ဟား ဟား ဒါလေးများ ငါတို့ သိတာ ကြာပေါ့ လုပ်ထားပြီးသား လို့တော့ အထင်တော် မမှားကြပါနဲ့အုံးဗျာ အရင်ဆုံး ငါတို့ သိထားတာ ထည့်ထားတာနဲ့ တူသလားလို့ အရင် ဖတ်ကြည့် စမ်းကြည့်ပါအုံး တစ်ကယ်လို့ သိပြီးသား ထည့်ပြီးသား ဆိုလဲ ဆောရီးပါ မသိသေးသူ တွေ အတွက်ပေါ့...
လုပ်ထားကြပါတယ် ဘလော့ အတော်များများ စာတွေကို Select လေး လုပ်ပြီး ကုူးဖို့ အတွက် Right Click နှိပ်လိုက်မှ ကွန်ပြူတာက အလန့်တကြား ထအော်ပြီး ဘရောက်ဇာမှာ Popup ဝင်းဒိုးလေး ပေါ်လာပြီး Right Click လုပ်ခြင်း ခွင့်မပြု ဘာညာ နဲ့ အမိန့်ကြော်ညာတွေ စည်းကမ်း သတ်မှတ်ချက်တွေ ထွက်ပေါ်လာတာ.....
အဲလိုကြီး လုပ်မယ့် အစား ယဉ်ယဉ်ကျေးကျေးလေး အစကတဲက စာတွေကို Selected လုပ်လို့ မရအောင် လုပ်ထားကြရရင် မကောင်းဘူးလားဗျာ...
ဟောဒီမှာ Demo လင့်လေးမှာ သွားစမ်းကြည့်လိုက်ပါ အဲဒီက ပိုစ့်က စာတွေ Right Click နှိပ်ဖို့ အဆင့်ထိ မပြောနဲ့ စာတွေကိုတောင် Select လုပ်လို့ ရရဲ့လား ဆိုတာ...
ဒီတော့ ကူးချင်တဲ့ သူကပဲ ဟင် ငါတို့ ကွန်မကောင်းလို့လား မသိဘူး ၊ ငါတို့ ကွန်ပြူတာ ကြောင်နေလို့လား မသိဘူး ၊ ငါတို့ ဘရောက်ဇာ ဘာဖြစ်နေလဲ မသိဘူး ဆိုတဲ့ ဇဝေ ဇဝါ များစွာနဲ့ ကိုယ့်ကို အမြင်မကပ်တော့ဘူးပေါ့ဗျာ ...နို့မို့ သတိပေးစာ ပြူးတူးပြဲတဲ အသံတွေကလဲ မြည်သေး ဆိုတဲ့ အချိန်ကျရင် တော်တော် အဝှာကျယ်တဲ့ ဘလော့ဂ်ပါလားလို့ မေတ္တာ ပို့ခံရအုံးမယ် မဟုတ်လား...
ကဲ လုပ်ချင်တယ်ဆို အောက်က ကုဒ်လေးတွေကို ကူးလိုက်ဗျာ...

<script type="text/javascript">
var omitformtags=["input", "textarea", "select"]
omitformtags=omitformtags.join("|")
function disableselect(e){
if (omitformtags.indexOf(e.target.tagName.toLowerCase())==-1)
return false
}
function reEnable(){
return true
}
if (typeof document.onselectstart!="undefined")
document.onselectstart=new Function ("return false")
else{
document.onmousedown=disableselect
document.onmouseup=reEnable
}
</script>
အပေါ်က ကုဒ်လေးတွေ ကူးပြီးပြီ ဆိုရင်တော့(ကျွန်တော်ကတော့ ကုဒ်တွေ ကူးစေချင်လွန်းတဲ့ အတွက် ဒီနည်းကို သုံးမထားပါဘူး :P) ....
၁/blogger dashboard ကိုသွားလိုက်ပါ
၂/ပြီးရင် Desing --&-- Page Elements. ကို ဆက်သွားပါ...
၃/နောက်တော့ sidebar က 'Add a Gadget' ဆိုတာကို နှိပ်လိုက်ပါ
၄/'HTML/Javascript' ဆိုတာ ရွေးချယ်ပြီး ကုဒ်တွေ ထည့်ပြီး Save လုပ်ပြီးရင် ပြီးပါပြီဗျာ..
အဲဒီနေရာမှာ တတ်နိုင်ရင် အဲဒီ Gadget ကို အပေါ်ဆုံးမှာ ထားနိုင်ရင် အကောင်းဆုံးပါပဲ.. အားလုံးပြီးရင် ကိုယ့်ဆိုဒ်ထဲ သွားကြည့်လိုက်ပါအုံး စာတွေကို Select လုပ်လို့ ရသေးလားဆိုတာကို...
အားလုံး အဆင်ပြေကြပါစေ အဆင်မပြေခဲ့သော် အောက်က ကွန်မန့်ထဲ မေးထားခဲ့ နိုင်ပါတယ်..။
PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။

Saturday, February 19, 2011
//
အမ်ိဳးအစားက:
Blogger Tips and Tricks
//
12
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
12 ယောက်ကဒီလိုမြင်တယ် to "No Copy No Select မိမိပိုစ့်တွေ ကာကွယ်ချင်သူများ အတွက်"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
ကိုအောင်(ပျူနိုင်ငံ) says:
google reader ဖက်က ပတ်ပြီး ကူးရင်ရော တားလို့ ရနိုင်လား
ကိုလင်းထက်။
လင်းထက် says:
@အက္ခရာ<<အဲဒီ Post view counter အကြောင်း ကိုယ်ရေးဖူးပါတယ် http://www.linhtet.net/2010/04/blog-post_18.html ဒီမှာ သွားဖတ်ကြည့်လိုက်ပါ..
လင်းထက် says:
@ကိုအောင်<<အဲဒါတော့ ကျွန်တော်လဲ မပြောတတ်ဘူးဗျ rss နဲ့ google reader ကနေ ဆိုရင်တော့ ကူးလို့ ရမယ် ထင်တာပဲ. စမ်းတော့ မကြည့်ဖူးဘူး ကိုအောင့် ဘလော့မှာ ထည့်ပြီး google reader နဲ့စမ်းကြည့်လေ..။
Anonymous says:
:) Please ignore my earlier comment for copied post. Don't worry, the code is fine for normal users. For advanced ones, please don't bother.
By the way, was that code written by you?
Regards,
သိင်္ဂါကျော် says:
Thanks, I really need it.
How to prevent copying photos?
Anonymous says:
အကိုရေလုပ်ကြည့်တာအဆင်ပြေပါတယ်ကျေးဇူးပါဗျာ ကျနော်ကလည်းဘလောဂါအသစ်ကလေးမို့လာလည်ပါအုံးနော်
www.zwmnna.co.cc
Bliss of Us says:
အသုံးတည့်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
yar zar says:
အစ်ကိုရေ ကျနော်စမ်းကြည့်တာ ရသွားလို့ပျော်မိပေမဲ့။ ပြန်ဖြုတ်လိုက်တဲ့အခါမှာတော့ remove တော့ ပေးရတယ်။ ဒါပေမဲ့ စာတွေက select တဲ့အခါမှာ မရတော့ဘူးဗျ။ နောက်ပြီး အစ်ကိုက Gadget ကို အပါ်မှာ ထားရင် ကောင်းတယ်ဆိုလို့ စမ်းကြည့်လိုက်တာ ထိပ်ဆုံးမှာ တင်ထားတဲ့ နာရီနဲ့ ဘုရားပုံက ပေါ်ကိုမလာတော့ပါဘူး။ အဲဒါလေးကို ကူညီပါအုံးဗျာနော်။ စောင့်မျှော်နေပါမယ်။
ရာဇာ(ကျေးတောသားလေး)
yar zar says:
လာလည်ပါတယ်။
Kyang Wang says:
ရဘူးဟေ့ ချိတ်ချိုးလယ်
ဝေဠုဝန်စာသင်သား says:
မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်... နည်းပညာတွေ ဒီထက်မက တိုးတက်ပါစေ
Thu Rein says:
နည်းပညာ ပြန့်ပွားရေးအတွက်ပဲ Copy လုပ်တော့ရော ဘာဖြစ်လဲ
နာတို့ကတော့ Blog ကြီးတစ်ခုလုံးကူးသွားလဲ ဘာဖြစ်ဘူး
ဟီးးးးးးးးး