Office 2013-16-19 Activator


မနေ့က ကွန်ပြူတာ သုံးနေရင်း office ဖွင့်ကြည့်လိုက်တော့ active လုပ်ပါဆိုပြီး စာနီကြီး ပေါ်နေတယ်..

ဟ ဘယ်လိုဖြစ်တာလဲပေါ့ လက်တော့ပ်က ဝယ်ပြီးကတဲက အဲ့ဒါတွေ ပါလာပြီးသား active ြဖစ်ပြီးသား ၆ နှစ်တောင်ရှိပြီ သုံးလာတာ အခုမှ ဒါကြီး ထဖြစ်တော့ စိတ်တော့ နဲနဲ ညစ်သွားတယ် ဘာလို့လဲဆိုတော့ ဘယ်လိုလုပ်ရမလဲ ဆိုတော့ သိပေမယ့် အလုပ်ရှုပ်တော့မှာမို့...

ဒါပေသိ တကယ်လုပ်တော့လဲ လမ်းကြောင်းသိပြီးသားမို့ လိုတဲ့ Activator လေးရှာ ဒေါင်းလုဒ်ဆွဲ run လိုက်တော့ အိုကေသွားတယ်..

ဒီတော့ မိတ်ဆွေတို့လဲ အော့ဖစ်တွေ စာတန်းနီပေါ်ပြီး active လုပ်ခိုင်းနေရင် ဒါလေးနဲ့ ကစ်လိုက်.

ဖိုင်ဒေါင်းပြီး rar ဖြေခါနီးရင် စီကျူရတီတွေ ဖိုင်းယားဝေါတွေတော့ ခဏပိတ်ပေးထား

အင်စတောလုပ်နည်း အက်တစ်ဗ် လုပ်နည်းတွေ မသိရင်လဲ ဗွီဒီယိုတင်ပေးထားတယ် အင်စတောလုပ်ပြီးသားဆိုလဲ ကျော်ပြီး အက်တစ်ဗ် လုပ်နည်းကြည့်သာလုပ်...
Office Activator 2013_2019_C2R.rar ဒေါင်းလုဒ် လုပ်ရန် ပုံကို နှိပ်ပါ


 

 အင်စတောလုပ်နည်း အဆင့်ဆင့် ဗွီဒီယို
 


PS:ဤ ဘလော့တွင် ဖော်ပြထားေသာ ဆော့ဝဲလ်များ ဘလော့နှင့် သက်ဆိုင်သော နည်းပညာများကို အခြားအခြားသော ဘလော့များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျနော့ ဘလော့တွင် တင်ထားသမျှသည် ကျနော် လိုချင်သောအခါ အလွယ်တကူ ရရှိရန်နှင့် မရှိသေးသောသူများ အတွက် ရည်ရွယ်ပါသည်..။
Read more


ငှက်ကလေး



“ဟိုး မိုးကောင်းကင်အစပ်မှာ ခပ်ရေးရေး လှမ်းမြင်နေရတာ ငါ့ ‘ငှက်ကလေး’ လား”

 ပြီးခဲ့တဲ့ မေ၊ ဇွန် လတွေမှာ ကိုယ်ဟာ PEN American က ကမကထ ပြုပြီးကျင်းပတဲ့ World Voice Literature Festive ကို တက်ရောက်ပြီး ကဗျာရွတ်ဆိုတဲ့ ကိစ္စ၊ ကဗျာ အကြောင်းဆွေးနွေးတဲ့ ကိစ္စတွေ အပြီးမှာ အဲ့ဒီမှာ အခြေစိုက်နေကြပြီဖြစ်တဲ့ နှစ်ပေါင်း များစွာ ကတည်းက ခင်မင်ရင်းစွဲရှိခဲ့သူ တချို့ကို အကြောင်းပြုပြီး ချက်ခြင်း မပြန်ပဲ US မှာ ရက်သတ္တပတ် အနည်းငယ်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်တမ်း ကျတော့ ဟိုမှာ ရက်နည်းနည်း၊ ဒီမှာနည်းနည်းနဲ့ New York မှာ သိပ်မကြာလိုက်ပဲ၊ ညီမကြီး မေငြိမ်း ရဲ့ တစ်ချက်လွှတ် အမိန့်တော်အရ မေလ ကုန်ကာနီး နောက်ဆုံးပတ်မှာ ထင်ပါရဲ့၊ သူ နေထိုင်ရာ ဝါရှင်တန်မြို့နဲ့ မနီးမဝေးက Twin Brook ဆိုတဲ့ မေရီလင်းန်ဒ် ပြည်နယ် ထဲက မြို့ကလေးမှာ ရက်သတ္တပါတ် အတန်ကြာ တည်းခိုနေထိုင် မွေ့လျော်ခဲ့ရပါတယ်။ 

ကိုယ် သူ့အိမ်မှာ တည်းခိုနေခဲ့တဲ့ ရက်တွေ အတွင်းမှာပဲ၊ ကိုယ် မပြန်ခင် ရက်ပိုင်းမှာပဲ သူ့မွေးနေ့နဲ့ တည့်တည့်ကြုံကြိုက်တဲ့ အခါ ကိုယ့်မှာလဲ စာ လက်ဆောင်က လွဲလို့ဘာမှ ပေးနိုင်ခြေ မရှိတာမို့ “မေငြိမ်းအတွက် မထူမပါး အက်ဆေးတစ်ပုဒ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားပြေလေး တပုဒ်ရေးပြီး ပို့စ်တင်ခြင်းနဲ့ သူ့ကို မွေးနေ့ လက်ဆောင် ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ပို့စ်လေးထဲမှာပဲ -- 

“သူ့မွေးနေ့မှာ ကိုယ်ကလည်း ဘာမှ ထိုက်ထိုက်တန်တန်လက်ဆောင်ရယ်လို့မပေးနိုင် ပေမယ့် သူ့အိမ်ပရဝုဏ် သူ့ရိပ်မြုံကလေးမှာ ကိုယ် ကဗျာတွေ ရေးဖြစ်တာမို့ အဲ့ဒီ ကဗျာ တွေကိုသာ သူ့ကို လက်ဆောင်အဖြစ် ပေးချင်ပါရဲ့။ ရုတ်တရက်ဆိုတော့ e-Book ကလေး လုပ်ပြီးပေးချင်တာ၊ ချက်ခြင်းတော့ ဆန္ဒမပြည့်လောက်ဘူးထင်ပါရဲ့။ ဒါပေမယ့် လက်ဆောင် ဆိုတာလည်းစောတယ် နောက်ကျတယ် မရှိတာမို့ သူ့ network ကိုယ့် network ထဲက ဘယ်သူမဆို ဒီကိစ္စလေးဖြည့်ဆည်းဆောင်ရွက်ပေးဖို့ ပေါ်ပေါက်လာမယ် ဆိုရင်တော့ ဒီ E-Book ကလေး ဖြစ်မြောက်လာလိမ့်မယ်လို့ ယုံကြည်မြော်လင့်မိပါတယ်” 

 လို့ တကယ် စိတ်ထက်သန်မှုနဲ့ ရေးခဲ့ပေမယ့်၊ ဇွန်လ ၂၄ ရက်နေ့ ကိုယ် ဘန်ကောက်သာ ပြန်ရောက် လာတယ်။ အကောင်အထည်တော့ မပေါ်နိုင်ခဲ့ပါဘူး။ ကိုယ့် တိုင်တည်မှု ကိုတောင် ကိုယ် သံသယ ဖြစ်မိပါရဲ့။ ဒါနဲ့ ဇူလိုင်လရဲ့ ရက်တွေထဲမှာ တင်မင်းထက်ကို e-book ကလေး တခု လုပ်ပေးနိုင်မလား လို့လှမ်းမေးတော့ သူက အားတက်သရောနဲ့ အာမဘန္တေခံခဲ့ပါတယ်။ ဒါနဲ့ ကိုယ် ကဗျာလေးတွေ ရွေးကြည့်ပါတယ်။ မေရီလင်းန်ဒ်မှာ နေခဲ့စဉ်ကာလ ကဗျာအတော် များများ ရေးဖြစ်ခဲ့တဲ့ အထဲက အမှတ်တရဖြစ်အောင် အဲဒီကဗျာတွေကို e book လုပ်မယ်လို့ ရည်ရွယ်ခဲ့ပေမယ့် ခက်တာက ကိုယ်က စိတ်နဲ့ငြိရင် ငြိသလို ဘယ်နည်းနာနဲ့ မဆို ကဗျာ ကို ကောက်ရေး တတ်တာမို့ ကဗျာ အမျိုးအစားတွေက အမျိုးမျိုးဖြစ်နေတဲ့အပြင် ‘နှစ်ကာလများ’ ကနေပြီးတော့ ကိုယ့်လုံးချင်း ကဗျာစာအုပ်လေး တစ်အုပ်ဖြစ်မြောက်ဖို့လဲ စိုင်းပြင်းနေတဲ့အချိန် ဖြစ်တာမို့ အဲဒီ စာအုပ်အတွက် ကဗျာတွေ ယူလိုက်ပြန်တော့ e book အတွက် သိပ်မကျန် တော့ဘူး ဖြစ်သွားပြန်ရော။ ဒါနဲ့ e book ဖြစ်မြောက်ရေးဟာ ကိုယ့်ဟာကိုယ် ရှုပ်ထွေးမှုတွေ နဲ့ပဲ ကြန့်ကြာပြီး ဗမာပြည်ကို ပြန်ဖို့ အကြောင်းက ဖန်လာ၊ အင်တာနက် အဆင်မပြေလို့ တင်မင်းထက် နဲ့လည်း အဆက် အသွယ်ပြတ် ဖြစ်ကုန်ပြီး ‘သာ၍ ဝေးရာဆီသို့ပါ’ ဆိုတဲ့ တက္ကသိုလ် ဘုန်းနိုင် ဝတ္ထုခေါင်းစဉ် အတိုင်း ဖြစ်ခဲ့သပေါ့။ 

ဒါနဲ့ပဲ ဟိုအစ ဆွဲလိုက် ဒီအစ လွတ်လိုက်နဲ့ တိုတိုပြောရရင်တော့ စက်တင်ဘာလ ထဲသာ ရောက်လာခဲ့တယ် e-book က အကောင်အထည် မပေါ်လာခဲ့ဘူး ဆိုပါတော့။ အဲဒီ ကြားထဲ မှာပဲ ပန်ဒိုရာနဲ့ ချက်တင် စကားပြောဖြစ်ရာမှာ ကိုယ့် ငှက်ကလေး ကဗျာတွေကို အင်္ဂလိပ်လို ဘာသာပြန်ပေးဖို့ သဘော တူညီမှုရခဲ့ပါတယ်။ သူ့ဆီက ခပ်မြန်မြန် ဘာသာပြန်ပြီးသားတွေ ကိုယ့်ဆီ ရောက်လာ တဲ့အခါမှာတော့ ကိုယ်ဟာ ဒီ ငှက်ကလေး ကဗျာစုကိုပဲ e book အဖြစ် လုပ်ဖို့ ရုတ်တရက် ချက်ခြင်းပဲ ဆုံးဖြတ်ချက် ချလိုက်နိုင်ပါတယ်။ ဒါနဲ့ လူမြင်ကွင်းမှာသာ အကောင် အထည်ပေါ် မလာသေးပေမယ့် နောက်ကွယ်မှာ ညီ လင်းထက်နဲ့လွဲလိုက်မိလိုက်နဲ့ ‘ငှက်ကလေး’ ဟာ e book အသွင်ကို ဆောင်ဖို့ရာ အကြမ်းထည်ကလေး ပြီးစီးခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကေသွယ်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇူလိုင် ၃၁ ရက်နဲ့ တိုက်ဆိုင်နေပြန်တာမို့ သူ့ကို ပါ နှစ်စဉ် ပေးနေကျ အတိုင်း ကဗျာ လက်ဆောင်လေးပေးဖို့ သတိရသွားပြီး ရည်ညွှန်းစာ ကလေးပါ ထည့်သွင်းပြီး အဲဒီ အကြမ်းထည် ကလေးကိုပဲ သူ့ဆီ မေးလ်ကနေပို့ဖြစ်ခဲ့ပါရဲ့။ မေငြိမ်းဆီကိုတော့ အချောပြီးမှ ပို့စ်တင်ပြီး အံ့သြ ဝမ်းသာစေမယ်လို့ စိတ်ထဲကကြိတ်ပြီး တွေးထားလိုက်ပါတယ်။ ခုလောက်ကြာသွားလိမ့်မယ်လို့လဲ မထင်မိပဲကိုး။ 

 ဒီလိုနဲ့ပဲ အဲဒီ အကြမ်းထည် ငှက်ကလေး ကနေ အချောဘဝကို ကူးပြောင်းဖို့ နောက်ထပ် ရက်သတ္တပါတ်တွေ စိတ်ရှည် လက်ရှည်ကျော်လွှားရပြန်ပါတယ်။ ဒီကြားထဲမှာ သြဂတ်စ်လ ၂၂ နဲ့၂၃ နေ့တွေမှာ ဘန်ကောက်မြို့တော်ရဲ့ အထင်ကရဖြစ်တဲ့ Ramkhamhaeng Uni – versity မှာ အာဆီယံ အဆင့် ကဗျာဆိုင်ရာညီလာခံ တစ်ခုကို တက်ရောက်ပြီး ကဗျာရွတ်ဆို ဖို့ကြုံကြိုက် လာပြန်တော့ အဲဒီပွဲမှာ တက်ရောက်လာကြတဲ့ ကဗျာဆရာ စာရေးဆရာတွေကို အမှတ်တရလည်းဖြစ် ကိုယ့် ကဗျာရေးပုံကို ရိပ်စား မိစေချင်တာနဲ့ ဒီ အကြမ်းကလေးကိုပဲ အုပ် ၂၀လောက် ပရင့်ထုတ်ပြီး ဝေငှဖြစ်ခဲ့ပါတယ်။ ဒီအထိလည်း ငှက်ကလေးဟာ အချော ထည်ဘဝကို ရောက်လာဖို့ ဝေးနေဆဲပါပဲ။ ညီလေး လင်းထက် ခမျာလည်း တစ်နေ့ကုန် အလုပ်လုပ်ရ၊ အိမ်ပြန်ရောက်ချိန်က ညတိုင်း ည ၁၀ နာရီမှ။ ဒါကို သိနေတော့ ကိုယ်ကလဲ သိပ်ပြီး တွန်းတွန်းတိုက်တိုက် မပြောချင်တော့ပဲ ငှက်ကလေး အပြီးသတ်ချောမွေ့ဘို့အရေး ဟာ နှေးတုံ့လေးလံနေရပြန်ပါတယ်။ ဒါနဲ့ နောက်ဆုံး တင်မင်းထက် ကိုပဲ အားနာနာနဲ့ ဒီအကြမ်းထည် ကလေးကို ပြန်ချောပေးဖို့ အပူကပ် ရပြန်ပါတော့တယ်။ လင်းထက် ဆီက ကိုယ် ပြင်ချင်တာလေးတွေ ပြန်ပြင်ပြီး ပို့ပေး လာတဲ့အခါ ကျတော့ တင်မင်းထက် ကလည်း သူ Touching လုပ်ထားတဲ့ Proof ကလေး လှမ်းပို့လာပါတယ်။ ဒါနဲ့ပဲ ငှက်ကလေးဟာ တရွေ့ရွေ့နဲ့ Publish လုပ်နိုင်တော့မယ့် အခြေအနေနဲ့ နီးကပ်သထက် နီးကပ် လာပါတော့ တယ်။ 

ဒီကြားထဲမှာ ငှက်ကလေးရဲ့ ကံဇာတာ တက်လာပြန်တာက၊ စာအုပ်ဝေငှလိုက်တဲ့ အထဲက Chulalongkorn Unversity လက်အောက်ခံ Art of Faculty ရဲ့ Department of Compa- Rative မှာ သင်ကြားပို့ချနေတဲ့ Associate Professor Dr. Trisil က ငှက်ကလေးကို သိပ် သဘောကျသူ တစ်ယောက်ဖြစ်ပြီး ကိုယ့်ကို Chulalongkorn ကို အလည်လာဖို့ email နဲ့ ဖိတ်ကြားခဲ့တယ်။ အဲ့ဒီ တွေ့တဲ့နေ့မှာပဲ သူ့ PhD တန်းကျောင်းသားတွေနဲ့ Undergraduate ကျောင်းသားတွေကို ကဗျာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ဗမာကဗျာ/စာပေနဲ့ပတ်သက်တာ၊ ဟောပြောပေးဖို့နဲ့ ကိုယ့်ရဲ့ ငှက်ကလေး ထဲက ကဗျာတွေ ရွတ်ပြဖို့ ဖိတ်မန္တက ပြုခဲ့ပါတယ်။ဒီအကြောင်းကို ကိုယ့်ရဲ့ တောင်တောင်အီအီ အတွေးများ မှတ်စု မှာ ရေးအုန်းမှာမို့ ထားခဲ့ပါ အုန်းမယ်။ ဟောပြောရမှာကလည်း ဒီနေ့သိ၊ နောက်နေ့ ဟောပြော ဆိုတော့ တင်မင်းထက် ကို အချော မပြီးသေးဘူးလား မမေးသာတော့ပဲ။ ဒုတိယမူကြမ်း (Proof) ကိုပဲ ပရင့်ထ် ထုတ် ပြီး ကျောင်းသားတွေကို ဝေငှဖို့ စီစဉ်လိုက်ရပါတယ်။ ခုလို အထင်ကရ တက္ကသိုလ်တစ်ခုမှာ ကိုယ့်ကဗျာတွေ ရွတ်ဆိုခွင့် ရခဲ့ခြင်းဟာ ငှက်ကလေးက ကိုယ့်ကို တုံ့ပြန်ဆောင်ကြဉ်းပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင် တစ်ခုလို့ ကိုယ်ခံယူမိပါရဲ့။ 

ဟော အခုတော့ဖြင့်၊ ‘ငှက်ကလေး’ ဟာ ခင်ဗျားတို့ ဖတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ငှက် ကလေး စင်ပေါ်ရောက်လာဖို့ ထစ်ငေ့ါကြန့်ကြာခဲ့တာတွေကို အဆိုးမြင်စိတ်နဲ့ ဖော်ကောင် လုပ်ခဲ့တာ မဟုတ်ပဲ၊ ကိုယ့်ရဲ့ ကံကြမ္မာကိုယ်က ကဗျာစာအုပ် လုပ်ဖို့ဆို အမြဲနှောင့်နှေးတတ် တာကို ပေါ်လွင်စေချင်တာ တစ်ကြောင်း၊ လူများစုဟာ စင်ပေါ်မှာ က ပြ အသုံးတော် ခံနေတဲ့ ဇာတ်ကွက် ဇာတ်လမ်း ကိုသာ မိန်းမောကြည့်ရှု ဆုံးဖြတ် တတ်ကြပြီး ကန့်လန့်ကာ နောက် ကွယ်မှာ ဒီလို တင်ဆက်က ပြနိုင်ဘို့ ဘယ့်ကလောက် ပြင်ဆင်ရ၊ အခက်အခဲ တွေကြုံရတယ် ဆိုတာ သိနိုင်ခဲ တဲ့ လူ့သဘာ၀ တစ်ခု ကိုလည်း ပြောပြပြီး ဖြစ်စေချင်လို့ပါ။ ငှက်ကလေး ကဗျာ တွေ ဘယ်လို စ မြစ်ဖျားခံပြီး ရေးဖြစ်တယ် ဆိုတာတော့ e book ကလေးရဲ့ အမှာစာမှာ ပါပြီး မို့ ထပ်ပြီး မရေးတော့ပါဘူး။ ဒီစာအုပ် ရည်ညွှန်းချက်မှာ ပါတဲ့ မေငြိမ်းနဲ့ ကေသွယ် တို့တင်မက ကိုယ့် စာဖတ်သူများ အားလုံးလည်း ငှက်ကလေး နဲ့ အေးအေးဆေးဆေး တွေ့ဆုံနိုင်ကြပါပြီ။ ခုလို တွေ့ဆုံနိုင်ဘို့မှာ အင်္ဂလိပ်  ဘာသာပြန်ဆိုပေးတဲ့ ပန်ဒိုရာ၊ စာအုပ်အဖြစ် ဖန်တီးပေးကြ တဲ့ ညီလေး လင်းထက်နဲ့ တင်မင်းထက် တို့ကို အပေါ်ယံနှုတ်ပြော မဟုတ်ပဲ ရင်ထဲအသည်း ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း ကွန်ပြူတာထက် အက္ခရာ တင်ရင်းဖြင့် -- 

ခင်အောင်အေး ၁၃ စက်တင်ဘာ ၂၀၁၃ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၀၄း၄၉ နာရီ 

Read more


The Dream Hotel(Myanmar)German TV Series

မြန်မာ့အလှ မြန်မာ့ရှုခင်း မြန်မာ့ယဉ်ကျေးမှု မြန်မာ့ မြင်ကွင်းတွေကို ဝေဝေဆာဆာနဲ့ လှပစွာ ရိုက်ကူးထားပြီး ဂျာမနီ နိုင်ငံ တဝှမ်းနဲ့ ဥရောပ တဝှမ်း မြန်မာကို သိအောင် ရိုက်ကူး တင်ဆက်ထားတဲ့ ဂျာမနီမှာ နိုင်ငံပိုင် တီဗွီလွှင့် ဌာနတွေကနေ လွှင့်ထုတ်ပေးနေတဲ့ စီးရီး ဇာတ်လမ်းတွဲ တွေထဲက တစ်ခုဖြစ်တဲ့ အိပ်မက်ဟိုတယ် ဇာတ်လမ်းတွဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က စပြီး အိပ်မက်ဟိုတယ်(မြန်မာပြည်) ကို ထုတ်လွှင့်ပေးသွားတာကို ကိုယ့် ရွှေမြန်မာတွေ ကြည့်စေချင်လို့ ပြန်ပြီး တိုက်ရိုက် ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်.. 

 ဂျာမန်စကားပြော ဖြစ်ပေမယ့် ရှုခင်းတွေ မြင်ကွင်းတွေ ရိုက်ကူးထားတာတွေ တစ်ကယ်ကောင်းလွန်းလို့ ကြည့်စေချင်ပါတယ်.။




Download video: MP4 format


Read more


ဗီယင်နာ ၃



လေယာဉ်ကြီး ပျံတက်သွားခဲ့တယ် ဗီယင်နာ..

လေဆိပ်မှာ မင်းကို ထားခဲ့ရတယ်
တရိပ်ရိပ်နဲ့ချန်ထားခဲ့ရတယ်
ပင့်သက်မောရှုခင်း အလှအပတွေကိုလည်း ထားခဲ့ရတယ်
လက်မှတ်ကုန်သွားလို့ မကြည့်လိုက်ရတဲ့
‘Heute im Foyer..’ အော်ပရာ ပြဇာတ်ကိုလည်း ထားခဲ့ရတယ်
ဗီသိုဗင်၊ မိုဇတ်နဲ့ သြခက်စထြာဘုရားတွေ ကိန်းအောင်းရာ
ဘုရားကျောင်း စုလစ်မွန်းချွန်တွေနဲ့ ရောမဟန် အဆောက်အဦတွေနဲ့
ကိုယ်ခံတွင်းတွေ့တဲ့ Leek Soup ဆိုင်ကလေးကိုလည်း ထားခဲ့ရတယ်
နေရာအနှံ့တွေ့ရတတ်တဲ့ Noodle နဲ့ Kebab ဆိုင်လေးတွေနဲ့
U (အူ လို့အသံထွက်တဲ့) မြေအောက်ရထား ဘူတာနဲ့
သံလမ်းတွေပေါ်မနားတမ်းပြေးနေတဲ့ Tram ကို တမင် နံပါတ်တလွဲ တက်စီးပြီး
မြို့ရဲ့ အရှေ့အနောက် တောင်မြောက်ကို နှံ့အောင် လည်ပတ်ဖြစ်ခဲ့တယ်။

ဘယ်လိုကြီးလဲကွယ်..
မပြန်ချင်ပဲ ပြန်ခဲ့ရတယ်။

လေဆိပ်မှာ မင်းကို ချန်ထားရစ်ခဲ့ရတယ် ဗီယင်နာ
ငါ့ရင်ထဲမှာ တမျိုးကြီးပဲ။  

ခင်အောင်အေး
၈၊ နိုဝင်ဘာ၊ ၂၀၁၂  ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၀း၀၄ နာရီ
Read more


ကဗျာဆရာနဲ့ မန်ချက်စတာ




ကိုယ့်သူငယ်ချင်းကတော့
ဖုံးနဲ့လှမ်းချိန်းတဲ့ နောက် ဗမာ မိတ်ဆွေတစ်ယောက်နဲ့
တွေ့ဖို့ မြို့ထဲကို ကတိုက်ရိုက်ထွက်သွားလေရဲ့ --

ကိုယ့်မှာသာ ၁၂ ထပ်အမြင့်ပေါ်က
သူ့တိုက်ခန်းထဲ ကွန်ပြူတာ ခပ်နွမ်းနွမ်းတစ်လုံး
မြန်နှုန်းအတန်အသင့်မြင့်တဲ့ အင်တာနက်ချိတ်ဆက်ထားမှု အားကိုးနဲ့
တစ်ယောက်တည်း ကျန်ရစ်တယ်

သိပ် နောက်တတ် စ,တတ်တဲ့ မန်ချက်စတာပဲ
သူ့မြို့ကြီးပေါ် ဟိုတစ်ကွက် ဒီတစ်ကွက် နေရောင် ပျောက်ကြားထိုးပြီး
ကိုယ့်ကို လှည့်စား မြှူဆွယ်တယ် မင်း ကဗျာဆရာဆိုရင် ဖွဲ့ပေ့ါ တဲ့

အရှုံးပေးပါတယ် မန်ချက်စတာရယ်
မင့် ကျော်ကြားမှုက ကမ္ဘာကြီးနဲ့ မဆံ့အောင် ကျယ်ပြောလွန်းလှတယ်
ကိုယ် ကဗျာကလေး မဖြစ်ညစ်ကျယ်နဲ့ မင့်ကို တု မနှိုင်းသာပါဘူး
ဒါပေမယ့် ကိုယ် အခု အချစ်စိတ်တွေ ပြည့်လျှံနေတယ် မန်ချက်စတာ
မင်း ကိုယ့် အချစ်ကိုတော့ စံတုမှီနိုင်မယ် မထင်ဘူး
ဒီစကားနဲ့ပဲ မင့်ကို အနိုင်ပိုင်းလိုက်တော့မယ်

ကိုယ်မင်းကို ကဗျာမဖွဲ့ရက်ပါဘူး မန်ချက်စတာရယ်..။ ။

ခင်အောင်အေး
၂၇၊ နိုဝင်ဘာ၊ ၂၀၁၂ ဆဲလ်ဖို့ဒ်၊ မန်ချက်စတာ ၁၅း၂၂ နာရီ
Read more


ဗီယင်နာ ၂

အနှစ် ငါးဆယ်ကျော်ကာလ တစ်လျှောက်လုံး
တစ်လ တစ်ခါ မြင်နေကျ အဲဒီ လဝန်းပဲ။

ဒါပေမယ့် ခု မြင်ရတာက ညည့်အချိန်မတော် အေးစိမ့်စိမ့်ကြီးထဲ
မာပယ်လ်ရွက်တွေနဲ့ ပွတ်ရှပ်တိုးတိုက်ပြီး မြင်ရတဲ့ လ။  

၆၊ နိုဝင်ဘာ၊ ၂၀၁၂။  ဗီယင်နာ၊ သြစထရီးယား   ၀၂း၃၄ နာရီ

Read more


ဗီယင်နာ


မင်းသိပ်လှတယ် ဗီယင်နာ
ဒါပေမယ့် ငါ့ မှာ ခြောက်ခြားရတယ်။

မင်းအလှမှာ မင်သက်မိနေခဲ့တယ်
ငါ့ရဲ့ ကဗျာဆရာ အဖြစ်ကို ငါစွန့်ပစ်လိုက်ပါတော့မယ်။

မင်းကို စာဖွဲ့ဖို့ ငါ မတတ်နိုင်ဘူး
ငါ့ပါးစပ်က ယောင်ယမ်းထွက်ကျလာတဲ့ စကားက
တစ်ခွန်းထဲရယ်..

မင်းသိပ်လှတယ် ဗီယင်နာ။ ။

ခင်အောင်အေး ၅၊ နိုဝင်ဘာ၊ ၂၀၁၂ ဗီယင်နာ၊ သြစထရီးယား ၁၆း၀၁ နာရီ
Read more


ပြူတင်းမှန်မှာ ရိုက်မှုန်နေတဲ့ မိုးငွေ့တွေ


စက်တင်ဘာ မေပယ်လ်ရွက်များ
(သီမာသို့..)

ပြူတင်းမှန်မှာ ရိုက်မှုန်နေတဲ့ မိုးငွေ့တွေ
အအေးဓါတ်ဟာ နေရာတိုင်းအနှံ့ အခန်းထောင့်တိုင်းအနှံ့
အရည်ပြားပေါ်ချိတ်တွယ်နေတဲ့ အတွေ့အကြုံတစိမ်း
နေနေကျ သိနေကျမဟုတ်တာကို မသိယောင်ဝိုးဝါးနဲ့
ဘဝရဲ့ အရသာဟာ အချဉ်တစ်ဝက် အချိုတစ်ဝက်
သစ်ပင်တွေ ယိမ်းက နေသလို ငါ ထပြီး က, လို့ဖြစ်မလား
လူစိမ်း မဟုတ်ပေမယ့် လူစိမ်းအဖြစ်နဲ့ တစ်ပါးသူတို့အရပ်မှာ -
အေးစိမ့်စိမ့်အထိအတွေ့တိုင်းဟာ
စိတ်ပျက်ညည်းငွေ့ခြင်းဘက်ကို မယိုင်လဲမီ
သဲထဲရေသွန် အဓိပ္ပါယ်များဆီ မချဉ်းကပ်နိုင်မှုရဲ့
စိမ်းတစ်ဝက် ဝါတစ်ဝက် မေပယ်လ်ရွက်များ။  

ခင်အောင်အေး
၂၄-၂၆ စက်တင်ဘာ၊ ၂၀၁၂ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၁း၅၀ နာရီ
Read more


ရုဒက်ရှိုင် ၄



ဘုရားကျောင်းက ခေါင်းလောင်းသံဟာ
အမှောင်ရောင်အောက်ခံ ပန်းချီကားထဲက ထိုးထွက်လာတယ်
တောင်ပေါ်မှာ သေးသေးလက်လက် မီးရောင်တစ်ချို့
အရမ်းချည့်နဲ့နေတဲ့ အလင်းရောင်ရဲ့ အားကိုးနဲ့
နိုင်ထက်စီးနင်း အုပ်စိုးသိမ်းပိုက်ရေး မိုးတိမ်ထူထူများ
မိုးချုန်းသံဟာ ဘယ်လောက်ဝေးတယ် ဘယ်လောက်နီးတယ်ဆိုတာ
မှန်းဆရ ခက်နေရဲ့ ငယ်သံပါအောင်ဆွဲငင်လိုက်တဲ့ ဥသြသံနဲ့အတူ
မနီးမဝေးက တောမြို့ဘူတာလေးကို ကုန်တွဲတွေ အရှည်ကြီးချိတ်တွယ်ထားတဲ့
ရထားတစ်စင်း ဖြတ်မောင်းသွားတာ သိနေရ နေ့တစ်ဓူ၀ လှမ်းမြော်ကြည့်ငေးနေကျ
စပျစ်ခင်းတွေကိုတော့ မမြင်ရတော့ဘူး အခန်းထဲမှာ ဥရောပဆန်တာဆိုလို့ ညီလေး
ရဲ့ အနွေးကုတ်အင်္ကျီတစ်ထည်ပဲ တွေ့တယ် တစ်နေ့လုံး ခေါင်းထဲပစ်သွင်းနေတဲ့
အာရင်ဘတ်ရဲ့မီမွာကလဲ ကိုယ့်ကို ဥရောပနဲ့ ဆိုဗီယက်ရုရှားကို ခေါက်တုံ့ခေါက်ပြန်
တွန်းပို့ ကစားနေတယ် အတွင်းနဲ့အပြင်နဲ့ဟာ ရန်ဖက်ဖြစ်လိုက်မိတ်ဖက်ဖြစ်လိုက်
စိတ်ထဲ ချေးညှော်တွေ ခိုးလိုးခုလု ရယ်သွမ်းသွေးဖွယ် ကိုယ်ရေကိုယ်သွေးဟာ ဖုန်စုပ်စက်
နဲ့သန့်ပစ်လိုက်ဖို့လိုနေတဲ့ ကြမ်းခင်းစ လိုပဲ ဘယ်လောက်ထူထဲတဲ့ ကိုယ်ရေးရာဇဝင်ပဲဖြစ်
နေပလေ့စေ ကောင်းကင်ဟာ ညထဲမှာ မြုပ်နေတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်လို့ နောက်
နာရီတစ်ချို့ ကျော်လွန်သွားပြီးတဲ့အခါ ညစာဖိတ်ကြွေးတဲ့  Thomas တို့ အိမ်ကနေပြန်ထွက်
လာတော့ ပြည့်အင့်နေတဲ့ခံစားမှုနဲ့အတူ တိမ်တစ်စရဲ့အုပ်ငုံနေမှုကလွတ်ကာစ ပြည့်ဝန်းလုလု
လ တွဲလောင်းချိတ်တွယ်နေတာကို ရောမန္တိက ဆန်ချင်စိတ်နဲ့ လှမ်းခံစားကြည့်ပေမယ့် ဒင်ပြည့်
ကျပ်ပြည့် စိတ်ကူးယဉ်လို့မရနိုင်ပဲ လေးတွဲ့ဆိုင်းငင်ခြေလှမ်းများနဲ့ နားခိုရာ အခန်းကလေးထဲက
ကျောခင်းစရာ နေရာလေးဆီ ရုပ်နာမ် ၂ ပါးလုံး တိမ်းညွတ်လို့…။       

၂၉၊ သြဂတ်စ်၊ ၂၀၁၂ ရုဒက်ရှိုင်၊ ဂျာမဏီ ၂၃း၅၅ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts