Apr
07

ပျော့ကွက်

ဒီကဗျာကတော့ စာပေစီစစ်ရေးက နှစ်ကြိမ် အပယ်ခံခဲ့ရလို့ မဂ္ဂဇင်းမှာ မဖော်ပြနိုင်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ အခုတော့ ကျွန်တော့်ညီဖြစ်သူရဲ့ ဘလော့ဂ်မှာပဲ ဖော်ပြလိုက်ပါတယ်...။

ပျော့ကွက်

မင်းတို့မေးရိုးတွေ အားလုံး ပြုတ်ထွက်သွားအောင်
ငါဆော်ထည့်နိုင်တယ်
ဒါနဲ့ပဲ
ဟောဟိုက ချောင်ကောင်းကောင်းမှာ
ကြမ်းပိုးရှာသလိုလို
သန်းရှာသလိုလို
ဖိုမကိစ္စနဲ့ပြီးရတာပဲ။

တစ်ညနောက်ကျပြီးမှ ညားခွင့်ရတဲ့ ကဗျာတစ်ပုဒ်ရယ်
လေးငါးနှစ်တာကာလဆီက စုပ်မြိုခဲ့သမျှရယ်
အခုမှ
အားလုံးဟာရှိလာခဲ့ပြီ
သီချင်းဆိုရဲတဲ့ပန်းပွင့်များ
အနားမယူတဲ့ သန်းခေါင်ယံခေါင်းလောင်းများ
အိပ်မက် မက်ရမှာ ကြောက်တဲ့ကျွဲရိုင်းများ။

တလွင့်လွင့် ခန်းဆီးစရဲ့ အပေါ်မှာတော့
ရာဇဝင်ဟာ ပိုးသားဇာ ယက်ဖောက်လို့
ငါတို့ရောက်ရှိရာ မှတ်တိုင်များနဲ့
ငါတို့ဆုပ်ကိုင်မိကြရာ ပြာမှုန်များရဲ့ရေးချယ်မှုမျှပဲ။

ခုလိုတော့လဲ
ငနဲက
ကိုယ်လိမ်းပေါင်ဒါ လူးရ
ဆပ်ပြာမွှေး သုံးရနဲ့။

ရှေ့တူရှုမှာ
တဝက်တပျက်သာ ပွင့်နေတဲ့ တံခါးချပ်တွေ အဆင့်ဆင့်
သခင့်အလိုကို အတိအကျ သိတတ်တဲ့ ခွေးတစ်ကောင်နဲ့
သံသရာဆုံးအောင် မှောင်နေတော့မလောက် အမိုက်တိုက်
အရက်ဖြူနည်းနည်းမြိုလိုက်ရတယ်။

နောက်ထပ်....
ပြီးတော့ နောက်ထပ်များ
ငါ့အကင်းပါးမှုက ငါ့ကိုပြန်ရောင်းစားခဲ့ရာ
ရွှေပိန်းချခြေရာတွေနဲ့
ပေါက်လွှတ်ပဲစား ဖန်ဆင်းလိုက်တဲ့ အနာဂါတ်တွေပဲအစားပြန်ရခဲ့ပေါ့။

ဟော.....
အခုမှ အိပ်ယာကနိုးလာသလိုမျိုး
မှိုချိုးမျှစ်ချိုးပြောတော့မယ့် ပါးစပ်ရယ်
သင့်ကို မြေကြီးထဲဆွဲနှစ်တော့မတတ်အကြည့်ရယ်
နောက်ပြီး
မီးစတဖက် ရေမှုတ်တဖက် လက်တစုံရယ်နဲ့ပါလား။

ငါတို့နှစ်ယောက်ကြားမှာ
ဘယ်တုန်းကမှ မလွဲမှားခဲ့ဖူးတဲ့ငွေတစ်ကျပ်
ခု.... မင်းလူသတ်ချင်နေပြီပေါ့လေ။

မနေ့တုန်းက ဘာနေ့ပါလိမ့်
အိမ့်ဆည်းလည်းသံ တချွင်ချွင်တတင်တင်
အပြင်ဘက်မှာမုသားနွံထဲကျွံနစ်ဆဲ
အဆိပ်ရည်ဖြစ်ဖြစ်
ဒေးလီးဗိုက်တာဖြစ်ဖြစ်
အိတ်ဇစ်စတင်ရှယ်လစ်ဇင်းပဲ ဖြစ်ဖြစ်ပေါ့။

အဲဒီလောက်ကြီး ကီးကိုက်နေမှတော့
ဘာသားနဲ့ထုထားတာမို့တောင့်ခံနိုင်မလဲ
သဲထဲရေသွန်မဖြစ်ခင် လက်ဖျစ်တတွက်
လူမှုရေးတွေ ကွပ်မျက်လိုက်ရတယ်.။

ဗြုန်းကနဲ
ရင်ကွဲနာကျသေချင်စရာကောင်းသွားတဲ့ညနေထဲမှာ
ဆည်းဆာကိုအငမ်းမရနမ်းစုပ်ရင်း
ဟောဒီနာကျင်မှုသီချင်းကို
ညည်းဆိုခဲ့မိတာပဲပေါ့..။ ။

ခင်အောင်အေး
၁၉၉၀


6 ယောက်ကဒီလိုမြင်တယ် to "ပြော့ကှကျ"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

SuMoTuWeThFrSa
View Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts