ကုဒ်တွေမလိုတဲ့ Recent Posts with Thumbnails



ကျွန်တော်တို့ ဘလော့ဂ်စရေးခါစက ဆိုရင် ကိုယ့်ရဲ့ နောက်ဆုံးတင်ထားတဲ့ ပိုစ့်လေးတွေကို ဆိုဒ်ဘားမှာ ထည့်ချင်လွန်းလို့ Edit HTML ထဲဝင်ပြီး ကုဒ်တွေ ထည့်ရ Add Gadget ထဲသွားပြီး ကုဒ်တွေ ထပ်ထည့်ရနဲ့ ခေါင်းတွေ အတော်လေး စားခဲ့ရပါတယ် ဒါတောင်မှ ရခဲ့ရင်လဲ ရိုးရိုးပါ ပိုစ့်ခေါင်းစဉ်လေးနဲ့ စာလေး နှစ်ကြောင်းသုံးကြောင်းလောက်ပဲ ပေါ်တာပါ..။

ဟော အခုလာပါပြီဗျာ ကျွန်တော်တို့ www.blogger.com ကြီးက အသစ်တွေ တစ်ခုပြီး တစ်ခု လုပ်ပေးနေလိုက်တာ တဖြည်းဖြည်း ဝေါ့ပရက်စ် လိုလုပ်ဆောင်နိုင်စွမ်းတွေ ရှိလာပါပြီ အဲဒါတွေကို ကျွန်တော် တစ်ခုပြီး တစ်ခု တင်ပြသွားပါ့မယ်..။

ဒီကနေ့တော့ အပေါ်က ခေါင်းစဉ်ထဲက အတိုင်း HTML ကုဒ်တွေ မလိုပဲ ခလုတ်လေး နှိပ်ပေးရုံနဲ့ ကိုယ့်ရဲ့နောက်ဆုံး တင်ထားတဲ့ ပိုစ့်တွေကို ဆိုဒ်ဘားမှာ Thumbnails နဲ့တကွ ပိုစ့်ရဲ့စာသားတွေ (မိမိ အလိုရှိသလောက် ပေါ်ချင်သလောက်ကို Add Gadget ထဲမှာ ပြင်ပေးနိုင်ပါတယ် Thumbnails မှာပုံပေါ်ဖို့ကတော့ ကိုယ့်ရဲ့ပိုစ့်တွေမှာ ပုံတွေ ရှိဖို့တော့ လိုပါတယ်..) ဒါတင်လား ဆိုတော့ ဒါတင်မက ပါဘူး ပိုစ့်တင်တဲ့ နေ့နဲ့ ကွန်မန့်ဘယ်နှစ်ခု ပေးခဲ့တယ် အပြည့်အစုံ ဖတ်မယ် More ဆိုတာတွေပါ ပါပါတယ်ဗျာ..။

နမူနာပုံစံလေး ကြည့်ချင်တယ် ဆိုရင်တော့ ဒီမှာ သွားကြည့်လိုက်ပါဗျာ..။

ကဲ ပြောနေကြာတယ် နမူနာ ပုံစံကို ကြည့်ပြီး သဘောကျပြီလား..

အောက်က ခလုတ်လေးကိုသာနှိပ်လိုက်ပါ...၊




ဒါဆိုရင် အောက်က ပုံမှာ ဖော်ပြထား တဲ့နေရာကို ရောက်သွားပါမယ်..။


တစ်ကယ်လို့ ကိုယ့်မှာ ဘလော့ဂ် တစ်ခုထဲ မဟုတ်ပဲ အများကြီး ရှိခဲ့မယ် ဆိုရင်လဲ ကိုယ်ထည့် ချင်တဲ့ ဘလော့ဂ် နာမည်ကို ရွေးချယ် ပေးနိုင်ပါတယ် ပြီးရင်တော့ CONFIGURE GADGED ဆိုတာလေးကို နှိပ်ပေးလိုက်ပါ...
ဒါဆို ဒီပုံလေးမှာ မြင်ရတဲ့ နေရာကို ရောက်သွားပါမယ်..။


အနီနဲ့ကွင်းပြ ထားတဲ့ နေရာမှာ ကိုယ်ထည့်ချင်တဲ့ ဘလော့ဂ် ရဲ့ လိပ်စာကို ထည့်ပေးရမှာ ဖြစ်ပါတယ်..
ပြီးရင်တော့ SAVE လုပ်လိုက်ပါ..၊

ဒါဆို ကိုယ့်ရဲ့ Blogger Dashboard ကိုရောက်သွားမှာ ဖြစ်ပြီး ကိုယ်ထည့်လိုက်တဲ့ ဘလော့ဂ် ရဲ့ Layout>>Page Elements နေရာမှာ Recent Posts ဆိုပြီး Gadege အသစ်တစ်ခု တိုးနေတာကို တွေ့ရမှာပါ အဲဒါကို ကိုယ်လိုချင်တဲ့ နေရာကို ရွေ့ပြီး SAVE လုပ်လိုက်ပြီးရင် ကိုယ့်ဘလော့ဂ် လေးကို ပြန်ကြည့်လိုက်ပါ ကိုယ့်ရဲ့ နောက်ဆုံးပိုစ့်လေး တွေကို ပုံလေးတွေနဲ့ တကွ မြင်ရမှာပါ..။

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။


0 ယောက်ကဒီလိုမြင်တယ် to "ကုဒျတှမေလိုတဲ့ Recent Posts with Thumbnails"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts