ချက်ကော့ဖ်ကို ကျီစယ် နောက်ပြောင်ခြင်း



နံရံမှာ ဂီတာတလက်ချိတ်ထားတယ်။

ရေပေါ်ကိုရေကျတဲ့အသံ တုံးလုံးပက်လက်
ရေက ရေနဲ့မပေါင်းချင်ဘူးတဲ့ (ရေကလည်း ရေဖြစ်ပြီး ရွှေပုံပေါ်မှစံချင်သတဲ့လေ)

နတ်သံနှောကာ ပြောလိုက်ချင်ရဲ့ အမ်မယ်မင်း..
ခဲလုံးကနေ တွေးခေါ်လိုက်တာ ဥဇနာမင်းကြီး ဆင်ကြောင့် ကံတော်ကုန်တဲ့အထိ

ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ပုံရိပ်ရောင်နှုတ်ခမ်းသပ်ကို ခေါက်ချိုး ချိုးထားတဲ့ပုံ
စိတ်တွေလဲလေးတယ် အိပ်မက်ယာမက်တွေလဲမကောင်းဘူး အပြင်မှာလေတွေတိုက်နေတယ်

ဒေးဗစ်ဘက်ခမ်းတောင်မပြောတဲ့စကားမျိုး
ငါက ဘာရောဂါနဲ့ပြောရမလဲ

အုန်းသီးကိုအခွံချွတ်ထားတယ် အကြောသပ်ထားတယ်
ဒုံးပျံဟာ သူ့ကိုပစ်လွှတ်မယ့်စင်မှာ အဆင်သင့့် ထောင်မတ်လျက်

မမသည်မျက်စေ့ကိုမှိတ်၍ သူမပင်ပန်းကြောင်းသွယ်ဝိုက်
စာကိုဓါးဖြင့်လျင်မြန်စွာ ဖောက်ဖြဲ လက်မ မကောင်းလက်မ ခြေမ မကောင်း

နံရံမှာ ဂီတာတလက်ချိတ်ထားတယ်
ဒါပဲ။ ။



ခင်အောင်အေး

၂၀၊ သြဂတ်စ်၊ ၂၀၀၉
Read more


ပို၍ကြီးသော ရေပွက်တစ်ခု

ပို၍ကြီးသော ရေပွက်တစ်ခု ပန်/၇၉




ပြင်းထန်လှသော ကယ်လီဖိုးနီးယားနေရောင်

ရေပွက်တစ်ခု ထစေခဲ့

တလိမ့်တုံးများကို အသုံးပြု၍

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သောအသံ

လွတ်မြောက်နေသော အချိန်

အခိုက်အတန့်

စစ်မှုထမ်းရန်ငြင်းဆို

ဆွဲဆောင်သိမ်းသွင်းမှုကြောင့် ဒြပ်မဲ့

အကြီးအကျယ် ပတ်သက်

ပန်းချီ

ရေကူးကန်၊ မြက်ခင်းပြင်နှင့် ရေမှုန်ရေမွှားများ

စိတ်ကူး

အပန်းဖြေမှုလောကကို အေးတိအေးစက် အနီးကပ်လေ့လာ

ဗိသုကာပုံကြမ်း

မြို့၏အထင်ကရ

၄၅။ ဒေးဗစ် ဟော့က်နေ မွေး- ၁၉၃၇၊ ဘရဒ်ဖို့ဒ်

ဓါတ်ပုံကိုသုံးတတ်၏

အော်ပရာပြဇာတ်များ နောက်ခံရှု့ခင်းများ။ ။



ခင်အောင်အေး

၁၈၊ သြဂတ်စ်၊ ၂၀၀၉



(ပန်မဂ္ဂဇင်းအဟောင်းတအုပ်(နေ့စွဲမမှတ်မိ) မှဆုတ်ဖြဲသိမ်းထားသော ပန်းချီဆရာ ဒေးဗစ်ဟော့က်နေ ၏ “ရေပွက်တခု” အမည်ရှိ ပန်းချီကားအကြောင်း ရေးထားသော ရှင်းလင်းချက်အား ဖြတ်တောက် ပိုင်းစိတ်၍ ကဗျာ ပြန်လုပ်ကြည့်သည်၊ပြောရလျင် ၁၉၇၉-၈၀ခန့် ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့သည့် ပန်းချီကားဖြစ်ကြောင်း ဆိုတာပဲဖြစ်သည်၊ မိမိကိုယ်ပိုင်စာသားစာပိုဒ် တလုံးတပါဒ မျှပါဝင်ခြင်းမရှိကြောင်းဝန်ခံ ကတိပြုပါ၏။)
Read more


ခုတလော

အကိုကြီး ကိုအောင်သာငယ် နဲ့ ညီငယ် ကိုဖုန်း တို့ တဂ်လို့ ရေးလိုက်မိတာက တော့

တွေးနေမိတာက

နေမကောင်းဖြစ်နေတဲ့ ကျွန်တော့်အမေ..

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

အမေ့ကိုကျေးဇူးကောင်းကောင်းပြန်မဆပ်နိုင်တဲ့သား...။


ကျန်းမာရေး

ဒီတစ်လော တစ်မျိုးပြီး တစ်မျိုး စိတ်၏ကျန်းမာရေးကော လူ၏ ကျန်းမာရေးပါ လုံးဝ မကောင်း..။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

စိတ်ညစ်ညစ်နဲ့ ဘလော့ဂ်နဲ့ပတ်သက်တဲ့ နည်းပညာ ပိုစ့်တွေပဲ လိုက်ဖတ်ဖြစ်တယ်..(ဘာလို့လဲ ဆိုတော့ အဲဒါ ဖတ်ပြီး လိုက်စမ်းလုပ်ကြည့်ရင်း အချိန်တွေဘယ်လို ကုန်မှန်းမသိပဲ ကုန်သွားလို့)..။


ရောက်နေဖြစ်တာက

အင်း အပေါ်မှာ ပြောသလိုပဲ နည်းပညာနဲ့ ပတ်သက်ပြီးရေးထားတဲ့ ဘလော့ဂ်တွေ ကိုအတော်လေး ရောက်ဖြစ်နေတယ်..။


ရေးဖြစ်နေတာက

ဟီးး အခုတစ်လော ရေးဖြစ်နေတာကတော့ HTML ကုဒ်တွေ ချည်းပဲ...။


နားထောင်ဖြစ်နေတာက

Generation Wave က အန်တီစု ၆၄ နှစ်မြောက်မွေးနေ့ အတွက် စပ်ဆိုထားတဲ့ သီချင်း..။


ရွတ်နေမိတဲ့ကဗျာက

ကဗျာလား မရွတ်မိဘူးဗျာ ကျွန်တော်က ကျွန်တော့် အကိုလို ကဗျာတွေအပေါ် သိပ်ပြီး ခုံမင်မှု မရှိလှဘူးဗျ..။

ဖြစ်ချင်နေတာက

ဘာဖြစ်ချင်မှန်းကို မသိတော့ဘူး (ဖြစ်ချင်တာတွေ များလွန်းလို့..)


စားဖြစ်နေတတ်တာက

ဘာရယ်လို့ မည်မည်ရရ အမည်တတ်ပြောလို့ မရဘူး သောက်ဖြစ်တာတော့ ဘီယာ ....။ (သောက်ဖြစ်နေတတ်တာက လို့ခေါင်းစဉ်မပါလို့ ကိုယ့်ဖာသာကိုယ် ထည့်လိုက်တယ် mrgreen...)


သနားနေမိတာက

အသက်ကြီးမှ ရောဂါတွေ ဗရဗွ နဲ့ ပိုက်ပေါင်း များစွာ ခန္ဓာကိုယ်မှာ တပ်ဆင်ပြီး အသက်ဆက်နေရတဲ့ အမေ့ကို..။


လွမ်းနေမိတာက

အပူအပင် ကင်းပြီး အပြစ်ကင်းစင် ပျော်ရွှင်ခဲ့ရတဲ့ ငယ်ဘဝကို...။


မေ့လျော့ပစ်နေမိတာက

တစ်နှစ်ပြီး တစ်နှစ်ကြီးလာတဲ့ အသက်ကို...။


ခါးသက်နေမိတာက

မြေခြားရေခြားမှာ တစ်ယောက်ထဲ အထီးကျန်စွာ နေနေရတဲ့ ကိုယ့်ဘဝကို..။


တမ်းတနေမိတာက

ကိုယ့်ကို ကြင်နာယုယစွာ နှစ်သိမ့် အားပေးစကား ပြောမယ့် ချစ်သူ..(စိတ်ကူးယဉ် တမ်းတ မိတာပါ တစ်ကယ့်ဘဝမှာတော့ တမ်းတခွင့် မရှိတော့ပါဘူး...)


ကြိတ်ပြီးချီးကျူးနေမိတာက

ပြည်တွင်းမှာ အာဏာရှင်ရဲ့ ဖိနှိပ်မှု အမျိုးမျိုး ကြားကနေ တစ်ကယ့်ကို သက်စွန့်ဆံဖျား ဆန့်ကျင်နေတဲ့ လူငယ်တွေ ဥပမာ Generation Wave ခွပ်ဒေါင်းသွေး....။


ကြိတ်ပြီးအထင်သေးနေမိတာက

နအဖ ဘာဆိုတာ သိရဲ့သားနဲ့ မိမိကောင်းစားရေး မိမိ မိသားစု ကောင်းစားရေး အတွက်ပဲ ကြည့်ပြီး ပြည်သူလူထု အကျိုးကို လျှစ်လျှူရှု ပြီးနအဖကို ထောက်ခံ ပြည်သူကို အကြမ်းဖက် ဖမ်းဆီး နှိပ်စက် နေတဲ့ သူတွေ...။


ဆန္ဒမရှိတဲ့နေရာ

မတရားတာ ကို မတရားဘူး လို့ ပြောခွင့်မရှိပဲ ခေါင်းငုံ့ခံ မျက်နှာချိုသွေး နေရတဲ့ နေရာမျိုးတွေ..။

ဆန္ဒရှိနေတဲ့ကိစ္စ

တရားမျှတပြီး တရားဥပဒေ ဘောင်တွင်းက လွတ်လပ်စွာ ပြောဆိုခွင့် ဝေဖန်ခွင့် တောင်းဆိုခွင့် ရှိတဲ့ မြန်မာပြည် ကြီးကို ပြန်ချင်တယ်...။


မုန်းတီးနေမိတာက

သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတွေ..(သူတို့တွေ နတ်ဝတ္တရား မကျေလို့ လူကောင်းတွေကပဲ မဟုတ်တာ လုပ်နေပြီး လူဆိုးလူယုတ်မာတွေက မဟုတ်တာ ဘာမှ မလုပ်သလို ဖြစ်နေလို့..။)


ချစ်နေတာက

အခုလောလောဆယ် သုံးနေတဲ့ ကွန်ပြူတာရယ် ကီးဘုတ်ရယ် မောက်စ်ရယ်ပဲ..။(သူတို့သာ မရှိခဲ့ရင် ဘယ်လောက်များ အထီးကျန်မလဲ ဆိုတာ..)


စိတ်ပျက်နေမိတာက

အခုတစ်လော ဆိုးရွားနေတဲ့ ကိုယ့်ရဲ့ ကံကြမ္မာ..။


စွဲလန်းနေမိတာက

နှစ်သက်မိတဲ့ အရာတွေ အားလုံးကို ပါပဲ..။


လိုအပ်နေတာက

နွေးထွေးပြီးနှစ်သိမ့်မှုတွေ ပေးနိုင်မယ့် ရင်ခွင်တစ်ခု..။


တောင်းနေမိတဲ့ဆု

အမေ အမြန်နေကောင်း ကျန်းမာနိုင်ပါစေ...။


ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

စိတ်ဓါတ်ကျတယ် စိတ်ဓါတ်ကျတယ် စိတ်ဓါတ်ကျတယ်ဟေ့....။


ဝန်ခံချင်တာက

ဘာပိုစ့်မှ ရေးချင်စိတ်မရှိတဲ့ အချိန် ဒီပိုစ့်လေးကို အကိုကြီး ကိုအောင်သာငယ် နဲ့ ညီငယ် ကိုဖုန်း တို့ ဝိုင်းတဂ် ကြလို့ ကိုယ်ရင်ဖွင့်ချင်တာတွေ ဖွင့်ခွင့်ရပြီဟဲ့ ဆိုပြီး စာဖတ်သူတွေကို စိတ်ညစ်အောင် တိုင်ကယ် ချိတ်လိုက်တာ...။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts