အောက်တိုဘာတမနက် ပြာလဲ့လဲ့သံဝေဂ



ပြူတင်းပေါက်ဖွင့်ဖို့တောင် ခွန်အားမရှိတဲ့ စိတ်နဲ့
နေ့အသစ်တခုကို ရင်ဆိုင်ဖို့ ပြင်ရတော့တယ်

မြင်နေကျ ချက်စ်နပ်ပင်ကြီးရဲ့ပင်ခြေကို မမြင်ရတာပဲကောင်းတယ်
တရွက်ချင်း ရှေ့ဆင့်နောက်ဆင့် သစ်ရွက်တွေကြွေကျနေမှာသိလျက်မို့
ကိုယ့်မှာ ကုလားထိုင်တလုံးပေါ် အခြောက်တိုက်ကြီး ထိုင်ရင်း သွေးပျက်နေရရဲ့

နေရောင်ခြည်ဟာ ဧည့်ကောင်းစောင်ကောင်းလို သိမ်သိမ်မွေ့မွေ့ကလေး
လေပြင်းကတော့ အလိုက်မသိတတ်တဲ့ အိမ်နီးချင်းလို ဝုန်းဒိုင်းကျဲချင်ချင်
ချမ်းခိုက်တုန်အောင် အေးတဲ့ အအေးဓါတ်က ဓါးနဲ့မိုးထားသလိုကြီးစိုးလို့

ကျွက်ကျွက်ဆူရေနွေးနဲ့ လောင်းဖျော်ထားတဲ့ င့ါ လက်ထဲက ကော်ဖီတခွက်ဟာ
ညှိုးချုန်းပူပန် ပျက်စီးနေတဲ့ ငါ့ အတွင်းစိတ်ကို ကုစား အားအင်တွေ ဖြည့်ပေးနိုင်ပါမတဲ့လား

သွားသူတွေက သွားနှင့်ပြီ
ငါ ဘယ်တော့ လိုက်သွားရမှာလဲ။ ။

ခင်အောင်အေး
၂၄၊ အောက်တိုဘာ၊ ၂၀၀၈ ချေလ်တန်ဂရို့ဗ် လန်ဒန် ဝရး၅၁ နာရီ


3 ယောက်ကဒီလိုမြင်တယ် to "အောက်တိုဘာတမနက် ပြာလဲ့လဲ့သံဝေဂ"

  • `သွားသူတွေက သွားနှင့်ပြီ
    ငါ ဘယ်တော့ လိုက်သွားရမှာလဲ။ ။´

    ဖတ်သွားပါတယ်ဗျ..။

  • အင်း အားလုံးက ဒီတစ်လမ်းတည်းကို သွားရမှာပါပဲ။ ဘယ်လို သွားရမလဲ ဆိုတာပဲ ကွာပါတယ်။

    ခင်တဲ့
    မေသိမ့်

  • ငယ်ရွယ်မှုတွေ နုပျိုချိန်

    လတ်လတ် ဆတ်ဆတ် အတွေး

    လတ်လတ် ဆတ်ဆတ် အရေး

    မြေတစ်ခွင်မှာ ဝေဆာလို့
    ဇဋာပြင်မှာ ဝေဆာလို့

    အာရုံအလန်းတွေ စားသုံး

    စကားလုံးတွေကို က ရနံ့သင်းတယ်

    အလတ်စား လတ်ဆတ်မှု

    ချန်လှပ်မရအောင်

    အထားအသို တိကျတယ်

    ဘာမထီသား လက်မထောင်တယ်

    လူမှု စီးပွား အိမ်ထောင်

    ရေးလို့ရသမျှ အရေးတွေ

    အဆင်ပြေလို့

    အဆင်မပြေလို့

    စိတ်ဓာတ်ကျတယ်

    စိတ်ဓာတ်ကြွတယ်

    ရင်ဆိုင်တယ်

    ယှဉ်ပြိုင်တယ်

    ဇရာတွေ ပြိုလဲတာ

    ပျိုမြစ်ခြင်းရဲ့ နိဂုံးလေ

    ပြောပြောဆိုဆို မရဏမြေမှာ

    တိတ်ဆိတ်မြေမှာ ပန်းတွေ ဝေလို့

    ခဝါချလိုက်ပါ

    အဏ္ဏဝါလောက် ရှိပါစေ

    လောဘ ဒေါသ မောဟ

    ကွေးမဆန့် ဆန့်မကွေး
    ဟောဒီ လက်တွေ

    အသံကြားရုံနဲ့ သံဝေဂ ရလိုက်ပါ

    ဆိတ်သုဉ်းမယ့် နောက်ဆုံး

    နောင်တ မရတဲ့

    သမိုင်းတစ်ခု တော့ ထုဆစ်ပါ

    နောင်သားတွေ အတွက်

    စာမျက်နှာသစ် ဖွင့်လှစ်ခဲ့ပါ

    သမိုင်း တစ်ခုရဲ့ စာမျက်နှာမှာ

    လှစေ ပစေ ရစေ လို့ပဲပေါ့...။

    ။................။



    ဒီကဗျာလေးဖြင့်သာ............

    စောနေသွေး

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts