တိမ်တွေ နဲ့ စစ်တုရင် ထိုးကစားခြင်း





စဝင်တဲ့အခါ စစ်တုရင်ရုပ် ဥပမာ ဘိရှော့နဲ့ ပွန်း ၂ ကောင်ကြား ဖြတ်သွားသာရုံ

မယုံနိုင်အောင် ခေါင်းခါယမ်းလျက် အရှေ့ဘက် တောင်တန်းတွေဆီ ဤကမ္ဘာ နွေဘွဲ့

မှောင်ထဲမှာခဏ အစရှိသည်ဖြင့် ပူးပေါင်းလုပ်ဆောင်ချက် ‘တဟီတီ သွားရအောင်’ နောက်

အနှစ် သုံးလေးဆယ် ကြာအပြီး အလွှာငါးလွှာ ဂြိုဟ်ဘယ်နှစ်လုံးခန့် ပူးမည်လဲ ပလပ်စတစ်စ

တကျွတ်ကျွတ် မြည်သံ စွဲ အလင်္ကာ လူတကာ စွဲမက်စေမည့် စီမံချက် ထိုမှ ပခုက္ကူ -- ဂန့်ဂေါ -- ကလေး

ရထားလမ်းဖြင့် ဘုရင်မကို Qh2 မှ ကိုင်မ ၍ သူ့မြင်းမခုန်နိုင်စေရန် ပိတ် ပျူယဉ်ကျေးမှု အစတည်လာ

သော အခါသမယကပင်လျင် ကမြင်းနီကောင်ကိုက်လို့ ယောင်ကိုင်းနေတာပဲ အုတ်အော်သောင်းနင်းလား

အုတ်ကျစ်ကျော်အေးလား ဆာဂျေအေမောင်ကြီးက ငါးနှစ်ကြီးတယ် သမ္မတ ဦးချစ်လှိုင်ဆိုရင်

ဖြည်းညှင်းစွာ ဘယ်မှညာ ညာမှဘယ်သို့ အရုပ်များ အဖြူအမည်းတွေ ရောထွေးပြန့်ကျဲသွားပြီး

မျက်လုံးအစုံ တောက်ပလာ အခိုးထွက်မတတ် ‘ ဟတ်ချိုး ဖုရား’ နှာချေဆတ်မိတယ် ဒေါင့်တန်းကို

ချုပ်ထားပြီး ကာဆယ်လ်နဲ့ထောက် အမေရိကန်တပ်ဖွဲ့များအားလုံး အီရတ်မှ ပြန်လာကြောင်း ခေါင်းကြီး

အလွယ်လေးပါ ဒါများ ဘာခက်လို့လဲ အာရုံ + ခံစား + ပုံ သိမ်မွေ့ ကျယ်ပြန့် စိတ်ကိစ္စ အလျော့တွက်

ပစ်ရမစ် ဇောက်ထိုးပုံစံ မှတ်နည်း ကီဝီ ဖိနပ်တိုက်ဆေးဘူး jack of all trades and master of none

အလို လေးလေး ‘Check!’ တဲ့ အလစ်တိုက်ကွက် ငါ့မြင်းကအမောဆို့နေပြီ ရဲတိုက်ထဲမှာ ဆေးသေတ္တာ

ပြေးယူစမ်း နာကျင်ရမှုများသည် အဘယ်အသွင်ကို ဆောင်ယူထားရမည်နည်း တနေ့ လူကလေး ကြီးလာ

သည့်အခါ လေးကွက်ကျား ဘုတ်ကိုချ၍ နဝေ တိမ်တောင် တိမ်တိုက် တိမ်မည်းညို ပြိုမလိုတိမ် တိမ်တမာန်

တိမ်ကြားမင်းခေါင် တိမ်တဆုတ် တိမ်ဖုံးပါလို့လမသာ တိမ်ပန်းချီ တိမ်ပလီ တိမ်တွေကိုကြည့်နေရင်း

တိမ်တွေ တိမ်ဝင်သွားတာ ဘဝတသက်တာမှာ ဒီတခါပဲ ။ ။



ခင်အောင်အေး

၇၊ ဧပြီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၁း၅၉ နာရီ


0 ယောက်ကဒီလိုမြင်တယ် to "တိမ်တွေ နဲ့ စစ်တုရင် ထိုးကစားခြင်း"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts