*** ဒို့နှစ်ယောက်... ခုထက်ပို ...စော.....တွေ့ကြရင် ..ပျော်ကြရမှာ မင်းရော ငါရော ...ပိုင်သူ.. ကိုယ်စီ ရှိပြီးသား.. ဘဝမှာ.. စောင့်ထိန်း ရမယ့် .စည်းကမ်း တွေကို ဒို့နှစ်ယောက်...ကျော်သင့်သလားးး.. ဒို့နှစ်ယောက်......ကျော်ရဲ သလားးးးးးးးးးးးး...***
ဆောင်းဘောက်စ် မှ တစ်ဆင့် ပေါ်ထွက်လာတဲ့ ခိုင်ထူးရဲ့ ဆိုင်သူ ကိုယ်စီ သီချင်းက မိုးဦးကျ အငြိုးကြီးစွာ ရွာချလိုက်တဲ့ မိုးရေတွေ စုစည်းပြီး တောင်ကျချောင်းရေ အဖြစ် စီးဆင်းလာ သလို သူ့ရဲ့ နားစည် မှ တဆင့် သူ့နှလုံး သားထဲ အထိ အရှိန်အဟုန် ပြင်းထန်စွာ စီးဆင်း ရိုက်ခတ်သွားပါတယ်...
သူ့ရှေ့မှာ ထိုင်နေတဲ့ သူငယ်ချင်း ဖြစ်သူ ခင်ဇော် ကို ကြည့်လိုက်တော့ မွန်ထရီ တစ်ရှိုက် လဘ္ဘက်ရည် တစ်ကျိုက် နဲ့ သီချင်း ကို ခံစားချက်မဲ့စွာ စည်းချက်လိုက်နေတာကို တွေ့လိုက်ရတယ်...
အေးပေါ့လေ သူကတော့ စည်းချက်လိုက်နိုင်မှာပေါ့ သူ့ မှာ သီချင်းနဲ့ လိုက်ဖက်မယ့် ခံစားချက် ဆိုတာမှ မရှိတာကိုး ကိုယ့်မှာသာ မထွေးနိုင် မအန် နိုင်တဲ့ ခံစားချက်တွေကို ခါးသီးစွာ ကြိတ်မှိတ် မျိုချလို့............
တိုက်ဆိုင်ချက် ကလဲ ကမ်းကုန် ရော ဒီနေ့မှ ရလာတဲ့ ခံစားချက် ကို သူငယ်ချင်း ဖြစ်သူကို ရင်ဖွင့်မယ်ဟဲ့ ရယ်လို့ လဘ္ဘက်ရည်ဆိုင် ခေါ်လာမိခါမှ ဒီ သီချင်း နဲ့လာတိုး နေတယ်.....
“ဟေ့ရောင် ခင်ဇော်”
“ဟေ”
“မင်းဒီသီချင်း ကို ဘယ်လို ခံစားရလဲ” ?
“မဆိုးပါဘူး ကောင်းသားပဲ”
မေးတစ်ခွန်း ဖြေတစ်ခွန်း အပြီး မှာတော့ စကားဝိုင်း က တိတ်ဆိတ်ခြင်း သာ ဖုံးလွှမ်းသွား ပြီး ကျွန်တော့် ရဲ့ စိတ်တွေ က လွန်ခဲ့သော ရှစ်နာရီ အချိန် ကို ပြန်လည် ရောက်ရှိသွား ပါတော့တယ်..။
ဒီနေ့ ကျောင်းလွှတ် ချိန် သူလေး ကို သူမ ရဲ့ အမ က လာကြိုနေတယ်.....
နောက်တော့ အေးဆေး စကားပြောရအောင် ဆိုလို့ ကျွန်တော် တို့ နှစ်ယောက် အမြဲ ထိုင်နေကျ လ္ဘက်ရည် ဆိုင် ကို သွားပြီး စားပွဲဝိုင်းမှာ ထိုင်မိတယ် ဆိုရင်ပဲ............
"မောင်လေးနဲ့ အမ ညီမလေး နဲ့ ချစ်သူ တွေ ဖြစ်နေကြတယ် လို့ အမ ညီမ ကပြောတယ်"
သူမ နဲ့ အတူ ပါလာတဲ့ သူမ ရဲ့ အမ က စကား စလိုက်တယ်...
အော် ချစ်ရတဲ့ သူလေး က အမ ကိုတောင် ပွင့်ပွင့်လင်းလင်း ပြောထားပြီးပြီ ကိုး ကျွန်တော် ရင်ထဲမှာ ကြည်နူး သွားတယ်...
ဒါမေမယ့် ကြည်နူးမှု က ချက်ချင်း ဆိုသလို ပဲ သူမ အမ ဆီက ဆက်လက် ထွက်ပေါ်လာတဲ့ စကားကြောင့် ဆပ်ပြာ ဗူဘောင်း လေး တစ်ခုလို ပေါက်ကွဲ ကြေမွ သွားတယ်...။
"နောက် လာမယ့် တနင်္ဂနွေ နေ့ သူလက်ထပ်ရတော့မယ်"
ဒီနောက်တော့ မောင်လေး တို့ အေးအေး ဆေးဆေး ပြောကြနော် ဆိုပြီး တစ်ခြား စားပွဲ တစ်လုံးမှာ သွားထိုင်နေတဲ့ သူမရဲ့ အမ ၊ ချစ်သူလေး ရဲ့ တသွင်သွင် ကျဆင်း နေတဲ့ မျက်ရည်တွေ သူ့ကို ရှင်းပြ နေတဲ့ စကားသံ တွေ အားလုံး သူ့အာရုံမှာ အကုန် ရှုပ်ထွေးလို့.................။
"နင်နဲ့ငါနဲ့ ခုထက် ကို စောပြီး ချစ်သူတွေ ဖြစ်ခဲ့ကြရင် ကောင်းမယ် ဟာ"
"နင်ငါ့ ကိုဖွင့် မပြောခင် ပြီးခဲ့တဲ့ နွေရာသီ ကျောင်းပိတ်ရက် တုန်းက တပ်ရင်းအလိုက် ဘောလီဘော ပြိုင်ပွဲမှာ အဖေ တို့ တပ်ရင်း မိသားစု ဘောလီဘော အဖွဲ့မှာ ငါဝင်ပြိုင်ခဲ့မိတယ်...
အဲဒီ ပွဲတွေ ကို အမြဲ လိုက်ကြည့်တတ်တဲ့ ဗိုလ် တစ်ယောက်က ငါ့ ကို သဘောကျ ပြီး တပ်က တပ်ရင်းမှုးတွေ တပ်ခွဲ မှုးတွေ နဲ့ ငါ့ကို အဖေ့ဆီမှာ လာတောင်းတော့ အဖေကလဲ သဘောတူလိုက်တယ် ငါလဲ ငြင်းစရာ မလိုပါဘူးလေ ဆိုပြီး အဖေတို့ သဘောပါလို့ ပြောလိုက်မိတယ်"
***ကျောင်းဆင်းလို့ အိမ်ပြန်ချိန် ရောက်..ခဲ့ကြရင် ... ငိုကြရမှာ... မင်းရော ငါရော ဆိုင်သူကိုယ်...စီ ရှိပြီးသားဘဝမှာ... မဆိုင်တဲ့ကြားနှစ်ယောက်..မနစ်..နာလေအောင်..ဒို့နှစ်ယောက်.... ပျော်ရဲသလားးးးးးးးး
ဒို့..နှစ်ယောက်...ပျော်သင့်သလားးးးးးးးးးးးး***
သြော် ဒီကျောင်းဆင်း ချိန်လေး ကတော့ ကိုယ်တို့နှစ်ယောက် အတွက် တကယ့် ကို နောက်ဆုံး လမ်းခွဲ အချိန်ဖြစ်ခဲ့ ရပြီပေါ့...
ကိုယ့်မှာ ဆိုင်သူရယ် ဆိုလို့ သူလေး တစ်ယောက်သာ ရှိခဲ့ပေမယ့် သူလေးမှာကတော့ ပိုင်သူ ဆိုတာ ရှိနှင့်နေခဲ့ ပြီကိုး....
*** ဆုတ်လဲဆူး စားလဲရူး ဒီအခြေအနေမှာ အားလုံးမေ့ပြီး ထင်ရာ စိုင်းပြစ်လိုက်ချင် ရှိပြီးသား ခံစားချက် ကိုယ်စီ ကို ဒို့ နှစ်ယောက် အသိနဲ့ ထိမ်းသိမ်း လိုက်ကြစို့ ****
အဲဒီ အချိန် အခိုက်အတန့် လေးမှာ တကယ် ကိုပဲ သူတို့ နှစ်ယောက် အားလုံးကို မေ့ပြီး ထင်ရာစိုင်းချင်တဲ့ စိတ်တွေ ပေါ်ပေါက် ခဲ့ကြတာပေါ့ ..
ဒါပေမယ့် သူ လဲ သူ့မိသားစု နဲ့ အဖေ တပ်ရင်း အရာခံဗိုလ် ကြီး ရဲ့ မျက်နှာ ကို ကြည့်ရအုံးမယ်လေ ..
ကျွန်တော် ကလဲ ကျောင်းသား အရွယ် မဟုတ်လား........၊
စိတ်သွားတိုင်း ကိုယ်မပါ နိုင်တဲ့ အရွယ် တွေ ဆိုတော့လဲ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ငိုချင်း ချ ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ ကြပါဘူးလေ....၊
ဒါနဲ့ပဲ ကျွန်တော် တို့ နှစ်ယောက်ရဲ့ ရင်ထဲက ခံစားချက် ကိုယ်စီကို အသိတွေ နဲ့ ထိန်းသိမ်း ပြီး နုတ်ဆက် ထွက်ခွာ ခဲ့ကြရပါတော့တယ်..။
ကျွန်တော့်အတွက်တော့ အခု လ္ဘက်ရည် ဆိုင်ထဲက ဆောင်းဘောက်စ် ကတစ်ဆင့် ပေါ်ထွက်နေတဲ့ ခိုင်ထူးရဲ့ ဆိုင်သူ ကိုယ်စီမို့ သီချင်းဟာ ကျွန်တော့် ရဲ့ ရင်ခွင် ကို ထိမှန်ခဲ့သော သီချင်းတစ်ပုဒ် ပါပဲဗျာ..။

ဒါလေးတွေလဲ ရှိသေးတယ်
5 ယောက်ကဒီလိုမြင်တယ် to "ရင်ခွင်ကိုထိမှန်ခဲ့သောသီချင်းတစ်ပုဒ် သို့မဟုတ်ဆိုင်သူကိုယ်စီမို့"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
ညမီးအိမ် says:
တကယ့်အဖြစ်အပျက်လေးလားဟေ့။ ဖတ်လို့အရမ်းကောင်းတယ်။ စကားလုံးလေးတွေသုံးထားတာသဘောကျတယ် ဟိုးအရင်ကလိုဟုတ်တော့ဘူးနော်။ :D ကျွန်တော်ကတော့ အခုထိ အရေးအသားမတတ်သေးဘူး :(
Anonymous says:
ကိုယ့်ဆရာက ရှိပြီးသားကို နောက်တစ်ယောက်လိုချင်ပြန်ပြီနဲပ တူတယ်
ဟက်ဟက် ကြည့််လုပ်နော ငါးရံ့နှစ်ကောင် တပြိုင်ထဲ မဖမ်းနဲ့ဗျို့
Anonymous says:
အကိုရေ ဒါလေးဖတ်ပြီးစိတ်မကောင်းပါဘူး အဲဒါတကယ့်ဖြစ်ရပ်မှန်လားဟင်
ဒါဆိုရင်အလွမ်းဓါတ်ခံရှိတာပေါ့နော်
BLACK DREAM says:
မပြောတော့ဘူးဗျာ....။ သိတယ်မလား :(
Anonymous says:
ဆိုင်သူကိုယ်ဆီမရှိပေမဲ့.... ရင်ဘတ်ကိုတည့်တည့်ကြီးထိသွားတယ်ဗျ။ ဘယ်လိုကြီး ဖြစ်သွားမှန်းကို မသိလိုက်ဘူး။ မခံစားနိုင်ဘူးရူးမှာပဲ..... :'( အဲလောက်ကောင်းအောင် ရေးတဲ့ အကိုကြောင့် အခုတော့ ပိုလွမ်းရပြီ။ ဟီးးးးးးးးးးးးးးးးးး ဟီးးးးးးးးးးးးးးးးးးးးးး ဟီးးးးးးးးးးးးးးးးးးးးးး ဟီးးးးးးးးးးးးးးးးးးးးးးးး ဟီးးးးးးးးးးးးးးးးးးးးးးးးးး ဟီးးးးးးးးးးးးးးးးးးးးးးးးး ကော်မန့်မှာ အားရအောင်ငိုသွားတယ် :'(