ကိုယ်ပိုင် ဘလော့ဂ်တန်းပလိတ် လုပ်ကြရအောင်



ကျွန်တော်တို့ ဘလော့ဂ် တစ်ခု စလုပ်ပြီးပြီ ဆိုရင် နောက်ထပ် ဆက်ပြီး လာတာကတော့ ဘလော့ဂ်တန်းပလိတ်ပါပဲ ထောင်ပေါင်း များစွာသော တန်းပလိတ်များကို ဖရီးတင်ပေးထားတဲ့ ဆိုဒ်တွေ ကနေပြီး ဒေါင်းလုဒ်လုပ်ပြီး အလှဆင်နိုင်ကြပါတယ် ဒါပေမယ့် ကိုယ့်စိတ်ကြိုက် ဖြစ်သလား ဆိုတော့ တစ်ခုမဟုတ် တစ်ခုတော့ လိုနေတာပါပဲ ဒီလိုအပ်ချက်တွေက HTML ကုဒ်တွေ ကို သိနားလည်တဲ့ သူတွေ အတွက် ကိုယ့်စိတ်ကြိုက် ထပ်ဖြည့်လို့ ရပေမယ့် အစိမ်းသက်သက် သာမန် ဘလော့ဂ်ဂါ တွေ အတွက်တော့ ဟိုလူ့ကို အကူအညီတောင်းရ ဒီလူ့ကို အကူအညီတောင်းရနဲ့ အတော်လေး စိတ်ညစ်စရာပါ ဒါတွေ အခုတော့ အားလုံး အဆင်ပြေအောင် Blogger In Draft ကနေပြီး ကိုယ်ပိုင် စိတ်ကြိုက်တန်းပလိတ်တွေကို HTML အကြောင်းနကန်းတစ်လုံး မှ နားလည်စရာ မလိုပဲ ခလုတ်တစ်ချက်စီ တစ်ဆင့်ပြီး တစ်ဆင့် နှိပ်ပြီး ဖန်တီးလို့ရအောင် လုပ်ပေးလိုက်ပါပြီ..။

(၁)ဘလော့မူလစာမျက်နှာ.... ဒီကောင်ကတော့ တန်းပလိတ်တစ်ခု အခြေခံစတင်ဖန်တီးရာမှ အရေးအကြီးဆုံးပါပဲ၊သင် လိုချင်တဲ့ ပုံစံ ကို သူပေးထားတဲ့ တန်းပလိတ် ၈ မျိုးထဲကနေ ရွေးချယ်နိုင်ပါတယ်...သူပေးထားတာတွေကတော့ ဆိုဒ်ဘားမပါ၊ဆိုဒ်ဘား ဘယ် သို့မဟုတ် ညာ၊ဆိုဒ်ဘားနှစ်ခု၊ဆိုဒ်ဘားအကြီး၊ဆိုဒ်ဘားအကြီးအောက်မှာမှ နောက်ထပ် အသေးနှစ်ခု ထပ်ခွဲ အစရှိသည်တို့ ပါဝင် ပါတယ်(အောက်ကပုံကို ကြည့်နိုင်ပါတယ်)




နောက်ပြီး ဆိုဒ်ဘားတွေ နဲ့ ပိုစ့်နေရာ တွေကို အတိုးအကျယ် လုပ်နိုင်သလို ရွေ့နိုင်မှာပါ..။

(၂)ဘလော့အောက်ခြေ....အောက်ခြေ ကော်လံကိုလဲ တစ်ခုထားမလား နှစ်ခုထားမလား သုံးခုထားမလား အစရှိသဖြင့်လဲ စိတ်ကြိုက်ရွေး ချယ်နိုင်ပါတယ်..။




(၃)နောက်ခံဘက်ဂရောင်း...သင့်အနေနဲ့ ပုံကြီးတစ်ပုံကိုပဲ ဖြစ်ဖြစ် ပုံအသေးလေးတွေကိုပဲ ထပ်ခါတလဲလဲ လုပ်ပြီးပဲ ဖြစ်ဖြစ် သင့်ဘလော့နောက်ခံ ဘက်ဂရောင်း ကိုစိတ်ကြိုက်ဖန်တီးနိုင်မှာပါ ဒါ့အပြင် ပုံမဟုတ်လဲ စိတ်ကြိုက်အရောင်တွေကို နောက်ခံထားလို့ရပါတယ်..။

(၄)နောက်ဆုံး ဘလော့ဟက်ဒါ တွေ အောက်ခြေတွေက ဖောင့်တွေရဲ့ စတိုင်တွေ အကြီးအသေးတွေ အရောင်တွေ အစုံအစုံဗျာ မိမိစိတ်ကြိုက် စိတ်ကူးဉာဏ်ကွန့်မြူးသလို HTML ကုဒ်တွေ နားလည်စရာမလိုပဲ တစ်ကယ့် ပရီမီယံတန်းပလိတ် တစ်ခုကို မိမိစိတ်ကြိုက် ဖန်တီးလို့ ရပါပြီ...။

ကဲ စလုပ်ကြည့်လိုက် ကြရအောင်ဗျာ..

အဆင့်(၁)ဒီလင့် Blogger In Draftကနေ ကိုယ့်ဘလော့ဂ် အကောင့်ကို ဝင်လိုက်ပါ အခုမှ စလုပ်မယ်ဆိုသူများအတွက် လောလောဆယ် သူပေးထားတဲ့ တန်းပလိတ်ထဲက တစ်ခုခုကို ရွေးလိုက်ပါဗျာ..

အဆင့်(၂)ပြီးရင် Layout -> Template Designer ဆိုတဲ့ ဆီမှာ ဟက်ဒါပါ/မပါ ဘက်ဂရောင်း ပုံပါ/မပါ ရွေးပါ ...

အဆင့်(၃)မိန်းဖရိမ်၊ဘလော့အောက်ခြေ ဘလော့အောက်ခြေမှာ ဖရိမ် ဘယ်နှစ်ခု ထည့်မလဲ ဆိုတာကိုရွေးပါ..၊

အဆင့်(၄)ပြီးရင် Background tab ကနေ နောက်ခံပုံထားမှာလား ဒါမှ မဟုတ် အရောင်လေးပဲ ထားမှာလား ဆိုတာ ရွေးချယ်ပေးပါ..၊
ဒီနေရာမှာ သူပေးထားတဲ့ နောက်ခံပုံတွေ မလိုချင်ဘူး ကိုယ့်ကိုယ်ပိုင် ပုံကို ထည့်ချင်တယ် ဆိုရင်တော့ Layout ထဲက Edit Html ထဲမှာ ဟောဒီ အောက်က ကုဒ်တွေ ကို ရှာလိုက်ပါ..

<Variable name="body.background" description="Body Background" type="background"
color="$(body.background.color)" default="#111111 url(http://themes.googleusercontent.com/image?id=1OACCYOE0-eoTRTfsBuX1NMN9nz599ufI1Jh0CggPFA_sK80AGkIr8pLtYRpNUKPmwtEa) repeat-x fixed top center" value="#111111 url(http://themes.googleusercontent.com/image?id=1OACCYOE0-eoTRTfsBuX1NMN9nz599ufI1Jh0CggPFA_sK80AGkIr8pLtYRpNUKPmwtEa) repeat-x fixed top center"/>

အနီရောင်ပြထားတဲ့ Url နေရာမှာ ကိုယ်လိုချင်တဲ့ ပုံရဲ့ လိပ်စာလေး ထည့်ပေးလိုက်ရုံပါပဲ..။

အဆင့်(၅)နောက်ဆုံး အနေနဲ့ ကိုယ့်ဘလော့က ပိုစ့်နေရာ ဆိုဒ်ဘား နေရာ တွေက စာလုံးတွေ နောက်ခံ အရောင်တွေ စာလုံး အရွယ် အစားတွေ ကို ရွေးချယ်ပေးပါ..၊

အားလုံး စိတ်ကြိုက်ဖြစ်ပြီဆိုရင် Apply To Blog ဆိုတာလေးကို နိပ်လိုက်ပြီး ရင်တော့ တစ်ကယ့် ဒီဇိုင်နာ တစ်ယောက် ရေးဆွဲပေးထားသလို သင့်စိတ်ကြိုက် ဘလော့တန်းပလိတ် တစ်ခုကို သင်ပိုင်ဆိုင်နိုင်ပါပြီ..။

ဒီမှာ ကျွန်တော် အစမ်းလုပ်ထားတာလေး သွားကြည့်နိုင်ပါတယ်..။

HTML ကုဒ်တွေ နားမလည်တဲ့ သူတွေ အတွက် ဘလော့ဂ် တန်းပလိတ် လေးကို ခလုတ်လေးတွေ နှိပ်ပေးရုံနဲ့ အကြမ်းဖျင်း တည်ဆောက် ပြီးသွားတဲ့ နောက်မှာ ဆိုဒ်ဘားက လိုအပ်မယ့် Widgets လေးတွေကိုလဲ ဒီလိုပဲ ခလုတ်နှိပ်ပေးရုံနဲ့ ထည့်လို့ ရမှာ လေးတွေ ကို နောက်ပိုစ့်တွေမှာ ဆက်လက် တင်ပြ ပေးသွားပါ့မယ်..။




PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။


0 ယောက်ကဒီလိုမြင်တယ် to "ကိုယ်ပိုင် ဘလော့ဂ်တန်းပလိတ် လုပ်ကြရအောင်"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts