ပြူတင်းမှန်မှာ ရိုက်မှုန်နေတဲ့ မိုးငွေ့တွေ


စက်တင်ဘာ မေပယ်လ်ရွက်များ
(သီမာသို့..)

ပြူတင်းမှန်မှာ ရိုက်မှုန်နေတဲ့ မိုးငွေ့တွေ
အအေးဓါတ်ဟာ နေရာတိုင်းအနှံ့ အခန်းထောင့်တိုင်းအနှံ့
အရည်ပြားပေါ်ချိတ်တွယ်နေတဲ့ အတွေ့အကြုံတစိမ်း
နေနေကျ သိနေကျမဟုတ်တာကို မသိယောင်ဝိုးဝါးနဲ့
ဘဝရဲ့ အရသာဟာ အချဉ်တစ်ဝက် အချိုတစ်ဝက်
သစ်ပင်တွေ ယိမ်းက နေသလို ငါ ထပြီး က, လို့ဖြစ်မလား
လူစိမ်း မဟုတ်ပေမယ့် လူစိမ်းအဖြစ်နဲ့ တစ်ပါးသူတို့အရပ်မှာ -
အေးစိမ့်စိမ့်အထိအတွေ့တိုင်းဟာ
စိတ်ပျက်ညည်းငွေ့ခြင်းဘက်ကို မယိုင်လဲမီ
သဲထဲရေသွန် အဓိပ္ပါယ်များဆီ မချဉ်းကပ်နိုင်မှုရဲ့
စိမ်းတစ်ဝက် ဝါတစ်ဝက် မေပယ်လ်ရွက်များ။  

ခင်အောင်အေး
၂၄-၂၆ စက်တင်ဘာ၊ ၂၀၁၂ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၁း၅၀ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts