အို အသင် ဘလော့လောက သင်ကား ကျွန်ုပ် ဖိုရမ် နှင့် နပမ်းလုံးနေစဉ် ဆက်လက် ၍သာ ရှေ့ကို လျှောက်လှမ်း လျှက် ရှိချေသည် တကား.....................။
ဟဲ ဟဲ ဒီလို ပြောလိုက်လို့ လင်းထက် တစ်ယောက် ဂေါက်တောက်တောက် ပေါက်တောက်တောက် ဖြစ်သွားပြီ လားလို့ မိတ်ဆွေ သူငယ်ချင်း ညီကို မောင်နှမ အပေါင်း တို့ စိတ်ပူ သွားကြမလား???
စိတ်မပူပါနဲ့ မဂေါက်၊မပေါက်၊ သေးပါဘူး (နဲနဲတော့ ဖြစ်ချင်သလိုလို ရှိသား
)..။
အဖြစ်ကတော့ ဒီလိုပါ ကျွန်တော် စပ်ဆော့ ပြီး လုပ်ထားတဲ့ သရဲနီတို့ပျော်စံရာ ဘလော့ဂ် လေး က ညီငယ်တွေက ဝိုင်းမြှောက်ပေး အဲလေ ဝိုင်းအကြံပေးကြတာနဲ့ မြန်မာမန်ချက်စတာယူနိုက်တက်ဖိုရမ် ဆိုပြီး ထူထောင်ဖို့လုပ်လိုက်တာ ကိုယ့်ဘလော့ဂ် ထဲ ဘယ်သူတွေလာလို့ လာမှန်းမသိ ကိုယ်တဂ်ထားတာ ရေးပြီးလို့ လာပြောတဲ့သူတွေ ကလာပြောလဲ မသိ သွားမဖတ်မိနဲ့ နောက်ဆုံးကုန်ကုန် ပြောရရင် ဂျီတော့ ဖွင့်ထားလို့ စကားလာပြောရင်တောင် ဖိုရမ် တစ်ခု ဘယ်လိုလုပ်ရလဲ သိလား သိရင် ဒါလေး ပြောပြပါ ဆိုပြီးတော့ချည်း လှိမ့်မေးလို့ နောက် ကိုယ့်ကို လိုင်းပေါ်တွေ့ရင်တောင် မခေါ်ပဲ တိတ်တိတ်လေး နေတဲ့သူကနေ တဲ့ အဖြစ်ကိုရောက်ရော ဟီး..။
ကဲ ဒါကတော့ ကျွန်တော် ပျောက်နေရတဲ့ အကြောင်းရင်း လေးကို ရှင်းပြရင်း ကြော်ညာလေးလဲ ဝင်ရင်း ပေါ့လေ နိဒါန်းလေး ပျိုးလိုက်တာပါ အဓိကပြောမယ့် ဟာက အခုမှ လာပါပြီ..။
ကျွန်တော်တို့ မြို့ကလေး ဟာ ခရီးသွား မြို့ကလေး တိုးရစ် မြို့ကလေး လို့ ကျွန်တော် အရင်ပိုစ့်တွေ မှာ ရေးခဲ့ဖူးပါတယ်..။
အခုဒီအချိန်ဟာ ဆိုရင် ခရစ်စမတ် ဈေးပွဲတော် ဆိုတာ လုပ်ဖို့ အတွက် တစ်မြို့လုံး ရှိသမျှ ဆိုင်တွေ အကုန်ပိတ်ပြီး မြို့ဟာ ဆိုရင် တူသံ လွှသံ တွေနဲ့ ဆူညံလို့ဗျာ..။
အဲဒီတော့ ကျွန်တော်တို့ဆိုင်လဲ ပိတ်ပြီပေါ့.. ဆိုင်ပိတ်တော့ ဆိုင် က လုပ်ဖော်ကိုင်ဖက် တစ်ယောက် က ကျွန်တော့ကို ငါးမျှား သွားဖို့ ခေါ်ပါလေ ရော ဗျာ...။
ဒီတော့ ကျွန်တော် ဆိုတဲ့ ကောင်ကလဲ ငယ်ငယ်ကဆိုရင် တံငါသယ် ဝင်စားသလား အောက့်မေ့ရလောက်အောင် ငါးမျှားဝါသနာ ပါခဲ့ပြီး ကြီးလာမှ အကုသိုလ် ကြောက်ပြီး မသိချင်ယောင် ဆောင်နေရတာ ဆိုတော့ နှစ်ခါ မခေါ်လိုက်ရပါဘူး လိုက်မယ် လို့ ကတိပေးလိုက်တယ် (အဓိက ကတော့ ငယ်ငယ်က ငါးမျှားဖူးတယ် ဆိုတာက ဝါးကိုင်းတံ နဲ့လေ အဲဒီတော့ သူတို့ဆီက ငါးမျှားတဲ့ ကိုင်းတံ စက်သီးကလေး တရွှီးရွှီး လှည့် ပြီး မျှားရတဲ့ အရသာ ကို သိချင်လို့)အဲဒါနဲ့ပဲ လင်းထက် တို့ ငါးမျှားခရီးထွက်ခဲ့ပါတော့တယ်.....။
မနက်စောစော မြူလေး တွေ ပိတ်ဖုံး နေတဲ့ ကြားထဲကပဲ ကျွန်တော် နဲ့ လုပ်ဖော်ကိုင်ဖက် (နောက်ပိုင်း မိတ်ဆွေ လို့သုံးပရစေ)ရယ် သူ့သားရယ် သုံးယောက်သား ကားလေးနဲ့ထွက်ခဲ့ ကြပါတယ် အချိန်ကတော့ နံနက် ရ နာရီတိတိပေါ့ဗျာ..။
ကားနဲ့ထွက်တယ် ဆိုတော့ မြို့နား က နာမည်ကျော် ရိုင်းမြစ် ကြီးမှာ မမျှားကြဘူးလားလို့ မေးစရာ ရှိလာပါတယ်...

(အောက်ဖော်ပြပါပုံက မြို့ရဲ့ဆိပ်ကမ်းပါ)

မမျှားပါဘူး ခင်ဗျ ကျွန်တော့် မိတ်ဆွေ ဂျာမန် ကပြောတာတော့ ဒီလို ငါးမျှား ဝါသနာ ပါသူတွေ အတွက် သပ်သပ် ငါးမျှား ထွက်ဖို့ နေရာတွေ စီစဉ်ပေးထားပါသတဲ့ အခုလဲ အဲဒီကို ကားနဲ့ တစ်နာရီကျော်လောက် မောင်းသွားရမယ် လို့ပြောပါတယ် ကျွန်တော် လဲ အကြိုက်ပေါ့ဗျာ ဘာလို့လဲ ဆိုတော့ တစ်နှစ်ပါတ်လုံး အလုပ်နဲ့အိမ် အိမ်နဲ့ အလုပ် ဘယ်မှ မရောက်ဖြစ်တော့ ပတ်ဝန်းကျင်နဲ့လဲ အဆက်ပြတ်နေတယ် ဆိုတော့ ရှုခင်းလေး ဘာလေး လဲကြည့်ရတာပေါ့..။
ဒီလိုနဲ့ ငါးမျှားမယ့်နေရာကို ရောက်လာခဲ့ပြီး ငါးမျှားဖို့ ပြင်ကြ ဆင်ကြပေါ့ဗျာ...။
ဒီလိုနဲ့ ငါးမျှားမယ့်နေရာကို ရောက်လာခဲ့ပြီး ငါးမျှားဖို့ ပြင်ကြ ဆင်ကြပေါ့ဗျာ...။
ဒါကတိုက်ပွဲဝင်မယ့်လက်နက်ကိရိယာတွေပေါ့.
ကျွန်တော့မိတ်ဆွေ နဲ့ သူ့သားလဲ ပြင်ကြ ဆင်ကြပေါ့ ကျွန်တော် ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဓါတ်ပုံ ပဲ လိုက်ရိုက်နေတယ် သိတယ် မဟုတ်လား ကိုယ်က ဝါးကိုင်းတံ ငါးမျှားတံပဲ ကိုင်ဖူးတာ သူတို့ ဟာ တွေ ကို မဆင်တတ် ဘူးလေ..။
ကျွန်တော် တို့ ပြင်နေ ဆင်နေတုန်းပဲ ဟိုဘက်နား က ကောင်မလေး ကတော့ ငါးမိ သွားပြီ....။
အဲဒီ ငါးမျှားတဲ့ နေရာမှာ လူတော့ အတော်များသဗျ ဒါတောင် ကျွန်တော် တို့ သွားတဲ့ ရက်က ကြားရက် မို့လို့ လူသိပ်မရှိဘူးလို့ မိတ်ဆွေ က ရှင်းပြတာပဲ..အပေါ်က ပုံမှာ ပြထားသလို ကောင်မလေး တွေလဲ လာမျှားကြသဗျ...။
ကဲ ဒါကတော့ ကျွန်တော့ မိတ်ဆွေက ဈေးဦးဖောက် မိလိုက်တဲ့ ငါးပါ..။
ကဲ ဒီတစ်ခါတော့ ကျွန်တော့ အလှည့်ပေါ့ ဗျာ ကိုရွှေ တွေ မြစ်နားချောင်းနား မှာ နေလာတာ လက်စွမ်းပြလိုက်မယ် ... ဟော မိပြီ ကျွန်တော် စက်သီးလေးကို တစ်ရွှီးရွှီး နဲ့ဖြည်းဖြည်းချင်း ရစ်လာလိုက်တယ် ငါးကလဲ အစွမ်းကုန်ရုန်းကန်နေတယ် မိတ်ဆွေက ပြောတာတော့ ငါးက အတော် ကြီးမယ် ဆိုပဲ ..
ဟုတ်လဲ ဟုတ်လောက်တယ် ငါးမျှား ကိုင်းတန်လေး ကို ကွေးညွတ်လို့ တစ်ချက် တစ်ချက် စက်သီးကို တောင် ရစ်လို့ မရဘူး မိတ်ဆွေက သူ့ကိုင်းတန် ကိုပစ်ချပြီး ကျွန်တော့ အနား ရောက်လာတယ် ပြီးတော့ လျှော့ပေး ၊တင်းထား၊ ရစ်ရစ် စသဖြင့် ဘေးက ကူပြီး ပါးစပ်နဲ့ ဝိုင်းမျှားနေပါတော့တယ် ကမ်းနားရောက်လာရင် ဆယ်တင်ဖို့ ပိုက်ကို အဆင်သင့် ပြင်လို့ပေါ့လေ...။

ငါးကလဲ ဒီလိုရုန်းကန်နေတယ်
ဒီလိုနဲ့ ငါးခမျာလဲ မောပမ်း သွားတဲ့ အချိန်မှာ အလျှော့ပေးပြီး ကမ်းနားကို ပါလာတော့ မိတ်ဆွေလဲ အဆင်သင့် ငါးဖမ်းပိုက်နဲ့ ကမ်းပေါ်ဆွဲတင်လိုက်တော့ သူအရမ်းပျော်သွားတယ် ဘာလို့လဲ ဆိုတော့ ဒီလို အမျိုး အစား အကောင်ကြီးကို သူဒီမှာ မျှားလာတာ ၂ ခါပဲ ရဖူးတယ် ဆိုပဲ အခု ကျွန်တော်ကတော့ သူနဲ့လိုက်လာလာချင်း ပထမ ဦးဆုံးမှာပဲ ဒီကောင် ကို စမိတာလေ..။

ဒီကောင်က ကျွန်တော့် လက်မောင်းရင်းကလက်ဖျား လောက်ရှည်တယ်
ဒါကမိတ်ဆွေကို ကိုင်ခိုင်းထားပြီး အမှတ်တရ ရိုက်ထားတာ..။

ဒီလိုနဲ့ အားတက် သရောနဲ့ နောက်ထပ်များ မိမလား လို့ ဆက်မျှားလိုက်ကြတာ ရိုးရိုး ငါးတွေပဲ ထပ်မိပါတယ် ဒါနဲ့ပဲ ညနေစောင်း ၅ နာရီလောက်မှာ ကိုယ့်အိမ်ကို ကိုယ် တပ်ခေါက် ပြီး ပြန်လာခဲ့ကြပါတော့တယ် ကျွန်တော့် မိတ်ဆွေကတော့ သူသွားတိုင်း ကျွန်တော့် ကိုလိုက်ခဲ့ ဖို့ထပ်ဆွယ် သေးပေမယ့် ကျွန်တော် တော့ မလိုက်ချင်တော့ပါဘူး ဘာလို့လဲ ဆိုတော့ ငါးကြီးက ကြီးလဲ ကြီးလှလဲ လှတယ်ဗျ ကျွန်တော့် ကြောင့် သူ အသက် ဆုံးရှုံး သွားရတာကို တွေးမိတိုင်း ကျွန်တော့် ရင်ထဲမှာ တစ်မျိုးကြီးပဲဗျာ...
ကျွန်တော်က ငယ်တုန်းက ငါးမျှားသူ ကြီးလာတော့ အလှမွေး ငါးတွေကို အိမ်ရှေ့က ဝရန်တာ မှာ မှန်ကန်တွေ အပြည့် နဲ့ မွေးခဲ့ဘူး တာကိုးဗျ...။
ကျွန်တော်က ငယ်တုန်းက ငါးမျှားသူ ကြီးလာတော့ အလှမွေး ငါးတွေကို အိမ်ရှေ့က ဝရန်တာ မှာ မှန်ကန်တွေ အပြည့် နဲ့ မွေးခဲ့ဘူး တာကိုးဗျ...။

Sunday, November 9, 2008
//
အမ်ိဳးအစားက:
Travel
//
8
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
8 ယောက်ကဒီလိုမြင်တယ် to "ငါးမြှားခရီးထှကျခဲ့စဉျက..။"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
ဇောင်း says:
ကျနော်လဲငါးမျှားရတာဝါသနာပါတယ်ဗျ ထိုင်းဖက်မှာ ရှိတဲ့ အသားစားငါး(ပါကျလမစ်) ဆို တော်တော်မျှားလို့ကောင်းတယ်
ဟီးးဟီးးးအခုတော့ မျှားရဲတော့ဘူး သူများအသက်ကို မကစားရဲတော့လို့ :D
Apprenticeship says:
ဒါဆိုလဲငါးမျှားပီးရင် ရေထဲပြန်ထည့်လိုက်ပေါ့...။ ကျွမ်မတို့သူငယ်ချင်းတွေတော့ အဲဒီလိုလုပ်တယ်။ ရတဲ့ငါးကသေးနေမှပါ။ Big fish ရလိုက်တယ်ပေါ့...:D :P :)
မွန် says:
အဲဒါနဲ့ပဲ လင်းထက် တို့ ငါးမျှားခရီးထွက်ခဲ့ပါတော့တယ်.....။
ပဲလင်းထက်တို့ ဆိုပါလား ဘယ်ဆုန်းက နာမည်ရှေ့မှာ ပဲထည့်လိုက်တာလဲ
ပဲများလို့ နာမည်ပြောင်းလိုက်တာလား း)
BLACK DREAM says:
ရေသူမလေး ဘာလေးမမိဘူးလား? :P
ကိုအောင်(ပျူနိုင်ငံ) says:
လင်းထက်တို့မြို့က ဟမ်းဘတ်(ဟမ်းဘော)နဲ့ နီးလား။
ThuHninSee says:
် အချိန်ကတော့ နံနက် ရ နာရီတိတိပေါ့ဗျာ..။ တဲ့
ဟောဒီမှာပေါ့ မမခင်ဦးမေရေ
မမကိုပြောပြီး..သူကျတော့ ၇ ကို ရကောက်နဲ့မှားရေးထားတယ်
:P
Anonymous says:
ဟာဗျာ ဒါကြည့်ရင်း အရင်တုန်းက ကန်တော်ကြီးမှာ အပတ်တိုင်း ငါးမျှားခဲ့
တာလေးကို ပြန်သတိရသဗျာ
ညမီးအိမ် says:
တိုက်ပွဲဝင်မယ့်လက်နက်ကိရိယာတွေထဲက အစိမ်းရောင် ပုလင်းလေးကလိုလို့လားဟင် :D
မသုနှင်းဆီ ရေ ကိုကြီးလင်းထက် ကို ခွင့်လွတ်ပေးလိုက်ပါ သူအပေါ်မှာပြောထားသား { စိတ်မပူပါနဲ့ မဂေါက်၊မပေါက်၊ သေးပါဘူး (နဲနဲတော့ ဖြစ်ချင်သလိုလို ရှိသား ။ } :D