Harley-Davidson ပွဲတော်

လွန်ခဲ့တဲ့ စနေနေ့ကပေါ့ဗျာ ကျွန်တော်တို့မြို့ကလေးမှာ တနှစ်တကြိမ် ကျင်းပနေကြ ဖြစ်တဲ့ Harley-Davidson ပွဲတော်ကို ကျင်းပခဲ့ ပါတယ် မြို့ကတော့ အဲဒီနေ့မှာ နိုင်ငံပေါင်းစုံ မြို့ပေါင်းစုံက လာကြတဲ့ဆိုင်ကယ် သမားတွေရော ဆိုင်ကယ် တွေကို လာကြည့် ကြတဲ့ ဧည့်သည်တွေ နဲ့ရော ပြည့်နှက်လို့ပေါ့ဗျာ....။

လူတွေ ပြည့်နှက်လာပြီဆိုတော့ ဘာပြောကောင်းမလဲ ကျွန်တော်တို့ဆိုင်လဲ ရောင်းကောင်းလိုက်တာမှ ညဘက်ဆိုင်သိမ်းချိန်တွေ နောက်ကျ ကျွန်တော်လဲ သေလုမျောပါး မျော့မျော့ လေးပဲကျန်တော့တယ်..။

အဲလို နှိပ်စက်တဲ့ ဆိုင်ကယ်ပွဲကို သွားရောက် ကြည့်ရှုပြီး ဓါတ်ပုံတွေ တင်ချင်ပေ မယ့် ကိုယ့်မြို့မှာ ကျင်းပတဲ့ပွဲ ကိုတောင် သွားမကြည့်နိုင်လောက်အောင် အလုပ်များ တာကြောင့် သူငယ်ချင်းတစ်ယောက် ကိုပဲ ဓါတ်ပုံ ရိုက်ပေးဖို့ အကူအညီတောင်း ပြီး ကြည့်လိုက် ရပါတယ်..။

အစားကောင်းစားရင် ကိုယ်အချစ်ဆုံးလူတွေကို သတိရတယ်လို့ စကားပုံ ရှိသလိုပဲ ကျွန်တော့် ဆီလာလည်တတ်တဲ့ သူတွေကို လဲ ကြည့်စေချင်တာနဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်ဗျာ..။

Read more


လူဟုခေါ်သည် သို့သော်???


မနက်မိုးလင်းတော့ကျွန်တော်အိပ်ရာထတယ်
မနက်စာစားတယ်..၊
ပြီးတော့အလုပ်ကိုသွားတယ်
ညမှောင်ချိန်မှာအလုပ်သိမ်းတော့
အိမ်ကိုပြန်လာတာပေါ့
ပြီးတော့ရောတဲ့
ဟား ဟား အိပ်ရာဝင်တာပေါ့ဗျာ
နောက်နေ့တွေလဲထိုနည်းလည်းကောင်းပါဘဲ..။

မနက်မိုးလင်းတော့နွားတစ်ကောင်
အိပ်ရာကထတယ်
အစာစားတယ်
ပြီးတော့သခင်နဲ့လယ်ယာလုပ်ငန်းခွင်ဝင်တယ်
ညနေမှောင်တော့
အိမ်ကိုပြန်လာတာပေါ့
ပြီးတော့သူလဲအိပ်စက်အနားယူတာပေါ့..။

ကျွန်တော့်ကိုလူဟုခေါ်သည် သို့သော်?????

PS:ဘာရယ်ညာရယ်လို့တော့မဟုတ်ဘူးဗျာ ကဗျာလဲမဟုတ် ဘာလဲမဟုတ် စိတ်ထဲမှာ ကိုယ့်ကိုကိုယ်ခံစား ရတဲ့ခံစားချက်ကို ရင်ဖွင့်တာ...။
Read more


ဖလားနှစ်လုံးဆုရှင်မန်ယူ


ကျွန်တော်တို့ရဲ့မန်ယူကတော့ ဒီကနေ့မှာ သမိုင်းသစ်မော်ကွန်းတိုင် တခုထပ်မံစိုက်ထူလိုက်နိုင်ပါပြီဗျာ..
အားလုံးသိကြတဲ့အတိုင်း ဒီနှစ် ပြိုင်ဘက်ကြီး ချယ်ဆီး ကို ပရီးမီးယားလိဂ် မှာရော ဥရောပနိုင်ငံတို့ရဲ့ ဘယ်သူဟာ အကောင်းဆုံး ဘောလုံးအသင်းလဲ ဆိုတာ ရွေးချယ်တဲ့ ချန်ပီယံလိဂ်မှာပါ နောက်ကောက်ချ အလဲထိုး အနိုင်ယူပြီး ဖလားနှစ်လုံးဆု ရှင် အဖြစ် မန်ယူ ရဲ့သမိုင်းမှာ ထပ်မံ မော်ကွန်း သစ်ရေးထိုး လိုက်နိုင်ပါပြီ...။

ဒီနေ့မှာဘဲ ဒီနောက်ဆုံးဗိုလ်လုပွဲ ကြီးမကန်ခင် အချိန် နေ့လည်ပိုင်းမှာ ကျွန်တော်နဲ့ မန်ယူချစ်သူ ဘလော်ဂါ အချို့ စကားပြောဖြစ်ကြရာက ဒီနေ့ချန်ပီယံလိဂ်မှာ မန်ယူအောင်ပွဲခံခဲ့ရင် အမှတ်တယ အဖြစ်နဲ့ မန်ယူချစ်သူများစုစည်းထားတဲ့ ဘလော့ဂ်လေး ကနေပြီး အောင်ပွဲခံရရင်ကောင်းမယ် အမှတ်တယလဲ ဖြစ်မယ်ဆိုပြီး ဒီ သရဲနီတို့ပျော်စံရာ ကိုဖွင့်လှစ်လိုက်ရခြင်းဖြစ်ပါတယ်..။


မန်ချက်စတာယူနိုက်တက် ၏ သမိုင်းသစ်မှတ်တိုင် တခု စိုက်ထူနိုင် ခြင်းအား ဂုဏ်ယူပါ၏
Read more


ဒီလို ဝန်ကြီးတွေ ကြောင့်

သူ့၏ အမည်က ကျော်သန်း ယ္ခင် ကတော့ မြန်မာ့တပ်မတော် (ရေ) တွင် တိုက်ရေယာဉ်မှုး အဖြစ်အမှု ထမ်းခဲ့သည် ယ္ခုတော့ တော်လှန်ရေးကောင်စီ တက်လာ တော့ သူ စစ်ဘက် မှ နယ်ဘက် သို့ပြောင်းလဲ တာဝန်ထမ်း ဆောင်ရန် အမိန့်ချမှတ်ချင်း ခံရပြီး ဧရာဝတီတိုင်း မြောင်းမြ ခရိုင်တွင် ကုန်သွယ်ရေး.၄. ခရိုင်မန်နေဂျာ အဖြစ်တာဝန်ထမ်း ဆောင်နေရသည်...။

သူဘာလို့ ဒီလို နယ်ဘက် ပြောင်းခံ ရသလဲဆိုတော့ သူက မဟုတ်မခံ တတ် ဒေါသကြီး သည် ဒေါသ ထွက်လာလျှင် မျက်စိထဲ ဘာမှ မမြင်တော့ ဘယ်လောက် ကြီးသည့် အကောင်ဖြစ်ပါစေ အမှုန့်ကြိတ်လိုက် ရမှ သူက ကျေနပ်တတ်သူ ဆိုတော့ တပ်ထဲတွင် အထက်ဖား အောက်ဖိ သူများ အထက် အဆင့် အရာရှိ ကြီးများ နှင့် ခဏ ခဏ ပြဿနာ တက်တက်သည်.....။

တခါကလဲ သူ့လို ဘဲ တိုက်ရေယာဉ်မှုး တစ်ယောက် နှင့် ပြဿနာ ဖြစ်ပြီး ဘော်ဖာ(သငေ်္ဘာပေါ်ရှိ စက်အမြောက်) ချင်း ယှဉ်ပစ်ရန် ရေဒီယို ပေါ်မှ စိန်ခေါ်လိုက် သဖြင့် အထက်က ဗိုလ်ချုပ်များ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ခဲ့ကြရသည်၊သူ့နှင့်တော့ တော်တော် တန်တန် ရေယာဉ်မှုးများ ယှဉ်ပစ် ရန်စိတ်မကူး ရဲကြပါ..
ဘာကြောင့်လဲ ဆိုတော့ သူက အတွက်အချက် အလွန်တော်သည် ပစ်မှတ်ကို မြေပုံ ထဲမှာ ကြည့်၍ ပစ်လျှင် ဘယ်တော့မှ မလွဲ ပြေး၍ မလွတ်ဟု ရေယာဉ်မှုး များ ကြားထဲတွင် အလွန်နာမည် ကြီးသည်...။

ဒီလိုနှင့် စိန်ခေါ်ပွဲ ကြီး အပြီးတွင် မတော့ ဗိုလ်ချုပ်များမှာ ခေါင်းအလွန် ကြိမ်းကြသဖြင့် သူ့အား တပ်မတော်မှ အသွင်ကူးပြောင်းခိုင်းလိုက်ပြီး အထက်တွင် ဆိုခဲ့ သလို မြောင်းမြ ခရိုင် တွင် ကုန်သွယ်ရေး ၄ ခရိုင်မန်နေဂျာ အဖြစ် မြောင်းမြ မြို့ပေါ် တွင် ရုံးထိုင် ပါတော့သည်..။

ဒီမှာလဲ သူကတော့ သူ့အကျင့်အတိုင်းပါဘဲ လက်အောက် ငယ်သားများဆီမှလဲ ဘာမှလက်မခံ သူ့အား ဘာမှပေးစရာ မလိုဟု ကြော်ငြာထား၏ အထက် အရာရှိများ ကိုလဲ ဘာမှမပေး ခပ်တည်တည်နေသဖြင့် တိုင်းမန်နေဂျာ များ ဝန်ကြီးများ အလွန် စိတ်ညစ်ကြလေသည်..
သူနေတာ ထိုင်တာ ကလဲ အလွန်ပြတ်သားသည် သူရုံးထိုင်ရာ ရုံးခန်း၏ အောက်တွင် ကုန်သွယ်ရေး လက်အောက် ခံ ယမကာ ဆိုင်ရှိသည် သူသောက်ချင်လျှင် အကုန်သောက် လည်း ဘာမှမဖြစ် သို့ပေမယ့် ညနေရုံးဆင်းချိန် သူသောက်လျှင် အရက် နှင့် အမြည်း ကို ကိုယ့်ပိုက်ဆံနှင့်ကိုယ်ရှင်းပြီးသောက်၏ ဆိုင်မန်နေဂျာ အလွန်စိတ်ညစ်လေသည် ခရိုင်မန်နေဂျာ ကြီး က ကိုယ့်ပိုက်ဆံနှင့် ကိုယ်အရက်သောက်သော အခါ ဆိုင်မန်နေဂျာ မှာလည်း လက်ခံရအခက် ငြင်းလို့ကအခက် စဉ်းစားသာ ကြည့်ကြပါလေရော့...။

ဒီလိုနဲ့ တနေ့တော့ ကုန်သွယ်ရေး ဝန်ကြီး တိုင်းခန်းလှည့်လည် စစ်ဆေး (ဆက်ကြေးလိုက်ကောက်တာလည်းဖြစ်နိုင်ပါသည်) ရင်း မြောင်းမြသို့ရောက်လာရာ ခရိုင်မန်နေဂျာ ဖြစ်သဖြင့် စာရင်းရှင်းတမ်းများ တင်ပြ ရုံးလုပ်ငန်းများ ဆောင်ရွက်ရင်း ရုံးဆင်းချိန် ရောက်သောအခါ ထုံးစံအတိုင်း အောက်ကဆိုင်တွင် ကိုကျော်သန်း တယောက် ထဲ ထုံးစံအတိုင်း မန္တလေး ရမ် ၂ ပါတ် သောက်နေစဉ် ဝန်ကြီး လုပ်သူက ဝိုင်းရှိရာ လာဝင်ထိုင်၏ ပြီးနောက် သူလဲ စားသောက် ဖွယ်ရာများမှာ ၍ သောက်စားလေသည် စားသောက် ပြီးစီးချိန်တွင် ကိုကျော်သန်း ပိုက်ဆံရှင်းသည်ကိုမြင်၍ အထူးအံ့အား သင့်လေ၏....။

“ဟ ခရိုင်မန်နေဂျာ ကြီးရဲ့ ဒီခရိုင်ကြီးတခုလုံး က မန်နေဂျာ ကြီးလက်ထဲမှာ ဘာလို့ ကိုယ့်ပိုက်ဆံ ကိုယ်ရှင်း ပြီးသောက်ရတာတုံး”..

ဒီတော့ ကိုကျော်သန်းက..

“ဒါတွေ ဟာ ပြည်သူ့ဘဏ္ဏာငွေတွေပါ ဒီလိုဘဲ လူတိုင်း ကနဲနဲစီ အလွဲသုံးစားလုပ်မယ်ဆိုလို့ရှိရင် တိုင်းပြည့် ဘဏ္ဏာငွေတွေ ပျောက်ပျက် ကုန်မှာပေါ့ ကျွန်တော့် ကို ခရိုင်မန်နေဂျာ မို့လို့ ထိုက်တန်တဲ့ လခ တိုင်းပြည်က ပေးထားပြီးပြီ ဒီတော့ ကျွန်တော် သောက်တာ စားတာ ကကျွန်တော့် ငွေနဲ့ပဲသောက်ရစားရမယ် ကျွန်တော် အရက်သောက်ဖို့ ဆိုပြီး ပြည်သူ့ဘဏ္ဏာထဲက နှိုက်ဖို့ ဆိုတာ အတော်ရှက်ဖို့ ကောင်းတဲ့အလုပ် အခု ဝန်ကြီးက ဧည့်သည်မို့ ဝန်ကြီးအတွက် ကျွန်တော်ရှင်းပေးလိုက်မယ် ”လို့ပြောပြီး ပိုက်ဆံရှင်းပြီး အိမ်ပြန်သွားပါတယ်..။

ဝန်ကြီး အလွန်စိတ်ဆိုး သွားပါတယ် ဒါပေမယ့် မှန်တာတွေ ချည်းဘဲ ဖြစ်နေတော့ ဘာမှမပြောနိုင်ပါဘူး စိတ်ထဲကဘဲ မင်းကိုတော့ ဆုံးမရ အုံးမယ် နောက်မှ ငါ့ကို ဒူးထောက်တောင်းပန် မနေနဲ့ လို့တွေးပြီး ကျန်နေ ခဲ့ပါတယ်...။

နောက်နေ့ ဝန်ကြီး သူ ကြုံးဝါးထားတာ အကောင်အထည်ဖော်ဖို့ အတွက် အသည်းအသန် စစ်ဆေးပါတယ် အကုန်လုံးကလဲ အမှားအယွင်းမရှိ ဆိုတော့ အတော်လေး စိတ်ဓါတ်ကျ နေပါတယ် ဒါပေမယ့် ဆန်ဂိုထောင် တခု ကို အရောက် လှောင်ထားတဲ့ ဆန်တွေ လဲတွေ့လိုက်ရော အကွက်ထဲ ဝင်ပြီဆိုပြီး တော်တော် ပျော်သွားပါတယ် ဒါနဲ့ နောက်ကလိုက်လာတဲ့ ဆန်ဂိုထောင် တာဝန်ခံ ကို မေးပါတယ်....

“ဒီဆန်တွေကို ဘယ်သူ ဝယ်လှောင် ထားခိုင်းတာလဲ”

သူကသိသိနဲ့ကိုမေးလိုက်တာပါ ခရိုင်မန်နေဂျာ ရဲ့အမိန့်နဲ့သာ ဒါတွေ လှောင်တယ်ဆိုတာ သူသိပြီးသားပါ...
တာဝန်ခံ ကလဲ..

“ဒါ ခရိုင်မန်နေဂျာ ကြီးက နိုင်ငံခြား ပို့ဖို့ဆိုပြီး ဝယ်လှောင်ခိုင်းထားတာပါ”လို့ပြန်ဖြေလိုက်တယ်...

ဝန်ကြီးက...

“နိုင်ငံခြား ပို့ဖို့ဆိုပြီး ကွာလတီကောင်းတာမဝယ်လှောင်ပဲ ဒီလို မီးလောင်ထားတဲ့ဆန်တွေ ကိုဝယ်လှောင်ပြီး အထက်ကို ပိုက်ဆံ တွေ ပိုပြပြီး ကိုယ်ကျိုးရှာ ချင်နေတယ် ခုချက်ချင်း စ ၃ လုံး(စ.စ.စ) ကိုဖုန်းဆက်စမ်း ခရိုင်မန်နေဂျာ ကိုပါခေါ်လိုက် သူ့ကိုပြည်သူပိုင်ပစ္စည်း အလွဲသုံးစား လုပ်မှုနဲ့ ချက်ခြင်း ဖမ်းဆီးအရေးယူရမယ်..”

တာဝန်ခံက...

“ဝန်ကြီး မဟုတ်ပါဘူး မှားမယ်...”

“တိတ်စမ်း ဘာမှ ထပ်မပြောနဲ့မင်းပါပါသွားမယ် ခုချက်ခြင်း ခရိုင်မန်နေဂျာကို ဖုန်းဆက်ခေါ်လိုက် ဘာကြောင့် လဲ ဆိုတာ မပြောနဲ့နော် မင်းပြောလို့ သူထွက်ပြေးသွားရင် မင်းကို ပါ သတင်းပေါက် ကြားမှု နဲ့အရေးယူမယ် ငါကတွေ့ချင်လို့လို့ဘဲပြော”..

တာဝန်ခံလဲ ဘာမှမပြောရဲလို့ကုတ်ကုတ် ကုတ်ကုတ် နဲ့ထွက်သွားပြီး ခရိုင်မန်နေဂျာ ကိုဖုန်းဆက်ပြီး ဝန်ကြီးမှ တွေ့ချင်သဖြင့် ခဏ ဂိုထောင်ရှိရာ ကိုလာပါလို့ အကြောင်းကြားလိုက်ပါတယ်..။

ခရိုင်မန်နေဂျာ ကြီးလဲ သူ့ဂျစ်ကားလေးနဲ့ ဂိုထောင်ရှိရာ ကိုရောက်လာတယ်ဆိုရင်ပဲ ဂုဏ်ယူ ဝံ့ကြွား စွာနဲ့သူ့ကို တရားခံ တစ်ယောက်လို ကြည့်နေတဲ့ ဝန်ကြီးကိုတွေ့လိုက်ရပါတယ်..။

“ဝန်ကြီး ကျွန်တော့်ကိုတွေ့ချင်တယ် လို့ တာဝန်ခံ ကပြောလို့ ဘာကိစ္စများ ရှိပါသလဲ ခင်ဗျ.”

“ဒီမှာ ကိုကျော်သန်း ခင်ဗျား ပါးစပ်ကပြောတော့ ပြည်သူ့ဘဏ္ဏာ မို့လို့ အရက်တောင်ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်သလေး ဘာလေးနဲ့ခုတော့ ပြည်ပ ပို့ဖို့ဆိုပြီး မီးလောင်ထားတဲ့ ဆန်တွေ ဝယ်ပြီး နိုင်ငံတော် ကို မလှိမ့်တပတ် လုပ်မလို့ပေါ့လေ တော်သေးတာပေါ့ ငါ နယ်လှည့် စစ်ဆေး မိလို့ဒီပြစ်မှုကြီး ကိုဖော်ထုတ် နိုင်တာ မင်းကို ပြည်သူပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှုနဲ့ ငါကိုယ်တိုင် တရားစွဲ မယ်”..

ဒီအချိန်မှာတော့ ကိုကျော်သန်း သည်းခံနိုင်မှု ကုန်ဆုံးသွားပါပြီ...

“ဒီမှာ ဝန်ကြီး ကြိုက်သလို လုပ်နိုင်တယ် ပြီးသွားလို့ရှိရင်တော့ အသရေဖျက်မှုနဲ့ တရားရင်ဆိုင်ဖို့သာပြင် ထားလိုက်ပေတော့”..

ပြောပြီးတဲ့နောက်မှာတော့ ကိုကျော်သန်း လှည့်ထွက်လာမိတယ် ဒီလိုလူမျိုး ဝန်ကြီးလာဖြစ်နေတာ တိုင်းပြည်တော့ ဘယ်လိုရှေ့ဆက်သွား မလဲဆိုတာ စဉ်းစားလို့ကိုမရဘူး တိုင်းပြည်ရှေ့ရေးတော့ ဝန်လေးပါရဲ့ စဉ်းစားကြည့်လေဗျာ ကုန်သွယ်ရေး ဝန်ကြီးတဲ့ ရှားရှား ပါးပါး စပါးနက် ကိုတောင် မီးလောင်ထားတဲ့စပါး ဆိုပြီး ပြဿနာလာရှာနေတယ်....။


PS:ကျွန်တော့် ဖခင် ကြီးရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးကို ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်...။
Read more


လိုအပ်မယ် ဆိုလို့

ဒီနေ့ရုံးခန်းထဲမှာ လူတွေစည်ကားနေတယ်ဗျ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်မှာ ကျွန်တော် တို့အေးဂျင့် ကိုင်ထား တဲ့လိုင်းက သငေ်္ဘာတစ်စီး ကို တစ်စင်းလုံး လူသွားလဲကြမှာ မို့လို့ ဒီနေ့အေးဂျင့် ကလဲ မှာစရာ ရှိတာတွေမှာ လုပ်စရာ စာရွက်စာတမ်း ကိစ္စတွေလဲ လက်စသတ် ကြနဲ့ စည်ကားနေရတာပါ..။

တစ်စီးလုံး ဆိုတော့လဲဗျာ သူကြီးလို့ခေါ်တဲ့ ကပ္ပတိန် ကအစပြုပြီး ဗန်းကိုင်လို့ခေါ်တဲ့ messman အဆုံးပေါ့ဗျာ အဲဒီထဲမှာ လုပ်သက်ရှိ သဘောၤသားဟောင်းတွေရော သံပြားမနင်းဖူး သေးတဲ့ သဘောၤသားအသစ်လေး တွေရော ပေါ့ အဲဒီမှာ မြန်မာ သဘောၤသား လောက ထုံးစံ အတိုင်း လူသစ်ကလေး တွေ က ဒက်ကဒက် လို့ခေါ်တဲ့ ကုန်းပတ် အလုပ်သင် အရာရှိလောင်းလေး တွေကော အင်ဂျင်ကဒက် လို့ခေါ်တဲ့ စက်ခန်းအလုပ်သင် အရာရှိလောင်းလေး တွေကော ပါလာ ပါတယ်...။

လူသစ်လေးတွေကလဲ မကြုံဖူးသေးတဲ့ အတွေ့အကြုံသစ်တွေ အတွက် စိတ်တွေ လှုပ်ရှား စွာနဲ့ အတွေ့အကြုံ ရှိတဲ့လူဟောင်း တွေကို မေးမြန်း စပ်စုနေကြပါတယ် လူဟောင်းကြီးတွေကလဲ စိတ်ရှည်လက်ရှည် နဲ့ဆောင်ရန် ရှောင်ရန်တွေ ကို ပြောပြနေပါတယ်..။


အဲဒီ အချိန်မှာ SECD လို့ခေါ်တဲ့ သဘောၤသားရုံးမှာ စာရွက်စာတမ်းကိစ္စနဲ့ အဆင်မပြေလို့ ညစ်နေတဲ့ Bosun လို့ခေါ်တဲ့ အလုပ်ကြပ်ပေါ့လေ အဲဒီ သဘောၤသားကြီး ကို ကဒက်လေး တစ်ယောက်က သွားပြီး သငေ်္ဘာပေါ် မှာ ဘာတွေလိုအပ်လဲ သယ်သွား ချင်လို့ဆိုပြီး သွားမေးပါလေရော အဲဒီမှာ ဘိုဆင် ကြီးက အဲဒီ ကဒက်လေး ကို ဒါတွေဒါတွေ လိုအပ်တယ်ဟေ့ လို့ မျက်ထောင့်နီ ကြီးနဲ့ကြည့်ပြီး လိုအပ်သည်များ ကိုညွှန်ကြားလိုက် ပြီး ထထွက်သွားပါတယ် လူသစ်လေးလဲ ကမန်းကတန်း နဲ့ သူ့ရဲ့သွားလေရာ ပါတဲ့ ဖိုင်ကြီး ထဲက စာရွက်မှာ လိုအပ် တာ တွေကို သေသေချာချာ ရေးမှတ်ပါတော့တယ်..။

နောက်နေ့ လေဆိပ် ဆင်းတာနဲ့ အဲဒီ ကဒက်လေး ခမျာ ပြဿနာ စပါပြီ သူသယ်လာတာ က အဝတ်အစား သေတ္တာဖြစ်ဟန်တူတဲ့ သေတ္တာ တလုံးရယ် နောက် အိတ်ကြီး တစ်လုံးရယ် ခင်ဗျ အဲဒီမှာ သငေ်္ဘာသားတွေ သယ်ခွင့် ကီလို ၃၀ ထက်ကျော် နေလေတော့ တန်ပိုကြေး ဆောင်ခိုင်း ပါတော့တယ် မဆောင်နိုင်ရင်တော့ ပစ္စည်း တွေလျှော့ပေါ့လေ အဓိကလိုအပ်တာ ပဲသယ်ပါ ဆိုပြီးတော့ ဝိုင်းအကြံပေးတာနဲ့ကောင်လေး ခမျာ ငိုမဲ့မဲ့ နဲ့နိုင်ငံခြားရောက်ရင် စတိုင်ထုတ်ဖို့ဝယ်လာတဲ့ အကျႌႌႌ နဲ့ဘောင်းဘီတွေ ထဲကတချို့ အမေကြော်ပေးလိုက်တဲ့ ငါးပိကြော်ထုပ်တွေ နဲ့ ချစ်သူလေး ကပေးလိုက်တဲ့ ကိုယ်ပွား ဝက်ဝံ ရုပ်ကလေး တွေကို ထုတ်ပြီး အိမ်ကလိုက် ပို့တဲ့သူတွေ ကိုပြန်ပေးလိုက်ပါတယ်..။

ဒါပေမယ့် ဟို အိတ်ကြီးတလုံး ကိုတော့ လုံးဝ မထိဘူးဗျ သူ့အတွက် မရှိမဖြစ် လိုအပ်မယ့် ပစ္စည်းတွေ မို့လို့ ထားခဲ့လို့လုံးဝ မရဘူး လို့ကောင်လေးက ပြောပါတယ် ဒါနဲ့သငေ်္ဘာ တစ်စီး လုံးကလူတွေ ကစိတ်ဝင်စားပေမယ့် လို့လမ်းခရီး မှာဆိုတော့ ကိုယ်စီ အလုပ်တွေ ရှုပ်နေတာနဲ့ပဲဘာတွေများ မရှိမဖြစ်တဲ့ ပစ္စည်းတွေသယ်လာ ပါလိမ့် လို့မမေးဖြစ် ကြဘူးပေါ့ ဗျာ..။

ဒီလိုနဲ့ သငေ်္ဘာပေါ် ရောက်သွား ပြီး ကိုယ်စီ ဆိုင်ရာ ဆိုင်ရာ ဌါနတွေမှာ တာဝန်တွေ လွှဲပြောင်း ရယူ ပြီးတော့ သငေ်္ဘာ ကြီးထွက်ခွာ လာခဲ့ပါတော့တယ် သငေ်္ဘာထွက်လို့ မကြာခင်မှာ ပဲ စောစော က ကဒက်လေး နဲ့ အခန်းဖော် အခြား ကဒက်လေး ဟာ ထမင်းစား ခန်းထဲကို ပြုံးစိ ပြုံးစိနဲ့ ဝင်လာတာ တွေ့လို့ဝိုင်းမေး ကြပါတယ် ဘာတွေများ သဘောကျလာတာလဲပေါ့..။

ကောင်လေး ကပြောတာ က သိချင်ရင် ကျွန်တော့် အခန်းဖော် သယ်လာတဲ့ သူ့အတွက် မရှိမဖြစ် အရေး တကြီး လိုအပ် တဲ့ ပစ္စည်းတွေ ကိုသွား ကြည့်လိုက် ဆိုတာနဲ့ နဂိုကတဲ က စိတ်ဝင်စား နေတဲ့ သူများ အပြေးအလွှား နဲ့ဟို ကဒက်လေး အခန်းဆီ သွားကြပါတော့တယ် အခန်းထဲ ရောက်တယ် ဆိုရင်ဘဲ ဖွင့်ထားတဲ့ အိပ်ကြီး ထဲက ကောင်လေးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ကို မြင်လိုက်ရချိန် မှာတော့ အားလုံးလဲ မပြုံးဘဲနဲ့ ဝါးလုံးကွဲ အောင် ရယ်မိကြပါတယ်...။

သူသယ်လာတဲ့ ဟာတွေက... ခေါင်းအုံး၊စောင်၊ခြင်ထောင် အလဲအလှယ် သုံးရအောင်ဆိုပြီး ၂ ခုစီပါ ခင်ဗျ..။
ဘယ့်နှယ့်ဗျာ သငေ်္ဘာပေါ် မှာ ဆိုတာ က လူတွေ အသစ်လာ တိုင်း ကုမ္ပဏီ က ခေါင်းအုံး စောင် ခေါင်းအုံးစွပ် စောင်စွပ် တွေကို အသင့်ပေးတာ ခြင်ထောင် ဆိုတာ ကလဲ ဘယ်ကခြင်က လာကိုက်မှာတုံး သငေ်္ဘာ တစ်စီးလုံးက အလုံ အခန်းတွေ ကလဲ အလုံ ဘယ်ခြင်မှ ဝင်မကိုက်နိုင်ပါဘူး...။

ဒါနဲ့ ကောင်လေး ကို ဝိုင်းမေး ကြတော့
မင်းကိုဘယ်သူက ဒါတွေ လိုအပ်တယ် သယ်လာပါလို့ပြောတာတုံး..
ကောင်လေးက...
ကျွန်တော် မနေ့က ရုံးခန်းထဲဲ မှာ ဘိုဆင်ကြီး ကိုမေးတော့ ဘိုဆင်ကြီးက
ဟေ့ကောင် ခရီးသွားမှာ ဆိုမှကွာ အိပ်ဖို့စောင်၊ခြင်ထောင်၊ခေါင်းအုံးတွေလိုတာပေါ့ကွ..
လို့ကျွန်တော့် ကိုပြောလို့ ကျွန်တော့်မှာ ဒါကြီးတွေ သယ်လာ ရတာ..
အခုတော့ ဟု ဆိုပြီး ချစ်သူ လက်ဆောင် ပါးလိုက်သော ကိုယ်ပွား ဝက်ဝံ ရုပ်လေး ထားခဲ့မိသဖြင့် တမ်းတ ဟန်ဖြင့် လွမ်းလွမ်းဆွေးဆွေး ငေးမှိုင် နေပါတော့ သည်..။
Read more


အသက်ရှည်ကျန်းမာဖို့လှုကြစို့

Read more


အခြေခံဥပဒေမူကြမ်း

အခြေခံဥပဒေမူကြမ်း ကို မသိသေးသူ မဖတ်ရသေးသူများအတွက် တင်ပေးလိုက်ပါတယ် စစ်အစိုး ရ က ဘာတွေ ထည့်သွင်း ရေးဆွဲထားတယ် ဆိုတာ လေ့လာပါ သုံးသပ်ပါ စဉ်းစား ဆင်ခြင်ကြည့် ကြပါ။





ဒါရိုက်ဒေါင်းလုဒ် ဒီကို နှိပ်ပါ
Read more


အမှန်တရားအတွက်ကြက်ခြေခတ်{x}

ရုတ်တရက် ဆိုသလို သူလမ်းမကြီး တခုပေါ် ရောက်နေသည် ကိုသိလိုက်ရသည်၊

ဒါနှင့် ဟိုဟို သည်သည် ကြည့်လိုက်ရာ ရွှေတိဂုံ ဘုရား အရှေ့ဘက် မုဒ် သို့သူရောက် ရှိနေသည်ကို တွေ့လိုက်ရ၏ ထိုမှတဆင့် မည်သို့သောတွန်းအား ကြောင့်လဲ မသိ ဘုန်းကြီး ကျောင်းဝင်း တခု အတွင်းသို့သူလျှောက်လှမ်း ၍ ဝင်သွား မိသည့်အခါ ကျောင်းဝင်း ကြီး တခုလုံး တိတ်ဆိတ် ငြိမ်သက် ခြင်းက လွှမ်းမိုး နေ၏

စာသင် သံဃာ တို့၏ စာရွတ်ဖတ်သံများ လည်း မကြားရ ပြေးလွှား ဆော့ကစား နေလေ့ ရှိသည့် ဘုန်းကြီးကျောင်း သားများ ကိုရင် ငယ်လေးများ တို့ကိုလဲ မတွေ့ရ ယုတ်စွ အဆုံး ဘုန်းကြီး ကျောင်းဝင်း တိုင်းလိုလို တွင်တွေ့ရလေ့ ရှိသော ကျောင်းခွေး များကို ပင်မတွေ့ရပေ......၊

ဒါနှင့် ကျောင်းတိုက် အတွင်းသို့လှမ်းဝင်လိုက် ချိန်တွင် မတော့ စားပွဲတလုံး တွင်ထိုင်နေ သော မျက်နှာထား တင်းတင်း နှင့် ပုဂ္ဂိုလ် တဦး က ကျွန်တော့် ကိုလှမ်းပြီး မေးခွန်း ထုတ်ပါတော့သည်..။

“ဟေ့ ဒီကိုဘာလာလုပ်တာလဲ ”..

သူ၏ နောက်လိုက် နောက်ပါ များဖြစ်ဟန်တူသူ တို့ကလဲ စားတော့ ဝါးတော့ ရိုက်တော့ နှက်တော့ မယောင် ကျွန်တော့်အား ဝိုင်းဝန်း လာကြပါတော့သည်..။

ထိုအခါ ကျွန်တော့ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားမိ တာက..

“ကျွန်တော် သင်္ကန်း စီးချင်လို့ပါ”

ကျွန်တော့် အဖြေမှာ ဘာတွေများ အမှား ပါသွား သလဲတော့ မသိပါ စောစောက ဝိုင်းရံထား သောသူများ ပိုလို့ပင် လှုပ်လှုပ် ရှားရှား ဖြစ်သွားကြပုံ ရသည်..

ဝိုင်းဝန်း ပြောဆိုသံများ ကိုလဲကြားလိုက် ရသည်..။

“လာပြန်ပြီ တစ်ကောင် အလုပ် မလုပ်ချင်လို့ ဘုန်းကြီး ဝတ်ပြီး အလုပ်မရှိ အကိုင်မရှိနဲ့ နောက်ပြီး ရင် သင်္ကန်း ဝတ်အရေခြုံပြီး နိုင်ငံတော် ကို ဆူပူအောင်လုပ်မယ့်ကောင်”

ထိုသို့ဝိုင်းဝန်းပြောဆိုသံများ ကြားမှ ခေါင်းဆောင် လုပ်သူ၏ အသံက ဖောက်ထွက်လာ ၏

“ကဲ ကဲ ထားပါတော့ ငါတို့က တကယ့် ဘုန်းကြီး စစ်စစ် ဖြစ်ချင်တဲ့သူတွေ ကိုပဲ ဘုန်းကြီး ဝတ်နိုင်အောင် စိစစ်တဲ့ ဘုန်းကြီး စိစစ်ရေး အဖွဲ့ကလူတွေပဲ”

ဗုဒ္ဓေါ ကမ္ဘာကြီး ဘာတွေဖြစ်ကုန်ပြီလဲ ဘုန်းကြီး ဝတ်ဖို့အရေးတွင် ကျောင်းထိုင်ဆရာတော် နှင့် မတွေ့ရဘဲ ဒီ အပေါက်ဆိုးဆိုး လူမိုက်လိုလို လူရမ်းကားလိုလို လူတွေရဲ့ စစ်ဆေးမှု ကိုအရင်ခံ ရအုံးမတဲ့လား..

ကျွန်တော့် အတွေး မဆုံးခင်မှာပင် ထို လူမိုက်ခေါင်းဆောင်ပုံ ပေါက်နေသူက ..

“မင်း ဘုန်းကြီး ဝတ်ချင်တယ် ဆိုရင် သက်ဆိုင်ရာ ရယက,မယကနဲ့ရဲစခန်း က နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာနဲ့ ပြည်ခိုင်ဖြိုး အသင်းဝင် ဖြစ်ကြောင်း အသင်းက ထောက်ခံစာ ပါလား?”

“ဗျာ”

ကျွန်တော် အရမ်း အံအား သင့်သွားတယ် ကျွန်တော်ကြားဖူးတာက သင်္ကန်းစည်းမယ် ဆိုရင် သိမ် ထဲမှာ သံဃာတွေ ဝိုင်းရံပြီး ဥပမာ သင့်မှာ သူများအကြွေးကင်းရှင်းလား ယောင်္ကျား စင်စစ်ဖြစ်သလား အနာကြီး ရောဂါမျိုး ရှိသလား ဘာညာ အစရှိ သဖြင့်ပေါ့လေ မေးလေ့ ရှိတယ်လို့ပဲ သိဖူူးကြားဖူးတာပါ အခုမှ အဆန်းတကျယ် ထောက်ခံ စာနဲ့မှတဲ့ ...

“ကျွန်တော့် မှာ ဘာထောက်ခံ စာမှမပါ ပါဘူး ဒီကို ရုတ်တရက် ရောက်လာရင်း ဘုန်းကြီးဝတ် ချင်စိတ်ပေါက်လာ လို့ ဆရာတော် ကိုလျှောက်ပြီး ဘုန်းကြီး ဝတ်ပြီး တရားအားထုတ် မလို့ပါ”..

ဒီအခါမှာ လူကြီး က မခိုးမခန့်ရယ်သံ ပြုပြီး

“ဟား ဟား ဒါမျိုးတွေ ရိုးနေပြီကွ ငါက ၂၀၁၀ ရွေးကောက်ပွဲ ပြီးကတဲက တပ်မတော် လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ သာသနာတော် သန့်ရှင်းတည်တံ့ရေး အစီအစဉ် ကို အထက်လွှတ်တော် အောက်လွှတ်တော် တို့ရဲ့တခဲနက် ထောက်ခံချက်နဲ့ဖွဲ့စည်းထားတဲ့ သံဃာစိစစ်ရေးမှာ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ဘူး မင်း တရား အားထုတ်ချင်တယ် ဆိုရင်တော့ တောထဲသာ သွားပြီး ကိုယ့်ဖာသာ သွား တရားအားထုတ် ဒီမှာတော့ ရုတ်ရုတ် ရုတ်ရုတ် လာမလုပ်နဲ့ သေသွားမယ် ဘာအောက်မေ့နေလဲ ”...

လူကြီးရဲ့ စကား အဆုံးမှာတော့ သူ့ရဲ့နောက်လိုက် တွေက လဲ သခင် အချက်ပေး တာနဲ့ဝိုင်းကိုက်တော့မဲ့ ခွေးတွေ လို ကျွန်တော့် ကို ရန်ရှာ ဖို့အဆင်သင့် ဖြစ်နေကြလေရဲ့

ဒီလိုနဲ့ ရုတ်တရက် ဆိုသလို ကျွန်တော်လဲ လေထဲ မှာ လွင့်သလို ဖြစ်သွားပြီး တခြား နေရာ တခုကို ရောက်သွား ပြန်တယ် ..

ဒီတခါတော့ ကျွန်တော် တယောက်ထဲ မဟုတ်တေ့ာ ဘူး ဘေးမှာ လူငယ်တစ်ယောက်လဲ ပါတယ် နှစ်ယောက်သား ရပ်ကွက်ထဲ လမ်းလျှောက်လာ တုံး

ဝှီး ဝေါ ဝေါ ဘုန်း ဘုတ်

အသံတွေ ကတော့ နောက်ကနေ အရှိန်ပြင်းပြင်း နဲ့မောင်းလာတဲ့ ဆိုင်ကယ်တစ်စင်း က ကျွန်တော့် ဘေးက လူငယ်ကိုဝင်တိုက်လိုက် ပြီး လူငယ်လေး လွင့်ထွက်သွား တဲ့ အသံတွေပါ..

ဒါနဲ့တဆက် တည်း မှာပဲ ဆိုင်ကယ်ပေါ် က မောင်းနှင်လာသူနဲ့ နောက်က စီးနင်းလိုက်ပါလာသူ နှစ်ဦး စလုံးဟာ တုတ်တစ်ချောင်း စီ ကိုယ်စီ စွဲကိုင်လို့ ဆိုင်ကယ် ကို ဒေါက်ထောက် ရပ်လိုက်ပြီး ဆင်းလာကာ လဲနေသူ လူငယ်လေး ကို ဝိုင်းဝန်း ရိုက်နှက် ကြပါတော့တယ်..။

ဒါနဲ့ကျွန်တော် လည်း ပတ်ဝန်းကျင် ကို အကူအညီ ရလိုရငြား ကြည့်လိုက်မိတော့ ကျွန်တော်သိတဲ့ အပိုင်ရဲစခန်း က နယ်ထိန်း တဦး လဲ ဆိုင်ကယ် တစီးဖြင့် ရပ်ကြည့်နေတာ ကိုတွေ့လိုက်ရလို့ အားကိုး တကြီး နဲ့ လှမ်းပြီး

“ ဟေး နယ်ထိန်းကြီး ကယ်ပါ ဒီမှာ ကောင်လေးကို လူ၂ ယောက် ဝိုင်းရိုက် နေလို့”

နယ်ထိန်းက ဂရုတောင် မစိုက်ပါဘူး ကျွန်တော့် ကိုတောင် သူ့ကို ကယ်ပါ လို့ခေါ်ရကောင်းလား ဆိုပြီး မကြည်တဲ့အကြည့် နဲ့တချက်စိုက် ကြည့်ပြီး ဆိုင်ကယ်ကို မောင်းထွက် သွားပါတော့တယ်..။

နယ်ထိန်း ထွက်သွားတာနဲ့ ကောင်လေး ကို ဝိုင်းရိုက်နေ တဲ့ လူ နှစ်ယောက် ကလဲ ဆိုင်ကယ် ပေါ်ပြန်တက်ပြီး မောင်းထွက် သွားတာနဲ့ ကျွန်တော် လဲ ကောင်လေး အနား ကို ကပ်သွားပြီး ..

“ညီလေး ဘာဖြစ်သွားသေးလဲ ဒီကောင်တွေ ကကော ဘယ်သူတွေလဲ ဘာလို့ညီလေးကို ရန်ရှာကြတာလဲ ဟို ရဲ နယ်ထိန်း ကောင်ကလဲကွာ ဒီလောက် တရားဥပဒေမဲ့ လုပ်ရပ်ကိုမြင်ရဲ့သား နဲ့မသိချင်ယောင် ဆောင်သွားတယ်”
ကျွန်တော် ကအဲဒီလို မေးမေး ပြောပြောနဲ့ကောင်လေး ကို ဆွဲထူပေးလိုက်ပါတယ်
ကောင်လေးလဲ ရှုံ့ရှုံ့မဲ့မဲ့ နဲ့ထလာရင်း က

“ဒီကောင်တွေ ဘယ်သူလဲဆိုတော့ ပြည်ခိုင်ဖြိုး ဆိုတဲ့ အသင်းက စွမ်းအားရှင် အမည်ခံထား တဲ့ ရပ်ကွက်ထဲက အရက်ပုန်းရောင်း ဖာခန်း ထောင် လောင်းကစား ဒိုင် ကိုင်နေတဲ့ ကောင်တွေလေ အရင်တုန်း က တော့ ဆိုက်ကား နင်း အရက်သောက် မူးယစ်ရမ်းကား နေတဲ့ ကောင်တွေပေါ့ နောက်ပိုင်း လူကောင်းသူကောင်းတွေ ဘယ်သူမှ မဝင်ချင်တဲ့ ကြံ့ဖွံ့ဆိုတဲဟာထဲဝင် အစိုးရကိုဆန့်ကျင်နေတဲ့ မျိုးချစ်နိုင်ငံရေး သမားတွေ ကျောင်းသား တွေ ကို ရဲကို သတင်းပေး လို အပ်ရင် ချောင်းရိုက် ဆိုတာမျိုးတွေ လုပ်ရင်းနဲ့အခုဆို ရင် ဖွတ်မိကျောင်း ဖြစ် မြစ်မချမ်းသာ ဆိုသလို ရပ်ကွက်ထဲ မှာ သူတို့လုပ်ချင်သလို လုပ်နေတာရဲကလဲ ဘာမှမပြောဘူး တိုင်းပြည်ကြီး ကတော့ လူဆိုးသူခိုး ဒါးပြ တွေလက်ထဲ ဖြစ်ချင်သလို ကိုဖြစ်နေတာပါဘဲဗျာ”

အင်း ဒုက္ခ ဒုက္ခ မြင်ရ..ကြားရ..ကြုံတွေ့ရတာတွေကတော့ စိတ်မချမ်း သာစရာ ဘာသာရေး သာသနာရေး လူမှုရေး စီးပွားရေး ဘာတခုမှ စိတ်ချမ်းမြေ့ ဖွယ်မရှိပါလားနော်..

တွေးနေတုန်း မှာပဲ ကောင်လေး ကဆက်ပြောပါတယ် ...

“အခုဝင်ရိုက်တာ က ဘာမှမဟုတ်ဖူး ဗျ ဟို တနေ့က ကျွန်တော့် ညီမလေး ကျောင်းကပြန်လာ တာကို ဒီကောင် တွေက လိုက်ပြီးတော့ ... ကျောင်းတက်မနေပါနဲ့ ဘာလုပ်မှာလဲ အကိုတို့ဆီမှာ အလုပ်လုပ်ပါလား ပိုက်ဆံလဲ ကောင်းကောင်း ရမယ် အရသာလဲရှိတယ် အကိုကြီး တို့ရဲ့စောင့်ရှောက်မှု အောက်မှာဆို ညီမလေး ဘာမှပူစရာ မလိုဘူး ဆိုပြီး တော့ဗျာ သူများ သားပျို သမီးပျိုလေး ကို မကောင်းတာလုပ်စား ဖို့လိုက်ဆွယ်တယ်လေ ဒါကို ကျွန်တော် သိလို့ ရယက ကိုတိုင်ဖို့ဆိုတာ ကလဲ တရုံးလုံး က သူတို့တွေပဲ ရဲစခန်း သွားတိုင်တော့လဲ စိတ်မဝင် စားတဲ့ အပြင် ဒီလူတွေ ဟာတဲ့ လူကြီးလူကောင်းတွေ တဲ့ ပြည်ခိုင်ဖြိုး အဖွဲ့က စွမ်းအားရှင်တွေတဲ့ တာဝန်သိ လုပ်သားပြည်သူတွေတဲ့ သူတို့တွေ လိုတာဝန်သိ ပြည်သူတွေ ရှိနေလို့ နိုင်ငံတော်ကြီး ဟာ အဘက်ဘက် က တိုးတက်ပြီး အေးချမ်းသာယာ နေတာတဲ့ မင်းအဲလို မဟုတ်တရုတ် တွေ လျှောက်ပြောနေရင် မင်းကိုနိုင်ငံတော်ပုံကန် မှုနဲ့ ပုဒ်မ တတ်ပြီး ဆွဲထည့်လိုက်လို့ ကျောင်းတော်ကြီးမှာ တဘဝ လုံးနေသွားရမယ် ဆိုပြီး ချိမ်းချောက် လွှတ်လိုက်တယ်လေ အခု အဲဒီ အကြောင်း ကိုသူတို့သိသွားလို့လာရန်ရှာတာပဲ နယ်ထိန်း က သူတို့ကိုစောင့်ရှောက်ပေး ဖို့လိုက်လာတာ အကို သွားပြီး အကူအညီတောင်းလဲ အပိုပဲ အခုခေတ်ကြီးက လူတွေမှာ ကျောထောက်နောက်ခံ စစ်တပ် သို့မဟုတ် ရဲ နဲ့ပါက်သက်မှသာ နေသာထိုင်သာ ရှိတာ သာမန်ပြည်သူတွေ ကတော့ လူလို့တောင် သတ်မှတ်မခံ ရတော့ဘူး”

ကောင်လေး ရဲ့စကား အဆုံး မှာ တော့ ကျွန်တော် လဲ ဘာလုပ်ရမှာလဲ တောင်မသိတော့ပါဘူး ၂၀၀၈ မေ လ ၁၀ ရက်နေ့တုန်းက အခြေခံဥပဒေ ဆန္ဒခံယူပွဲကြီး မှာဒီလို ဥပဒေတွေ လုပ်မှာသိရက်နဲ့




ပြတ်ပြတ်သားသား ကြက်ခြေမခတ်ခဲ့မိ ကြလို့ ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်လာတဲ့ အရွေးချယ်ခံ လိုက်ရတဲ့ အစိုးရသစ်ဟာ အာဏာရူး စစ်ဗိုလ်ချုပ် နဲ့အပေါင်း အပါတွေရဲ့ ကြိုးဆွဲရာ ကကြရတဲ့ ရုပ်သေး အစိုးရအဖြစ် ရောက်ရှိနေလို့ ဒီအာဏာရူး တွေ ရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်း တွေဟာတရားဥပဒေ တွင်းက လွပ်လပ်စွာ ရာဇဝတ်မှု ကျူးလွန်ခွင့်ရနေကြတယ်လေ ဒါကြောင့် ကျွန်တော် တွေးမိတာ က ၂၀၀၈ မေ လ ၁၀ ရက်နေ့ကိုသာ လူတွေ ပြန်သွားနိုင်မယ် ဆိုရင် ဒီနေ့လို အဖြစ်ဆိုးတွေ မကြုံ ကြရလေအောင် အားလုံးက ပြတ်ပြတ် သားသား ကြက်ခြေခတ် မဲတွေကို ထည့်ကြမှာ ပဲလို့......။

ဒီလို နဲ့မျက်လုံးထဲ ကို စူးရှတဲ့ နေရောင်ခြည် ရဲ့ အလင်းတန်း က တိုးဝင်လာ တဲ့ အခိုက် သတိပြန်ဝင်လာလို့ ကြည့်လိုက်တော့ ...

အင်း တော်ပါသေးရဲ့ ငါအိပ်မက် မက်နေတာပါလား အိပ်မက်ထဲ က အဖြစ်တွေ ဟာဖြင့် တော်တော်လေး ကို ဆိုး ရွား လွန်းလှပါတယ် အခုတော့ ငါ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလို့ရသွားပြီ အရင်ကတော့ အမှန် ခြစ်ရမလား ကြက်ခြေခတ် ရမလား မသေမချာ မရေမရာ ဖြစ်နေမိသေးတယ် အခုတော့ အိပ်မက်ထဲ ကလို အချိန်လွန်မှ နောက်ပြန်ဆုတ် ချင်တာမျိုး မဖြစ်ရလေ အောင် အခုပဲ ပြတ်ပြတ်သားသား ကြက်ခြေခတ် ပြီး ဒီ အခြေခံ ဥပဒေ ကြီး ကို သွားကန့်ကွက်တော့မယ်...

~~~~~~~~~ဘာလို့လဲ ဆို တော့ ဒီနေ့က ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့လေ~~~~~~~~~~~~

Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts