ကိုယ်ယောင်ဖျောက်နတ်သား


နတ်သားရေ..
ကျွန်ပ် ပုဆိန်လဲ မြစ်ထဲ ကျ မပျောက်ပါဘူး
နတ်သားရေ..
နတ်ဝတ်ပုဆိုး တိမ်မီးခိုးလဲ ငှားဝတ်ဖို့ စိတ်ကူးမရှိပါဘူး
နတ်သားရေ..
နတ်ပြည်ခြောက်ထပ် ခရီးလှည့်လည်ပြီး
နတ်သမီးလေးတွေ တဖက်လေးငါးရာ မတောင်းဆိုပါဘူး
နတ်သားရေ..
နတ်က နတ်ပီပီ နတ်စကားပြောပေမယ့်
လူကတော့ လူပီပီ လူစကားပဲ ပြောနိုင်မှာပေါ့
နတ်သားရေ နားနားကပ်ထောင်..
“……………….”

နတ်သားလဲ
ကိုယ်ယောင်ဖျောက်ပြေးတော့တာပဲ။ ။

ခင်အောင်အေး
၁၅၊ ဒီဇင်ဘာ၊ ၂၀၁၀ ဘန်ကောက် ၂၀း၁၁ နာရီ
Read more


စိတ်ရှည်လက်ရှည် ဘောင်းဘီခြေရှည် ဝင်ရိုးရှည်နဲ့ မီးခိုးတန်းရှည်ရှည် ဝတ္ထု


နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး
၁၊ ၂၊ ၃၊ ၄ ကို ၁၀၀ အထိ ရေတာလဲ ဆယ်ကြိမ် မကတော့ဘူး
ကြမ်းကြားမှာ ညပ်နေတဲ့ ပြောင်လက်လက်ကလေးကို မရအရ ကလော်ထုတ်နေမိတယ်
ဒါပေါ့ သူတို့ ကြော်ငြာမှာတော့ ရာခိုင်နှုန်း အပြည့်လို့ပြောတာပေါ့
ဒါပေါ့ အာမခံတယ် ဘာညာလဲ ရေပက်မဝင်အောင်ပြောတာပေါ့
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး
အသက်ရှုလေ့ကျင့်ခဏ်းနဲ့ ကျားကန်ဘို့ ကြိုးစားပြန်တယ်
သိပ်ကြိုက်တဲ့ စာအုပ်ကို အကြိုက်ဆုံးစာမျက်နှာကစလှန်ပြီး ဖတ်တယ်
ဖင်စီဒီဇိုင်းနဲ့ ဓါတ်ငွေ့မီးခြစ်ကို ချွင်ကနဲ ခွပ်ကနဲ အဖုံးဖွင့်လိုက်ပိတ်လိုက်ကစားနေသေးတယ်
သွားတိုက်ဆေးဗူးညှစ်လိုက်စဉ်က သူ့မျက်ခွက်ကိုမြင်ယောင်မိတဲ့ကိစ္စ မစဉ်းစားမိအောင်ထိန်းတယ်
နောက်ဆုံးမှာ ငါဟာစိတ်မရှည်နိုင်တော့ဘူး
ပင်လယ်ထဲ ဆင်းမယ်တဲ့ သူ့ဆံပင်ရှည်ရှည်ကိုသပ်ရင်း သူငယ်ချင်းက
ကိုယ်တို့တွေ ဆန့်ရှည်ထွက်ခဲ့တဲ့ နှစ်အလျားတလျှောက်လုံး စာလုံးပေါင်းတွေမှားခဲ့သလား
ပင်ကိုယ်ရေးသက်သက်နဲ့ မျက်နှာချေလိမ်းပုံလိမ်းနည်း အထူအပါး
ဟုတ်ပီ ဖျတ်ကနဲ လင်းပွင့်သွားတဲ့ ကင်မရာဖလက်ရ်ှဂန်းတခုလို
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး
ဒီကောင်က ပြုတ်မနူးလို့ ပဲများတဲ့ နောက်တယောက်က ပြောတယ်
အကျမနာလိုက်တာ အံ့သြရင်း သက်ပြင်းဟာ တိမ်ဝင်သွားရဲ့
တိမ် ခပ်တိမ်တိမ်လေး တတိမ်ကို မော့ကြည့်ရင်း စကားလုံးတွေပါ တိမ်ဝင်သွားရဲ့
အော် ကျနော်..အဲ့ဒီစာမျက်နှာမှာ book mark ကလေးနဲ့ ညှပ်ထားခဲ့တာ..
နောက်ဆုံးမှာ ငါ ဟာ စိတ်မရှည်နိုင်တော့ဘူး
မျက်မှန် ( ပါဝါ ) မျက်မှန် ( နေကာ ) မျက်မှန် (မျက်ကပ်) မျက်မှန် ( ရေငုပ်)
ရေးချင်တာ ရေးခွင့်ရဘို့လဲ အရေးကြီးသေးတာပေါ့ ဆိုလိုတာက
သူ့မုတ်ဆိတ်ကိုသူ တဖွဖွ စမ်းကာစမ်းကာ တယုတယနဲ့
မြက်ရိုင်းတောကြီး တခုရဲ့ အဆုံး ဘွားကနဲ
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး
ဇာတ်သိမ်းပိုင်းမှာ တကယ်စ ဖြစ်တဲ့ အဖြစ်အပျက်ကို ပြန်ရိုက်ပြထားတယ်
နောက်ခံတီးလုံးဟာ ကိုယ်လုံးတီး မပြောမပြီး မတီးမမြည် တီး ထည့်လိုက်ပြီ
သူ့တကိုယ်လုံး နနွင်းနဲ့ရွှံ့နဲ့ ဆားတွေနဲ့ လိမ်းကျန်အုပ်မံကာ
တသက်တာ - ဖြစ်နိုင်ရင် လူတွေ ပေါ့ပေါ့ပါးပါး ရေတွက်လေ့ရှိတဲ့ အနှစ် တသန်း နှစ်သန်းဆိုတာမျိုး
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး

နောက်ဆုံးမှာ ငါဟာ ဘယ်လိုမှ စိတ်မရှည်နိုင်တော့ဘူး
လက်ကိုင်ဖုံးကို နံရံဆီ ပစ်ပေါက်လိုက်တယ်
hel ကသပ်သပ် lo ကသပ်သပ် တစ်စစီ ကွဲထွက်သွားတယ်
‘ဟယ် လို’ နံရံက ပြန်လာတဲ့ အသံဆီ နောက်သံယောင်တခုက ဆိုက်ဆိုက်မြိုက်မြိုက်
လှေကားတွေကို ဘယ်တော့မှ အလိုမလိုက်မိစေနဲ့… တဲ့
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး။ ။

ခင်အောင်အေး
၂၀၊ ဇန်နဝါရီ၊ ၂၀၁၁ မဲဆောက် ၁၃း၁၃ နာရီ
Read more


မော်ရင်ဟို၏ လှန့်လုံး ဇီးရူးတီတူလီ


ဖြစ်နေပျက်နေမှု အားလုံးတို့ရဲ့ အချုပ် အခေါင်
Normal plus ပေါင်မုန့် ၂ ယှက်ကြားထဲ အဓိပ္ပါယ်ကို ညှပ်ထည့်လိုက်တယ်
ငိုပါ အားပါးတရ ရှိုက်ကြီးတငင် ငိုပါ၊ အမေ့ ဝမ်းက ကျွတ်ချိန်တုန်းကလို ငိုပါ
(အထူးသဖြင့် မော်ရင်ဟို ပြောဆိုခဲ့သည့် ဖလားလက်မဲ့ ‘Zero titles’ )သည်
နှုတ်ခမ်းမွှေးမှာ ငြိကပ်ချိတ်တွယ်နေတဲ့ အမြှုပ်တွေကို သပ်လိုက်ပါအုန်း
နက်စ်ကဖေး ကိုလဲ အားပေးပါ အင်တာ မီလန်ကိုလဲ အားပေးပါ “အရှင် ဘုရား အားပေးပါ ခွန်အားပေးပါ”
ဘီစကစ် တချပ်ကို ဂျွတ်ကနဲ နှစ်ခြမ်း ဖဲ့ လိုက်ပုံ ရုတ်တရက် ရေကာတာကျိုးပေါက်သွားပုံ
အိုးဆေး ခွက်တိုက်ပေါ့ဗျာ ဖွဲပြာမသုံးတော့ပါဘူး မားဇီးဒီး ကားကြီးပေါ်က ခုန်ပေါက်မြူးတူး ဆင်းလာကာ
ကျစ်ဆံမြီး နှစ်ဖက်ချ ဖက်ရှင်နဲ့ အပေါ်အဖြူ အောက်အနက် ကျောင်းဝတ်စုံ
အီတလီတွင် တမဟုတ်ချင်း ရေပန်းစားလာခဲ့သည်။ ထိုစကားလုံး
အေးပါဗျာ အပေါ်စီးနဲ့ အောက်စီး ဆိုတာတော့ ပါးစပ်အဟောင်းသားပဲ တတ်နိုင်တယ်
ဒီဇာတ်ကားမှာလဲ ဟို ဇာတ်လမ်းတုန်းက မင်းသား မင်းသမီးနဲ့ ဇာတ်ပို့ဇာတ်ရံတွေ
သော့ခလောက်ကြီးကြီး ရေသန့်ဘူးကြီးကြီး ဖြစ်ချင်ဇော ရချင်ဇော ရမ္မက်ကြီးကြီးနဲ့
မျက်နှာသုပ်ပုဝါ နောက်ပြီးတော့ ရေချိုးခန်းသုံး တိုလီမုတ်စ ပစ္စည်း အပြည့်အစုံ
(အီတလီအသံထွက်အမှန်မှာ ဇီးရိုးတီတိုလီ ‘zero titoli’ ဖြစ်သော်လည်း -
စန်းဦးရဲ့ နှစ်ထပ်ဘောလုံး စာအုပ်ပေါ်မှာ ထပ်တင်ထားတဲ့ စိတ် နှစ်ထပ်
စကားဝါပန်းများ အကြောက်အလန့်မရှိ ရက်ရက်စက်စက် ပွင့်နေရက်ကြ
တဖြည်းဖြည်းချင်း ခြေတစ်လှမ်းချင်း လေသံ တခုနဲ့တခုချင်း ကမ္ဘာ တခုနဲ့တခုချင်း
စစ်ပြီးခေတ် အသံလွှင့်ရုံမှာ အသုံးပြုခဲ့တဲ့ မတ်တပ် မိုက်ခရိုဖုံး နစ်ကယ်လ် ပြောင်ပြောင်
အစားအစာနဲ့ အသွားအလာ အနေအထိုင် တကိုယ်ရေ ကျော့ရှင်းမှု မျက်နှာစာ
မမျှော်လင့်တဲ့ အချိန်မှာ ရုတ်တရက် ဝင်အုပ်နိုင်တာ အကောင်းဆုံးပဲ အကယ်၍ လုပ်နိုင်ခဲ့ရင်ပေါ့လေ
မျက်စေ့မှိတ်ကာ လဲလျောင်းနေစဉ် မျက်နှာ၏ ဖြူဖျော့ခြင်းက လူသေပုံ ပေါက်နေသည်ကိုသာ မမြင်ရလျင်
မင်းကြီး အကြိုက်ကိုလိုက်ကာ ပလီပလာ ပုံကြီးချဲ့လျက် မိုးထိအောင် မြှောက်ကော်ပြီးလျင်
- သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက ဇီးရူးတီတူလီ ‘zeru tituli’ မှားယွင်းစွာ
အသံထွက်ပြောဆိုခဲ့သည်) ကို ။ ။

ခင်အောင်အေး
၂၉၊ အောက်တိုဘာ၊ ၂၀၁၀ ဘန်ကောက် ၁၁း၅၀ နာရီ
Read more


အင်တာနက် ဒေါင်းလုဒ် မန်နေဂျာ ၆.ဝ.၄ Latest Path File



အင်တာနက်ဒေါင်းလုဒ် မန်နေဂျာ ၆.ဝ.၄ အပ်ဒိပ် လုပ်ထားတဲ့ သူများ အင်တာနက် ဒေါင်းလုဒ် မန်နေဂျာက ပညာပြ ပြန်ပြီဗျာ..။

ဒါကြောင့် ဒီနေ့ နောက်ဆုံး ထွက်လာတဲ့ Path File လေး ထပ်တင် ပေးလိုက်တယ် ကိုယ့်လိုပဲ ဒုက္ခရောက်နေမယ့် သူတွေကို ကိုယ်ချင်းစာလို့ပါ .

ပထမဆုံး ကျွန်တော်ပေးတဲ့ လင့်ကနေ ဖိုင်ကို ဒေါင်းလိုက်ပါ ပြီးရင် zip ဖိုင်ကို ဖြည်ပြီး အောက်က အဆင့်များ အတိုင်း လုပ်ရုံပါပဲ

၁။သင့်မှာ အရင် အင်တာနက် ဒေါင်းလုဒ် မန်နေဂျာ သွင်းထားပြီးသား ရှိခဲ့မယ် ဆိုရင် Un-install အရင် လုပ်လိုက်ပါ ပြီးရင် ဖိုင်ထဲမှာ ပါတဲ့ Unregister.IDM.reg ဆိုတာလေးကို ဒယ်ဘယ် ကလစ်လေး နှိပ်ပြီး OK လုပ်ပေးလိုက်ပါ.။
ကွန်ပြူတာထဲမှာ တစ်ခါမှ အင်တာနက်ဒေါင်းလုဒ်မန်နေဂျာ အင်စတော မလုပ်ဖူးရင်တော့ အဆင့် ၁ ကိုကျော်လိုက်ပါ..။

၂။ဒုတိယ အဆင့်အနေနဲ့Internet Download Manager 6.04 Build 2.exe ဆိုတာကို Run ရုံပါပဲ.

၃။အင်စတော လုပ်ပြီးပြီ ဆိုရင် Taskbar ကနေ တစ်ဆင့် IDM ကို Exit လုပ်ပေးပါ(အဲဒီအချက်ဟာ အရေးကြီးပါတယ် IDM ပိတ်တာ သေချာမှ ကီးတွေ ထည့်လို့ရမှာပါ)

၄။Patch & Regfiles ဆိုတဲ့ ဖိုင်ထဲက IDMan.exe ဆိုတဲ့ ဖိုင်လေးကို အင်တာနက် ဒေါင်းလုဒ် မန်နေဂျာ ဖိုင်တွေ ရှိတဲ့ ဆီကို ကော်ပီ ပေ့စ် လုပ်လိုက်ပါ..။(ဥပမာ C:\\program files/Internet Download Manager ဆိုတဲ့ အထဲ ကိုထည့်ပေးရမှာပါ)

၅။ပြီးရင်တော့ RegKey Windows ဆိုတဲ့ RegKey ဖိုင်နှစ်ဖိုင်ထဲက ကိုယ့်ကွန်ပြူတာနဲ့ ကိုက်မယ့် ဟာကို ရွေးပြီး ဒယ်ဘယ် ကလစ် နှိပ်ပြီး OK လုပ်ပြီးရင်တော့ ရီဂျစ်စတာ လုပ်ခြင်းပြီးဆုံးပါပြီ


စာရေးပြတာ မရှင်းမှာ စိုးလို့ ဗွီဒီယိုလေးပါ တင်ပေးလိုက်ပါတယ်




PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts