ကိုယ်အဆင်သင့်မဖြစ်သေးဘူး မုတ်ဆိတ် မရိပ်ရသေးဘူး အတွင်းခံဘောင်းဘီမဝတ်ရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဒီနေ့ထမ်းရမယ့်အထုတ်ကိုမ, မကြည့်ရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကြိုးကိုမကျစ်ရသေးဘူး ဖယောင်းမကျိုရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကျီးကန်းတကောင်ကိုထောင်ဖမ်းနေတာ မမိသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး အော်သံတွေကို ခံစားချက်အလိုက် အုပ်စုခွဲလို့မပြီးသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကောင်းရာသုဂတိလားပါစေ အခေါက်တသိန်းမပြည့်သေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ၁၉၉၆ ခုနှစ်က စပယ်ရုံကလေးကို စိတ်ကျေနပ်အောင် မပြုစုရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး လူသားအကျိုးပြုလုပ်ငန်းဆိုတာမျိုး တခါမှလုပ်မကြည့်ဖူးသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ယင်ကောင်တွေကုန်အောင် မောင်းမထုတ်ရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဘာအနှစ်သာရမှမရှိဘူး ပြောကြတဲ့ ဟောဒီလောကီကို မငြီးငွေ့သေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ရောက်တဲ့နေရာကနေ ရှေ့နောက်ပြန်ပြန် ရစ်နေရတာ မပြီးနိုင်သေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကလေးဘဝကသူငယ်ချင်း ခင်ရွှေ ကိုသူ့ဂျင်ကလေးခုထိပြန်မပေးရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကင်းန် ရုပ်ရှင်ဆုပေးပွဲဝင်ခွင့်ရနိုင်လောက်တဲ့ ရုပ်ရှင်တကားမှ မရိုက်ရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး deep freezer တလုံးထဲ ဝင်မအိပ်ဖူးသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဧရာဝတီအကြောင်း ကိုခင်ဝမ်းပြောခဲ့တာထက် နည်းနည်းလောက် ထပ်ပြောဘို့ ကြိုးစားနေတာ မအောင်မြင်သေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး အနှုတ်လက္ခဏာနဲ့ စိန်ခေါ်ထိုးသတ်ပွဲအတွက် ကြံ့ခိုင်ရေးမပြည့်စုံသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကောင်းကင်နဲ့မြေကြီးနဲ့ ဟ ဟ သွားတဲ့နေရာကို ပြန်ဆွဲစေ့လို့မရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကိုယ်ပိုင်ပြက္ခဒိန်တစောင် (တနလာၤနေ့) မပါပဲထုတ်ဖို့ဟာ အထမမြောက်သေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ပိုးဟပ်အသေ အခြောက်လေးတွေ စုနေတာ လိုသလောက်မရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ရေဘူးနဲ့ ဖိနပ် သွားဝယ်တာ ပိုက်ဆံမလောက်လို့ မဝယ်ခဲ့ရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ စာတွေ ကုန်အောင်မဖတ်ရသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကိုယ့်အတွက် နတ်ပြည်မှာ ဗိမာန်ကြီးတခု မပေါက်သေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဖနောင့်စုတ်နေတဲ့ ခြေအိတ်လေး ဖာနေတာ မပြီးသေးဘူး
ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကိုယ်အဆင်သင့်မဖြစ်သေးဘူး။ ။
ခင်အောင်အေး
၂၉၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၁၅း၂၃ နာရီ
Tuesday, September 29, 2009
//
အမ်ိဳးအစားက:
poem
//
0
ယောက်ကဒီလိုမြင်တယ်
//
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငါးထောင်ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်းနှင့် လက်ရှိတရားဝင် လှည့်လည် သုံးစွဲလျှက်ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိမည် ဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပါရှိပါသည်...။
နအဖ ကတော့ တိရိစ္ဆာန် ကိုအမြတ်တနိုးထားပြီး နိုင်ငံတော်ငွေစက္ကူတွေမှာ တစ်ကောင်ပြီး တစ်ကောင် တင်နေတော့တာပဲ..။
ငွေစက္ကူ ကြီးလာလေ တိုင်းပြည်ကလဲ ချွတ်ခြုံကျလာလေနဲ့ ကျွန်တော်တို့ တိုင်းပြည်ကြီးအတွက် ရင်လေးပါရဲ့ဗျာ..။
Friday, September 25, 2009
//
အမ်ိဳးအစားက:
News
//
1 ယောက်ကဒီလိုမြင်တယ်
//
ကျေနပ်နေချင့်စဖွယ် နံနက်ခင်းတခုရတယ်။ ကော်ဖီနံ့တသင်းသင်း မစားရတာ ကြာပြီဖြစ်တဲ့ မုန့်ဟင်းခါးနဲ့၊ တီဗွီ အစီအစဉ်တွေ စက်ရပ် သတင်းတွေကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ အရသာ၊ အက်တာနက်ပါ ပိတ်ထားလို့ ဘာမှသိခွင့် မရတဲ့ အရသာ၊ မုန့်ဟင်းခါး နဲ့ ကော်ဖီရဲ့ အရသာပေါ်မှာပဲ စိတ်ကို စိုက်နှစ်ထားလိုက် ရတဲ့ အရသာ....။
တဘဝလုံး ဟာ ပြေးလွှားနေခဲ့တယ်၊ ကလေးလိုပြေးလွှား၊ ကျောင်းသားတစ်ယောက်လို့ ပြေးလွှား၊ လူငယ် တစ်ယောက်လို ပြေးလွှား၊ ကဗျာဆရာ တစ်ယောက်လို ပြေးလွှား၊ အိမ်ထောင်သည် တစ်ယောက်လို ပြေးလွှား၊အောက်ခြေ လူတန်းစားလို ပြေးလွှား၊ စီးပွားရှာတဲ့ ဆီသည်မ လက်သုတ်ပဝါ စကားလုံးအောက်မှာ ပြေးလွှား၊ ညီအကို မသိတသိ ညနေခင်းတွေမှာ ပြေးလွှား၊ တဂျုန်းဂျုန်း ခုတ်မောင်းနေတဲ့ အင်ဂျင်ကြီးတွေနဲ့ အပြိုင်ညလုံးပေါက် ညတွေ ပြေးလွှား၊ သားသမီးတွေ ပြေးလွှား၊ စိတ်ဇောအဟုန်တွေ ပြေးလွှား...။
နောက်ဆုံး ကော်ဖီ တစ်ငုံစာလေးကို မော့ချလိုက်တယ်။
မနေ့ကနဲ့၊ မနေ့တနေ့ကနဲ့၊ လွန်ခဲ့သော လအနည်းငယ်ကနဲ့၊ သိပ်မကွာပါဘူး။ တမြန်နှစ်ကနဲ့၊ လေး ငါး ခြောက်နှစ် လောက်ကနဲ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကနဲ့၊ အနှစ်နှစ်ဆယ် သုံးဆယ် ဘာကွာလို့တုန်း။ ဒါပဲ ဒီရုပ်ပဲ ဒီခန္ဓာပဲ မိစ္ဆာဒိဌိ လိုတွေးတယ်၊ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဟာ ဂျိုးတက်နေခဲ့ပေါ့၊ မောလှပြီ...။
ငါ နားချင်ပြီ၊ ငါ အပြေးရပ်ချင်ပြီ၊ ကိုင်း ငါခဏနားမယ်၊ ခုန စားခဲ့တဲ့ မုန့်ဟင်းခါးရဲ့ အရသာကို စားမြုံ့ပြန်မယ်.။
ကော်ဖီမွှေးမွှေးလေး အကြောင်းပြန်တွေးမယ်၊ မြည်နေခဲ့လျက် မကြားမိခဲ့တဲ့ ငှက်သံလေးတွေရဲ့ အသံကို ငါ နားစိုက်ထောင်မယ်၊ ငါ အပြေးခဏရပ်မယ်၊ နောက်တနာရီမှာ ငါ ဘာလုပ်နေမလဲ ဆိုတာမျိုးတောင် ငါ့ အတွေးထဲ အဝင်မခံတော့ဘူး..။
ငါ ထိုင်နေတယ်၊ ဝရံတာ ကလေးမှာ ငါ ထိုင်နေတယ်၊ မြစ်တခုနဲ့ မနီးမဝေးမှာ ငါ ထိုင်နေတယ်၊ အရှေ့တောင် အာရှ နိုင်ငံတစ်ခုရဲ့ မြို့တော်အစွန်အဖျား တနေရာမှာ ငါ ထိုင်နေတယ်၊ ငါ အေးအေးဆေးဆေး ထိုင်နေတယ်၊ ဘာရောဂါ အနာတရမှ ဖြစ်မနေသလို၊ ဘယ်လို ဘေးအန္တရာယ်မျိုးမှ မကျရောက်နိုင်တော့သလို၊ ဘာတစ်ခုမှ အရေးတကြီး ထလုပ်စရာ မလိုတော့သလို၊ ဘယ်အဖြစ်အပျက်မှ ကိုယ်နဲ့မဆိုင်တော့သလို၊ လေမုန်တိုင်းကြီးတွေ အကြောင်းမေ့လျော့ကာ ခု လက်ငင်းဒိဌမှာ ကိုယ့်အသားကို ကြည်စယ်ကလူလာတဲ့ လေညှင်းကလေးအပေါ် သာယာလျက်၊ ပန်းချီမောင်ဒီကို ဖြတ်ကနဲ သတိရလျှက်၊ မောင်းမကန်ကမ်းခြေကို သတိရလျှက်၊ ၁၉၉၀ မန္တလေး နန်းရှေ့နေ ကာလများကို သတိရလျှက်၊ ဖေဖေ လို့ မပီကလာ စ အခေါ်ခံရတဲ့ နေ့များကို သတိရလျှက်၊ ငါ ပြုံးလိုက်မိသလား၊ ပါးပြင်ကို လက်နှစ်ဘက်က ကိုင်စမ်းမိတယ်...။
ငါ တော်တော်ပြေးခဲ့ရတာ၊ ငါ မရပ်မနားပြေးခဲ့တာ၊ ငါဟာ ပြေးလွှားခြင်းနဲ့ အသားတကျ၊ ပြေးလွှားခြင်းဟာ ငါ့ဘဝ တလျှောက်လုံးမှာ ကပ်စေးနဲပင်ကအသီးလို ကပ်ပါနေတယ်၊ မောနေရက်နဲ့ မမောမပမ်းနိုင် ဆက်ပြေးနေရတယ်၊ သံသရာစက်ဝန်းကြီး တဝူးဝူူး လည်ပတ်နေသလို ငါဟာ ပြေးလွှားခြင်း စက်ဝန်းကြီးထဲမှာ တရစပ် လည်ပတ်နေရတယ်..။
အခုနက ကော်ဖီသောက်တယ်၊ မုန့်ဟင်းခါးက တော်တော်ကောင်းတယ်၊ လေပြည်လေးက ဝေ့ပတ်လို့၊ အိမ်ပေါ်က ဆင်းပြီး ခြေလှမ်း တစ်ရာ သာသာလောက်လှမ်းလိုက်တာနဲ့ မြစ်ကိုတွေ့နိုင်တယ် ဆိုတဲ့ အသိဟာ လူကို စိတ်ဖိစီးမှုဒဏ်က လျော့ကျစေတယ်၊ လေပြေကလေး တိုးတိုက်နေတဲ့ ငါ့ အသားဟာ အေးမြစပြုလာ၊ အရေပြားပေါ်က အအေးဓါတ်ဟာ ကိုယ်ထဲကို စိမ့်တိုးဝင်သွားတယ်၊ သွေးကြောမွှာလေးတွေက တဆင့် ခန္ဓာတခုလုံးကို အအေးဓါတ်တွေ ပျံ့နှံ့သွားတယ်၊ စိတ်အပြေးကို ရပ်လိုက်လို့ ငြိမ်သွားတဲ့ အငြိမ်းဓါတ်ကြောင့် နာမ်တရားလေးဟာ အပူရှိန်လျော့ကျလာတယ်၊ ရုပ်တရားနဲ့ နာမ်တရား တို့ရဲ့ ဆုံရပ်ဖြစ်တဲ့ ဟဒယ မှာ ကိုယ်တွင်း အအေးဓါတ်နဲ့ စိတ်အအေးဓါတ်တို့ ပက်ပင်းတွေ့ကြတယ်၊ ပေါင်းဖက်လိုက်ကြတယ်...။
ပူနွေးနေတဲ့ နှလုံးဟာ တဒုတ်ဒုတ် ပုံမှန်ခုန်ရင်း ကိုယ်အပူချိန်ကို လိုအပ်သလို ထိန်းညှိပေးနေလျှက်......
ဝရံတာ၊ မြစ်၊ မုန့်ဟင်းခါး၊ သံသရာစက်ဝန်းကြီး၊ လေညှင်းကလေး၊ ကော်ဖီမွှေးမွှေး၊ မောင်းမကန်ကမ်းခြေ၊ ကိုဒီ၊ မန္တလေးနန်းရှေ့၊ မုန့်ဟင်းခါး၊ ကပ်စေးနဲသီးလိုအပြေး၊ ငှက်ကလေး၊ ဝရံတာ၊ ကော်ဖီမွှေးမွှေး၊ သံသရာစက်ဝန်းကြီး၊ လေညှင်းကလေး၊ ကော်ဖီမွှေးမွှေး၊ မောင်းမကန်ကမ်းခြေ၊ လေညှင်းကလေး။ ။
ခင်အောင်အေး
၆၊ စက်တင်ဘာ ၂၀၀၉

Tuesday, September 22, 2009
//
အမ်ိဳးအစားက:
Essay
//
1 ယောက်ကဒီလိုမြင်တယ်
//
ကျွန်တော်လဲ ဒီတစ်လော ဘလော့ဂ်ရေးချင်စိတ်မရှိတဲ့ အချိန် ကိုယ့်ဘလော့ဂ် ထဲ ဝင်ကြည့်ပြန်လဲ မှောင်နဲ့မဲမဲ ဆိုတော့ ပိုပြီး စိတ်မရွှင်တာနဲ့ ကိုယ့်ဘလော့ဂ်ထဲတောင် ကိုယ်မဝင်ကြည့်မိတော့ပဲ ဘလော့ဂ်လေးကို ပစ်ထားခဲ့တာ အတော်လေး ကြာသွားခဲ့ပါပြီ..။
အခုတော့ဘလော့ဂ် စလုပ်ကတဲက မှောင်မှောင်မဲမဲ နဲ့ဆောက်ထားခဲ့တဲ့ ဘလော့ဂ်အိမ်လေးကို ပြန်ပြင်ဆောက်ရင်း ဆေးသုတ်ရင်းနဲ့ အိမ်သစ်ဖွင့်တဲ့ အနေနဲ့ လာလည်သူများကို ဖိုင်းယားဖောက်စ်မှာ နောက်ခံ ဘက်ဂရောင်းလှလှလေးတွေ ထည့်ဖို့ AddOn လေး တစ်ခု ညွှန်းပါရစေ..။
ဖိုင်းယားဖောက်စ်အတွက် Theme တွေကိုတော့ သိကြမှာပါ သူကတော့ ဖိုင်းယားဖောက်စ် တန်းပလိတ် ပုံစံတစ်ခုလုံး ပြောင်းသွားပြီး ပြန်ပြောင်းချင်ရင်လဲ အက်ဒ်အွန်ထဲ သွားပြီး ပြန်ပြောင်းရပါတယ်..။
အခု ကျွန်တော်ပြောမယ့် အက်ဒ်အွန် ကတော့ အဲဒီလို မဟုတ်ပါဘူး ကိုယ်သုံးထားတဲ့ တန်းပလိတ် ပေါ်မှာပဲ နောက်ခံ ဘက်ဂရောင်း ဒီဇိုင်းလေးတွေ ပြောင်းတာပါ ဒီဇိုင်းအမျိုးပေါင်း ရာကျော် ရှိသလို ကိုယ်လိုချင်တာကိုလဲ အဲဒီ အက်ဒ်အွန် ဝဘ်ဆိုဒ်မှာ သွားရှာပြီး ဒေါင်းနိုင်ပါသေးတယ်..။
ဒီတော့ အစမ်းသဘောလေး ကြည့်ချင်ရင်တော့ အောက်မှာ ဒီဇိုင်းတစ်ချို့ ကြည့်နိုင်ပါတယ်..။

ကဲ ကြိုက်တယ် စမ်းကြည့်ချင်တယ် ဆိုရင်တော့ ဟောဒီ လင့်လေးက တစ်ဆင့် AddOn လေးကို Run လိုက်ပါ..။
ဒီလင့်ကလေးကို နှိပ်လိုက်တာနဲ့ ဖိုင်းယားဖောက်စ်မှာ သတိပေးစာတမ်းလေး တစ်ခု ဟောဒီလို ပေါ်လာပါလိမ့်မယ်..။
ဒါဆို Allow လို့ပေးလိုက်ရင် ကျန်တာကတော့ တစ်ခြား အက်ဒ်အွန် တွေလိုပဲ ဆက်ပြီး လုပ်ပေးရုံပါပဲ အက်အွန် အင်စတောပြီးပြီဆိုရင် ဖိုင်းယားဖောက်စ် ဘရောက်ဇာ ရဲ့ ဘယ်ဘက် အောက်ထောင့်စွန်းလေးမှာ မြေခွေးပုံလေး ပေါ်နေပါလိမ့်မယ် အဲဒီမြေခွေးပုံလေးကို နှိပ်ပြီး မိမိတို့လိုရာ ဘက်ဂရောင်း လှလှလေးတွေ နဲ့ အလှဆင်နိုင်ပါပြီ သူက မောက်စ်ကာဆာလေး တင်လိုက်တာနဲ့ကို ဘယ်လို ဘက်ဂရောင်းပြောင်းမယ် ဆိုတာ ပြပါတယ် ကိုယ်ကြိုက်ပြီ ဆိုမှ ကလစ် နှိပ်လိုက်တာနဲ့ ကိုယ်လိုချင်တဲ့ ဘက်ဂရောင်း အတည်ပြောင်းမှာပါ..။
ကဲ အားလုံးပဲ ဖိုင်းယားဖောက်စ်ကို ဒီဇိုင်းလှလှလေးတွေနဲ့ ဘလော့ဂ်တွေလည် စာတွေ ဖတ်နိုင်ကြပါစေ..။

Tuesday, September 15, 2009
//
အမ်ိဳးအစားက:
Firefox Add On
//
4
ယောက်ကဒီလိုမြင်တယ်
//
ပန်းချီသန်းဌေးမောင်
ရယ်စရာတွေ တွေ့နေလျက် ရယ်လို့တောင်မရတဲ့ အခြေဆိုက်နေတာ
အဲဒီလိုဖြစ်နေတာ ကိုယ်နှိုက်က ရယ်စရာ..(ရယ်လိုက်ပြီ..ဟား…ဟား…ဟား…)
ရူးသလိုလို ပေါသလိုလိုနဲ့ သူကိုယ့်ကိုကြည့်တယ်
အခြောက်တိုက် ရယ်နေနိုင်တာကိုက သူရူးရူးပေါပေါမှန်း ထောက်ခံချက်ပေးနေပြီးသား။
ခြေထောက်မှာခြင်ကိုက်တယ် နဖူးဆံစပ်မှာ ချွေးတလုံးလုံး
အမေရိကားမှာ အခွန်အတုတ် ကိစ္စ အောက်လွှတ်တော်မှ အထက် လွှတ်တော်ကိုတက်သွားပြီ။
နောက်ပြောင်ရင်း နောက်ချေးပုံတက်နင်း နောက်ထပ် ငါမပြောတော့ဘူး
နနောက်(နွားနောက်) ကို နောက်ထား၍ နဖားကြိုး ထိုးပြီး နွားပွဲသွားမလို့။
ရှုတည်တည်နဲ့ ကြည့်မနေနဲ့
ကိုယ့်ကဗျာ ကိုယ်ရေး..ကိုယ့်ကာရန်နဲ့ကိုယ် သင့်အောင်နေ။
ညောင်..ညောင်..ညောင်..မြန်မာကြောင် ယိုးဒယားကြောင် အာစီယံကြောင် ပါရှားကြောင်
ဥရောပကြောင် ပင်လယ်ကွေ့ကြောင် တောင်အမေရိကကြောင် ငကြောင်။
ဆင်တွေဟာ သူတို့ဆွေမျိုးတွေကို ဘယ်လိုမှတ်မိကြသလဲ
လက်ကောက်ဝတ်မှာ သင်္ဃန်းအဝါရောင် အစကို စည်းနှောင်လျက် စည်းကျိုး။
ရောက်အောင်သွားမယ် တောင်/မြောက်ဝင်ရိုးစွန်း
ရောက်အောင်တက်မယ် မောင့် ဧဝရက် တောင်ထွဋ် ။
နောက်ထပ်ပြောစရာဘာမှမရှိ
(လွှတ်ကနဲ..) ဘရစ်တနီစပီးယားတောင် ကြည့်နေရင်းအသက်ကြီးသွားပြီလို့ ပြောမိ။ ။
ခင်အောင်အေး
၂၃၊ သြဂတ်စ်၊ ၂၀၀၉
Tuesday, September 8, 2009
//
အမ်ိဳးအစားက:
poem
//
3
ယောက်ကဒီလိုမြင်တယ်
//
ပန်းချီ ခင်မောင်ရင်
အေ ဘီ စီ ဒီ တွေနဲ့ ဝမ်းတူးသရီးဖိုးတွေနဲ့ ပိရမစ်တွေနဲ့ မြစ်ကမ်းနဖူူးက နတ်ကွန်းနဲ့
ခင်အောင်အေး
၂၈၊ သြဂတ်စ်၊ ၂၀၀၉ * ဇေယျာလင်း၊ ကဗျာ ဘ၀ ရှာတော်ပုံ မှ
Read more
အေ ဘီ စီ ဒီ တွေနဲ့ ဝမ်းတူးသရီးဖိုးတွေနဲ့ ပိရမစ်တွေနဲ့ မြစ်ကမ်းနဖူူးက နတ်ကွန်းနဲ့
အေဒီတွေ ဘီစီတွေ သာသနာသက္ကရာဇ်တွေ ခရစ်သက္ကရာဇ်တွေနဲ့ ကိုယ်လုံးတီးပုံ ပြက္ခဒိန်တွေနဲ့
ဘယ်အထိဆွေးရမလဲ ဟုတ်လား ကမ္ဘာချဉ်းတိုင်ပေါ့ကွယ် ဘာခက်တာလိုက်လို့ ချင်တွယ်ရတာ
အခုပဲဆင်းလာနေပြီ ပြုတ်ကျလာနေပြီ မြေခ ကြွေကျ ဖြေမရ စာမေးပွဲကျ
အုန်းမှုတ်ခွက်မင်းသားပါ ဆူပါမင်းသားပါ ဟောလီးဝုဒ် အထိထိုးဖောက်ဦးမှာ ဘီလူူးခေါင်းစွပ်ကိုမ ပင့်ကာ
သီရေတာ အာ့ထ် ဝါ့ခ် သီအိုရီ ပရဲဆမ်တေးရှင်း ခြောက်လုံးပတ်ဝိဉာဉ် အဖိ အဖော့မှာ အော်စကာ ရုပ်တု
ငါးခြောက်ပန်းကန်လေး ရှေ့တိုး ထန်းလက်နဲ့မကာနဲ့ အေဖိုး တရွက်စာ ဗျတ်ဝိ ဗျတ္တ ငိုချင်းချ
အပြောကောင်း အဟောကောင်းကလေး နေ့တွက်ဘယ်လောက်ပေး ညကြေး ဘယ်ရွေ့ ဘယ်မျှ..
အာရုံခံစားမှု အဆက်အစပ်ပြတ်တောက်ခြင်းဟာ နံနက်စာစားနေတယ် ခွေလိပ်နေတဲ့ နဖူးဆံစပ်
ပစ်မှတ်ကို အတိအကျချိန်ပြီး ဘတ်တန် ကိုဖိချလိုက်တယ် ပေါ့ပါးသောသတ္တုအိမ် ရှည်မျောမျောရဲ့ခရီးစဉ်
သုံးပြီးသားတစ်သျှူးစက္ကူအစအနတွေ မြှော်တလင့်လင့် မီးကင်ပေါင်မုန့်ထောပတ်သုတ် ပစ်တိုင်းထောင်ရုပ်
ဟုတ်တယ် ကြိုးရှုပ်တယ် မျိုးဖြုတ်တယ် ဆိုးယုတ်တယ် အိုးပုတ်သည် အရသာဖွယ် တယ်တယ်
“မင်္ဂလာပါ”.. စကားလုံးတွေ သူယူသုံးသွားလို့ အကုန်ပြောင်ပြီ ငါရေးစရာမရှိတော့ ဝမ်းနည်းပက်လက်
ကုက္ကိုပင်အောက်ထိုင်ငေး ငှက်ပျောတုံးကြီးမျောလာ(ရေမကူးတတ်)ဘယ်နတ်ကမှလဲ ပေါက်ဆိန်လာမပြဘူး
အဘိဓါန်ရဲ့အကူအညီကိုမရယူခင် လက်ချောင်းထိပ်ဖျားတွေမှာတဆတ်ဆတ် အတွင်းအချပ်ပိုနဲ့ အလွှာလွှာ
အညှော်စုပ်စက်တပ်ထားရဲ့လား ဘောင်းဘီအိပ်ထဲလက်နှိုက်ထားတဲ့ဟိုလူ ရပ်တန်းကရပ်ပါ အပြုအမူအစိမ်း
‘ဒီနေ့ ကော်လက်လုပ်မှာ’တဲ့ ထုပ်ပိုးဌာကဝန်ထမ်းတွေပြာယိပြာယာ အုံ့မှိုင်းအုပ်မိုးနေတဲ့ အလှမွေးငါးကန်
ဘဝပါးဟက်တွေ ပြဲဟ ကာ ဂယက်အနက်တွေ မြင်မကောင်းရှုမကောင်း အော့အန်သွန်ကျလာ
အမှိုက်သိမ်းပြီ မိုက်ဇာတ်လဲသိမ်းပြီ သိမ်းမြစ်ပေါ်ကခုန်မချခင် သိမ်းစရာရှိတာမြန်မြန်သိမ်း ထိန်းသိမ်းထား
တဲ့ လူတွေ ဘယ်မှာဆက်သိမ်းမလဲ ကျဈေးနဲ့ဝယ်သိမ်းထားတာ အခုဖောက်သည်တွေသိမ်းကျုံးဝယ်သွားပြီ
“ဗျာ..အခုလား..” “မအားဘူးဗျ..”
ဇေယျာလင်းနဲ့ ရို့စ်မရီ နဲ့ နှစ်ပါးသွား* ထိုင်ကြည့်နေတာ။ ။

မလှပတဲ့ဘဝ(လို့)ကဗျာစပ်လိုက်သေး

Tuesday, September 1, 2009
//
အမ်ိဳးအစားက:
poem
//
1 ယောက်ကဒီလိုမြင်တယ်
//
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)