လိုအပ်မယ် ဆိုလို့

ဒီနေ့ရုံးခန်းထဲမှာ လူတွေစည်ကားနေတယ်ဗျ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်မှာ ကျွန်တော် တို့အေးဂျင့် ကိုင်ထား တဲ့လိုင်းက သငေ်္ဘာတစ်စီး ကို တစ်စင်းလုံး လူသွားလဲကြမှာ မို့လို့ ဒီနေ့အေးဂျင့် ကလဲ မှာစရာ ရှိတာတွေမှာ လုပ်စရာ စာရွက်စာတမ်း ကိစ္စတွေလဲ လက်စသတ် ကြနဲ့ စည်ကားနေရတာပါ..။

တစ်စီးလုံး ဆိုတော့လဲဗျာ သူကြီးလို့ခေါ်တဲ့ ကပ္ပတိန် ကအစပြုပြီး ဗန်းကိုင်လို့ခေါ်တဲ့ messman အဆုံးပေါ့ဗျာ အဲဒီထဲမှာ လုပ်သက်ရှိ သဘောၤသားဟောင်းတွေရော သံပြားမနင်းဖူး သေးတဲ့ သဘောၤသားအသစ်လေး တွေရော ပေါ့ အဲဒီမှာ မြန်မာ သဘောၤသား လောက ထုံးစံ အတိုင်း လူသစ်ကလေး တွေ က ဒက်ကဒက် လို့ခေါ်တဲ့ ကုန်းပတ် အလုပ်သင် အရာရှိလောင်းလေး တွေကော အင်ဂျင်ကဒက် လို့ခေါ်တဲ့ စက်ခန်းအလုပ်သင် အရာရှိလောင်းလေး တွေကော ပါလာ ပါတယ်...။

လူသစ်လေးတွေကလဲ မကြုံဖူးသေးတဲ့ အတွေ့အကြုံသစ်တွေ အတွက် စိတ်တွေ လှုပ်ရှား စွာနဲ့ အတွေ့အကြုံ ရှိတဲ့လူဟောင်း တွေကို မေးမြန်း စပ်စုနေကြပါတယ် လူဟောင်းကြီးတွေကလဲ စိတ်ရှည်လက်ရှည် နဲ့ဆောင်ရန် ရှောင်ရန်တွေ ကို ပြောပြနေပါတယ်..။


အဲဒီ အချိန်မှာ SECD လို့ခေါ်တဲ့ သဘောၤသားရုံးမှာ စာရွက်စာတမ်းကိစ္စနဲ့ အဆင်မပြေလို့ ညစ်နေတဲ့ Bosun လို့ခေါ်တဲ့ အလုပ်ကြပ်ပေါ့လေ အဲဒီ သဘောၤသားကြီး ကို ကဒက်လေး တစ်ယောက်က သွားပြီး သငေ်္ဘာပေါ် မှာ ဘာတွေလိုအပ်လဲ သယ်သွား ချင်လို့ဆိုပြီး သွားမေးပါလေရော အဲဒီမှာ ဘိုဆင် ကြီးက အဲဒီ ကဒက်လေး ကို ဒါတွေဒါတွေ လိုအပ်တယ်ဟေ့ လို့ မျက်ထောင့်နီ ကြီးနဲ့ကြည့်ပြီး လိုအပ်သည်များ ကိုညွှန်ကြားလိုက် ပြီး ထထွက်သွားပါတယ် လူသစ်လေးလဲ ကမန်းကတန်း နဲ့ သူ့ရဲ့သွားလေရာ ပါတဲ့ ဖိုင်ကြီး ထဲက စာရွက်မှာ လိုအပ် တာ တွေကို သေသေချာချာ ရေးမှတ်ပါတော့တယ်..။

နောက်နေ့ လေဆိပ် ဆင်းတာနဲ့ အဲဒီ ကဒက်လေး ခမျာ ပြဿနာ စပါပြီ သူသယ်လာတာ က အဝတ်အစား သေတ္တာဖြစ်ဟန်တူတဲ့ သေတ္တာ တလုံးရယ် နောက် အိတ်ကြီး တစ်လုံးရယ် ခင်ဗျ အဲဒီမှာ သငေ်္ဘာသားတွေ သယ်ခွင့် ကီလို ၃၀ ထက်ကျော် နေလေတော့ တန်ပိုကြေး ဆောင်ခိုင်း ပါတော့တယ် မဆောင်နိုင်ရင်တော့ ပစ္စည်း တွေလျှော့ပေါ့လေ အဓိကလိုအပ်တာ ပဲသယ်ပါ ဆိုပြီးတော့ ဝိုင်းအကြံပေးတာနဲ့ကောင်လေး ခမျာ ငိုမဲ့မဲ့ နဲ့နိုင်ငံခြားရောက်ရင် စတိုင်ထုတ်ဖို့ဝယ်လာတဲ့ အကျႌႌႌ နဲ့ဘောင်းဘီတွေ ထဲကတချို့ အမေကြော်ပေးလိုက်တဲ့ ငါးပိကြော်ထုပ်တွေ နဲ့ ချစ်သူလေး ကပေးလိုက်တဲ့ ကိုယ်ပွား ဝက်ဝံ ရုပ်ကလေး တွေကို ထုတ်ပြီး အိမ်ကလိုက် ပို့တဲ့သူတွေ ကိုပြန်ပေးလိုက်ပါတယ်..။

ဒါပေမယ့် ဟို အိတ်ကြီးတလုံး ကိုတော့ လုံးဝ မထိဘူးဗျ သူ့အတွက် မရှိမဖြစ် လိုအပ်မယ့် ပစ္စည်းတွေ မို့လို့ ထားခဲ့လို့လုံးဝ မရဘူး လို့ကောင်လေးက ပြောပါတယ် ဒါနဲ့သငေ်္ဘာ တစ်စီး လုံးကလူတွေ ကစိတ်ဝင်စားပေမယ့် လို့လမ်းခရီး မှာဆိုတော့ ကိုယ်စီ အလုပ်တွေ ရှုပ်နေတာနဲ့ပဲဘာတွေများ မရှိမဖြစ်တဲ့ ပစ္စည်းတွေသယ်လာ ပါလိမ့် လို့မမေးဖြစ် ကြဘူးပေါ့ ဗျာ..။

ဒီလိုနဲ့ သငေ်္ဘာပေါ် ရောက်သွား ပြီး ကိုယ်စီ ဆိုင်ရာ ဆိုင်ရာ ဌါနတွေမှာ တာဝန်တွေ လွှဲပြောင်း ရယူ ပြီးတော့ သငေ်္ဘာ ကြီးထွက်ခွာ လာခဲ့ပါတော့တယ် သငေ်္ဘာထွက်လို့ မကြာခင်မှာ ပဲ စောစော က ကဒက်လေး နဲ့ အခန်းဖော် အခြား ကဒက်လေး ဟာ ထမင်းစား ခန်းထဲကို ပြုံးစိ ပြုံးစိနဲ့ ဝင်လာတာ တွေ့လို့ဝိုင်းမေး ကြပါတယ် ဘာတွေများ သဘောကျလာတာလဲပေါ့..။

ကောင်လေး ကပြောတာ က သိချင်ရင် ကျွန်တော့် အခန်းဖော် သယ်လာတဲ့ သူ့အတွက် မရှိမဖြစ် အရေး တကြီး လိုအပ် တဲ့ ပစ္စည်းတွေ ကိုသွား ကြည့်လိုက် ဆိုတာနဲ့ နဂိုကတဲ က စိတ်ဝင်စား နေတဲ့ သူများ အပြေးအလွှား နဲ့ဟို ကဒက်လေး အခန်းဆီ သွားကြပါတော့တယ် အခန်းထဲ ရောက်တယ် ဆိုရင်ဘဲ ဖွင့်ထားတဲ့ အိပ်ကြီး ထဲက ကောင်လေးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ကို မြင်လိုက်ရချိန် မှာတော့ အားလုံးလဲ မပြုံးဘဲနဲ့ ဝါးလုံးကွဲ အောင် ရယ်မိကြပါတယ်...။

သူသယ်လာတဲ့ ဟာတွေက... ခေါင်းအုံး၊စောင်၊ခြင်ထောင် အလဲအလှယ် သုံးရအောင်ဆိုပြီး ၂ ခုစီပါ ခင်ဗျ..။
ဘယ့်နှယ့်ဗျာ သငေ်္ဘာပေါ် မှာ ဆိုတာ က လူတွေ အသစ်လာ တိုင်း ကုမ္ပဏီ က ခေါင်းအုံး စောင် ခေါင်းအုံးစွပ် စောင်စွပ် တွေကို အသင့်ပေးတာ ခြင်ထောင် ဆိုတာ ကလဲ ဘယ်ကခြင်က လာကိုက်မှာတုံး သငေ်္ဘာ တစ်စီးလုံးက အလုံ အခန်းတွေ ကလဲ အလုံ ဘယ်ခြင်မှ ဝင်မကိုက်နိုင်ပါဘူး...။

ဒါနဲ့ ကောင်လေး ကို ဝိုင်းမေး ကြတော့
မင်းကိုဘယ်သူက ဒါတွေ လိုအပ်တယ် သယ်လာပါလို့ပြောတာတုံး..
ကောင်လေးက...
ကျွန်တော် မနေ့က ရုံးခန်းထဲဲ မှာ ဘိုဆင်ကြီး ကိုမေးတော့ ဘိုဆင်ကြီးက
ဟေ့ကောင် ခရီးသွားမှာ ဆိုမှကွာ အိပ်ဖို့စောင်၊ခြင်ထောင်၊ခေါင်းအုံးတွေလိုတာပေါ့ကွ..
လို့ကျွန်တော့် ကိုပြောလို့ ကျွန်တော့်မှာ ဒါကြီးတွေ သယ်လာ ရတာ..
အခုတော့ ဟု ဆိုပြီး ချစ်သူ လက်ဆောင် ပါးလိုက်သော ကိုယ်ပွား ဝက်ဝံ ရုပ်လေး ထားခဲ့မိသဖြင့် တမ်းတ ဟန်ဖြင့် လွမ်းလွမ်းဆွေးဆွေး ငေးမှိုင် နေပါတော့ သည်..။


8 ယောက်ကဒီလိုမြင်တယ် to "လိုအပျမယျ ဆိုလို့"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts