သတင်းသမားတွေကြောင့် မုန်တိုင်းဘေး သင့်သူတွေ ကိုကူညီနေတဲ့ အဖွဲ့ကလူတွေ အနှောင့်အယှက်ဖြစ်ကုန် ကြတာကို သိစေချင်လို့ ကိုမျက်လုံး ဆီက ဒီပိုစ့်လေး ကို ကူးပြီးတင်လိုက်တာပါ...။
ကျွန်တော်တို့လူမျိုးများ ကိုယ့်တပ် ကိုယ်နင်းတာ ဝသီ တစ်ခုလို ဖြစ်နေပြီလား ဆိုတာ တွေးလို့တောင် မတတ်တော့ပါဘူးဗျာ...။
ကဲ သူဘာတွေ ပြောထားလဲ ဆိုတာ ဖတ်ကြည့်ရအောင်.......
ညနေက ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်မှ ပြောလာပါတယ်။ မင်းတို့ လေဘေးသင့်တဲ့သူတွေကို အိမ်တွေပြန်ဆောက်ပေးနေတဲ့အကြောင်းကို RFA က ပြောသွားတယ်တဲ့။ မင်းတို့ကို ဦးဆောင်လုပ်နေတဲ့ ကိုညီလင်းဆက်ဆိုတဲ့ ကွန်ပျူတာသမားက မန်နေဂျာရာထူးကတောင်ထွက်ပြီး လုပ်နေတယ်။ ရံပုံငွေ ဒေါ်လာသောင်းချီပြီးရနေတော့ အတားအဆီး၊ အနှောက်အယှက်မခံရပဲနဲ့ ဆက်လုပ်လို့ရနေတယ်ဆိုပြီး ပြောသွားတယ်တဲ့။ အဲဒီအကြောင်းကို ကျွန်တော်တို့ အားလုံးသိသွားတာနဲ့ တော်တော် ဒေါသထွက်သွားပါတယ်။ ဒီမီဒီယာတွေနဲ့ ပတ်သတ်လို့ အရင်တုန်းကလည်း ကျွန်တော် တော်တော်ပြောခဲ့ဖူးပါတယ်။ ဘေးကနေတီးပေးမနေကြပါနဲ့လို့။ ခင်ဗျားတို့ မိုင်ပေါင်းများစွာဝေးတဲ့နေရာက မဆင်မခြင် ဒါမှမဟုတ် ရည်ရွယ်ချက် ရှိရှိပြောလိုက်တဲ့ စကားတွေက စိတ်သန့်သန့်နဲ့ လုပ်နေကြတဲ့သူတွေအတွက် ဘယ်လောက်အထိ ထိခိုက်ခံစားသွားရနိုင်သလဲဆိုတာ သတင်းသမားတစ်ယောက်အနေနဲ့ သိသင့်ပါတယ်။ ဒါမျိုးက သတင်းသမားမှမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အခြေခံ အသိစိတ်ဓါတ်လောက်ရှိရင်တောင် ပြောသင့် မပြောသင့် သိပါတယ်။ ခင်ဗျားတို့ အဲဒီလို ပြောလိုက်တာ သတင်းဟုတ်ပါသလား။ ဘယ်သူတွေများ အကျိုးထူးရသွားမလဲ။ ကျွန်တော်တို့အားလုံးဟာ လူအချင်းချင်း တတ်နိုင်သလောက် ဝိုင်းကူနေကြတာပါ။ ခင်ဗျားတို့လို အဝေးကြီးကနေ ခံစားခွင့်တွေ တစ်ပုံကြီးနဲ့ လေကိုရင်းပြီး လုပ်စားနေကြတဲ့သူတွေ တစ်ယောက်မှ မပါပါဘူး။ ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေတာက ကျွန်တော်တို့လက်ထဲ ရောက်လာသမျှသော ရံပုံငွေမှန်သမျှကို လေဘေးရော၊ ရေဘေးပါ တကယ်ခံခဲ့ရတဲ့သူတွေဆီကို အကျိုးရှိရှိရောက်သွားဖို့ပါ။
ခင်ဗျားတို့ ထင်ထားတာက ဒေါ်လာ သောင်းဂဏန်းလောက်က ကျွန်တော်တို့ရှေ့ကို ဒုန်းဆိုရောက်လာ၊ ကျုပ်တို့က အဲဒီပိုက်ဆံတွေကို ဝယ်စရာရှိတာ အလွယ်တကူဝယ်ပြီး ကားကြီးနဲ့ ငြိမ့်ငြိမ့်လေး လပွတ္တာကိုရောက်၊ ဟိုဟိုဒီဒီ လှူစရာရှိတာတွေ လှူပြီး ပြန်လာကြ ဒီလိုများ ထင်နေကြသလား။ အဆင့်တိုင်း အဆင့်တိုင်းမှာ ဆက်လုပ်ချင်စိတ်ကုန်လောက်တဲ့အထိ အခက်အခဲတွေ အများကြီးပါ။ ကျွန်တော်တို့မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်မှုတွေ အများကြီးရှိပါတယ်။ ဒါတွေကို ဘယ်သူမှ ကျွန်တော်တို့လောက် မသိပါဘူး။ ဒီကောင်တွေ ဘာကြောင့်အတားအဆီး မခံရတာလဲဆိုတာလောက်ပဲ ခင်ဗျားတို့ စဉ်းစားတတ်သလား။ ငါတို့ ပြောလိုက်လို့ ဒီကောင်တွေ ဒုက္ခရောက်သွားရင် ငါတို့ ဖွစရာ သတင်းရမယ်ဆိုတာလောက်ပဲ တွေးသလား။ နည်းနည်းငြိမ်သွားရင် မပွ ပွအောင် ထပြီး ဖွ၊ ခံစရာရှိတော့ တကယ်လုပ်နေရတဲ့ကောင်တွေခံ၊ အဲဒီအချိန်ကျမှ ခင်ဗျားတို့ လျှာတွေယားနေအောင် ပြောချင်နေတဲ့ အကြောင်းတွေကို အတုံးလိုက် အတစ်လိုက် ဝိုင်းပြောကြ။ အဲဒီအချိန်မှာ လေဘေးရေဘေးခံခဲ့ရသူတွေအတွက်လည်း ထိခိုက်နစ်နာမှုအများကြီး ရှိသွားမှာပဲဆိုတာ တွေးမိသလား။ လက်ရှိပြန်လည်ထူထောင်ရေးနဲ့ လှူဒါန်းကူညီနေတဲ့သူတွေက စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အားလုံးကို အထိခိုက်ခံပြီး လုပ်နေရတဲ့အထဲ ဘယ်သူတော့ ဘယ်လို ဖြစ်သွားပြီဆိုပြီး ကြားရရင် ဒီအလုပ်ကို လုပ်နေတဲ့ လူ ၁၀၀ မှာ ၉၀ လောက်က ဆက်မလုပ်တော့ဘူးဆိုရင် ဘယ်သူတွေ အကျိုးယုတ်မလဲ။
ဘယ်သူမှ မတားလဲ ကျွန်တော်တို့မှာ Fund မရှိသလောက် နည်းနေပြီ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ ဆက်လုပ်ဖြစ်မယ် မထင်တော့ပါဘူး။ အခုလောလောဆယ် ကိုညီလင်းဆက်တို့ ဆိပ်ကလေးကုန်းရွာမှာ အိမ်အလုံး ၂၀ နဲ့ ကွင်းသုံးဆင့် ရွာမှာ အိမ် အလုံး ၂၀ ဆောက်ပေးနေကြပါတယ်။ ဒီရွာတွေမှာတော့ အိမ်တိုင်တွေက အစ ပံ့ပိုးပေးတဲ့အတွက် ကုန်ကျစရိတ်တွေလည်း ပိုပြီးကုန်ကျလာပါတယ်။ ကျွန်တော်တို့မှာ Fund လည်း မရှိ၊ ဆက်လက်လုပ်ဆောင်ဖို့အတွက် အခြေအနေလည်း မပေးတော့ဘူးဆိုရင်တော့ ဘယ်လောက်ပဲ လုပ်ချင်စိတ်ရှိရှိ ဆက်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

ဒါလေးတွေလဲ ရှိသေးတယ်
2 ယောက်ကဒီလိုမြင်တယ် to "TO RFA"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
BLACK DREAM says:
အခုလိုဖော်ပြပေးတဲ့အတွက် ကျေးဇူးပဲအစ်ကိုရာ။ ဒါမှလည်း လူတွေမျှမျှတတ တွေးတောတတ်လာမှာ...။
မွန် says:
ကိုယ်ကဘာမှအားမစိုက်ပဲပြောလိုက်တဲ့ စကားတစ်ခွန်းက အကျိုးသက်ရောက်မှုဘယ်လိုရှိမယ်ဆိုတာ ကြိုတွေးသင့်တာပေါ့နော် အထူးသဖြင့်သတင်းသမားဆိုတာ ကမ္ဘာစစ်တောင်ဖြစ်အောင် ပြောခွင့်ရှိသူတွေပါ မိမိရဲ့သတင်းကို မိမိတာဝန်ယူနိုင်ပါစေ သတင်းသမားကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်ကိုလေးစားနိုင်ကြပါစေ