သူခပ်သွက်သွက်လေး ခြေကို လှမ်းလိုက်တယ် လက်ထဲကိုင်လာတဲ့ ဟန်းဖုန်းကို ကြည့်လိုက်တော့ ဘာ Miss Call မှ မတွေ့ရ သဖြင့် သူပြုံးလိုက်မိသည်။ ဒါဆို စန္ဒီ တစ်ယောက် အလုပ်မသွားဘူးပေါ့...
စန္ဒီ အလုပ်သွားရမယ် ဆိုတိုင်း သူ့ဖုန်းကို ဆက်နေကြ သူအလုပ်ထဲမှာ ဖုန်းမကိုင်နိုင်မှန်း သိသိနှင့် ဆက်နေကြ ဒါဆို သူသိပြီ စန္ဒီ အဲလိုနေ့မျိုးဆို သူ့ဆီ မလာနိုင်တော့ဘူး ဆိုတာကို.....
သူ့ခြေလှမ်းတို့ အိမ်ကို အမြန်ရောက်ချင် ဇောဖြင့် ပိုလို သွက်လာသည်၊
အိမ်နားရောက်တော့ ထုံးစံ အတိုင်း သူ့အခန်းရှိရာ ကို လှမ်းလို့ မော့ကြည့်မိသည်၊ ဒါပေမယ့်လည်း ထုံးစံ အတိုင်းပါပဲ သူ့အခန်း ပြူတင်းပေါက် များ ဆီမှ မီးအလင်းရောင် ကို မတွေ့ရ ဒါလဲ အထူးအဆန်း တစ်ခုတော့ မဟုတ် စနီ္ဒ က သူ အလုပ်ပြန်လာချိန် ကို မှန်းပြီး မီးများ ပိတ်ထားတတ် သည်လေ..။
ဒါနှင့် လှေခါးထစ်များ ကို ခုန်ပျံ ကျော်လွှား ပြီး အခန်း တံခါး ဝ ဆီသို့ အရောက်မှာတော့ မျှော်လင့်ချက် တို့ကြောင့် ခုန်နေသော နှလုံးခုန်သံ နှင့် ထပ်တူ တုန်ရင် နေသော လက်ထဲ မှ သော့ဖြင့် တံခါး ကိုဖွင့်လိုက်ပြီး အခန်းထဲ လှမ်းဝင်လိုက်သည်....။
အခန်းထဲတွင်တော့ မည်းမှောင် တိတ်ဆိတ် ခြင်း က သာ လွှမ်းမိုးထားလေရဲ့.........။
သူမသိချင် ယောင်ဆောင်ပြီး တံခါးပေါက် ကို ဖြတ်သန်း ဝင်ရောက် လိုက်ချိန် မှာတော့........
"ဟင်" သူထင် သလို မီးလဲ လင်း မလာပါလား
ဟုတ်ပါတယ်လေ သူ တစ်ခု သတိမေ့ သွားတယ်
စန္ဒီ သာ ရှိနေတယ် ဆိုရင် သူ့အတွက် ညစာ ချက်ထား တဲ့ ဟင်းနံ့ ကြောင့် ရယ် သူလာခါနီးမို့လို့သာ ကမန်းကတန်း မီးတွေ လိုက်ပိတ် လိုက်ပေမယ့် အမြန် မပိတ်နိုင်တဲ့ ကွန်ပြူတာ ကြောင့် ရယ်ကြောင့် စန္ဒီ သူ့အခန်းထဲ ရောက်နေတာ ကို သူအမြဲတမ်း သိနေကြ....။
သူသိတယ် ဆိုတာကိုလည်း စန္ဒီ ကလဲ သိတယ် သဲလွန်စတွေ ဘယ်လိုမှ ဖျောက်လို့မရမှန်းလဲ စန္ဒီ သိတယ် ဒါပေမယ့် ချစ်သူ ကို အမြဲတမ်း စိတ်လှုပ်ရှား မှု လေးတွေ ပေးချင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလို အမြဲတမ်း တူတူရေ ဝါး ဆိုတဲ့ ကလေး ဆန်ဆန် တူပုန်းတန်း ကစားတာ ကို ခုံခုံမင်မင် စွဲစွဲလမ်းလမ်းနဲ့ လုပ်နေကြ........။
သူအခန်းထဲ ရောက်ပြီ ဆိုတာနဲ့ မီးခလုတ် ဘေးမှာ ပုန်းနေတတ်တဲ့ စန္ဒီ က မီးကို ရုတ်တရက် ဖွင့်ပြီး ဟေး လို့ လှန့်မယ် ပြီးရင် သူ့ရင်ခွင်ထဲ ဝင်လာပြီး စန္ဒီ့ ကို ရုတ်တရက် ဒီလို တွေ့လိုက်ရလို့ ဝမ်းမသာဘူးလား လို့မေးမယ် ဒါဟာ သူ့ရဲ့ ချစ်သူလေး လုပ်နေကြ အလုပ်တွေပေါ့ ..။
အဲဒါပေမယ့် ချွင်းချက်တော့ ရှိတယ် သူတို့နှစ်ဦး ချစ်သူဖြစ်တဲ့ နေ့တို့ ချစ်သူများနေ့တို့ နှစ်ယောက်သားရဲ့ မွေးနေ့ တို့ လို နေ့မျိုးတွေ မှာတော့ တစ်ခန်းလုံး ဖယောင်းတိုင် မီးများနဲ့ လင်းကျင်း နေလို့ပေါ့လေ အဲလို နေ့မျိုးဆိုရင်တော့ သူအလုပ်က ပြန်လာရာ လမ်းကနေ သူ့အခန်းလေး မီးလင်းထိန်နေတာကို တွေ့ရတတ်တယ်...။
"ဟင်းးးး"
သူသက်ပြင်း ကို လေးကန်စွာ တစ်ချက် ချလိုက် ရင်း ရေခဲသေတ္တာထဲက ဘီယာတစ်လုံး ကို ဆွဲယူ ပြီး ဆိုဖာပေါ် ပစ်ထိုင် လိုက်မိတယ်.......
ဒီ့နောက် မှာတော့ ရွှေရောင် ရေခဲမြစ် တစ်စင်းကို အလွမ်းမီး တွေ တောက်လောင် နေတဲ့ သူ့ရဲ့ ရင်ခွင်ထဲ ကို စီးဆင်းခွင့်ပေးလိုက်တယ် အလွမ်းမီးတောက် တေ ွငြိမ်းပါစေ တော့ ရယ်လို့လေ..
ဒါပေမယ့် စီးဝင်သွားတဲ့ ရွှေရောင်ရေခဲမြစ် တစ်စင်းလုံး သူ့ရင်ခွင်ထဲ က အပူမီးတွေကြောင့် အကုန်အငွေ့ပျံ ကုန်လားတော့ မသိဘူး သူ့မျက်ဝန်းအိမ် ကို ငွေ့ရည်ဖွဲ့နေတဲ့ တိမ်စိုင် တိမ်ခဲတွေ ဖြတ်သန်း သွားသလို ခံစားလိုက်ရပြီး သူ့မျက်ဝန်း တွေ ဝေဝါး သွားတယ်....။
သူမျက်တောင် ကို ပုတ်ခပ် ပုတ်ခပ် လုပ်လိုက် ပြီး ငွေ့ရည်ဖွဲ့ နေတဲ့ တိမ်စိုင် တွေ မိုးလို မရွာ သွန်းနိုင်မှီ အချိန်မှီ တားဆီးလိုက်မိတယ်....။
ပြီးတော့ စက္ကူဘူးလေး ထဲမှာ လှောင်ပိတ်မိနေတဲ့ အဖြူရောင် စီးကရက် တစ်လိပ်ကို ထုတ်ပြီး မီးညှိ ဖွာရှိုက် လိုက်တော့ မီးခိုးလုံး တွေထဲ မှာ သူမလေး က လူးလွန့်လှုပ်ရှား နေလေ ရဲ့ ကိုယ့် ကိုပဲ စကားတွေ လှမ်းပြော နေသယောင်ယောင်...။
ဧည့်ခန်း က တစ်ဆင့် လှမ်းမြင်နေရတဲ့ သူ့ရဲ့ အိပ်ခန်းဆီ လှမ်းကြည့် မိပြန်တော့ သူမ နောက်ဆုံး အိပ်သွားတဲ့ ပုံစံ အတိုင်း ရှိနေတဲ့ သူ့ရဲ့ အိပ်ရာ ကို မြင်နေရတယ် သူမ အဲဒီ မှာ အိပ်သွားတဲ့ နောက်ဆုံးညက ပြောသွားတဲ့ စကားတွေ ကို အမြဲတမ်း သူ့ရဲ့နားထဲ ကြားယောင်နေဆဲပဲ...
"ကံမကုန်လို့ အခြေအနေပေး ရင် ပြန်ဆုံကြတာပေါ့" တဲ့လေ...
ကံကုန်ခဲ့လို့ ပြန်မဆုံ ဖြစ်ခဲ့ရင် သူမ နောက်ဆုံး အိပ်စက် သွားရာ နေရာလေး ကို အမြဲ အမှတ်တရ ကြည့်နိုင်အောင် သူ အဲဒီ အိပ်ရာပေါ် မအိပ်ဖြစ်တာ ကြာပါပကောလေ သေသေချာချာ ရေတွက်ကြည့်မယ် ဆိုရင် ရက်ပေါင်း ငါးဆယ် ရှိခဲ့ပြီပေါ့....
ဒါပေမယ့် ရက်ပေါင်း ငါးဆယ် အတွင်း သူကတော့ အလုပ်က ပြန်တိုင်း ဖုန်းလေး ကိုထုတ်ကြည့်မိမြဲပါ Miss Call မတွေ့တိုင်း စန္ဒီ အလုပ်မသွားလို့ သူ့အိမ်မှာစောင့်နေတယ် လို့ သူထင်နေမိတုန်း ပါ ပဲ...။
ဘယ်လိုပဲ ဖြစ်ဖြစ်လေ..
သူကတော့ စောင့်မျှော်နေဆဲပါ
တစ်နေ့တော့ အလုပ်ကအပြန် မည်းမှောင်နေတဲ့ အခန်းထဲ သူမဖွင့်ပဲ မီးလင်းလာ မည့် အချိန်ကိုပေါ့.....။

ဒါလေးတွေလဲ ရှိသေးတယ်
8 ယောက်ကဒီလိုမြင်တယ် to "စောင့်မျှော်မိတဲ့အလင်း"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
အောင်သာငယ် says:
ကိုယ့်ဆရာက ဒါမျိုးလေးတွေလည်း ရေးတတ်သကိုး...
ကောင်းတယ်ဗျ...
ညမီးအိမ် says:
ငါ့အစ်ကိုကြီး အိမ်သူကိုလွမ်းနေတယ်ထင်ပါ့။ မီးခလုတ်ကျွန်တော်လာဖွင့်ပေးမယ်လေ။ ခရီးစရိတ်လှမ်းပို့လိုက်။ (အဲလိုကုန်တာချင်းတူတူ အိမ်သူပဲခေါ်မှာပေါ့နော့်။ ဟီးဟီး)
ဝေလေး says:
မီးလင်းမယ့်အချိန်စောင့်နေတာလားအစ်ကိုကြီး...
ဖတ်လို့ကောင်းတယ်ဗျို့ .. :D
BLACK DREAM says:
အစ်ကိုရယ် တစ်ကယ်တော့ ဖြစ်သင့်တာဆိုတဲ့ အသိစိတ်တစ်ခုဟာ တကယ့်ကိုဆေးခါးကြီး တစ်ခွက်ပါပဲ...။ ဒီလိုနဲ့ပဲ အဲ့ဒီ့ဆေးခါးကြီးကို ကျွန်တော်တို့ အကြိမ်ကြိမ်မျိုချခဲ့ ကြရတာပဲလေ...။
Apprenticeship says:
ကိုလင်းရေ.. အားတင်းထားပေါ့.. မီးတွေ ထိန်းလင်းနေပီး ပျော်ရွင်ဖွယ် အလုပ်ပြန်ချိန်လေး အမြန်ရရှိ ပါစေနော်.. ရေခဲမြစ်နဲ့ အဖြူရောင်တွေကိုတော့ လျှော့ပေါ့..။ တော်ကြာ တူတူပုန်းတမ်း မကစားနိုင်ပဲ နေလိမ့်မယ်.. ပျော်ရွှင်ပါစေနော်...
မွန် says:
အဲဒီလိုပါပဲလေ ဘယ်တော့မှ မရောက်နိုင်တဲ့ ဖုန်းနံပါတ်တစ်ခုကိုပဲ မက်ဆေ့တွေညတိုင်းပို့ delivery report က not deliver ဆိုတဲ့ စာတန်းလေးကို ဥပေက္ခာပြုနေခဲ့တာ နောက် အဲလိုအဖြစ်တွေအများကြီးပါပဲ အကို့စာကိုလာမဖတ်မိရင်ကောင်းမှာ ငိုအောင်လုပ်ပြန်ပြီ
mabaydar says:
မိုက်တယ်ကွာ... မနဲပြန်လိုက်ရှာရကြိုးနပ်ပြီ...
တင့်ထူးရွှေ says:
ကောင်းတယ်အကိုရေ ကံမကုန်ကြသေးရင်တော့ မီးလေး ပြန်ပွင့်လာမှာပါ ..