Apr
18

Firefox တွင် မိမိလိုချင်သော အဓိက search engine ထည့်နည်း

အင်တာနက်သုံးကြတဲ့ ကျွန်တော့် မိတ်ဆွေများ မိမိတို့ သုံးတဲ့ ဘရောက်ဇာ မှာဘယ် search engine ကို နှစ်သက် သဘောကျပြီး သုံးကျသလဲတော့ မသိဘူး ကျွန်တော်ကတော့ Google ကိုပဲ အဓိက သုံးပါတယ်..။

အဲ... မနေ့က yahoo toolbar ကို အပ်ဒိပ် လုပ်လိုက်တာ ကျွန်တော့ ဘရောက်ဇာက အဓိက google srarch engine ပျောက်သွားပြီး ရာဟူး search engine ကြီးဖြစ်သွားလို့ အတော်လေး စိတ်ဆင်းရဲသွားပါတယ် ဒါနဲ့ပဲ အင်တာနက်ထဲ ပြန်ရှာလိုက်တာ အခုတော့ ပြန်ပြီး google ပြန်ရသွားပါပြီ အဲဒီမှာ ကျွန်တော် စဉ်းစားမိတာက ကျွန်တော့်လိုပဲ ကိုယ်လိုချင်တဲ့ search engine ကို ကိုယ့်ရဲ့ ဖိုင်းယားဖောက်စ် ဘရောက်ဇာမှာ ထည့်ချင်တဲ့ သူများ အတွက် google ကို ဥပမာထားပြီး ဘယ်လို ထည့်ရမလဲ ဆိုတာ တင်ပြပေးဖို့ စိတ်ကူးပေါ်လာလို့ မသိသေးသူများ အတွက် တင်ပြလိုက်ပါတယ်..။

နံပါတ် (၁) အနေနဲ့ ဖိုင်းယားဖောက်စ်ရဲ့ လိပ်စာဘားမှာ about:config ဆိုပြီး ရိုက်ပြီး enter ခေါက်လိုက်ပါ..။
အဲဒီမှာ ဖိုင်းယားဖောက်စ် က သတိပေးစာ ပေါ်လာပါလိမ့်မယ် I promise ကို နှိပ်လိုက်ပါ..။

နံပါတ် (၂) အနေနဲ့ ပေါ်လာတဲ့ စာမျက်နှာရဲ့ အပေါ်ဆုံးမှာ Filter ဆိုတာ ရှိပါတယ် အဲဒီ ထဲကို keyword.URL ဆိုပြီး ရိုက်ထည့်လိုက် ရင် အဲဒီ keyword.URL ဆိုတဲ့ စာတမ်းဆီ တန်းရောက် သွားပါလိမ့်မယ်...

နံပါတ်(၃)အဲဒီ keyword.URL ကို right click နှိပ်လိုက်ပြီး Modify ကိုရွေးချယ်ပေးလိုက်ပါ.. ဒါဆိုရင် Box ကလေးတစ်ခုပေါ်လာပါလိမ့်မယ် အဲဒီ box ထဲက Url လိပ်စာနေရာမှာ ဟောဒီလိပ်စာလေး ကို http://www.google.com/search?hl=en&q= ထည့်ပေးလိုက် ရင် မိမိ တို့ရဲ့ ဘရောက်ဇာရဲ့ အဓိက search engine ဟာ google ဖြစ်သွားမှာ ဖြစ်ပါကြောင်း နဲ့ ကျန်တဲ့ Yahoo, အတွက် ဆိုရင်တော့ ဟောဒီလိပ်စာလေး http://search.yahoo.com/search?p= ကို ရိုက်ထည့်ပေး ရမှာဖြစ်ပြီး msm, အတွက် ဆိုရင်တော့ http://search.live.com/results.aspx?q= ကို ရိုက်ထည့် ပေးခြင်းဖြင့် အထက်ပါ နည်းအတိုင်း မိမိတို့ ဖိုင်းယားဖောက်စ် ဘရောက်ဇာ မှာ ထည့်နိုင်ပါကြောင်း ဝေမျှလိုက် ပါတယ်..။


4 ယောက်ကဒီလိုမြင်တယ် to "Firefox တွင် မိမိလိုချင်သော အဓိက search engine ထည့်နည်း"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

SuMoTuWeThFrSa
View Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts