Blogger များအတွက် Flash Animated Label Cloud

ကဲ ကျွန်တော့် ရဲ့ ဘလော်ဂါ ညီအစ်ကို မောင်နှမ အပေါင်းတို့ ထူးဆန်းလှပတဲ့ ဆိုဒ်ဘား အတွက် widget လေးတစ်ခု တွေ့မိလို့ ကိုယ့် ဘလောဂ်ဂါ ညီကိုမောင်နှမ အပေါင်းကို ဝေမျှ လိုက်တာပါ ...။

ကဲ ကျွန်တော့် ရဲ့ ဆိုဒ်ဘား ညာဖက်ခြမ်း က ရေးခဲ့သမျှစာစုများ ဆိုတာလေး ကို ကြည့်လိုက်ပါ Label Cloud လေး မောက်စ်သွား ရာလမ်းကြောင်းအတိုင်း ဝေ့လည် လှုပ်ရှားနေတာ လေး မမိုက်ဘူးလား...။

ဟုတ်ပြီ ကြိုက်တယ် ဆိုရင် ဘယ်လို လုပ်ကြမလဲ

အရမ်းရိုးရှင်း လွယ်ကူပါတယ်ဗျာ ကုဒ်လေး တွေကို လိုတဲ့နေရာမှာ Copy & Paste လုပ်ပေးရုံပါပဲ..။

ကဲ ဒါဆို စလိုက်ကြရအောင်....
Blogger dashboard ကနေတဆင့် Layout>Edit HTML ထဲကို သွားလိုက်ပါ..

ပြီးသွားရင် ဟောဒီအောက်က ကုဒ်လေးကို တွေ့အောင် ရှာလိုက်ပါဗျာ...

<b:section class='sidebar' id='sidebar' preferred='yes'>

အိုကေ အဲဒီကုဒ်ကို တွေ့ပြီ ဆိုတာနဲ့ သူ့ရဲ့ အောက်မှာ ဒီကုဒ်လေး တွေ ကို Copy & Paste လုပ်ပြီး ဖြည့်ပေး ရုံပါပဲ...

<b:widget id='Label99' locked='false' title='Labels' type='Label'>
<b:includable id='main'>
<b:if cond='data:title'>
<h2><data:title/></h2>
</b:if>
<div class='widget-content'>
<script src='http://halotemplates.s3.amazonaws.com/wp-cumulus-example/swfobject.js' type='text/javascript'/>
<div id='flashcontent'>Blogumulus by <a href='http://www.roytanck.com/'>Roy Tanck</a> and <a href='http://www.bloggerbuster.com'>Amanda Fazani</a></div>
<script type='text/javascript'>
var so = new SWFObject("http://halotemplates.s3.amazonaws.com/wp-cumulus-example/tagcloud.swf", "tagcloud", "240", "300", "7", "#ffffff");
// uncomment next line to enable transparency
//so.addParam("wmode", "transparent");
so.addVariable("tcolor", "0x333333");
so.addVariable("mode", "tags");
so.addVariable("distr", "true");
so.addVariable("tspeed", "100");
so.addVariable("tagcloud", "<tags><b:loop values='data:labels' var='label'><a expr:href='data:label.url' style='12'><data:label.name/></a></b:loop></tags>");
so.addParam("allowScriptAccess", "always");
so.write("flashcontent");
</script>
<b:include name='quickedit'/>
</div>
</b:includable>
</b:widget>

ဒါဆိုရင် ညီကို မောင်နှမ အပေါင်းတို့လဲ ကျွန်တော့်လိုပဲ အမြင်ဆန်းဆန်း ထူးခြားလှပတဲ့ Tag Cloud Label လေးတစ်ခုကို ပိုင်ဆိုင်ပြီပေါ့ ..

အော် တစ်ခုတော့ ရှိတယ်ဗျ သူက Post Label တွေကို မြန်မာလို ပေးထားရင် မမြင်ရတာ လေး တစ်ခုတော့ ချွင်းချက် ရှိတယ်ဗျ ကျွန်တော်လဲ အကုန် အင်္ဂလိပ် လိုတွေ လိုက်ပြောင်းလိုက် ရတယ် mrgreen လိုချင်တာကိုးဗျ..။

အဲနောက်တော့ နောက်ခံ ဘက်ဂရောင်း အရောင်တွေ စာလုံးအရောင်တွေ ကိုယ်လိုချင်သလို ပြောင်းချင် ရင်တော့ ဒီအောက်မှာ ပြထားတဲ့ ကုဒ်လေး တွေ မှာ ကာလာ ကုဒ်တွေကို လိုက်ပြောင်း လိုက်ရုံ ပါပဲ..။

var so = new SWFObject("http://halotemplates.s3.amazonaws.com/wp-cumulus-example/tagcloud.swf", "tagcloud", "240", "300", "7", "#ffffff");

အနီရောင်နဲ့ပြထားတဲ့ ဂဏန်းတွေက ကိုယ်လိုချင်တဲ့ ဆိုဒ် အကျယ် နဲ့ အမြင့် ပါ အဝါရောင်နဲက ပြထားတာ ကတော့ နောက်ခံ ဘက်ဂရောင်း ကာလာကုဒ်ပေါ့ အဲဒီနေရာတွေမှာ ကိုယ်လို သလို ချိန်ညှိ နိုင်ပါတယ်..

စာလုံး အရောင် ပြောင်းချင်ရင် ဒီကုဒ်ထဲက

so.addVariable("tcolor", "0x333333");

အဝါရောင် ပြထားတဲ့ နေရာမှာ ကိုယ်လိုချင်တဲ့ ကာလာကုဒ်လေး ထည့်လိုက်ပေါ့ဗျာ...

စာလုံး အရွယ် အစား ပြောင်းချင်တယ် ဆိုရင်တော့ ...

so.addVariable("tagcloud", "<tags><b:loop values='data:labels' var='label'><a expr:href='data:label.url' style='12'><data:label.name/></a></b:loop></tags>");

အနီရောင်ပြထားတဲ့ ဂဏန်းလေး ကို လိုသလို ကြီးသေးလုပ်နိုင်ပါတယ် ....

ကဲ အားလုံးပဲ widget အသစ်လေးနဲ့ ပျော်ရွှင် နိုင်ကြပါစေ နော်....။

Read more


စောင့်မျှော်မိတဲ့အလင်း


သူခပ်သွက်သွက်လေး ခြေကို လှမ်းလိုက်တယ် လက်ထဲကိုင်လာတဲ့ ဟန်းဖုန်းကို ကြည့်လိုက်တော့ ဘာ Miss Call မှ မတွေ့ရ သဖြင့် သူပြုံးလိုက်မိသည်။ ဒါဆို စန္ဒီ တစ်ယောက် အလုပ်မသွားဘူးပေါ့...

စန္ဒီ အလုပ်သွားရမယ် ဆိုတိုင်း သူ့ဖုန်းကို ဆက်နေကြ သူအလုပ်ထဲမှာ ဖုန်းမကိုင်နိုင်မှန်း သိသိနှင့် ဆက်နေကြ ဒါဆို သူသိပြီ စန္ဒီ အဲလိုနေ့မျိုးဆို သူ့ဆီ မလာနိုင်တော့ဘူး ဆိုတာကို.....

သူ့ခြေလှမ်းတို့ အိမ်ကို အမြန်ရောက်ချင် ဇောဖြင့် ပိုလို သွက်လာသည်၊
အိမ်နားရောက်တော့ ထုံးစံ အတိုင်း သူ့အခန်းရှိရာ ကို လှမ်းလို့ မော့ကြည့်မိသည်၊ ဒါပေမယ့်လည်း ထုံးစံ အတိုင်းပါပဲ သူ့အခန်း ပြူတင်းပေါက် များ ဆီမှ မီးအလင်းရောင် ကို မတွေ့ရ ဒါလဲ အထူးအဆန်း တစ်ခုတော့ မဟုတ် စနီ္ဒ က သူ အလုပ်ပြန်လာချိန် ကို မှန်းပြီး မီးများ ပိတ်ထားတတ် သည်လေ..။

ဒါနှင့် လှေခါးထစ်များ ကို ခုန်ပျံ ကျော်လွှား ပြီး အခန်း တံခါး ဝ ဆီသို့ အရောက်မှာတော့ မျှော်လင့်ချက် တို့ကြောင့် ခုန်နေသော နှလုံးခုန်သံ နှင့် ထပ်တူ တုန်ရင် နေသော လက်ထဲ မှ သော့ဖြင့် တံခါး ကိုဖွင့်လိုက်ပြီး အခန်းထဲ လှမ်းဝင်လိုက်သည်....။

အခန်းထဲတွင်တော့ မည်းမှောင် တိတ်ဆိတ် ခြင်း က သာ လွှမ်းမိုးထားလေရဲ့.........။

သူမသိချင် ယောင်ဆောင်ပြီး တံခါးပေါက် ကို ဖြတ်သန်း ဝင်ရောက် လိုက်ချိန် မှာတော့........

"ဟင်" သူထင် သလို မီးလဲ လင်း မလာပါလား

ဟုတ်ပါတယ်လေ သူ တစ်ခု သတိမေ့ သွားတယ်

စန္ဒီ သာ ရှိနေတယ် ဆိုရင် သူ့အတွက် ညစာ ချက်ထား တဲ့ ဟင်းနံ့ ကြောင့် ရယ် သူလာခါနီးမို့လို့သာ ကမန်းကတန်း မီးတွေ လိုက်ပိတ် လိုက်ပေမယ့် အမြန် မပိတ်နိုင်တဲ့ ကွန်ပြူတာ ကြောင့် ရယ်ကြောင့် စန္ဒီ သူ့အခန်းထဲ ရောက်နေတာ ကို သူအမြဲတမ်း သိနေကြ....။

သူသိတယ် ဆိုတာကိုလည်း စန္ဒီ ကလဲ သိတယ် သဲလွန်စတွေ ဘယ်လိုမှ ဖျောက်လို့မရမှန်းလဲ စန္ဒီ သိတယ် ဒါပေမယ့် ချစ်သူ ကို အမြဲတမ်း စိတ်လှုပ်ရှား မှု လေးတွေ ပေးချင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလို အမြဲတမ်း တူတူရေ ဝါး ဆိုတဲ့ ကလေး ဆန်ဆန် တူပုန်းတန်း ကစားတာ ကို ခုံခုံမင်မင် စွဲစွဲလမ်းလမ်းနဲ့ လုပ်နေကြ........။

သူအခန်းထဲ ရောက်ပြီ ဆိုတာနဲ့ မီးခလုတ် ဘေးမှာ ပုန်းနေတတ်တဲ့ စန္ဒီ က မီးကို ရုတ်တရက် ဖွင့်ပြီး ဟေး လို့ လှန့်မယ် ပြီးရင် သူ့ရင်ခွင်ထဲ ဝင်လာပြီး စန္ဒီ့ ကို ရုတ်တရက် ဒီလို တွေ့လိုက်ရလို့ ဝမ်းမသာဘူးလား လို့မေးမယ် ဒါဟာ သူ့ရဲ့ ချစ်သူလေး လုပ်နေကြ အလုပ်တွေပေါ့ ..။

အဲဒါပေမယ့် ချွင်းချက်တော့ ရှိတယ် သူတို့နှစ်ဦး ချစ်သူဖြစ်တဲ့ နေ့တို့ ချစ်သူများနေ့တို့ နှစ်ယောက်သားရဲ့ မွေးနေ့ တို့ လို နေ့မျိုးတွေ မှာတော့ တစ်ခန်းလုံး ဖယောင်းတိုင် မီးများနဲ့ လင်းကျင်း နေလို့ပေါ့လေ အဲလို နေ့မျိုးဆိုရင်တော့ သူအလုပ်က ပြန်လာရာ လမ်းကနေ သူ့အခန်းလေး မီးလင်းထိန်နေတာကို တွေ့ရတတ်တယ်...။

"ဟင်းးးး"

သူသက်ပြင်း ကို လေးကန်စွာ တစ်ချက် ချလိုက် ရင်း ရေခဲသေတ္တာထဲက ဘီယာတစ်လုံး ကို ဆွဲယူ ပြီး ဆိုဖာပေါ် ပစ်ထိုင် လိုက်မိတယ်.......

ဒီ့နောက် မှာတော့ ရွှေရောင် ရေခဲမြစ် တစ်စင်းကို အလွမ်းမီး တွေ တောက်လောင် နေတဲ့ သူ့ရဲ့ ရင်ခွင်ထဲ ကို စီးဆင်းခွင့်ပေးလိုက်တယ် အလွမ်းမီးတောက် တေ ွငြိမ်းပါစေ တော့ ရယ်လို့လေ..

ဒါပေမယ့် စီးဝင်သွားတဲ့ ရွှေရောင်ရေခဲမြစ် တစ်စင်းလုံး သူ့ရင်ခွင်ထဲ က အပူမီးတွေကြောင့် အကုန်အငွေ့ပျံ ကုန်လားတော့ မသိဘူး သူ့မျက်ဝန်းအိမ် ကို ငွေ့ရည်ဖွဲ့နေတဲ့ တိမ်စိုင် တိမ်ခဲတွေ ဖြတ်သန်း သွားသလို ခံစားလိုက်ရပြီး သူ့မျက်ဝန်း တွေ ဝေဝါး သွားတယ်....။

သူမျက်တောင် ကို ပုတ်ခပ် ပုတ်ခပ် လုပ်လိုက် ပြီး ငွေ့ရည်ဖွဲ့ နေတဲ့ တိမ်စိုင် တွေ မိုးလို မရွာ သွန်းနိုင်မှီ အချိန်မှီ တားဆီးလိုက်မိတယ်....။

ပြီးတော့ စက္ကူဘူးလေး ထဲမှာ လှောင်ပိတ်မိနေတဲ့ အဖြူရောင် စီးကရက် တစ်လိပ်ကို ထုတ်ပြီး မီးညှိ ဖွာရှိုက် လိုက်တော့ မီးခိုးလုံး တွေထဲ မှာ သူမလေး က လူးလွန့်လှုပ်ရှား နေလေ ရဲ့ ကိုယ့် ကိုပဲ စကားတွေ လှမ်းပြော နေသယောင်ယောင်...။

ဧည့်ခန်း က တစ်ဆင့် လှမ်းမြင်နေရတဲ့ သူ့ရဲ့ အိပ်ခန်းဆီ လှမ်းကြည့် မိပြန်တော့ သူမ နောက်ဆုံး အိပ်သွားတဲ့ ပုံစံ အတိုင်း ရှိနေတဲ့ သူ့ရဲ့ အိပ်ရာ ကို မြင်နေရတယ် သူမ အဲဒီ မှာ အိပ်သွားတဲ့ နောက်ဆုံးညက ပြောသွားတဲ့ စကားတွေ ကို အမြဲတမ်း သူ့ရဲ့နားထဲ ကြားယောင်နေဆဲပဲ...

"ကံမကုန်လို့ အခြေအနေပေး ရင် ပြန်ဆုံကြတာပေါ့" တဲ့လေ...

ကံကုန်ခဲ့လို့ ပြန်မဆုံ ဖြစ်ခဲ့ရင် သူမ နောက်ဆုံး အိပ်စက် သွားရာ နေရာလေး ကို အမြဲ အမှတ်တရ ကြည့်နိုင်အောင် သူ အဲဒီ အိပ်ရာပေါ် မအိပ်ဖြစ်တာ ကြာပါပကောလေ သေသေချာချာ ရေတွက်ကြည့်မယ် ဆိုရင် ရက်ပေါင်း ငါးဆယ် ရှိခဲ့ပြီပေါ့....

ဒါပေမယ့် ရက်ပေါင်း ငါးဆယ် အတွင်း သူကတော့ အလုပ်က ပြန်တိုင်း ဖုန်းလေး ကိုထုတ်ကြည့်မိမြဲပါ Miss Call မတွေ့တိုင်း စန္ဒီ အလုပ်မသွားလို့ သူ့အိမ်မှာစောင့်နေတယ် လို့ သူထင်နေမိတုန်း ပါ ပဲ...။

ဘယ်လိုပဲ ဖြစ်ဖြစ်လေ..

သူကတော့ စောင့်မျှော်နေဆဲပါ

တစ်နေ့တော့ အလုပ်ကအပြန် မည်းမှောင်နေတဲ့ အခန်းထဲ သူမဖွင့်ပဲ မီးလင်းလာ မည့် အချိန်ကိုပေါ့.....။


Read more


ဘဝစာမျက်နှာထဲက ၈.၈.၈၈




Don't need more 8888
************************
ပြီးခဲ့ပါပြီ အတိတ်က ဖြစ်ရပ်တွေ

ငါ့ရဲ့ အသွေးသားတွေ

ငါ့ရဲ့ခန္ဓာကိုယ်တွေ

ကြက်သီးတွေ တစ်ဖြန်းဖြန်းထခဲ့ရတယ်

အသက်အပေါင်းများစွာကို

အမျိုးမျိုးစတေးခဲ့ရတဲ့

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကပေါ့…

အဆက်မပြတ် ထွက်ပေါ်လာတဲ့ သေနတ်သံတွေ

ငိုသံတွေ အော်သံတွေနဲ့

ငါ့ရဲ့နားထဲမှာ ပြန်ကြားယောင်မိတယ်

လွန်ပါစေတော့ အဲ့ဒီဖြစ်ရပ်တွေ…

ညီအကိုတော် တစ်ဦး၏ ခံစားချက် ကဗျာ ဖြစ်ပါသည်။

ဒိုင်ယာရီ အမှတ် (၁၅) သြဂုတ်လ (၈) ရက်...
***********************************
ဒီနေ့ ကျွန်တော် တစ်ယောက် အထူး စိတ်လှုပ်ရှား နေသည်..။

ဘာကြောင့်လဲ ဆိုတော့ ဒီနေ့က ိုရောက်လာဖို့ သူတို့ အချိန်အတော် ကြာကြာ စောင့်ခဲ့ ရသည်..။

အခု ကျောင်းသွားပြီး ကျောင်းမှာ သူတို့ အ.က.သ (အခြေခံပညာ ကျောင်းသားများ သမဂ္ဂ) အဖွဲ့တွေ ပြည်လုံးကျွတ် ဆန္ဒပြပွဲ ကြီးမှာ ပါဝင်လှုပ်ရှား ဖို့ကျောင်းက ကျောင်းသား များ ကို ဦးဆောင် ပြီး လမ်းပေါ် ထွက်ဖို့ သူတို့၏ နောင်တော် များ ဖြစ်သည့် တ.က.သ(တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ) နှင့် ဗ.က.သ (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ) တို့မှ လမ်းညွှန်ချက် အတိုင်း လုပ်ဆောင် ရန် ဖြစ်သည်...။

ကျောင်းသို့ရောက်ပြီ အဖွဲ့ဝင် များ ကတော့ အဆင်သင့် ဒါပေမယ့် ကျန် ကျောင်းသား အင်အား ကတော့ နည်းပါးလှသည် ဘာကြောင့် လဲဆိုတော့ ဒီနေ့မှာ ကျောင်းသား များ ဦးဆောင် ဆန္ဒပြ ကြမည် ဆိုတော့ မိဘ များ ကကျောင်းသို့ သားသမီး များ ကို ပေးမလွှတ်တော့...။

ကျောင်းရှေ့တွင် လည်း စစ်ကား သုံးစီး က အဆင်သင့် နေရာ ယူထားလို့....

ဘာကြောင့် လဲဆိုတော သူတို့ကျောင်း က တာမွေ အထက (၅) .....ကျောက်မြောင်း ဈေးလမ်းဆုံ အနီးရှိ တာမွေ မြို့နယ်ကောင်စီရုံး နှင့် ကလဲနီးသည်....။

ယောကျၤား လေးကျောင်း ပီပီ နောင်တော် များ စလိုက် သည့် နောက်ပိုင်း သူတို့ကလဲ နေ့စဉ် ကျောင်းဆင်းချိန် တိုင်း တရားဟောချင်း ကြွေးကျော် သံများ အော်ဟစ် ခြင်းတို့ ကိုလုပ်လေ့ ရှိရာ မြို့နယ်ကောင်စီ ရုံးမှ သူတို့ကျောင်း ကို စစ်ကား သုံးစီး အစောင့်ချထားလိုက်သည်....။

ဒီနေ့ ၈.၈.၈၈ နေ့

ကျောင်းက ဆရာမကြီး ထံ အထက်မှ ကျောင်းသား များကို ကျောင်းတွင် လူမစုစေရန် အိမ်သို့ ပြန်လွှတ်ခိုင်း သဖြင့် ကျွန်တော် တို့ အိမ်ပြန်လာခဲ့ ရသည် ဘာဆက်လုပ်မည် နည်း ကျွန်တော် တို့ တာဝန်က ကျောင်းမှာ လူစု ထားပြီး ချီတက်လာမည့် အကိုတော် အဖွဲ့များ ထံပူပေါင်းရန် ဖြစ်သည် အခုတော့ ကျောင်းတွင် လူမစုနိုင်တော့ အကိုတော်များကလဲ ဒီအချိန် ဘယ်ကို ရောက်နေသည် ဆိုတာ မသိနိုင် (ယ္ခု ခေတ်လို ဟန်းဖုန်း များရှိလျှင် တော့ကောင်းလေစွ) ဒီလိုနှင့် နေ့လည် ချိန်လောက် ရောက်လာရာ ကျွန်တော် တို့လမ်းမပေါ် ထွက်မျှော် နေမိသည် ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့မှာ ကျောင်းသား ပြည်သူတွေ အကုန် လမ်းပေါ် ထွက်လာ ကြမည် ဆိုတာ ယုံကြည်သည် ...

ကျွန်တော် တစ်ယောက်ထဲ မဟုတ်ပါ အားလုံးသော ပြည်သူများကလဲ ယုံကြည်ကြသလို ပူးပေါင်းပါဝင်ရန်လည်း စောင့်ဆိုင်း နေကြသည်...။

ကျွန်တော် မြို့နယ်ကောင်စီရုံး ဘက်ကို လှမ်းကြည့် နေချိန် တွင် ကောင်စီရုံးဝင်း အတွင်း စစ်ကား ခြောက်စီး ခန့် ထိုးထားသည် ကို မြင်နေရသည်...

လမ်းမ ဘေး ပလက်ဖောင်းများတွင်တော့ ကျွန်တော် တို့လိုပဲ လည်ပင်း တစ်မျှော်မျှော် ဖြင့် ဘယ်အချိန် မှာ များ လူထု ကြီး ချီတက်လာမလဲ ဆိုတာ စောင့်ဆိုင်း နေသူများ ပြည့်နေသည်...။

နေ့လည် ၃ နာရီ ခန့်တွင် မြို့နယ် ကောင်စီ ရုံး အတွင်း စစ်သားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ကို တွေ့လိုက့်ရသည် သူတို့အကုန်လုံး ကားများပေါ် အပြေးအလွှား တက်ပြီး ကားများကို ရန်ကုန်မြို့ထဲ ဘက်ဆီသို့အပြင်းမောင်းနှင်သွားကြသည် ..။

ကောင်စီရုံး မှ လူများလည်း အကုန်ထွက်လာပြီး ကောင်စီရုံး ကို တံခါးတွေ အကုန်ပိတ် သော့ခတ် ကာ ထွက်သွားကြ၏...

ထိုအချိန် မှာ ပင် ......

တာမွေ ဈေး ဘက်မှ လူများ အော်ဟစ်လိုက်သည့် အသံကြီးက ဟိန်းထွက်လာ၏...
တဆက်ထဲ မှာ ပင် ဆိုင်ကယ် သံများ ဆူညံစွာ ကြားလိုက် ရသလို ကျွန်တော် တို့မြင်ကွင်းထဲ သို့လည်း ဆိုင်ကယ်များ အုပ်စုလိုက် မောင်းနှင်လာ၏ ရှေ့ဆုံးမှ မောင်းနှင်လာသည့် ဆိုင်ကယ် တွင် ကျောင်းသား တို့၏ သငေ်္ကတ ဖြစ်သည့် မြန်မာ နိုင်ငံလွပ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် လည်း အမြဲ ရှေ့ဆုံးမှ ဦးဆောင် ချီတက်မြဲ ဖြစ်သည့် ခွပ်ဒေါင်း အလံ ကြီး က လေထဲတွင် တလူလူ လွင့်လို့ ဆိုင်ကယ် သမားများ က...

" ကျောင်းသား များ ဦးဆောင် ပြီး ဆန္ဒပြ လူထုကြီး ချီတက် လာပါပြီ အားပေးကြပါ အားပေးကြပါ" ဟု

အဆက်မပြတ်အော်သွားသည် ဆိုင်ကယ် များ ကတော့ များသလား မမေးနှင့် အစီးရေ ရာကျော်မည် အားလုံးကလဲ ခွပ်ဒေါင်း အလံများ တလူလူ နှင့် ခွပ်ဒေါင်းတံဆိပ်ပါ နဖူးစည်းများ စီးထားကြသည်..ကျွန်တော်ဖြင့် ကြက်သီးမွေးညင်း များ တဖြောင်းဖြောင်း ထသွားသည် လမ်းနဘေးမှ ကြည့်နေသူများ အားလုံး ပျော်ရွှင်စွာ ဖြင့် ဟေး ကနဲ အော်လိုက်ကြသည် အားလုံးခုန်ပေါက် ပျော်ရွှင် နေကြသည် ကသည့်လူက လဲ က လို့ ....

ဆိုင်ကယ်သမားများ ကျောက်မြောင်းဈေး မီးပွိုင့် လမ်းဆုံ မြို့နယ်ကောင်စီရုံး ရှေ့ တွင် ဆိုင်ကယ်များ ကို လှည့်ပတ် စီးနင်းပြီး နောက်မှ ချီတက်လာ သည့် လူထု ကြီးကို စောင့်ဆိုင်းနေ၏..။

မကြာပါ ကြွေးကျော် သံများ အော်ဟစ် လာသည့် လူထု ကြီး ကို တဖြည်းဖြည်း မြင်ကွင်းထဲ ဝင်လာသည် ကိုတွေ့လိုက်ရ ပါသည်...

ရှေ့ဆုံးတွင်တော့ အဖြူအစိမ်းကျောင်း သားလေးများက ခွပ်ဒေါင်းအလံ ကိုကိုင်သူကိုင် ဗိုလ်ချုပ်ပုံ သခင်ကိုယ်တော်မှိုင်း ပုံ များကိုင်ဆောင်သူကကိုင် ဖြင့် အလံများ ရဲရဲ တောက်လျှက် ချီတက်လာကြပါပြီ...။

လမ်းမနဘေး ကြည့်နေသူများ မိမိတို့ အိမ်အတွင်း အပြေးအလွှား ပြန်လည် ဝင်ရောက် သွားကြ၏...

ပြန်ထွက်လာသော အခါတွင် မတော့ ရေအိုးများ ချိုချဉ်များ ပေါင်မုန့်များ စားစရာ သောက်စရာ များက လူတိုင်း၏ လက်ထဲမှာ အပြည့် ပြီးတော့ ချီတက် လာသူများ ကို ကမ်းပေး ကြ၏..

လူငယ် လူလတ် ပိုင်းများ ကတော့ ချီတက်လာသည့် လူထုထဲ ပြေးဝင် သွားပြီး လူစီးကြောင်း ကြီးနှင့် တစ်သား ထဲ စီးဝင် လိုက်ပါ သွားကြ၏.. လူငယ် လူလတ် ပိုင်းများ သာ မက ပါ လူကြီးများ အမျိုးသမီး များ လဲ လူထု တပ်ကြီးတွင် ပါဝင် ကြပါသည်...။

လူတန်းစားပေါင်းစုံ အသက်အရွယ် မျိုးစုံ ပါပဲ

ကျွန်တော် တို့ အဖွဲ့လဲ လူစီးကြောင်းထဲ ပြေးဝင် စီးမျော လိုက်ပါ လိုက်ပါသည်...

ဒီနောက်တွင် မတော့သိမ်ဖြူလမ်း မကြီး အတိုင်း ရန်ကုန် မြို့ထဲသို့ ဆက်လက် ချီတက် ခဲ့ကြသည်..

လမ်းတောက်လျှောက် တွင် ပါဝင် ပူးပေါင်း လာသူများ က မနည်းလှ ရပ်ကွက် တိုင်း လိုလိုတွင် လူများ အကုန်ထွက် လိုက်လာကြ၏...

မြို့ထဲရောက်တော့ အခြား နေရာပေါင်း စုံ မှ ချီတက် လာကြသူ များလည်း ရန်ကုန် မြို့၏ အသည်းနှလုံး ဆူးလေ စေတီ နှင့် မဟာဗန္ဓုလ ပန်းခြံ ပတ်ပတ်လည် တွင် ပြည့်နှက်နေပြီ...

မြို့တော်ခန်းမ ရှေ့တွင် တော့ ထိုစဉ်က ကျွန်တော် တို့ခေါ်သည့် အန်းမတ် ကား ခေါ် ဘရင်းကယ်ရီယာ စက်သေနတ် များ တပ်ဆင်ထားသည့် သံချပ်ကာ ကား များ က အသင့်အနေ အထား ဖြင့်စောင့်ဆိုင်းလို့....

ဒီလိုနဲ့ မြို့ထဲ မှာ ပတ်နေရင်း ည ၁၁ နာရီ ခွဲခန့်တွင် ကျွန်တော် တို့ အဖွဲ့ မှာ အိမ်က လူကြီးများ စိတ်ပူ မည်စိုး သဖြင့် လူစု လူဝေး ကြီးထဲမှ ခွဲထွက်လာ ပြီး အိမ်သို့ပြန်လာ ကြသည်.....

ကျွန်တော် တို့ ကန်တော်လေး အထက (၁) နား သို့ အရောက်တွင်တော့ ဝမ်းနည်း တုန်လှုပ်ဖွယ် ရာ သတင်းစကား ကြားလိုက်ရတာ ကတော့ မြို့တော်ခန်းမ ရှေ့တွင် ဆန္ဒပြသူ များ ကို အစိုးရက ပစ်ခတ် သဖြင့် အတော် များများ သေဆုံးသွားကြောင်း လူများလည်း ပြေးရင်း လွှားရင်း ဒေါသ ဖြစ်သဖြင့် အစိုးရ ပိုင် အဆောက် အဦးများ ရုံးကားများ ကို ဖျက်ဆီး မီးရှို့ကြကြောင်း စသဖြင့် သတင်းများ ကြားရပါတော့သည်....

ဤ ကား သမိုင်းတွင် လူမဆန်သော လူသတ်ပွဲကြီး ၏ အစ ပဏာမ ပတ်ပျိုး ပင်ဖြစ်ပါတော့ သည်...။

၉.၈.၈၈ နေ့ကျွန်တော် တို့စတော့ဂိတ် ကုန်း ယ္ခု သိမ်ဖြူကုန်း တွင် အပစ်ခံရသည်ကို ဘဝထဲကစာမျက်နှာများ တွင် ဆက်လက် ရေးသားတင်ပြ သွားပါမည်..။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts