The Burmese Harp (ဗမာ့စောင်း)

ကြည့်ဖူးသိဖူး ပြီးသားလူတွေ ရှိချင် ရှိကြမယ် ကျွန်တော်တော့ အခုမှ ကြည့်ဖူးတယ် ဒါကြောင့် ကိုယ့်လိုပဲ ကြည့်ချင်တဲ့ လူတွေ အတွက် ရှားပါး ရုပ်ရှင် ဇာတ်ကား တစ်ကား တင်ပေးလိုက်ပါတယ် အဲဒါကတော့ မူရင်းဂျပန် ဂျပန်ဘာသာဖြင့် (ビルマの竪琴 Biruma no tategoto)  မြန်မာ ဘာသာဖြင့် "ဗမာ့စောင်း" ဟာ ဒါရိုက်တာ Kon Ichikawa ရိုက်ကူးသော စစ်ဆန့်ကျင်ရေး အဖြူအမဲ ရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ် ပါတယ်...။

ဒုတိယ ကမ္ဘာစစ် မြန်မာပြည်ရောက် ဂျပန်စစ်သား တစ်စုကို ဇာတ်အိမ်တည်ထားကာ မြန်မာပြည်တွင် လာရောက် ရိုက်ကူးခဲ့ပြီး မြန်မာပြည် ရိုက်ကွင်းများအတွက် အေဝမ်း ရုပ်ရှင်မှ ကူညီပေး ခဲ့ပါတယ်။

ဒါရိုက်တာ Kon Ichikawa အား ကမ္ဘာကသိစေခဲ့သော အော်စကာဆု နောက်ဆုံး စကာတင် စာရင်းဝင်ခဲ့သည့် ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ် ခင်ဗျာ..။

July, 1943: Japan's army is on the run. A platoon in Burma sings to keep its spirit up. Inspiration comes from their self taught lute player, Mizushima. At war's end, while they await repatriation at Mudon prison camp, Mizushima is sent to convince a Japanese company dug into a mountain that it must surrender. He fails, the British attack, many die, and his companions fear he's been killed. However, he has survived and disguised himself as a Buddhist priest. En route to Mudon to join his comrades, the frequent sight of dead Japanese soldiers overwhelms him. He vows to live a life of prayer, burying bones and bodies; his friends want him to return with them to Japan. Written by {jhailey@hotmail.com}



ဘာသာစကား (language) - ဂျပန် (Japanese)
စာတမ်းထိုး (Subtitle) - အင်္ဂလိပ် (English)
ရုံတင်သည့်နှစ် (Date of Release) -၁၉ ၅၆ (1956)
အမျိုးအစား (Gerne) - သမိုင်း၊ စစ် (War)
Ref:http://www.i-filmfest.blogspot.com/
Read more


ငါတို့ ဘယ်တော့မှ မရှုံးဘူး သူငယ်ချင်း

ပုံကို www.hteinlin.com မှ ရယူပါသည်..။

(နေနွယ်သို့)


ငါတို့ ရှုံးခဲ့ကြတယ်
ငါတို့ ဘယ်တော့မှ မရှုံးဘူး

ငါတို့ နိုင်ခဲ့ကြတယ်
ငါတို့မှာ အရှုံးတန်းလန်းနဲ့

သူငယ်ချင်း
မနည်းပါဘူး နှစ်ပေါင်း ငါးဆယ် ကျော်ကျော်ဆိုတာ
သူငယ်ချင်း
မနည်းပါဘူး တော်လှန်ရေး ၂ ခု ၃ ခုကို ဖြတ်ကျော်ဖူးခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး ဖွဲ့နွဲ့ရခက်တဲ့ ဘဝမျိုးတွေ ချုပ်သီခဲ့ရတာ
သူငယ်ချင်း
မနည်းပါဘူး အနုပညာဆိုတာနဲ့ သရ့ိုးသရီနေထိုင်တတ်ခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး ဆုတ်စရာရှိရင် အောင်မြင်စွာ ဆုတ်ခွာတတ်ခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး သံသရာကိစ္စ ကလော အင်းလေးမှာ တို့ထိခွင့်ရခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး အရေးဟဲ့ အကြောင်းဟဲ့ဆို ရဲဘော်ရဲဘက် တချို့ရှိခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး
အနည်းဆုံး တကယ့်သူငယ်ချင်း ၁ ယောက်တိတိရှိခဲ့တာ

ဒီဇင်ဘာ ၂၄ မင့်မွေးနေ့
ငါ အမှတ်တမဲ့ ဖုံးဆက်မိတာ
ဒီ မစို့မပို့ ကဗျာလေး ရေးဖြစ်ဖို့မျှ..
ဒါ့အပြင်
ဒီညအဖို့ နောက်ဆုံးခွက်ကို မင်း သပ်သပ်ယပ်ယပ် မြှောက်ပြီး
ကျကျနန မော့သောက်လိုက်ဖို့မျှ…

ဒီမှာ သူငယ်ချင်း
ဘယ်လိုမဆို ငါတို့ နိုင်ခဲ့ကြတယ်
ငါတို့မှာ အရှုံးတွေ တန်းလန်းနဲ့..။ ။

ခင်အောင်အေး
၂၄၊ ဒီဇင်ဘာ၊ ၂၀၁၀ ဘန်ကောက်ချိန် ၂၁း၀၇ နာရီ
Read more


Blogger များအတွက် မြန်မာပြက္ခဒိန် (ဝင်းဒိုးဆိုဒ်ဘားစတိုင်)


ကျွန်တော်တို့ ဝင်းဒိုး ဗစ်စတာ တို့ ဝင်းဒိုး ဆဲဗင်း တို့က ဆိုဒ်ဘားမှာ ရှိတဲ့ ပြက္ခဒိန် စတိုင် မြန်မာ ပြက္ခဒိန် လေးကို မိမိတို့ ဝဘ်ဆိုဒ်တွေ ဘလော့တွေရဲ့ ဆိုဒ်ဘားမှာ ထည့်လို့ရပါပြီ..။

အောက်က ကုဒ်လေးတွေကို ကူးပြီး ထည့်လိုက်ရုံပါပဲ..

<center><img style="width: 200px; height: 200px;" src="http://www.myanmarcalendar.org/img_calendar.php?Curdt=1307443241&amp;GMT=-120" id="mm_clendar" alt="Myanmar Calendar" border="0" /></center>
    <script language="JavaScript">
var now = new Date();var ts  = Math.round(now.getTime() / 1000); var offset = now.getTimezoneOffset();
// mm_clendar.src = eval("'http://www.myanmarcalendar.org/mcalendar.php?Curdt='+ts+'&GMT='+offset");
document.getElementById('mm_clendar').src = eval("'http://www.myanmarcalendar.org/img_calendar.php?Curdt='+ts+'&GMT='+offset");</script>


Ref:http://myanmarcalendar.org/

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


ငါနဲ့ ဒီပရက်ရှင်ဆိုတဲ့ ငနဲနဲ့


ငါ ဘာလို့စိတ်ကျရမှာလဲ
ငါ အချိန်မရွေး တီဗီ ခလုတ်ကိုဖွင့်လိုက်လို့ရတယ်
ငါ အချိန်မရွေး ကြက်ဥ တစ်လုံးလုံးကို ကောက်ကြော်လိုက်လို့ရတယ်
ငါ အချိန်မရွေး စာအုပ်တစ်အုပ်အုပ် ဆွဲယူ ဖတ်ရှုနေလို့ရတယ်
ငါ အချိန်မရွေး ကွာတားပင် ကောက်စွတ် ၇ ဘတ်ဖိုး ကားပတ်စီးနေလို့ရတယ်
ငါ အချိန်မရွေး မြစ်ကို ဖြတ်ပြီး ဖယ်ရီသငေ်္ဘာစီးလို့ရတယ်
ငါ အချိန်မရွေး ရေခဲသေတ္တာဖွင့်ပြီး တစ်ခုခု ပါးစပ်ထဲ ပစ်ထည့်လို့ရတယ်
ငါ အချိန်မရွေး အင်တာနက်ဖွင့်ပြီး ငါ့ကိုဖော်ရွေချင်စိတ်မရှိတဲ့သူတစ်ယောက်ယောက်ကို ဟိုင်း လို့
                                                                                           စာရိုက်ထည့်လို့ရတယ်
ငါ အချိန်မရွေး မျိုးချစ်စိတ်ရှိကြောင်း ဗလောင်းဗလဲ ပြောလို့ရတယ်
ငါ အချိန်မရွေး ရေထ ချိုးချင် ချိုးလို့ရတယ်
ငါ အချိန်မရွေး သိချင်ရာရာကို ဆာ့ချ်အင်ဂျင်ထဲ ရိုက်ထည့်ပြီးရှာဖွေမွှေနှောက်လို့ရတယ်
ငါ အချိန်မရွေး လိင်ပိုင်းဆိုင်ရာ အလိုဆန္ဒတွေ ပိုက်ဆံအထိုက်အလျောက်သုံးပြီး ဖြေရှင်းလို့ရတယ်
ငါ အချိန်မရွေး ငါ မနှစ်လိုတဲ့ကိစ္စတွေကို ငါ ငြင်းပယ် နေလို့ရတယ်
ငါ အချိန်မရွေး စပါးကြီးမြွေလို တခုခု မြိုထားပြီး အကြာကြီးငြိမ်နေလို့ရတယ်
ငါ အချိန်မရွေး အရှေ့အနောက်တောင်မြောက် ကီလိုမီတာ ထောင်သောင်းခရီးဆန့်လို့ရတယ်
ငါ အချိန်မရွေး အနုပညာကိစ္စ တခုမဟုတ် တခုခုနဲ့ ပါတ်သက်ယှက်နွှယ်နေလို့ရတယ်
ငါ အချိန်မရွေး အစိုးရမကောင်းကြောင်း(ပြောချင်ရင်)ပြောလို့ရတယ်
ငါ အချိန်မရွေး အခင်းကြီး အခင်းလေး သွားလို့ရတယ်
ငါ အချိန်မရွေး ဓမ္မဒိဌာန်မေးခွန်းတွေ အပျင်းပြေ ဖြေနေလို့ရတယ်
ငါ အချိန်မရွေး ရာသီဥတုကို တုံ့ပြန် ချိန်ညှိနေလို့ရတယ်
ငါ အချိန်မရွေး အနည်းဆုံး တယောက်မဟုတ်တယောက်ကို အရေးပေါ်အခြေအနေ ကြေညာလို့ရတယ်
ငါ အချိန်မရွေး အရှုံးကို နှစ်နှစ်ကာကာ ပွေ့ဖက်လိုက်လို့ ရတယ်
ငါ အချိန်မရွေး အားလျားမှောက်လိုက် ပက်လက်လှန်လိုက် ဘေးတစ်စောင်းလျောင်းလိုက် နေလို့ရတယ်
ငါ အချိန်မရွေး လုပ်လို့ရတာတွေ အများကြီးပဲ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေထက်တောင် များသေးရဲ့

ဒါပေမယ့်..
ငါ အချိန်မရွေး ငါတကယ်လုပ်ချင်ဖြစ်ချင်တာကို လုပ်လို့ (ဖြစ်လို့) မရဘူး
ဒါပေမယ့်..
ငါ ဘာလို့ စိတ်ကျ ရမှာလဲ..
ငါ လုပ်နိုင်တာတွေ ဒီကမ္ဘာကြီးပေါ်မှာ တပုံတပင်ကြီး(အထက်က စာရင်းရှု)

ငါ စိတ်မကျကြောင်း
အချိန်မရွေး စိတ်မကျကြောင်း
အချိန်မရွေး စိတ်မကျအောင် အချိန်မရွေး ငါ့ကိုယ်ငါ တည်ဆောက်ပုံအကြောင်း
ငါ အချိန်မရွေး….
အချိန်မရွေး ငါ….။ ။

ခင်အောင်အေး
၁၀၊ ဒီဇင်ဘာ၊ ၂၀၁၀ ဘန်ကောက် ၁၄း၂၁ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts