အသံကြားရာ မိန်းကလေး များ အခန်းဘက် သို့တအုပ်စုလုံးအပြေးအလွှား ရောက်ရှိသွား ကြချိန်တွင်မတော့ သရဲ မကြောက်တတ်ဘူး ဟု အမြဲကြွေးကျော် လေ့ရှိသူ အိမ်လေး ကို အခြား မိန်းကလေးများ ၏ အလည်တွင် စကားမေးမရပဲ ကြောင်တောင်တောင် ဖြင့် ပြူတင်းပေါက် ရှိရာဘက်ဆီ သို့လက်ညှိးထိုး ပြီးပါးစပ်မှလဲ မသဲမကွဲ ရေရွတ်နေသည် ကို တွေ့လိုက်ရပါ၏.....။
“အိမ်လေး အိမ်လေး ဘာဖြစ်လို့လဲ ဘာတွေ့လို့လဲ?”အားလုံး ဝိုင်းမေး ကြသော်လည်း အိမ်လေး ဘာမှ ပြန်မဖြေ နိုင်တော့ပါ၊
မမေတစ်ယောက် ကတော့ ဘုရား စာများ ရေရွတ်ရင်း ရေတခွက် ဖြင့် အလုပ်ရှုပ်နေပြီး နောက်တော့ အိမ်လေး အား ထိုရေမန်း အားတိုက်လိုက်ရာ အိမ်လေး လဲ အတော် အလန့် ပြေသွားဟန် ဖြင့် အနည်းငယ် တည်တည် ငြိမ်ငြိမ် ဖြစ်လာသည် သို့သော် ဘာမှမေးလို့ တော့မရပါ သူမပြောတာက အမတို့ကျမ ကြောက်တယ် အမတို့ အလည်မှာ အိပ်မယ်နော် ဟုပြောပြီး ကုတင် ခြောက်လုံးရှိသည့်အထဲ တွင် အလည်ကျသည့်ကုတင်တွင် စောင်ကို ခေါင်းမှီးခြုံ ၍ အိပ်နေပါ တော့သည်....
ဒါနှင့် အားလုံးလဲ မနက်မိုးလင်းမှ အဖြစ်အပျက် ကို မေးတော့မည် ဟု စဉ်းစားကြပြီး ယောင်္ကျားလေး များလဲ ကိုယ့်အခန်း ကိုယ်ပြန်လာခဲ့ကြပါတော့သည်......။
ဒုတိယနေ့
နောက်တနေ့မနက်လင်း ချိန်တွင်မတော့ အားလုံး ညက ကောင်းစွာ အိပ်မပျော် ကြသဖြင့် အကုန် အိပ်ရာထ နောက်ကျ ပြီး နံနက် ၁၀ နာရီ ခန့်မှ ထမင်းစား ခန်းထဲ အားလုံး ဆုံစည်း မိကြလေသည်....၊“ကဲ သယ်ရင်း အိမ်လေး ညကဘာတွေ ဖြစ်တာလဲ”
အိမ်လေး နှင့် အရင်းနှီးဆုံး အိပ်မက်မဲ က စ၍ တိတ်ဆိတ် ခြင်းကို လူတိုင်းသိချင်နေသည့် အမေး စကားဖြင့် ဖြိုခွဲ လိုက်ပါသည်...
“အင်း ညီမလဲ ဘယ်လို ပြောရမယ် မှန်းတောင် မသိတော့ ပါဘူး.. ညီမ ဒီ ပရလောက ကိုယုံကြည်မှု မရှိတာ ဒီမှာ ရှိတဲ့လူတွေ အားလုံး အသိပဲ ဒါပေမယ့် ညီမ ရဲ့ ယုံကြည်မှု ကို ပြောင်းလဲ ရတော့မယ် ထင်တယ် ဘာလို့လဲဆိုတော့ ဒါဟာ နောက်ပြောင်မှု မဖြစ်နိုင်ဘူး”...၊
“ဟား ဟား နောက်ပြောင်မှု မဖြစ်နိုင် ဘူးလို့ပြောရအောင် ဘာတွေများ တွေ့လို့လဲ လုပ်ပါအုံး ဒို့ကတော့ ဒါတွေကို လုံးဝ မယုံကြည် နိုင်ဘူး”
စိုးမြနန္ဒာသက်လွင် က ထိုသို့ဝင်ပြောလိုက်သည့်အခါ..
“ဒါဆို ကျွန်မ ပြောပြမယ် ညက ဘာတွေ့လဲဆိုတာ... ညက ကိုလင်း တို့ထွက်သွား ကြတော့ ဘာတွေဖြစ်နေလဲ မသိဘူး ယောင်္ကျားလေး အုပ်စုတွေ ဆိုပြီး စကားပြောနေ ကြတုံး ကျွန်မက ပြူတင်းပေါက် ဖက်မျက်နှာ မူရက်သား ဖြစ်နေတယ်လေ ဒါနဲ့စကားပြောရင်း အမှတ်တမဲ့ နဲ့ပြူတင်းပေါက် ကို ကြည့်မိတဲ့ အချိန် မှာ ကျွန်မ မြင်လိုက် ရတာက မျက်နှာဖြူ အမျိုးသမီး တစ်ယောက်”
ထိုစကားစု သို့အရောက် အိမ်လေး စကားဆက်မပြော သေးဘဲ ပြောဖို့အတော်လေးခက်နေ ဟန်ဖြင့် အရှိန်ယူနေလေသည်...။
“ဟာဆက်ပြောလေ မျက်နှာဖြူ အမျိုးသမီး ဘာဖြစ်လဲ ထုံးသုတ် ထားတာလား ပေါင်ဒါမှုန့့်ဖြူးထားတာလား”
အိပ်မက်မဲ က အဖြူရောင်ဟုကြားသည်နှင့် စိတ်ဝင်စား သွားဟန်ဖြင့် ဝင်မေး လိုက်၏.....၊
“အော ဒီ အိပ်မက်မဲ ကလဲတမျိုး မျက်နှာဖြူ ဆိုတာ ထုံးသုတ်ထား တာလဲ မဟုတ်ဖူး ပေါင်ဒါဖြူးထားတာလဲ မဟုတ်ဖူး အင်္ဂလိပ်မ ကိုပြောတာ ဒါပေမယ့် သူ့မှာက ကိုယ်လုံးမပါဘူး ခေါင်းကြီးပဲ ခေါင်းပြတ်ကြီး”.....၊
“ဘာ”.. အားလုံးထံမှ တစုတစည်းထဲ မယုံကြည် သည့်လေသံကြီး ထွက်ပေါ်လာ တော့သည်....၊
ထို့နောက်တွင်မတော့ စကားသံများ ဆူညံစွာ ဖြင့် ဆွေးနွေး သံများ က တခန်းလုံးကိုဖုံးလွှမ်း သွားပါ၏....၊
မောင်မျိုးက “ငါနဲ့မတွေ့လို့ကံကောင်းသွားတယ် ဒီခေါင်းပြတ်မ နို့မို့လို့ကတော့ ဘောလုံးကန် သလို ကြုံးပြီး ကန် ပစ်လိုက်မှာ ဘာအောက့်မေ့လို့လဲ ရော်နယ်မျိုး ကွ” ဟုကြိမ်းမောင်း နေ၏...။
မမေကတော့ဘုရားစာများ ကိုသာ တွင်တွင် ရွတ်ရင်း ဟိုဟို ဒီဒီ သို့ကြောက်လန့်နေဟန် ဖြင့်ကြည့်နေသည်...၊
စိုးမြနန္ဒာသက်လွင်၊မွန်၊မေမိုး၊အမရာ၊တို့ကတော့ ဂရုစိုက်ဟန် မပြုဘဲအချင်းချင်း ကန်တော်ကြီး သို့လမ်း လျှောက်ထွက်ရန် ဓါတ်ပုံ ရိုက်ရန် တို့ကိုသာ စိတ်ဝင်တစား ဆွေးနွေး နေကြပါသည်.ယုန်လေးကတော့ ကြောက်နေဟန်ရှိပြီး ဤခရီးကိုလိုက်လာ မိသည်ကိုနောင်တ ရနေဟန် ရှိသည်...။
ဤသို့ဖြင့် လူများ အသီးသီး သွားလိုရာ အုပ်စုလေးများ ဖွဲ့၍ ထွက်ခွာ သွားကြချိန် ဝယ် အိမ်ကြီးတွင် ကျန်နေ ရစ်ခဲ့သူက မောင်မျိုး....၊
ညကအိပ်ရေးမဝပဲ ငြီးစီစီ ဖြစ်နေသဖြင့် ရေချိုးလိုက် လျှင်လန်းသွားမလား အတွေးဖြင့် ရေချိုးကန်ထဲ ဝင်စိမ်ရင်း ညက ဖြစ်ပျက်သမျှ ကို မောင်မျိုး စဉ်းစားနေမိသည် ထိုက်မင်း တစ်ယောက် ဒီအခန်းထဲမှာ မိန်းကလေး တစ်ယောက် စကားပြောပြီးငိုသံ ကြားတယ်ဆို တာနားကြားလွဲတာ ဖြစ်မည် ဘယ့်နှယ် ဘယ်သူမှ မရှိတဲ့ ဟာကို
ဒီကကောင် ကလဲ အိုင်လွယ်ပန် တို့ အမရာတို့လိုမျိုး စုံတွဲလေး ဒီလို ခရီးမျိုး သွားချင်တာအခုနေသာ ဒီအခန်း ထဲမှာ နွေမုန်တိုင်း နဲ့မဟုတ်ပဲ ချစ်သူလေး နဲ့ဆို ဘယ်လောက်ကောင်းလိုက် မလဲ နိုင်ငံခြား ရုပ်ရှင်ကား တွေထဲကလို ရေချိုးဇလုံလေးထဲမှာနှစ်ယောက် စိမ်ပြီး ဟီး ဟီး...
ဟုရောက်တတ် ရာရာကို မျက်လုံးလေး စုံမှိတ်ရင်း တွေးနေခိုက် ရေများ လှုပ်ခတ်သွား သလို စိတ်ထဲခံစား လိုက်မိသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူခြေထောက် ဖက်ခြမ်းတွင် သူ့ဖက်သို့မျက်နှာမူပြီး သူ့လိုပဲ ရေချိုးဇလုံထဲတွင် ထိုင်နေသူမိန်းကလေး တစ်ဦး...
မောင်မျိုး တစ်ယောက် လေဖြတ်သွား သကဲ့သို့တကိုယ်လုံး အားများ မရှိတော့ မလှုပ်နိုင် မရှားနိုင်ဖြစ်သွားသည် စိတ်ထဲကတော့ ရေချိုးဇလုံ ထဲမှ ထွက်ပြေး ပြီး အိမ်ပေါက် ဝထိရောက်နေသော်လည်း ခန္ဓာကိုယ်ကြီးကတော့ ဘယ်မှမရွေ့နိုင်ပါ..။
မိန်းကလေး ကတော့ သူ့ကိုလဲ မကြည့် မြင်သည့်ပုံလည်းမပေါ် ပဲ တစ်ယောက်ထဲ စကားပြော နေပါသည် .....
“ရက်စက်လိုက်တာ မောင်ရယ် ဒီကတော့ ချစ်လွန်းလို့သူ့ခေါ်ရာ နောက်ကို လိုက်လာမိတယ် အခုတော့..နော့် ..ကို တစ်ယောက် ထဲ ဒီ ဟော်တယ် ကြီးမှာ ထားပစ်ခဲ့တယ်..နော်..ဘယ်လိုအိမ်ပြန်ရမှာလဲ မိဘတွေ မြို့ကလူတွေ ကိုဘယ်လို မျက်နှာနဲ့မျက်နှာချင်း ဆိုင်ဝံ့ မှာလဲ ဒီတော့ လောကကြီး ကိုရော အားလုံးကိုပါ အရှုံးပေး စွန့်ခွာ သွားပါတော့မယ် ဟင့် ဟင့် ဟင့်”....။
ကောင်မလေး က ပြောလဲပြော ငိုလဲငို ရင်း သူမလက်ထဲ အသင့်ကိုင်ဆောင် ထားသော ဘလိတ်ဓား ဖြင့် သူမ၏ လက်ကောက်ဝတ် သွေးကြောနေရာကို စ၍ လှီးပါတော့သည်..၊
ထိုခဏတွင် မောင်မျိုး ကောင်မလေးအား အပြင်းအထန် လှမ်း၍ တားဆီးပါသေးသည်....
“ဟေ့ ဟေ့ မလုပ်နဲ့လေ ဒီလို မလုပ်ကောင်းဘူး”
သို့သော်ကောင်မလေး ကြားပုံမပေါ်ပါ ကောင်မလေး ၏ ပြတ်ထွက်သွားသော လက်ကောက်ဝတ်သွေးကြော နေရာမှ သွေးများ ကသာ မောင်မျိုးရှိရာ ဘက်ဆီသို့ မြွေတစ်ကောင် အလား စီးဆင်းလာ ပါတော့သည်..။
ထိုအချိန်တွင် မောင်မျိုး ဖျတ်ကနဲ အသိဝင်လာမိသည်က ညက ထိုက်မင်း ကြားလိုက်သည် ဆိုသော မိန်းကလေးသံ ဆိုသည်မှာ ဒီမိန်းကလေး အသံ ဖြစ်မည် ဆိုတာရယ် ဒါဟာ လူ မဖြစ်နိုင်တော့ သူခြောက်လှန့်ခံနေရပြီ ဆိုတာရယ် ကိုပါ...
မောင်မျိုး ရှိသမျှ အားကိုသုံး၍ ရေချိုးကန် ထဲမှ ထလိုက်သည့်အချိန် ဒီတခါ တော့ အောင်မြင်စွာ လှုပ်ရှားနိုင်လိုက် ပါသည် ဒါနှင့် ဘောင်ပေါ် တင်ထားသည့် သဘက် ကို ကမန်းကတန်း ဆွဲ၍ ထွက်ပြေးလိုက် သည်မှာ အောက်ထပ် ဆင်ဝင် အောက်ရောက်သည် အထိ ပင်..
အောက်သို့ရောက်မှ မျက်နှာသုတ် ပဝါကို သူ၏ ခါးတွင် အလျှင်အမြန် ပတ်လိုက်ရပါသည်သူပြန်မတက်ရဲတော့ ပါ သို့နှင့် အိမ်ကြီးဘေးတွင်ရှိသော ခြံစောင့် လင်မယား ၏ အိမ်လေး သို့သွား၍ ယောင်္ကျားဖြစ်သူ၏ အဝတ်အစား ကို ခေတ္တခဏ ယူ၍ ဝတ်ဆင်ထား လိုက်ရပါ တော့သည်....။
အိမ်စောင့် လင်မယား ပြောပြ၍ သိလိုက်ရသည်က လွန်ခဲ့သော ၁၀ နှစ်ခန့်က စုံတွဲ တစ်တွဲ ယ္ခု မောင်မျိုးတို့အခန်းတွင် လာရောက်တည်းခိုခဲ့ကြောင်း နောက်၂ရက်ခန့်အကြာတွင် မည်သည့်ပြဿနာ တက်သည်မသိ ကောင်လေး က ကောင်မလေး ကိုထားပြီး တစ်ယောက်ထဲ ထွက်သွားကြောင်း...
ကောင်မလေး က ကောင်လေး ပြန်လာမည် အထင်နှင့် တပါတ် ခန့်စောင့်သော်လည်း ကောင်လေးပြန်မလာ သည့်အဆုံးတွင် ရေချိုးကန်ထဲ မိမိ သွေးကြောကို မိမိ ဓားဖြင့်လှီးပြီး သတ်သေသွားကြောင်း ကောင်မလေး သေဆုံးပြီး နောက်တွင် လာရောက် တည်းခိုသူများ မောင်မျိုး အခု ကြုံရသလို ကြုံတွေ့ကြရကြောင်း ရှင်းပြပါတော့သည်....။
ထိုအချိန်တွင် အပြင် သွားရောက်လည်ပတ်နေသောအုပ်စုများ ပြန်ရောက် လာပြီး အကြောင်းစုံ သိသွား ကြသည့် အခိုက် မိန်းကလေး များက ပြန်တော့မည် ဆက်လက်မနေလို တော့ဟုပြောကြ၏ ယောင်္ကျားလေး များလည်း ဟန်ကိုယ့်ဖို့သာ နေနေ ရသည် အားလုံးကတော့ စိတ်ထဲတွင် တုန်လှုပ်နေ ကြ၏ တဖြည်းဖြည်း အရိပ်အယောင် ပြနေရာမှ အခုလို လူတစ်ကောင်လုံး နီးနီး ကပ်ကပ်ကြီး ပြပြီးချောက်လှန့်ပြီဆိုတော့ နောက်ဆို ဒီ့ထက်ကြမ်းလာနိုင်သည် မဟုတ်လား...။
ဒါနှင့် အားလုံးဆုံးဖြတ် လိုက်သည် ကတော့ မနက်ဖြန် တည အိပ်ပြီး ပြန်ကြတော့မည်ဟု....။
ညကတိတ်ဆိတ် ခြင်းကကြီးစိုးနေသည် ရံဖန်ရံခါ ပိုးကောင်ငယ်လေး များ၏ အော်သံ ကိုသာကြားနေရသည်..မိန်းကလေး များ အခန်းထဲမတော့ ကုတင်ခြောက်လုံးကိုဆက်၍ အားလုံးပူးကပ် အိပ်နေကြသည် သို့သော်လည်း အိပ်၍ကား မပျော်ကြပါ....။
ထိုစဉ် ခဏ အားလုံးမြင်တွေ့လိုက်ရတာကတော့ သော့ခတ်ပိတ်ထား သော သူတို့၏ အခန်းတံခါးသည် ဖြေးညင်း စွာ ပွင့်သွားပြီး လူကလေး သေးသေးလေး တစ်ယောက်ဝင်လာသည် ကိုအားလုံးပဲ တွေ့လိုက်ရပါသည် မကြောက်ပါ အားလုံးတပြိုင်ထဲ တွေ့ရှိလိုက်ရသည့်အပြင် လူသေးသေးလေးဆို တော့ မကြောက် သည့် အပြင် အားလုံး က.....
“ရှင်ဘယ်သူလဲ ဘာလို့ဒီအခန်းထဲ ကို ဘယ်လို လုပ်သော့ဖွင့် ဝင်လာတာလဲ”ဟုဝိုင်းရန်တွေ့့ကြသည့်တခဏ
ဟီး ဟီး ဟီး ...... သူမတို့ကြည့်နေစဉ်မှာ ပင် လူသေးသေးလေးသည် ကြီးထွားလာပြီး သူတို့ခြောက်ယောက် ကုတင် အထက် မျက်နှာကျတ် နှင့် အပြည့် ဖြစ်သွားပြီး သူတို့ကို အပေါ်မှ မိုးပြီး သွားကြီး ဖြီးပြ နေသဖြင့် အားလုံး တပြိုင်နက်ထဲ အော်ဟစ်၍ အခန်းအပြင်သို့ပြေးထွက် ကြရပါတော့သည်......။
ထိုအချိန် နှင့်တပြိုင်နက် ထဲမှာ ပင်............
အမရာနှင့် အိုင်လွယ်ပန် တို့စကားတပြောပြော ဖြင့် ဘဝရှေ့ရေးကိုတိုင်ပင်ဆွေးနွေး နေကြခိုက်..
ဒေါက်...ဒေါက်....ဒေါက်...ဒေါက်...
သူတို့၏ရေချိုးခန်းထဲမှ ဒေါက်ဖိနပ် သံ ဖြင့်လမ်းလျှောက် နေသံကို ကြားလိုက်ရ သဖြင့် နှစ်ယောက်သား တစ်ယောက် မျက်နှာ တယောက် ကြည့်မိကြသည်....
ဖိနပ်သံ နှင့် တဆက်ထဲ ဆိုသလိုပင် ရေပန်းဖွား ဖြင့် ရေချိုးနေသံ အင်္ဂလိပ် သီချင်း ဆိုညည်းသံများ ကိုပါကြား လိုက်ရသဖြင့် မကြောက်တတ်သူများ ပီပီ ပြိုင်တူ သွား၍ ရေချိုးခန်းတံခါး ကိုဖွင့်ကြည့်လိုက်ရာ အင်္ဂလိပ်မ တစ်ယောက် က မျက်နှာသစ်ကြွေဇလုံ တွင် သူမ၏ ခေါင်းမရှိသော ကိုယ်လုံးကြီး သက်သက်ဖြင့် မှန်ကြည့် နေပြီး ယောင်္ကျားဖြစ်ဟန်တူသူက ရေချိုးနေ သည်ကို တွေ့ရှိလိုက်ရပါသည်....။
ထို အင်္ဂလိပ် အထီးနှင့်အမ တို့ကလဲ အခန်း တံခါး ဖွင့်သံ ကြားသည် နှင့် ပြိုင်တူ လှည့်ကြည့် ကြရာ အိုင်လွယ်ပန် နှင့် အမရာ ကိုတွေ့သည်နှင့် သူတို့ရှိရာ တံခါးပေါက် ရှိရာသို့လျှောက်လှမ်း လာကြပေတော့သည်....
ကြောင်၍ ရပ်ကြည့်နေမိသော အမရာ ကို အိုင်လွယ်ပန်က....
“ပြေး ပြေး အခန်းအပြင်ကို”
ဟု ပြောရင်း ရေချိုးခန်း တံခါး ကို ဆောင့်ပိတ် လိုက်ပြီး အမရာ ၏လက်ကို ဆွဲကာ အခန်း အပြင်သို့တဟုန်ထိုး ပြေးထွက်လာပါ တော့သည်....။
နွေမုန်တိုင်းနှင့်မောင်မျိုးတို့အခန်းတွင်းတွင် မတော့ မောင်မျိုးက ရေချိုးခန်း တံခါးပေါက် ကိုသော့ခတ်လိုက်ပြီး ထို ရေချိုးခန်းနှင့် ဝေးရာ အခန်းထောင့်သို့ကုတင်ကိုရွေ့ပြောင်းပြီး စောင်ကိုခေါင်းမြီး ခြုံ၍ အိပ်ပျော် သည် အိပ်မပျော်သည် တော့မသိ ငြိမ်နေသဖြင့် နွေမုန်တိုင်း တယောက် မကြာခင်လက်ထပ်တော့မည့် ချစ်သူလေး ကို တွေးရင်းမှေးကနဲ အိပ်ပျော်သလို ဖြစ်သွားခိုက် အိပ်မက်ထဲ တွင် ချစ်သူလေးနှင့်သူ စိန်ပြေးတမ်း ကစားနေကြ၏ သူက လိုက် ချစ်သူလေး ကပြေးနှင့် နောက်ဆုံးတွင် ဖမ်းမိသွားသည့် အခိုက်
“လာခဲ့ ကောင်မလေး ထွက်ပြေးတဲ့ အတွက် ဒဏ်ခတ် မယ်”
ဟုဆိုကာ ပါးပြင်လေးကို နမ်းလိုက် သည့်တခဏ .....
ဟင်...အေးစက်စက်နဲ့ရေတွေကလဲစိုလို့ ပါလားအထိတ်တလန့်တွေးရင်း အိပ်မက်မှ လန့်နိုးလာသည့် နွေမုန်တိုင်း အပြင်တွင်လည်း သူ့ရင်ခွင်ထဲ အေးစက်သော အရာတခု ရှိနေမှန်း ခံစား သိရှိ လိုက်ရသဖြင့် ငုံ့ကြည့်လိုက်ရာ.....
ရေစိုနေ သောဆံပင်များဖြင့် ဘောင်ကွပ် ထားသလို ရှိနေသော သွေးဆုတ် ဖြူလျှော်နေသော မျက်နှာတွင် မျက်ဆံ မရှိသော မျက်ဝန်းဗြောင် အဖြူရောင် ဖြင့် သူ့ကို ရင်ခွင်ထဲမှ မော်ကြည့်နေသော အမျိုးသမီး တယောက် ကို မြင်လိုက် ရသဖြင့် .....
“အောင်မလေးဗျ”
သူ့အော်သံကို ကြားလိုက်သည့် မောင်မျိုးလည်း စောင်ခြုံကို ဖွင့်ကြည့်လိုက်ရာမှ...
“ဟေ့ကောင် မိုက်ကန်း မင်းရင်ခွင်ထဲမှာ ဘယ်သူ ကြီးလဲ”
“ဟင်..ဒါ..ဒါ နေ့လည်ကငါတွေ့တဲ့ ကောင်မလေး ပဲ”
ပြောပြောဆိုဆိုဖြင့် မောင်မျိုး တယောက် ကုတင်ပေါ်မှ ကုန်းရုံးထ ကာအခန်း အပြင်သို့တချိုးထဲ ပြေးပါလေ တော့သည်....။
နွေမုန်တိုင်းလည်း ထိုအခါမှ ရင်ခွင်ထဲ မှ အမျိုးသမီး ကို တွန်းထုတ် လိုက်ပြီး မောင်မျိုးနောက်သို့ အပြေးအလွှား ပြေးလိုက်ပါတော့သည်...။
“မောင်.. ဒီတခါလည်း နော့် ကိုထားပြီး ပြေးမလို့လား မရဘူး မောင်ဘယ်သွားသွား လိုက်မှာပဲ”
ဟူသည့် အသံကြီးကိုတော့ တံခါးပေါက်သို့ရောက်သည့် အချိန် တွင် နွေမုန်တိုင်း တယောက် ကြားဖြစ်အောင် ကြားလိုက်ပါသေးသည်....။
အခြားအခန်းတွင်း ရှိ လင်းထက်၊အိပ်မက်မဲ၊ရာဇာ၊ထိုက်မင်း တို့လဲမချောင်ပါ...
လသာသောည ဖြစ်သဖြင့် လရောင် သည် ပြူတင်းပေါက်မှ တဆင့် အခန်းတွင်း ဝင်နေသဖြင့် ပြူတင်း တံခါး ကို မပိတ်ကြပဲ အခန်းမီးလေး ကိုပိတ်ပြီး ကိုယ်စီ ကိုယ့်ကုတင် ထက်တွင် ကိုယ် အမှောင်တွင်းမှနေ၍ လရောင်ကို ခံစားနေ ကြခိုက် လရောင် ရုတ်တရက် ပျောက်သွား သဖြင့် အားလုံး ပြူတင်းပေါက် သို့ကြည့်လိုက်မိကြရာ...
ပြူတင်းပေါက် ဘောင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော အရိပ်မည်း ကြီးတခု ထို့နောက် ထိုအရိပ် မည်းကြီး က အခန်းတွင်း သို့ခုန်ဆင်း လိုက်လေ ၏.....
“ဘုတ်”
“ဘုတ်”...“ဘုတ််”...
“ဘုတ််”...“ဘုတ်”...“ဘုတ်”....
အခန်းကြမ်းပြင်ပေါ်သို့ ခုန်ချသံ များမှာ ဆက်တိုက် ပင် ဖြစ်လာ၏
အဘယ့်ကြောင့်ဆို သော် ပထမ ဦးဆုံး အရိပ်မည်း ကြီး အခန်းတွင်း ခုန်ချ၍ အခန်းတွင်းရောက်သည်နှင့် နောက် အရိပ်မည်း တခု က ပြူတင်းပေါက် ဘောင်ပေါ်တက်လာ၏ ထို့နောက် အခန်းတွင်း သို့ခုန်ဆင်းလာပြန်၏..
နောက်...နောက်...နောက်...
အရိပ်မည်းပေါင်းများစွာ အခန်းတွင်းခုန်ဆင်း လာပြီးသည့်နောက်တွင် မတော့ ကုတင်များ ပေါ်မှ အံအားတသင့် ဖြင့်ကြည့်နေ ကြသူများ အားဝင်၍ နပန်း လုံးပါတော့ သည် အားလုံးလည်း တောင်မင်း ကို မြောက်မင်း မကယ်နိုင် ဆိုသလို မည့်သူကမှ မည်သူ့ကိုမကူ ညီနိုင်ပဲ မိမိကိုဝင်၍ နပန်းလုံးသော အရိပ်မည်း ကြီးများ ကိုသာ ခုခံ ကာကွယ် နေကြရသည် အခန်းတွင်း တွင်မတော့ ဗြောင်းဆန်နေသည် အားလုံးလည်း မောပန်း ပြီးခြေကုန် လက်ပန်း ကျလာ ကုန်ကြပြီ ထိုအချိန် တွင် ကံကောင်းချင်တော့ လင်းထက် တစ်ယောက် ခေါင်းရင်း ရှိမီးခလုတ် ကို လက်ဖြင့် စမ်းမိ သဖြင့် မီးခလုတ် ကို ဖွင့်လိုက်ရာ....
“ချောက်”
မီးပွင့်သွားသည်နှင့် တပြိုင်နက် အရိပ်မည်း ကြီးများ ရုတ်တရက် ပျောက်ကွယ် သွားပြီး စောင်ကြီး တကိုယ်လုံး အုပ်နေသော အိပ်မက်မဲ၊ ကုတင်အောက် ရောက်နေသော ရာဇာ၊ ကုတင်ပေါ်ရှိ ခေါင်းအုံး ကို သူအမြတ်တနိုး ယုယလေ့ ရှိသော ကွန်ပြူတာ ဖြင့် သည်းကြီးမည်းကြီး ရိုက်နှက်နေသော ထိုက်မင်း တို့ကိုသာတွေ့ လိုက်ရပါသည်..
ထိုအချိန်တွင် အခန်းအပြင်ဘက်မှာလည်း ဆူညံဝုန်းဒိုင်းကြဲသံ များကို ကြားလိုက် ရသဖြင့် သူတို့အားလုံးလည်း အခန်းအပြင်သို့ထွက်လိုက်ရာ လှေကားထိပ် နားတွင် ကျန် အခန်း အသီးသီးမှ လူများ ကို ထိတ်လန့်တုန်လှုပ် ခြင်းများ ကိုယ်စီဖြင့် တွေ့လိုက် ရသဖြင့် မေးစရာ မလို တော့လောက်အောင် ကို သဘော ပေါက်လိုက် ကြပါပြီ ထိုလူများ ကလဲ သူတို့အုပ်စုလည်း ထိတ်လန့်စရာ အဖြစ်နှင့် တွေ့လာပြီဆိုတာ ကိုသဘော ပေါက်သဖြင့် ဘာမှ မမေး တော့ပါ....
အောက်ထပ်ထမင်းစား ခန်းနေရာ မှလည်း ခုံရွေ့သံ လမ်းလျှောက်သံများ ဆူညံနေသည်ကို အားလုံး ကြားနေကြ ရပါသည် ....။
အားလုံး လည်းအလွန် ထိတ်လန့်တုန်လှုပ်နေကြပါပြီ နောက်တည မပြောနှင့် တနာရီ တမိနစ် တစက္ကန့်ကလေး မှ ဒီအိမ်ကြီးတွင် မနေလို ကြတော့ပါ....။
သို့နှင့်ပင် အခန်းတခန်း ခြင်းဆီသို့တအုပ်စုလုံး ဝင်ဝင်ပြီး ပစ္စည်းများ သိမ်းကြ ပြီးနောက် ကားများပေါ်သို့တက်ကြပြီး အိမ်ကြီးနှင့်ဝေးရာ ဆီသို့မောင်းထွက်လာခဲ့ကြတော့၏...။
အမှောင်ထု ထဲတွင် တော့ခြောက်ချား ဖွယ်ရာ ဝိဉာဉ်တို့ ပျော်စံလျှက် ရှိသည့် အိမ်ကြီးက ထီးထီး မားမား ကြီးဖြင့် နောက်ရောက်လာမည့် ဧည့်သည့်များ ကို မျှော်နေဟန်ဖြင့်...။
သူတို့အုပ်စု အတွက်တော့ ဒီဘဝ တသက်တာ တွင်ဘယ်တော့မှ မေ့ပျောက်နိုင်တော့ မည်မဟုတ်သော အတွေ့အကြုံများကိုယ်စီနှင့်......။
ပြီးုပါပြီ
ps: ဤဇာတ်လမ်းတွင် နာမည် များ ထည့်သုံး သည်ကို မညူစူပဲ နားလည် ခွင့်လွှတ် ပေးကြသော ဘလော့ဂ်ဂါ ညီအကို မောင်နှမ အပေါင်းအား လည်းကောင်း စိတ်ရှည်ရှည် ဖြင့် စောင့်ဆိုင်း ဖတ်ရှု သော စာဖတ်သူများအား လည်းကောင်း အထူးကျေးဇူး တင်ရှိပါကြောင်း.....။
Thursday, April 17, 2008
//
အမ်ိဳးအစားက:
Horror
//
15
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
15 ယောက်ကဒီလိုမြင်တယ် to "ဝိဉာဉ် ရှာ ဖွေသူများ (၃)ဇာတ်သိမ်း"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
မြန်မာပြည်ကိုလွမ်းတယ် says:
ဟီး...ရေချိုးခန်းထဲမသွားရဲတော့ဘူး..ခေါင်း
ပြတ်ကြီးကို ကြောက်တယ်..။ဟွန်း..သူလုပ်
တာနဲ့ ညဘက်မီးဖွင့်အိပ်ရတော့မယ်ဒါရိုက်တာ
ကြီးရဲ့...။
My Wonderful Moral Thoughts says:
Thanks a lot!!
I applause your ideas and your imagination.
Enjoy reading it..,
Soe Mya Nandar Thet Lwin
Apprenticeship says:
ကြောက်ပါပြီဗျ.. :P Kg ei Kg ei.
zat nyoo wai chin lo.Lar kan lan twar bar tal :)
May Moe says:
ဘရာဘို တကယ်ဖြစ်နေသလိုပဲ၊ တော်တော် ရေးတတ်တယ်၊
Anonymous says:
စုံထောက် ဝတ္ထုဖတ်နေရသလိုပဲ ရယ်လည်းရယ်ရတယ် ဖတ်လို့လည်းကောင်းတယ်ဗျ ဟုတ်ပါ့ မောင်မျိုး စဉ်းစားတဲ့ အတိုင်း ကောင်မလေးနဲ့ တစ်ခန်းထည်းဆိုတော်သေးတယ်နော် အခုတော့ လေမုန်တိုင်းကြီးနဲ့ အဟွတ် အဟွတ်....။
ပုံ/
ရော်နယ်မောင်မျိုး =)
စိုးထက် - Soe Htet ! says:
ကောင်း၏ ... အသက် ကြီးသွားပြီး ဘုရား တရားလေး နည်နည်း လုပ်လို့ ထည့်ပေးမထား ဘူး ... တော်သေး တာပေါ့ :P
ညမီးအိမ် says:
ဟဲဟဲ အပြင်မှာရာဇာတို့အဲလောက်သတ္တိမရှိပေါင် သရဲနဲ့နပမ်းလုံးတယ်တဲ့။ အဟတ် အပြင်မှာတကယ်မြင်ရင်တော့ လိပ်ပြာလွင့်နေပြီ။ အဲလောက်သတ္တိကောင်းတာ။
Min Min says:
ဟားဟား.. အကုန်မဖတ်ရဲပါဘူး.. သားသားက သတ္တိကောင်းတယ်ဗျ .. စာဖတ်သူတွေကို ကျေးဇူးတင်တယ်ဆိုလို့.. ဖတ်နေသူတွေက ဘလောဂ္ဂါတွေကြီးပဲ ဟားဟား ..
ကျေးဇူးဗျို့.. ခုလို အချိန်ပေးပြီး အတူတူ ခရီးသွားရတာ ကောင်းသား..
အမရာ says:
ဟားဟားပြီးသွားပြီလား.........
အမရာပြောသားဘဲမကြောက်
တတ်ပါဘူးလို့......ဒါပေမယ့်
ဖတ်လို့တော့ကောင်းတယ်......
မောင်မျိုးသနားပါတယ်နော်.......
တော်သေးတာပေါ့..တဘက်ကိုဆွဲ
ပြီးပြေးလို့...နမို့ဆို..အာခိမီးဒီးနောက်တယောက်
ပေါ်လာမှာ..............
အိုင်လွယ်ပန် says:
အဟီး......
ကောင်းသဗျ......
ရေးလဲရေးတတ်တယ်ဗျာ..............
တကယ်ဖြစ်နေတဲ့အတိုင်းပဲ.....
ဘလော့ဂ်ဂါညီအစ်ကိုမောင်နှမတွေနဲ့လဲ
အပြင်မှာတကယ်တွေ့လိုက်ရတဲ့အတိုင်းပဲ......
ကောင်းတယ်ဗျာ..............
ကျော်လင်းထွန်း says:
ကိုမင်းမင်း တယောက် သူကွန်ပျူတာနဲ့လိုက်ရိုက်ရတယ်လို့ ဖြစ်မှ ဖြစ်တတ်လေတယ်ကွယ်
Tea says:
ရဘူး.. နောက်တစ်ခါ ပုံပြင်အသစ်ထပ်ရေး..
မင်းသား အသစ်နဲ့...
သူက တီး :D
မောင်ဖြိုး says:
ဖတ်လို့တကယ်ကောင်းတယ်ဗျာ..
မောင်ဖြိုးကသရဲသာကြောက်တာ..
အဲဒါမျိုးလေးတွေဖတ်ရတာကြိုက်တယ်ဗျာ..
မင်းခိုက်စိုးစံ(သတိုးတေဇ)အတိုင်းပဲ..
အသစ်တွေလည်းရေးဦးနော်...
mabaydar says:
မြန်မာအနုပညာလောကမှာ ဒီလို creative ဖြစ်တဲ့အတွေးအခေါ်ပညာရှင်တွေ.. talent ရှိတဲ့ သရုပ်ဆောင်တွေလိုနေတာတော့အမှန်ပဲ.. မဗေဒါကဒါရိုက်တာလုပ်ပေးမယ်နော်.. စိတ်တိုင်းမကျမချင်းပြန်ရိုက်မှာ.. ဟား ဟား..
ဝေလေး says:
အပိုင်းသုံးပိုင်းလုံးဖတ်ပြီးပြီ။
ကြောက်စရာကြီး..ရေးတတ်တယ်နော်
ကြောက်ကြောက်နဲ့ဖတ်လိုက်တာ
ဒီညတော့စောင်ခေါင်းမြီးခြုံပြီးအိပ်ရတော့
မယ်.....