008-12-06).exe ဆိုတဲ့ ဖိုင်ကို ဆွဲထည့်လိုက်ပါ ဒါမှ မဟုတ်လဲ copy & paste လုပ်လိုက်ပေါ့..

Internet Download Manager ဖိုင်ထဲကို Patch 5.xx (2008-12-06).exe ရောက်သွားပြီ ဆိုရင် အဲဒီ Patch ဖိုင်ကို D-Click နဲ့ Run လိုက်ပေါ့ဗျာ ဒါဆိုရင်ဒီလိုပုံလေးပေါ်လာပါလိမ့်မယ်



ဒါဆို နောက်ဆုံး အဆင့်အနေနဲ့ ပုံမှာ အနီလေး ဝိုင်းပြထားတဲ့ Patch ဆိုတာလေး ကို နှိပ်လိုက်ရင် Internet Download Manager v5.17 ကို Firefox 3.5 နဲ့ ကြိုက်တဲ့ ဝဘ်ဆိုဒ်ကနေ ရုပ်ရှင်တွေ သီချင်းတွေ ကြိုက်သလို ဒေါင်းလို့ရပြီပေါ့ဗျာ..။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts