ဘလော့ဂ် အတွက် ပိုစ့်ဗျူး ကောင်တာ




wordpress နဲ့လုပ်ထားတဲ့ ဘလော့ဂ်တွေကို သွားခဲ့တိုင်း ပိုစ့်တွေထိပ်မှာ ဒီပိုစ့်ကို ဘယ်နှစ်ယောက် ကြည့်ပြီးပြီလဲ ဆိုတဲ့ Post View Counter လေးတွေကို တွေ့ကြရမှာပါ အဲဒါကို မြင်တိုင်း ငါတို့ ဘလော့ဂ်စပေါ့ မှာလဲ အဲလိုလေး လုပ်လို့ရရင် အရမ်းကောင်းမှာပဲ ဆိုပြီး တောင့်တ ခဲ့တာ အတော်လေး ကြာပါပြီ.. ကျွန်တော်တင် မက ဘလော့ဂ်စပေါ့မှာ ဘလော့ဂင်း နေကြသူတိုင်းလဲ အဲဒါမျိုးလေးကို လိုချင်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်..အခုတော့ ဒီစိတ်ကူးယဉ်မှုကို အကောင်အထည် ဖော်နိုင်ပါပြီဗျာ..။

ကဲ စလုပ်လိုက်ကြရအောင်ဗျာ အရမ်းလဲ လွယ်ကူလို့ လူတိုင်း လုပ်နိုင်မယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်..

သူ့မှာ အောက်က ဖော်ပြပါ ပုံထဲကလို့မျိုး စတိုင် ၂ မျိုးရှိပါတယ်



အဆင့်(၁)

အပေါ်က စတိုင်နှစ်မျိုး ထဲက ကြိုက်တဲ့ စတိုင် ကိုရွေးပါ အောက်က ကုဒ်တွေကတော့ စတိုင် ၁ မျိုးခြင်းအတွက် ကုဒ်တွေ ဖြစ်ပါတယ်..။

Style 1.(with Icon) code

<b:if cond='data:blog.pageType == &quot;item&quot;'>
<div align='center' style='border:solid 2px #999999; padding:0px; margin:2px; width:100px; display:compact'><img height='16' src='http://forums.bit-tech.net/images-light/misc/stats.gif' width='16'/>
<script src='http://www.amitjain.co.in/pageview.php' type='text/javascript'/></div>
</b:if>


Style 2. ( No Icon ) code,

<b:if cond='data:blog.pageType == &quot;item&quot;'>
<div align='center' style='border:solid 2px #999999; padding:2px; margin:2px; width:100px; display:compact'>
<script src='http://www.amitjain.co.in/pageview.php' type='text/javascript'/>
</div></b:if>


အဆင့်(၂)

ဘလော့ဂ်ထဲ ကုဒ်ထည့်ပါမယ်..

မိမိရဲ့ ဘလော့ဂ်အကောင့်နဲ့ ဘလော့ဂ်ထဲ ဝင်လိုက်ပါ ပြီးရင် Layout>>Edit html, ဘာမှ စမလုပ်သေးခင် အပေါ်က check Expand Widget Templates box.လေးကို အမှန်လေး ခြစ်ပေးပါ..။

ပြီးရင်တော့ ဒီအောက်က ကုဒ်လေးကို ရှာပါ

<div class='post-header-line-1'/>

ကုဒ်လေးကို တွေ့ပြီ ဆိုရင် အဲဒီ ကုဒ်ရဲ့ အောက်မှာ အပေါ်က ကိုယ်ရွေးချယ် ထားတဲ့ ကုဒ်လေးတွေ ကို ထည့်လိုက်ပါ..။

ဗျာ ရှာလို့ မတွေ့ဘူး အိုခေပါ နောက်တစ်ခု ထပ်ရှာကြည့်လိုက်ကြရအောင်..။


<data:post.body/>

ဒီတစ်ခုတော့ တွေ့ပြီပေါ့ ကဲ တွေ့ပြီဆိုရင် ဒီကုဒ်ရဲ့ အပေါ်မှာ ကိုယ်ရွေးချယ်ထားတဲ့ ကုဒ်လေးတွေကို ထည့်လိုက်ပါ..။

ကဲ ဒီကုဒ် နှစ်ခုထဲက တစ်ခုခုကတော့ လုံးဝ ကျိန်းသေ ပေါက်ကို တွေ့ရမှာပါ အားလုံး ထည့်ပြီးပြီ ဆိုရင်တော့ တန်းပလိတ်ကို Save လုပ်နိုင်ပါပြီ..။

သူ့ရဲ့ နမူနာ အစမ်းကတော့ အခု ညီကို မောင်နှမတို့ ဖတ်နေတဲ့ ကျွန်တော့် ပိုစ့်ရဲ့ ထိပ်နားကိုသာ ကြည့်လိုက်ပါတော့..။

အားလုံး အဆင်ပြေကြပါစေဗျာ ကြိုက်တယ် အဆင်ပြေကြတယ်ဆိုလဲ စာမူခလေး အဖြစ် ကွန်မန့်လေးတွေ ပေးသွားကြပါအုံးဗျာ..

နောက်လာမယ့် ပိုစ့်လေးတွေ အတွက် အားဆေးပေါ့ :P

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။


6 ယောက်ကဒီလိုမြင်တယ် to "ဘလော့ဂ် အတွက် ပိုစ့်ဗျူး ကောင်တာ"

  • ဒါလေး စမ်းကြည့်အုံးမယ်။ ခုလို့ ကိုယ်သိထားတာလေးတွေ ပြန်ပြီးမျှဝေတာ ကျေးဇူးတင်ပါတယ်။

  • ကိုလင်းထက်ရေ ..
    အဲဒါလေးကို လုပ်ချင်နေတာ ကြာပါပြီ။ ခုကိုလင်းထက် ဝေမျှပေးတာကျေးဇူးတင်ပါတယ် ဒါပေမယ့် blog.com မှာက Themes ပဲရှိတယ်.. အဲဒီမှာလဲ Edit html ဆိုတာလဲ မတွေ့ဘူး...
    ဘယ်နားသွားပြီး ဘာလုပ်ရမှန်းကို မသိဘူး
    အဲဒါ ကိုလင်းထက်ကူညီနိုင်ရင် ကူညီပေးပါဦး

  • ထွေးငယ်ရေ အခု ထွေးငယ် သုံးနေတဲ့ blog.com က word press ကို အထိုင်ထားပြီး ဟော့စ်စတင်း မလိုပဲ သုံးလို့ရအောင် ပြန်လုပ်ထားတဲ့ ဟာဖြစ်နေတဲ့ အတွက် သူပေးထား သလောက် အကန့်အသတ်နဲ့ပဲ သုံးလို့ ရတဲ့ ဟာဖြစ်နေပါတယ် ကိုယ်ပိုင် ဟော့စ်တင်နဲ့ ဆိုရင်တော့ WP post view plug in ထည့်ပြီး လုပ်လို့ ရပါတယ် အခုကတော့ ဘာမှ လုပ်လို့ မရပါဘူး သူပေးထား သလောက်ပဲ သုံးလို့ရမှာပါ..။

  • ကုတ်က နှစ်ခုစလုံ့းမတွေ့ဘူးဖြစ်နေတယ်
    <div class=
    <data:post ရောရှာတာမပေါ်ဘူး
    ဘာဖြစ်လို့လဲမသိဘူးနော်

  • ကုတ်က နှစ်ခုစလုံ့းမတွေ့ဘူးဖြစ်နေတယ်
    <div class=
    <data:post ရောရှာတာမပေါ်ဘူး
    ဘာဖြစ်လို့လဲမသိဘူးနော်

  • အက္ခရာ@မိမိရဲ့ ဘလော့ဂ်အကောင့်နဲ့ ဘလော့ဂ်ထဲ ဝင်လိုက်ပါ ပြီးရင် Layout>>Edit html, ဘာမှ စမလုပ်သေးခင် အပေါ်က check Expand Widget Templates box.လေးကို အမှန်လေး ခြစ်ပေးပါ..။ အဲဒီလို လုပ်ထားရင် တွေ့ကို တွေ့ပါတယ် အက္ခရာရေ

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts