ယခု တစ်လော မိတ်ဆွေ တစ်ဦး၏ ဘလော့ Reported Attack Site အဖြစ်သတ်မှတ် ခံလိုက်ရခြင်းကို လိုက်ကူညီရင်း အခြား ဘလော့များကိုလဲ လိုက်လံ ရှင်းလင်းပေးရင်း တွေ့လာတာကတော့ မြန်မာ ဘလော့ဂ်များ တစ်ဦးနှင့် တစ်ဦး ချိတ်ဆက် ထားကြသဖြင့် ဘလော့ဂ် အားလုံး လိုလိုနီးပါးဟာ Malware Identified ဖြစ်နေကြတာကို တွေ့ရပါတယ်..
ဒါဆိုရင် မကြာမှီ အချိန်အတွင်းမှာ Google က အဲဒီဆိုဒ်တွေကို အနှေးနဲ့ အမြန် Reported Attack Site များ အဖြစ် သတ်မှတ်လာမှာ ဖြစ်ပါတယ်..
Google က ဘာလို့ အဲဒီလို လုပ်ပါသလဲ??? ကျွန်တော်တို့ ဝဘ်ဆိုဒ်တွေမှာ ဂူဂယ်က စောင့်ကြည့်ပြီး ဝဘ်ဆိုဒ် အဆင့်အတန်းတွေ ခွဲပေးပါတယ် အဲဒါကို Pagerank လို့ ခေါ်ပါတယ် ၁၀ မှတ် ဆိုရင် အများဆုံး ဖြစ်ပြီး ၀ ကတော့ အနည်းဆုံးပါ ပါချီပါချက် ဝဘ်ဆိုဒ်ပေါ့ဗျာ ...
အဲဒီလို ဖြစ်တော့ ဉာဏ်ကြီးရှင်များက ဒါကို ဘယ်လို Hack ရမလဲ ဆိုပြီး တီထွင်ကြတာမှာ လင့်တွေ ချိတ်တဲ့ နည်းနဲ့ အသုံးပြုပါတယ် ဒီတော့ ဘလော့တစ်ခုဟာ ဘယ်ကိုသွားသွား သူ့လင့်တွေ က နေရာတကာမှာ ဆက်သွယ် ထားတယ် ဆိုတော့ PageRank တွေ တက်လာပါတယ်..
အဲဒါကို ဂူဂယ်က သိလို့ အခု ဆိုရင် PageRank တွေကို Update မလုပ်ပေးတာ အတော်ကြာခဲ့ပါတယ် ပုံမှန်အားဖြင့်တော့ ကိုးလ တစ်ခါ အကြီးစား Update လုပ်ပေးပါတယ် မနှစ်က သူတို့ လုပ်ပေးခဲ့တာ ဧပြီလတုန်းကပါ ထားပါတော့ ဒါက ပြဿနာရဲ့ အခြေခံ ဇစ်မြစ်ကို သိအောင် ပြောပြတာပါ..
ဒီတော့ ဂူဂယ်က ဝဘ်ဆိုဒ်တွေကို စစ်ပါတယ် အဲဒီ အခါမှာ လင့်သေနေတာတွေကို ချိတ်ထားတာတွေကို သူတို့ တွေ့ပါတယ် အဲဒီလို လင့်သေနေတာတွေ ချိတ်ထားခြင်း အားဖြင့် သင့် ဝဘ်ဆိုဒ်ကို ဝင်ဖတ်နေသူ တစ်ယောက်ဟာ စာတွေ အကုန်ပေါ်လာပြီး မြင်နေရပေမယ့် ဘရောက်ဇာက ဖတ်တာ မပြီးပဲ လင့်သေ နေတာတွေကို သူက ဆက်ရှာနေပါတယ် အဲလို အများကြီး သင့်မှာ ရှိနေပြီ ဆိုရင် သူတို့က ၉ ပါတ်ခန့်အကြာမှာ Reported Attack Site စာရင်းထဲ ထည့်လိုက်ပါတယ် ဒါဆို လာတဲ့ ဧည့်သည်တွေကို စာတန်း အနီရောင်ကြီးနဲ့ ကြိုဆိုတော့မှာ ဖြစ်ပါတယ်...
ကျန်တဲ့ အသေးစိတ် ကုသနည်း ကတော့ တစ်နေ့က တင်ထားတဲ့ ပိုစ့်မှာ သွားဖတ်ကြည့်လိုက်ပါ Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်းမှာ ဖတ်ကြည့်ပြီး လုပ်ကြည့်ကြပါခင်ဗျာ.။
အခုဒီပိုစ့်မှာ ပြောချင်တာက နောက်ထပ် တွေ့လာတာလေး တွေကို သတိပေးချင်လို့ပါ..
အခု ကျွန်တော်တို့ ဘလော့ဂါတွေမှာ ဘလော့ဂါ ပလိပ်ရောဂါ ကူးစက်နေပါပြီ တစ်ကယ့်ကို ပလိပ်ရောဂါ နဲ့ တူပါတယ်..
ဒီတော့ ပထမဦးဆုံး မိတ်ဆွေများ ရောဂါ ပြန့်ပွားနေတဲ့ အချိန်မှာ ဆိုဒ်ဘားမှာ ရှိတဲ့ ဘလော့ဂ်လင့်တွေကို ဖြုတ်ထားပါ Blog List တွေ Link List တွေ follower widget တွေကို ဖြုတ်ထားပေးပါ ပြီးရင် တတ်နိုင်ရင် ကိုယ့်ပိုစ့်တွေ ကို ကွန်မန့်ပေးတာဖြုတ်ထားပါ ကိုယ်လဲ သူများကို ကွန်မန့် မပေးပါနဲ့ ပေးချင်ခဲ့ရင် လဲ Blogger Profile ရှိတဲ့ ဂျီမေးလ်တွေနဲ့ Signin လုပ်ပြီး မပေးပါနဲ့OpenID နဲ့ နာမည် ရေးပြီး ကွန်မန့်ပေးကြပါ လို့ အကြံပေးချင်ပါတယ် ဘလော့ဂ်ဂါတွေ အကုန်လုံး ကိုယ့်ဆိုဒ်တွေကို ရှင်းလင်းရေး လုပ်ပြီးချိန်အထိ ရောဂါပိုး ကူးစက်တာ ငြိမ်သွားတဲ့ အထိပေါ့လေ ...
ဘယ်လို ရှင်းလင်းရေး လုပ်ရမလဲ ဆိုတာကတော့ http://sitecheck.sucuri.net/scanner/ ကိုသွားလိုက်ပါ ကိုယ့်ဘလော့ လိပ်စာ ထည့်ပြီး Scan ဖတ်လိုက်ပါ ဒါဆိုရင် ဆိုဒ်ဘားတွေ ဖြုတ်ထားပြီးပြီ ဆိုရင် သူက ဘယ်ပိုစ့်တွေဟာ Malware တွေ ရှိနေတယ် အဲဒီပိုစ့်ကို ကွန်မန့် ပေးထားတဲ့ ဘယ်လင့်တွေ ဘယ် Profile တွေဟာ ကူးစက်ရောဂါ ရှိနေတယ် ဆိုပြီး ပြပါလိမ့်မယ် အဲဒီ ကွန်မန့်တွေကို Dashboard >>Comments ထဲကနေ Spam ထဲ ခဏ ထည့်ထားပေးပါ ပြီးရင် တစ်ခါ ထပ်စစ်ကြည့်ပါ Status:Site verified to be secure and free of makware လို့ ဖြစ်တဲ့ အထိ စစ်လိုက် လင့်တွေ ဖြုတ် ကွန်မန့်တွေ ဖြုတ် လုပ်ပေးပါ ဒါဆို အဆင်ပြေပါပြီ အချိန် အတိုင်းအတာ တစ်ခုအထိတော့ လင့်တွေ ဖြုတ်ထားတာ အကောင်းဆုံး ဖြစ်မယ်လို့ အသိပေးချင်ပါတယ်..။
အခု ဒီပိုစ့်ကို ရေးဖြစ်တာကတော့ ပြဿနာ တက်နေကြတဲ့ ဘလော့မိတ်ဆွေ ညီကို မောင်နှမ များက သူတို့ လင့်တွေ ကွန်မန့်တွေထဲက လူတွေကို တစ်ယောက်ချင်း လိုက်ပြီး မရှင်းပြတတ် မရှင်းပြနိုင် ဖြစ်နေလို့ သိထားရအောင် သတိထားရအောင် ရှင်းလင်းရေးတွေ လုပ်ရအောင် ပိုစ့်လေး တစ်ခု နဲ့ ရှင်းပြပြီး သတိပေးပေးပါ လို့ တောင်းဆိုကြတဲ့ အတွက် ဒီပိုစ့်လေးကို ရေးဖြစ်တာပါ..အကူအညီ လိုခဲ့သည် ရှိသော် ကျွန်တော်ရဲ့ ဆိုဒ်ဘားမှာ ရှိတဲ့ အီးမေးလ် လိပ်စာ အတိုင်း ဆက်သွယ် နိုင်ပါတ်..။
အခုဒီပိုစ့်မှာ ပြောချင်တာက နောက်ထပ် တွေ့လာတာလေး တွေကို သတိပေးချင်လို့ပါ..
အခု ကျွန်တော်တို့ ဘလော့ဂါတွေမှာ ဘလော့ဂါ ပလိပ်ရောဂါ ကူးစက်နေပါပြီ တစ်ကယ့်ကို ပလိပ်ရောဂါ နဲ့ တူပါတယ်..
သူ့ရဲ့ ကူးစက်နည်းလေး ပြောပြပါမယ် ဘလော့ တစ်ခုဟာ သူက လင့် အသေတွေ ချိတ်ထားပါတယ် အဲဒီတော့ အဲဒီဘလော့မှာ Malware ရှိနေပြီ တစ်နည်း တင်စားရင် ပလိပ်ရောဂါ ရှိနေပြီပေါ့ဗျာ (ဒီကစလို့ ဒီပြဿနာကို ပလိပ်ရောဂါလို့ပဲ တင်စားသုံးသွားပါမယ် ပိုရှင်းအောင်ပါ)သူက တစ်ခြား ဘလော့တစ်ခုကို သွားလည်ပါတယ် ကွန်မန့်ပေးလိုက်ပါတယ် ဒါဆို အဲဒီ ကွန်မန့် အပေးခံရတဲ့ ဘလော့ဟာ ကျွန်တော့် ဘလော့ ဆိုကြပါစို့ရဲ့ အဲဒီအခါ ကျွန်တော့် ဘလော့မှာ အဲဒီ ကွန်မန့်ပေးလိုက်သူ နဲ့ ချိတ်ဆက်သွားခြင်းဖြင့် အဲဒိ ကွန်မန့် ပေးခံရတဲ့ ပိုစ့်ဟာ Malware ရှိတယ် ပလိပ်ရောဂါ ရှိနေတယ် လို့ ဆက်ပြီး သတ်မှတ်ခံရပါတယ် ဒီလိုနဲ့ ကျွန်တော့်ကို ချိတ်ဆက်ထားတဲ့ ကျွန်တော် ကွန်မန့်ပေးတဲ့ ဘလော့ဂ်တွေကို အဲလိုတွေ သွားပြီး ပြတော့တာပဲ ကူးစက်တော့ တာပါပဲ အဲဒီကနေ တစ်ဆင့် အဲဒီဘလော့ တွေကို ချိတ်ထားတဲ့ တစ်ခြား ဘလော့တွေကိုလဲ အဲဒီလို ဆက်ပြီး ကူးစက်တာပါ....
ဒီတော့ ပထမဦးဆုံး မိတ်ဆွေများ ရောဂါ ပြန့်ပွားနေတဲ့ အချိန်မှာ ဆိုဒ်ဘားမှာ ရှိတဲ့ ဘလော့ဂ်လင့်တွေကို ဖြုတ်ထားပါ Blog List တွေ Link List တွေ follower widget တွေကို ဖြုတ်ထားပေးပါ ပြီးရင် တတ်နိုင်ရင် ကိုယ့်ပိုစ့်တွေ ကို ကွန်မန့်ပေးတာဖြုတ်ထားပါ ကိုယ်လဲ သူများကို ကွန်မန့် မပေးပါနဲ့ ပေးချင်ခဲ့ရင် လဲ Blogger Profile ရှိတဲ့ ဂျီမေးလ်တွေနဲ့ Signin လုပ်ပြီး မပေးပါနဲ့OpenID နဲ့ နာမည် ရေးပြီး ကွန်မန့်ပေးကြပါ လို့ အကြံပေးချင်ပါတယ် ဘလော့ဂ်ဂါတွေ အကုန်လုံး ကိုယ့်ဆိုဒ်တွေကို ရှင်းလင်းရေး လုပ်ပြီးချိန်အထိ ရောဂါပိုး ကူးစက်တာ ငြိမ်သွားတဲ့ အထိပေါ့လေ ...
ဘယ်လို ရှင်းလင်းရေး လုပ်ရမလဲ ဆိုတာကတော့ http://sitecheck.sucuri.net/scanner/ ကိုသွားလိုက်ပါ ကိုယ့်ဘလော့ လိပ်စာ ထည့်ပြီး Scan ဖတ်လိုက်ပါ ဒါဆိုရင် ဆိုဒ်ဘားတွေ ဖြုတ်ထားပြီးပြီ ဆိုရင် သူက ဘယ်ပိုစ့်တွေဟာ Malware တွေ ရှိနေတယ် အဲဒီပိုစ့်ကို ကွန်မန့် ပေးထားတဲ့ ဘယ်လင့်တွေ ဘယ် Profile တွေဟာ ကူးစက်ရောဂါ ရှိနေတယ် ဆိုပြီး ပြပါလိမ့်မယ် အဲဒီ ကွန်မန့်တွေကို Dashboard >>Comments ထဲကနေ Spam ထဲ ခဏ ထည့်ထားပေးပါ ပြီးရင် တစ်ခါ ထပ်စစ်ကြည့်ပါ Status:Site verified to be secure and free of makware လို့ ဖြစ်တဲ့ အထိ စစ်လိုက် လင့်တွေ ဖြုတ် ကွန်မန့်တွေ ဖြုတ် လုပ်ပေးပါ ဒါဆို အဆင်ပြေပါပြီ အချိန် အတိုင်းအတာ တစ်ခုအထိတော့ လင့်တွေ ဖြုတ်ထားတာ အကောင်းဆုံး ဖြစ်မယ်လို့ အသိပေးချင်ပါတယ်..။
အခု ဒီပိုစ့်ကို ရေးဖြစ်တာကတော့ ပြဿနာ တက်နေကြတဲ့ ဘလော့မိတ်ဆွေ ညီကို မောင်နှမ များက သူတို့ လင့်တွေ ကွန်မန့်တွေထဲက လူတွေကို တစ်ယောက်ချင်း လိုက်ပြီး မရှင်းပြတတ် မရှင်းပြနိုင် ဖြစ်နေလို့ သိထားရအောင် သတိထားရအောင် ရှင်းလင်းရေးတွေ လုပ်ရအောင် ပိုစ့်လေး တစ်ခု နဲ့ ရှင်းပြပြီး သတိပေးပေးပါ လို့ တောင်းဆိုကြတဲ့ အတွက် ဒီပိုစ့်လေးကို ရေးဖြစ်တာပါ..အကူအညီ လိုခဲ့သည် ရှိသော် ကျွန်တော်ရဲ့ ဆိုဒ်ဘားမှာ ရှိတဲ့ အီးမေးလ် လိပ်စာ အတိုင်း ဆက်သွယ် နိုင်ပါတ်..။
PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။

Wednesday, February 9, 2011
//
အမ်ိဳးအစားက:
Blogger Tips and Tricks
//
16
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
16 ယောက်ကဒီလိုမြင်တယ် to "Blogspot နှင့် ဘလော့ဂင်းနေသူများ သို့ အထူးသတိပေးချက်"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
မမသီရိ says:
link အသေ ဆိုတာ ဘာလဲ မောင်လေး
နဲနဲ ရှင်းပြလို့ရမလား
မောငျပှလေး says:
မှတ်သားသွားပါတယ်ဗျာ။ ကျွန်တော်လည်း အဲလိုဖြစ်မှာကြောက်နေတာ။ ကျွန်တော့ Site ကို scan ဖတ်ကြည့်တာတော့ ok တယ်ဗျ။ :)
Anonymous says:
third party ဆိုတာ ကိုလင်းထက် ရှင်းပြ မှ ပဲ နားလည်တော့ တယ် ။ ဒါဆို ဆိုဒ်ဘား ထဲက ရှိသမျှတွေ ။blog link တွေ အားလုံး ဖြုတ်ချ ထား ရ တော့ မယ် ပေါ့ နော်။ comment တွေကို spamထဲ ထဲ့ ပြီးရင် ဘယ်လို ပြန်ယူသုံး ရ မလဲ ဆိုတာ ပြော ပြ ပေးပါဦး ။
http://sitecheck.sucuri.net/scanner မှာ စစ် ဆေး တာ ကရော ..ဘယ်လောက် ကြာ ရင် တခါလောက် စစ်ဆေးသင့် ပါ သလည် း ။
ကျေးဇူးတင် ပါ တယ် ။
ခင်မင်စွာဖြင့်
မကိ
Aung Naing says:
Link သေနေတာ နဲ့ Google က reported attack site အဖြစ်မသတ်မှတ်ဘူးထင်တယ်။ "This web site at ****.com has been reported as an attack site and has been blocked based on your security preferences.
Attack sites try to install programs that steal private information, use your computer to attack others, or damange your system.
Some attack sites intentionally distribute harmful software, but many are compromised without the knowledge or permission of their owners."
လင်းထက် says:
မမသီရိ@ လင့်အသေဆိုတာ အမ ချိတ်ထားတဲ့ ဘလော့မိတ်ဆွေ ရဲ့လင့်ဟာ သူက ဘလော့ကို ပိတ်သွားတာမျိုး မရှိတော့တာမျိုးကို ပြောတာပါ နောက် ဆိုဒ်ဘားမှာ အလှထည့်တဲ့ ဟာတွေရဲ့ လင့်တွေ မရှိတာ ဘလော့ တန်းပလိတ်ရဲ့ HTML ထဲက Javascript ရဲ့ လင့်တွေ မရှိတော့တာ အဲဒါတွေကို လင့်အသေတွေ လို့ ပြောတာပါ..
လင်းထက် says:
Aung Naing@ဟုတ်ကဲ့ ကျွန်တော်က အခု မြန်မာ ဘလော့လောကမှာ အဓိက ဖြစ်နေတဲ့ ပြဿနာကို ထောက်ပြတာပါ တစ်ချို့နိုင်ငံခြား ဆိုဒ်တွေကတော့ pop up နဲ့ သူတို့ဆိုဒ်က လင့်တစ်ခုခုကို နှိပ်ရင် တစ်ခြား ကြော်ညာလင့်ကို ရောက်သွားတာမျိုး ပရိုဂရမ်တွေ အော်တို ဒေါင်းလုဒ် လုပ်ခိုင်းတာမျိုး တွေလုပ်ထားတတ်ပါတယ် အဲဒါတွေကိုပါ သိမ်းကျုံးပြီး သူက သတိပေးတာပါ တစ်ခုချင်းစီတော့ သူလဲ လိုက်သတိ မပေးနိုင်ဘူးလေ ကျွန်တော်တို့ မြန်မာဘလေ့ာတွေမှာ တော့ အဲလိုမျိုး လုပ်ထားတာတွေ မရှိတတ်ဘူးလေ..
လင်းထက် says:
third party ဆိုတာ ကိုလင်းထက် ရှင်းပြ မှ ပဲ နားလည်တော့ တယ် ။ ဒါဆို ဆိုဒ်ဘား ထဲက ရှိသမျှတွေ ။blog link တွေ အားလုံး ဖြုတ်ချ ထား ရ တော့ မယ် ပေါ့ နော်။ comment တွေကို spamထဲ ထဲ့ ပြီးရင် ဘယ်လို ပြန်ယူသုံး ရ မလဲ ဆိုတာ ပြော ပြ ပေးပါဦး ။
http://sitecheck.sucuri.net/scanner မှာ စစ် ဆေး တာ ကရော ..ဘယ်လောက် ကြာ ရင် တခါလောက် စစ်ဆေးသင့် ပါ သလည် း ။
ကျေးဇူးတင် ပါ တယ် ။
ခင်မင်စွာဖြင့်
မကိ
*******************************************
မကိ ကိုသဘောပြောပြတာပါ နာရီတွေ ကောင်တာတွေ ဖြုတ်စရာမလိုပါဘူး comment တွေကို spamထဲ ထဲ့ ပြီးရင် အဲဒီ အပေါ်ဆုံးမှာ Published နဲ့ Spam ဆိုတာ နှစ်ခု ရှိပါတယ် မကိ Comments ထဲ ဝင်တာနဲ့ အရင်ဆုံး Published ထဲ အရင်ရောက်တာပါ ဘေးက Spam ဆိုတာလေး နှိပ်ပြီး ကိုယ်ပြန်ထည့်ချင်တဲ့ ကွန်မန့်ကို Not Spam ဆိုတာလေး ပြန်လုပ်လိုက်ရင် ပြန်ပေါ်လာမှာပါ..စစ်တာကတော့ ကိုယ်ကွန်မန့်တွေ ဖွင့်ထားတယ် လင့်တွေ ပြန်ထည့်ထားတယ်ဆိုရင် အခုလောလောဆယ်တော့ တစ်ရက် တစ်ခါ နှစ်ရက် တစ်ခါလောက် စစ်ကြည့်ပေါ့
ကိုပခန်း says:
ကျွန်တော် Sucuri က တဆင့် စစ်တော့ imageshack က ယူသုံးထားတဲ့ ပုံတစ်ချို့က code တွေကို ကို malware အဖြစ်ပြပါတယ်။ ပုံတင်ဖို့အတွက်ဖြစ်စေ၊ malware အပိုင်းအတွက်ဖြစ်စေ၊ အကြံတစ်ခုလောက် ပေးစေချင်ပါတယ်ခင်ဗျာ။ နည်းပညာမျှဝေမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
ကိုပခန်း
လင်းထက် says:
ကိုပခန်းဆိုဒ်လင့်ကို စီဘောက်ထဲမှာ ဖြစ်ဖြစ် ထားခဲ့ပေးပါလား ကြည့်ကြည့်ရအောင်လို့ တစ်ခါတစ်လေ လင့်ငါးခု ခြောက်ခုလောက် ပူးပြီး ပြတတ်ပါတယ် ဒါပေမယ့် တကယ်ဖြစ်နေတဲ့ တစ်ခုကို ဖျက်တာနဲ့ ကျန်တဲ့ ငါးခုက အကုန် Clear ဖြစ်သွားတတ်တာ တွေ့နေမိလို့ပါ..။
May everybody be happy and healthy! says:
ကျေးဇူးပါအကို...
တာတူး says:
အကိုရေ
ကျနော် တစ်ခုမေးချင်လို့ပါ ။
ကျနော်တို့ Blog ကို စစ်ကြည့်တော့ report ၁၀ခု လောက် တက်လာတယ်။ main page နဲ့ နောက် အသစ်တင်တဲ့ post တွေမှာ ရှိနေတယ် ။
အဲဒီ post တွေမှာ ဘာ comment မှ မရှိပါပဲ ရှာလို့ မရ ဖြစ်နေတာ။ ဘယ်လို လုပ်ရမလဲ အကြံပေးလို့ ရမလား ခင်ဗျာ ။
ကျေးဇူးတင်စွာဖြင့်
တာတူး
http://ver-bo-ten.blogspot.com/
လင်းထက် says:
တာတူး@ သူတို့ဖန်တီးတဲ့ အသစ်၊ အသစ်တွေ။ ဆိုတဲ့ ဘလော့လစ် ကို တစ်ခုချင်းသေချာ စစ်ကြည့်ပါ ဒါမှ မဟုတ်လဲ ဖြုတ်လိုက်ပြီး ပြန်စစ်ကြည့်ပြီးမှ Clear ဖြစ်သွားပြီ ဆိုရင် တစ်ခုခြင်း စစ်ပြီး ပြန်ထည့်ကြည့်ပါ..။
Anonymous says:
ကို လင်းထက်ရေ
ကျေးဇူးပဲ ဗျို့
malware ကင်းသွားပြီဗျို့ .
:D
လေးစားခင်မင်စွာဖြင့်
တာတူး
ဒေါင်းမင်း says:
ကျေးဇူးတင်ပါတယ်အခုလိုရှင်းပြပေးတာ
ဇနပုဒ်ရွာသား says:
ဘုရား၊ဘုရား ကျွန်တော်ကအခုမှဘလော့ရူးထတာ..
ပြန်စစ်ကြည့်လိုက်အုံးမယ်အစ်ကိုရေ..
ကျေးဇူးပဲဗျာခုလိုသေချာရှင်းပြပေးထားတဲ့အတွက်
ဟန်မျိုးနိုင် says:
ကျေးဇူး တဂျီး ကျနော့ အစ်မ ဆိုဒ်အဲလို ဖြစ်နေတာ အခုတော့ သိပြီ