"ဘဲဥပြုတ် ကြက်ဥပြုတ် ရမယ်"...
"ကြက်ကြော် ငုံးကြော်"...
"ဆေးလိပ် ကွမ်းယာ"..
နားထဲသို့ ဝင်ရောက်လာသော အသံများကြောင့် ကားရှေ့ခေါင်း ခန်းတွင် အိပ်ပျော်လာသော မောင်မျိုး တစ်ယောက် အသိအာရုံများ ခန္ဓာကိုယ် ဆီသို့ပြန်လည် ဝင်ရောက် လာကြသည်...။
"အား" အပြင်းကြော တစ်ချက်ဆန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အာရုဏ်တက် မလင်းတလင်း အချိန် မီးရောင် မမှိန့်တမှိန် အောက်တွင် များပန်းခပ် လှုပ်ရှားနေကြသည့် လူများ ဈေးသည်များ ကိုတွေ့လိုက် ရသည်တွင် သူတို့ စစ်ဆေးရေး ဂိတ်သို့ ရောက်ရှိနေပြီ မှန်းသိလိုက်ရသည်....။
အင်း ဒီတစ်ခါလဲ ဘာတွေ ပြောပြီး ဘယ်လောက်ပေးရအုံးမလဲ မသိ....
သူက ကုန်သည် တစ်ယောက် နယ်စပ်ဘက် မှနေ၍ တဖက်နိုင်ငံ ဘက်သို့ နိုင်ငံတွင်းမှ ကုန်များ ရောင်းချ ပြီးလျှင် တဖက်နိုင်ငံမှ ကိုယ့်နိုင်ငံတွင်း လိုအပ်သော ကုန်များ တဖန် ဝယ်ယူပြီး ပြန်လည် ရောင်းချ ပြီး အသက်မွေး ဝမ်းကျောင်း ပြုနေရသည်...။
အတွေးစ ကို အမြန်ဖြတ် ၍ သူကားပေါ်မှ ဆင်းလိုက်သည် အချိန်မှီ တဖက်နိုင်ငံ ကိုရောက်ဖို့က ရှိသေးသည်လေ နောက်ကျပါက ကုန်များ လိုသည့်ဈေးမရ ဖြစ်သွားနိုင်သည်..
ထို့နောက်တော့ ဂိတ်ဘေး ရှိ ရုံးခန်းလေး ထဲ အမြန်ဝင်ရောက်သွားလိုက်သည် ထိုထဲတွင်လဲ သူ့လို ကုန်သည်များ ဆက်ကြေးပေးရန် အဲလေ ယောင်လို့ဂိတ်ဖြတ်သန်း ခွင့် ရရန် စောင့်ဆိုင်းနေကြသည်ကိုတွေ့လိုက်ရ၏...
တစ်ဦးပြီး တစ်ဦး ဝင်လိုက်ထွက်လိုက် ဖြင့် ဖြတ်သန်းခွင့် လက်မှတ်များ ထုတ်ပေး ရာ အခန်းလေးထဲမှ ငိုမလို မျက်နှာများ ဖြင့် လက်မှတ်ကို ရရှိသွားပြီးသည့် သကာလ မောင်မျိုး အလှည့် သို့ရောက်လာ သည်..။
မောင်မျိုးလည်း အခန်းလေးထဲသို့ ဝင်သွားလိုက်ရာ အိပ်ရေးမဝသော မျက်နှာ (တာဝန်ကြောင့်တော့ မဟုတ် ညက ကာရာအိုကေ ဘားသွားလိုက်သဖြင့် မအိပ်လိုက် ရဟန်တူသည်..) ဖြစ်ကတတ်ဆန်း တာဝန်ကျေ ဝတ်ဆင်ထားသော ဖရိုဖရဲ ယူနီဖောင်း တို့ဖြင့် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦး ကိုတွေ့လိုက် ရသည်..
ထိုသူ က မောင်မျိုး ကိုမော့တောင် မကြည့်ပါ ထုံးစံအတိုင်း မေးခွန်း များသာ ထွက်လာ၏
"ဘယ်နှစ်စီးလဲ"
"သုံးစီး ပါခင်ဗျ"
"အင်း ဒါဆို ခင်ဗျားလဲ အမြဲ ကုန်သွယ် နေတာပဲ ထုံးစံ အတိုင်းလုပ်လေ"
"ဟုတ်ကဲ့ သုံးစီး ဆိုတော့ ဟောဒီမှာ ပါဆရာ"
မောင်မျိုး စိတ်ထဲ တော်တော်လေး ပေါ့ပေါ့ ပါးပါး ဖြစ်သွား၏ ဘာကြောင့်လဲ ဆိုတော့ထုံးစံအတိုင်း ဆိုတော့ တော်သေးတာပေါ့ နဲနဲ ပိုကျန် နိုင်ပြီ ဆိုပြီး တွေးလို့မှ မဆုံးသေးခင်...
"ဟေ့ ..ဟေ့ ဒါကဘာလုပ်တာလဲကွ"
"ဆရာပဲ ထုံးစံအတိုင်း လုပ်ဆိုလို့လေ အရင်ပေးနေကျ အတိုင်း ပေးထားပါတယ် ဆရာ"
"ဟေ့ မင်းဒီဘက် မရောက်တာ ကြာပြီထင်တယ် မင်းပေးတဲ့ ထုံးစံ အတိုင်း က အရင် ဦးစီးမှုး တုန်းကဟာကွ.. အခု ဦးစီးမှုး အသစ်ရောက်လာတော့ နဲနဲ ကျပ်တယ် အရင် ထုံးစံ နဲ့မရတော့ဘူး ရှောရှော ရှုရှု လေးဖြစ်အောင် ဆီပိုထည့် ပေးရတယ်ကွ ဒါလဲ မင်းတို့အတွက်ပါကွာ မင်းသိပါတယ် မင်းတို့ ကုန်တွေ နောက်ကျသွားရင် ဖြတ်ခွင့်မပေးလို့ လှည့်ပြန် သွားရရင် ဘာတွေဖြစ် ကုန်မယ် ဆိုတာကို".....။
မောင်မျိုး ဘာမှပြန်မပြောနိုင်တော့ပါဘူး
သူပြော သလောက်ပေးပြီး ဖြတ်သန်းခွင့် လေးကိုလက်ထဲ ကျစ်ကျစ် ပါအောင်ဆုတ်ကိုင်ပြီး အခန်းထဲက လှည့်ထွက် အလာမှာ တာဝန်ရှိသူ ကြီးပြောလိုက် တဲ့ စကား တစ်ခွန်း က မောင်မျိုးနောက် ကို ကပ်လိုက်လာ၏..
"ကိုယ်တို့လဲ ဒီလောက် မတောင်းချင် ပါဘူး ကွာ ဒါပေမယ့် အပေါ် ကိုတဆင့်ပြီး တဆင့် ဆိုတော့ မကိုက်လို့ပါ" ဟူသတတ်...။
မောင်မျိုး တစ်ယောက် တော့ သူတို့ ကုန်သည် တွေလို ငွေကြေး တစ်ပြားမှ မရင်းရပါပဲ နှင့် အလကား ရသည့် ငွေ ကို ဘာကြောင့် မကိုက်ဖူးလို့ ပြောလဲဆိုတာ ကို စဉ်းစားရင်း...

ဒါလေးတွေလဲ ရှိသေးတယ်
7 ယောက်ကဒီလိုမြင်တယ် to "မကိုကျလို့ပါ"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
ညမီးအိမ် says:
မကိုက်ဘူးဆိုတာ မကိုက်ဘူးပေါ့ကွယ်။ မှတ်ထားနော်။ ဟီးဟီး
Anonymous says:
ဟားဟား လုပ်ချလိုက်ပြန်ပြီးး ဒီဘက်မှာ အဲ့လိုတွေ ကြုံတွေ့ရတာ အစ်ကိုက ဘယ်လိုသိတုန်းဗျ ကျနော်တောင် ရေးမလားလို့ စဉ်းစားနေတာ ကိုယ်စားရေးပေးလိုက်သလိုပဲ မှတ်ပုံတင်လည်းမကြည့်ပဲနဲ့ “လုပ်သွားလေး မင်းတို့ကပြောမှသိမှာလား ” တဲ့ ဒွတ်ခ ပြန်လို့ လမ်းစရိတ်က ၆၀၀၀ ဆိုရင် အဲ့ဒီလမ်းမှာ ဘာအခ ညာအခတွေ ပေးရတာက တစ်သောင်းလောက်ကျတယ် လေပါတယ် ကိုယ့်နိုင်ငံတွင်းကိုယ်သွားရတာတောင် အဲ့လို း) နောက်မှ လိုတဲ့ အချက်တွေ ဖြည့်ပြီး ပို့စ်တစ်ပုဒ်လောက် ကြွက်ခုတ်အုံးမှပဲ ကျေးဇူး အစ်ကိုကြီးးး ဒါနဲ့ ပို့စ်ထဲက “ မောင်မျိုး” က ကျနော့်ကိုပြောတာပါနော် ကျနော်က လွဲတတ်လွန်းလို့ :)
ဖုန်း မြင်. says:
သူတို့လဲ တစ်ကယ်မကိုက်လို.နေမှာပါ .....ကိုလင်းထက်ရယ်.....
မယားကြီးပြု ပြင်ရန် နဲ. မယား ငယ် ရွှေချဖို. အတွက် ပါ...
သနားပါတယ်ဗျာ.....
ကူညီလိုက်ပါ......
Apprenticeship says:
အားးးးးးး မကိုက်ဘူးတဲ့လား...
အိုင်လွယ်ပန် says:
K.T.V တွေ ဈေးတတ်တယ်ပြောကြတယ်....
မကိုက်ဘူးလေအစ်ကိုရယ်....
သဘောပေါက်ရမယ်နော်....
ငါ့အစ်ကိုကလိမ္မာပါတယ်......
မွန် says:
ကိုလင်းထက်နဲ့မောင်မျိုးကလဲလေ အကြင်နာတရားကိုမရှိကြဘူး သူတို့ခမျာမရှိလို့လုပ်စားတာကို မကိုက်တာကိုဈေးမဆစ်ရဘူးလေ သနားပါတယ် သူတို့လေးတွေ တနေ့လုပ်မှတနေ့စား လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ဘဝဆိုတော့ ကိုယ်ပေးမှသူတို့စားရမှာ ကိုယ်မပေးရင်သူတို့မိသားစုတွေမျက်ရည်ပေါက်ကြီးငယ် ကျသွားမှာပေါ့ ပေးလိုက်နော် သူများမျက်ရည်ပေါက်ကြီးငယ်ကျတာ မမြင်ချင်နဲ့ ကုသိုလ်ဆိုတာယူတတ်မှရတာ ဟိ ဘယ်ဘက်ကတဆုပ်ကြဲလို့ ညာဘက်ကတလှည်းဝင်နိုင်ကြပါစေ ဟီးးဟီးး
လေးမ says:
အဲလို မကိုက်တာတွေကို ကိုက်အောင်ညှိ ရင်း သုံးစွဲသူလက်ထဲရောက်တော့ မတန်တဆတွေ ဖြစ်ကုန်ရော ...။
ကိုက်အောင် ခွေးလွှတ်ပြီး .. ကိုက်ခိုင်းလိုက်ချင်တယ်...။