အချစ်ဆိုသည်မှာ



ဘလော့ဂ် အကိုတွေ ညီတွေ ညီမတွေ လင်းထက်ကို ချစ်လိုက်ကြတာ သူတို့ခံစားရေးဖွဲ့လိုက်တဲ့ ပိုစ့်တွေ ကို သူတို့ရဲ့ အကို တစ်ယောက် ညီတစ်ယောက် ဖြစ်တဲ့ ကျွန်တော် လဲ ဘယ်လို ခံစားမှုတွေ ရှိမလဲ လို့ သိချင်လို့ တဂ်လိုက် ကြတာ အခုတော့ တဂ်ကြွေး များနဲ့ဝိုင်းနေသူ ကို လင်းထက် ဟုခေါ်သည် လို့တောင် ပြောရမလို ဖြစ်နေပြီ mrgreen

ဒီတော့ အခု ပထမဆုံး အကိုကြီး အောင်သာငယ် ရဲ့ တဂ် ကို ပထမ ဆုံး ပြန်လည် ခံစားတင်ပြ ပါရစေ......

အချစ် ဆိုသည်မှာ...................

မြောက်ဝင်ရိုးစွန်း က ရေခဲတုံး တွေ ကြား ရောက်သွားသလို အအေးဓါတ် တွေ ကို ပေးစွမ်း နိုင်သလို..
ဟီရိုရှီးမား နဲ့ နာဂါဆာဂီ မှာ ပေါက်ကွဲ ခဲ့တဲ့ အနုမြူဗုံး ထက်လဲ ပူလောင်မှု တွေကို ပေးစွမ်းနိုင်တယ်..

မျှော်လင့်ချက် တွေကို အသက်ဆက် စေနိုင်သလို..
မျှော်လင့်ချက် တွေကို လဲ သေဆုံးသွား စေနိုင်တယ်..

ကိုယ်ဘယ်လိုမှ မလုပ်နိုင်တော့ဘူး လို့ ထင်ထားတဲ့ အရာတွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ တွန်းအားပေးနိုင်သလို..
လွယ်ကူပါတယ် ဆိုတဲ့ အရာတွေ ကို ဆက်ပြီး မလုပ်နိုင်လောက်အောင် လဲ ဖျက်ဆီး တတ်တယ်..

ပျော်ရွှင် တက်ကြွ မှုတွေ ကို ဆောင်ကြဉ်း ပေးနိုင်သလို..
စိတ်ညစ် အားငယ် မှု တွေကို လဲ ရသ အပြည့် ပေးနိုင်တယ်..

ကမ္ဘာကြီး ကို အပြုံးပန်း တွေ နဲ့ဖူးပွင့် အလှဆင် နိုင်သလို..
မျက်ရည်မိုး တွေ ရွာသွန်းဖြိုးစေ နိုင်တယ်

ဘယ်အာဏာရှင် ဘယ် ဥပဒေ ကမှ တားဆီး ပိတ်ပင် လို့ မရ စကောင်း နိုင်တဲ့ အရာ..

လူတန်းစား မရွေး ဘာသာ မရွေး အားလုံး မှာ တူညီ စွာ ရှိတတ် တဲ့ အရာ..

ရင်ထဲမှာ အစာ မစားပဲ ပြည့်နေအောင် ဖန်တီး နိုင်သလို...
အမြဲတမ်း လဲ ဟာနေအောင် စွမ်းဆောင်နိုင် တယ် ...

ကျွန်တော် ခံစားမိ သလောက် ကလေးပါ....။

ဒီတော့ ထုံးစံ အတိုင်းလေး ရိုးရာ မပျက်ရအောင် အချစ်အကြောင်း ဖွင့်ဆိုမယ့် နောက်ထပ် အချစ်ဒဿနိက ပညာရှင် များ ကတော့....

ဘလက်ဒရင်း , ညမီးအိမ် ,ထိုက်မင်း,ဇောင်း ,ကြယ်ဇင်သွေး ,အိမ် ,မိုးသောက်ယံ,
မောင်မျိုး ကတော့ ကို အောင်သာငယ်တဂ်ထားပြီးဖြစ်ပေမယ့်လို့ ထပ်ထည့်ထားတယ်

နတ်သမီးလေး မွန် ,Apprenticeship,မေမိုးမခ ,မီးငယ် ,မေမိုး ,ဝေလေး ,အမရာ

ကဲ ညီကို မောင်နှမ တို့ရေ အချစ် အကြောင်းလေး ဖွဲ့ဆို လိုက်ကြပါအုံး နော်



13 ယောက်ကဒီလိုမြင်တယ် to "အချစ်ဆိုသည်မှာ"

  • အချစ်သည်.....ထိုင်းဒူးရင်းသီးလို စားလိုက်ရင်ဖွယ်တယ်၂ကြီးနဲ့ အရသာမရှိပါ ဟိဟိ ရေးမယ် တက်စ်ပြီးသာထပ်ထည့်တယ်တဲ့နော် တော်တော်ဆိုးနေပါလားး

  • အချစ်ဆိုသည်မှာ ကြက်ဥအစိမ်း တစ်လုံးကို နောက်ဖက်ဘောင်းဘီအိတ် ထဲထည့်ကာ ဖိနပ်အသစ်ကလေး စီးပြီး ဖိနပ်ပေါက်နေသကဲ့သို့ ခံစားရပါသည်။.. ထိုင်လို့လည်းမရ။ ကုန်း၍လည်းမဖြစ်။ ပြောင်းထည့်၍လည်းမရ။ လွင့်ပစ်ချင်သော်လည်း နှမျောစရာ။ မလွင့်ပစ်သော်လည်း နာ။ အင်း.. မိုက်တယ်နော်..

  • အချစ်ဆိုတာ ဘယ်တော့မှာ ဥ,မဥဘူး
    Love will never lie ပဲ ဟိ
    ရေးပါ့မယ် မွန့်ကိုတော့ tag သာ tag
    ရေးစရာရလို့ ကျေးဇူးတောင်တင်သေး ကြောက်ဝူးးကွ ဟဟ

  • အာ..... ကိုလင်းတို့တော့လုပ်ပီ... နားမလည်ဆုံး subject လို့ အစကတည်းကပြောထားတာ မရဘူး.. :P :D :)

  • ခုမှတပ်ကြွေးဆပ်ပြီးလို့F5နှိပ်ရုံရှိတေးဒယ်..
    အချစ်ဆိုတာဘာလဲ? အဲဒီအဓိပ္ပာယ် ကိုဖွင့်ဆိုမယ့် ဒဿနိကပညာ ရှင်များ စာရင်းလေး လာကြည့်ပါအုံး ဟီး..။ တဂ်ထားတယ် လို့မပြောချင်လို့ အဲလိုယဉ်ကျေးစွာ အကြောင်းကြားလိုက် တာပါ တဲ့..အဟင့်ဟင့်..
    အစ်ကိုကြီး ညီမလေးက ကလေးလေးပဲချိတေးတာဘာတွေလာမေးနေတာတုန်းတိဝူး...:P(နည်းနည်းတော့စောင့်နော်အစ်ကိုကြီးရေးပေးမယ်)

  • အင်းး ဒဿနိကပညာရှင်ဖြစ်သွားပြီ ဘာလိုလိုနဲ့ .. ဟိဟိ
    ဒါကြီးကတစ်မျိုးကြီး... ဘယ်လိုရေးရမလည်းမသိ.....
    ရေးပေးရမှာပေါ့လေ . ကိုယ့်အစ်ကိုကြီးတက်တာဆိုတော့လည်း ရေးရမှာပေါ့. :P

  • ဟင်သားက အထုမှ ငဲငဲလေးရှိသေးတာ အရှစ်ဆိုတာ သိဘူးဂျ
    ချာကတော့ လုပ်လိုက်ပြန်ပါပြီဂျာ
    သွားလူဆိုးရေလဲမချိုးဘူး

  • အားးးးးးးးးးးးးးးးးး။ ကိုယ့်ညီတစ်ယောက်လုံး ဘယ်လိုအခြေအနေ တွေဖြစ်နေမှန်းသိရက်နဲ့ သူမို့ ဒီခေါင်းစဉ်ကြီး Tag ရက်တယ်...။ အသေသာ သတ်လိုက်ပါတော့လာ...။ အချစ်တော့မသိဘူး နာကြည်းချက် အကြာင်းဆိုရင်တော့ရေးမယ်....။ ကျမ်းတစ်စောင်ဖွဲ့လို့ ရလောက်တဲ့အထိကိုရေးပေးမယ်....။ :(

    ဒါပေမယ့်လဲ...ဒါပေမယ့်လဲ...။ အထက်ကပေးအပ်တဲ့ အမိန့်နဲ့ တာဝန်အရ...။ ရေးဆိုတော့လည်း ဖြစ်ညှစ်ရေးရတော့မပေါ့...။ :P

  • အကိုကြီးရေ ရေးတော့ရေးလိုက်ပြီ။ ဘာတွေလဲတော့မသိဘူး ဟီးးးး ဘာပြောပြော အချစ်ဒဿန ပညာရှင်တော့ ဖြစ်သွားပြီဆိုပဲ။ အနော်က ကရေးရေးလေ အဲဒါတွေ စိတ်မဝင်းစားသေးဘူး။ မင်္ဂလာဆောင်မှဖိတ်မယ် :P :D

  • မောင်ရင်လုပ်တော့မှပဲ အနုမြူဗုံးတွေပါ ပါလာပြီ။

    အဲဗုံးကြီးကြောက်တာနဲ့ ဘာပြောရမှန်းတောင် မသိတော့ဘူး။

    ဘာပဲဖြစ်ဖြစ် ရေးပေးတာ ကျေးဇူး ညီရေ့။

    ညီ့ခံစာမိသလောက်လေးတွေကလည်း နှစ်သက်ဖွယ် အမှန်တရားလေးတွေပါပဲ။ ချမ်းမြေ့ပါစေကွာ။

  • အစ်ကို လင်းထက်ရဲ့ ပညာသားပါပါ တဂ်ထားတာလေးကိုတော့ လေးစားမိပြီ။ တစ်ခုတော့ရှိတယ် နေမထိထိုင်မသာအောင် တဂ်ထားတာ။
    but အချစ်အကြောင်းတွေကို ဘယ်လိုသီအိုရီတွေနဲ့ ရေးဖွဲ့မယ်ဆိုတာ တစ်ညလောက်ခေါင်းကိုက်ခွင့်ပေးပါ။ ဟိဟိ ပညာသားပီပီနဲ့ စဉ်းစားချိန်ပေးဖို့တောင်းဆိုတာ။

  • အချစ်အကြောင်း ဒသနလေးတွေ ဖတ်လို့ကောင်းတယ်ဗျ။ ကိုလင်းထက်က အချစ်ကြမ်းကျေတယ်နဲ့ တူတယ်။(နောက်တာနော် စိတ်မဆိုးပါနဲ့။ နောက်ထပ်အသစ်တွေလည်း မျှော်နေပါတယ်။

  • အားလုံးရဲ့ အချစ်ဆိုသည်မှာ ကို ဖတ်ပြီးတူညီတာတစ်ခုတော့ ရှိတယ်။
    အချစ်ဆိုတာ မီး ။
    အချစ်ကျောင်းက သူငယ်တန်းကလေးတွေ အတွက်အဖိုးတန်တဲ့ သင်ခန်းစာလေးတွေဖြစ်ပါတယ်။
    ရသ ၊ သုတ တွေပေးတဲ့ ပညာရှင်တွေကို လေးစားပါတယ်။

    Eifu*

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts