ဒီလို ဝန်ကြီးတွေ ကြောင့်

သူ့၏ အမည်က ကျော်သန်း ယ္ခင် ကတော့ မြန်မာ့တပ်မတော် (ရေ) တွင် တိုက်ရေယာဉ်မှုး အဖြစ်အမှု ထမ်းခဲ့သည် ယ္ခုတော့ တော်လှန်ရေးကောင်စီ တက်လာ တော့ သူ စစ်ဘက် မှ နယ်ဘက် သို့ပြောင်းလဲ တာဝန်ထမ်း ဆောင်ရန် အမိန့်ချမှတ်ချင်း ခံရပြီး ဧရာဝတီတိုင်း မြောင်းမြ ခရိုင်တွင် ကုန်သွယ်ရေး.၄. ခရိုင်မန်နေဂျာ အဖြစ်တာဝန်ထမ်း ဆောင်နေရသည်...။

သူဘာလို့ ဒီလို နယ်ဘက် ပြောင်းခံ ရသလဲဆိုတော့ သူက မဟုတ်မခံ တတ် ဒေါသကြီး သည် ဒေါသ ထွက်လာလျှင် မျက်စိထဲ ဘာမှ မမြင်တော့ ဘယ်လောက် ကြီးသည့် အကောင်ဖြစ်ပါစေ အမှုန့်ကြိတ်လိုက် ရမှ သူက ကျေနပ်တတ်သူ ဆိုတော့ တပ်ထဲတွင် အထက်ဖား အောက်ဖိ သူများ အထက် အဆင့် အရာရှိ ကြီးများ နှင့် ခဏ ခဏ ပြဿနာ တက်တက်သည်.....။

တခါကလဲ သူ့လို ဘဲ တိုက်ရေယာဉ်မှုး တစ်ယောက် နှင့် ပြဿနာ ဖြစ်ပြီး ဘော်ဖာ(သငေ်္ဘာပေါ်ရှိ စက်အမြောက်) ချင်း ယှဉ်ပစ်ရန် ရေဒီယို ပေါ်မှ စိန်ခေါ်လိုက် သဖြင့် အထက်က ဗိုလ်ချုပ်များ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ခဲ့ကြရသည်၊သူ့နှင့်တော့ တော်တော် တန်တန် ရေယာဉ်မှုးများ ယှဉ်ပစ် ရန်စိတ်မကူး ရဲကြပါ..
ဘာကြောင့်လဲ ဆိုတော့ သူက အတွက်အချက် အလွန်တော်သည် ပစ်မှတ်ကို မြေပုံ ထဲမှာ ကြည့်၍ ပစ်လျှင် ဘယ်တော့မှ မလွဲ ပြေး၍ မလွတ်ဟု ရေယာဉ်မှုး များ ကြားထဲတွင် အလွန်နာမည် ကြီးသည်...။

ဒီလိုနှင့် စိန်ခေါ်ပွဲ ကြီး အပြီးတွင် မတော့ ဗိုလ်ချုပ်များမှာ ခေါင်းအလွန် ကြိမ်းကြသဖြင့် သူ့အား တပ်မတော်မှ အသွင်ကူးပြောင်းခိုင်းလိုက်ပြီး အထက်တွင် ဆိုခဲ့ သလို မြောင်းမြ ခရိုင် တွင် ကုန်သွယ်ရေး ၄ ခရိုင်မန်နေဂျာ အဖြစ် မြောင်းမြ မြို့ပေါ် တွင် ရုံးထိုင် ပါတော့သည်..။

ဒီမှာလဲ သူကတော့ သူ့အကျင့်အတိုင်းပါဘဲ လက်အောက် ငယ်သားများဆီမှလဲ ဘာမှလက်မခံ သူ့အား ဘာမှပေးစရာ မလိုဟု ကြော်ငြာထား၏ အထက် အရာရှိများ ကိုလဲ ဘာမှမပေး ခပ်တည်တည်နေသဖြင့် တိုင်းမန်နေဂျာ များ ဝန်ကြီးများ အလွန် စိတ်ညစ်ကြလေသည်..
သူနေတာ ထိုင်တာ ကလဲ အလွန်ပြတ်သားသည် သူရုံးထိုင်ရာ ရုံးခန်း၏ အောက်တွင် ကုန်သွယ်ရေး လက်အောက် ခံ ယမကာ ဆိုင်ရှိသည် သူသောက်ချင်လျှင် အကုန်သောက် လည်း ဘာမှမဖြစ် သို့ပေမယ့် ညနေရုံးဆင်းချိန် သူသောက်လျှင် အရက် နှင့် အမြည်း ကို ကိုယ့်ပိုက်ဆံနှင့်ကိုယ်ရှင်းပြီးသောက်၏ ဆိုင်မန်နေဂျာ အလွန်စိတ်ညစ်လေသည် ခရိုင်မန်နေဂျာ ကြီး က ကိုယ့်ပိုက်ဆံနှင့် ကိုယ်အရက်သောက်သော အခါ ဆိုင်မန်နေဂျာ မှာလည်း လက်ခံရအခက် ငြင်းလို့ကအခက် စဉ်းစားသာ ကြည့်ကြပါလေရော့...။

ဒီလိုနဲ့ တနေ့တော့ ကုန်သွယ်ရေး ဝန်ကြီး တိုင်းခန်းလှည့်လည် စစ်ဆေး (ဆက်ကြေးလိုက်ကောက်တာလည်းဖြစ်နိုင်ပါသည်) ရင်း မြောင်းမြသို့ရောက်လာရာ ခရိုင်မန်နေဂျာ ဖြစ်သဖြင့် စာရင်းရှင်းတမ်းများ တင်ပြ ရုံးလုပ်ငန်းများ ဆောင်ရွက်ရင်း ရုံးဆင်းချိန် ရောက်သောအခါ ထုံးစံအတိုင်း အောက်ကဆိုင်တွင် ကိုကျော်သန်း တယောက် ထဲ ထုံးစံအတိုင်း မန္တလေး ရမ် ၂ ပါတ် သောက်နေစဉ် ဝန်ကြီး လုပ်သူက ဝိုင်းရှိရာ လာဝင်ထိုင်၏ ပြီးနောက် သူလဲ စားသောက် ဖွယ်ရာများမှာ ၍ သောက်စားလေသည် စားသောက် ပြီးစီးချိန်တွင် ကိုကျော်သန်း ပိုက်ဆံရှင်းသည်ကိုမြင်၍ အထူးအံ့အား သင့်လေ၏....။

“ဟ ခရိုင်မန်နေဂျာ ကြီးရဲ့ ဒီခရိုင်ကြီးတခုလုံး က မန်နေဂျာ ကြီးလက်ထဲမှာ ဘာလို့ ကိုယ့်ပိုက်ဆံ ကိုယ်ရှင်း ပြီးသောက်ရတာတုံး”..

ဒီတော့ ကိုကျော်သန်းက..

“ဒါတွေ ဟာ ပြည်သူ့ဘဏ္ဏာငွေတွေပါ ဒီလိုဘဲ လူတိုင်း ကနဲနဲစီ အလွဲသုံးစားလုပ်မယ်ဆိုလို့ရှိရင် တိုင်းပြည့် ဘဏ္ဏာငွေတွေ ပျောက်ပျက် ကုန်မှာပေါ့ ကျွန်တော့် ကို ခရိုင်မန်နေဂျာ မို့လို့ ထိုက်တန်တဲ့ လခ တိုင်းပြည်က ပေးထားပြီးပြီ ဒီတော့ ကျွန်တော် သောက်တာ စားတာ ကကျွန်တော့် ငွေနဲ့ပဲသောက်ရစားရမယ် ကျွန်တော် အရက်သောက်ဖို့ ဆိုပြီး ပြည်သူ့ဘဏ္ဏာထဲက နှိုက်ဖို့ ဆိုတာ အတော်ရှက်ဖို့ ကောင်းတဲ့အလုပ် အခု ဝန်ကြီးက ဧည့်သည်မို့ ဝန်ကြီးအတွက် ကျွန်တော်ရှင်းပေးလိုက်မယ် ”လို့ပြောပြီး ပိုက်ဆံရှင်းပြီး အိမ်ပြန်သွားပါတယ်..။

ဝန်ကြီး အလွန်စိတ်ဆိုး သွားပါတယ် ဒါပေမယ့် မှန်တာတွေ ချည်းဘဲ ဖြစ်နေတော့ ဘာမှမပြောနိုင်ပါဘူး စိတ်ထဲကဘဲ မင်းကိုတော့ ဆုံးမရ အုံးမယ် နောက်မှ ငါ့ကို ဒူးထောက်တောင်းပန် မနေနဲ့ လို့တွေးပြီး ကျန်နေ ခဲ့ပါတယ်...။

နောက်နေ့ ဝန်ကြီး သူ ကြုံးဝါးထားတာ အကောင်အထည်ဖော်ဖို့ အတွက် အသည်းအသန် စစ်ဆေးပါတယ် အကုန်လုံးကလဲ အမှားအယွင်းမရှိ ဆိုတော့ အတော်လေး စိတ်ဓါတ်ကျ နေပါတယ် ဒါပေမယ့် ဆန်ဂိုထောင် တခု ကို အရောက် လှောင်ထားတဲ့ ဆန်တွေ လဲတွေ့လိုက်ရော အကွက်ထဲ ဝင်ပြီဆိုပြီး တော်တော် ပျော်သွားပါတယ် ဒါနဲ့ နောက်ကလိုက်လာတဲ့ ဆန်ဂိုထောင် တာဝန်ခံ ကို မေးပါတယ်....

“ဒီဆန်တွေကို ဘယ်သူ ဝယ်လှောင် ထားခိုင်းတာလဲ”

သူကသိသိနဲ့ကိုမေးလိုက်တာပါ ခရိုင်မန်နေဂျာ ရဲ့အမိန့်နဲ့သာ ဒါတွေ လှောင်တယ်ဆိုတာ သူသိပြီးသားပါ...
တာဝန်ခံ ကလဲ..

“ဒါ ခရိုင်မန်နေဂျာ ကြီးက နိုင်ငံခြား ပို့ဖို့ဆိုပြီး ဝယ်လှောင်ခိုင်းထားတာပါ”လို့ပြန်ဖြေလိုက်တယ်...

ဝန်ကြီးက...

“နိုင်ငံခြား ပို့ဖို့ဆိုပြီး ကွာလတီကောင်းတာမဝယ်လှောင်ပဲ ဒီလို မီးလောင်ထားတဲ့ဆန်တွေ ကိုဝယ်လှောင်ပြီး အထက်ကို ပိုက်ဆံ တွေ ပိုပြပြီး ကိုယ်ကျိုးရှာ ချင်နေတယ် ခုချက်ချင်း စ ၃ လုံး(စ.စ.စ) ကိုဖုန်းဆက်စမ်း ခရိုင်မန်နေဂျာ ကိုပါခေါ်လိုက် သူ့ကိုပြည်သူပိုင်ပစ္စည်း အလွဲသုံးစား လုပ်မှုနဲ့ ချက်ခြင်း ဖမ်းဆီးအရေးယူရမယ်..”

တာဝန်ခံက...

“ဝန်ကြီး မဟုတ်ပါဘူး မှားမယ်...”

“တိတ်စမ်း ဘာမှ ထပ်မပြောနဲ့မင်းပါပါသွားမယ် ခုချက်ခြင်း ခရိုင်မန်နေဂျာကို ဖုန်းဆက်ခေါ်လိုက် ဘာကြောင့် လဲ ဆိုတာ မပြောနဲ့နော် မင်းပြောလို့ သူထွက်ပြေးသွားရင် မင်းကို ပါ သတင်းပေါက် ကြားမှု နဲ့အရေးယူမယ် ငါကတွေ့ချင်လို့လို့ဘဲပြော”..

တာဝန်ခံလဲ ဘာမှမပြောရဲလို့ကုတ်ကုတ် ကုတ်ကုတ် နဲ့ထွက်သွားပြီး ခရိုင်မန်နေဂျာ ကိုဖုန်းဆက်ပြီး ဝန်ကြီးမှ တွေ့ချင်သဖြင့် ခဏ ဂိုထောင်ရှိရာ ကိုလာပါလို့ အကြောင်းကြားလိုက်ပါတယ်..။

ခရိုင်မန်နေဂျာ ကြီးလဲ သူ့ဂျစ်ကားလေးနဲ့ ဂိုထောင်ရှိရာ ကိုရောက်လာတယ်ဆိုရင်ပဲ ဂုဏ်ယူ ဝံ့ကြွား စွာနဲ့သူ့ကို တရားခံ တစ်ယောက်လို ကြည့်နေတဲ့ ဝန်ကြီးကိုတွေ့လိုက်ရပါတယ်..။

“ဝန်ကြီး ကျွန်တော့်ကိုတွေ့ချင်တယ် လို့ တာဝန်ခံ ကပြောလို့ ဘာကိစ္စများ ရှိပါသလဲ ခင်ဗျ.”

“ဒီမှာ ကိုကျော်သန်း ခင်ဗျား ပါးစပ်ကပြောတော့ ပြည်သူ့ဘဏ္ဏာ မို့လို့ အရက်တောင်ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်သလေး ဘာလေးနဲ့ခုတော့ ပြည်ပ ပို့ဖို့ဆိုပြီး မီးလောင်ထားတဲ့ ဆန်တွေ ဝယ်ပြီး နိုင်ငံတော် ကို မလှိမ့်တပတ် လုပ်မလို့ပေါ့လေ တော်သေးတာပေါ့ ငါ နယ်လှည့် စစ်ဆေး မိလို့ဒီပြစ်မှုကြီး ကိုဖော်ထုတ် နိုင်တာ မင်းကို ပြည်သူပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှုနဲ့ ငါကိုယ်တိုင် တရားစွဲ မယ်”..

ဒီအချိန်မှာတော့ ကိုကျော်သန်း သည်းခံနိုင်မှု ကုန်ဆုံးသွားပါပြီ...

“ဒီမှာ ဝန်ကြီး ကြိုက်သလို လုပ်နိုင်တယ် ပြီးသွားလို့ရှိရင်တော့ အသရေဖျက်မှုနဲ့ တရားရင်ဆိုင်ဖို့သာပြင် ထားလိုက်ပေတော့”..

ပြောပြီးတဲ့နောက်မှာတော့ ကိုကျော်သန်း လှည့်ထွက်လာမိတယ် ဒီလိုလူမျိုး ဝန်ကြီးလာဖြစ်နေတာ တိုင်းပြည်တော့ ဘယ်လိုရှေ့ဆက်သွား မလဲဆိုတာ စဉ်းစားလို့ကိုမရဘူး တိုင်းပြည်ရှေ့ရေးတော့ ဝန်လေးပါရဲ့ စဉ်းစားကြည့်လေဗျာ ကုန်သွယ်ရေး ဝန်ကြီးတဲ့ ရှားရှား ပါးပါး စပါးနက် ကိုတောင် မီးလောင်ထားတဲ့စပါး ဆိုပြီး ပြဿနာလာရှာနေတယ်....။


PS:ကျွန်တော့် ဖခင် ကြီးရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးကို ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်...။


12 ယောက်ကဒီလိုမြင်တယ် to "ဒီလို ဝန်ကြီးတွေ ကြောင့်"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts