၂၅ ရာစုထဲကလူ


စာပိုဒ်(၁)

ဟိုးးးးးးးးး အဝေးဆီက အလင်းရောင် သဲ့သဲ့ တစ်ခု သူမြင်နေရတယ် နောက်တဖြည်းဖြည်း နဲ့ အဲဒီအလင်းရောင် ဟာပိုပြီး စူးရှ တောက်ပလာသလို သူလဲ အသက်ရှုရတာ မွန်းကျပ် လာတယ် သူ့တစ်ကိုယ်လုံး လဲ အေးစက်လို့..။

သူ ဒီဖြစ်ရပ် က အမြန်နိုးထ မှ ဖြစ်မယ် ဆိုတဲ့ ဆုံးဖြတ် ချက်နဲ့ အတူ ခန္ဓာကိုယ်မှာ ရှိသမျှ အားတွေ အကုန်သုံးပြီး ရုန်းထလိုက်တယ်..။

“ဗွန်း”

“ဖူး ဖွီး”

ပါးစပ်ထဲက ရေတွေ ကိုထွေးထုတ်ရင်း သူ့ရင်ခေါင်းထဲ ကို လေတွေ အပြည့်ရှုသွင်းလိုက်မိတယ် အားး အခုမှ ဆီပြည့်သွားတဲ့ အင်ဂျင်တစ်လုံး လို သူ့ရဲ့အဆုတ်တွေ က အောက်ဆီဂျင်ပြည့်သွားလို့ တစ်ကိုယ်လုံး ကိုခွန်အားတွေ တွန်းပို့ပေးလိုက် သလို သူ့ရဲ့ ဦးနှောက်တွေကလဲ အခုမှ ကြည်ကြည်လင်လင်နဲ့ ဖြစ်ရပ်အားလုံးကို ဆက်စပ် စဉ်းစားလာနိုင်တော့တယ်.။

ထုံးစံ အတိုင်းပဲပေါ့ သူညက အရက်မူးလွန်ပြီး ကားမောင်းပြန်လာတယ် နောက်တော့ အိပ်ရာပေါ်ကမူးရှုးထိုး ဝင်အိပ်မယ် နောက် ရင်ပူတယ်ဆိုပြီး ရေထသောက်ရင်း ရေချိုးကန်ထဲ ဝင်စိမ်နေမယ် နောက်တော့ ရေချိုးကန်ထဲ ဝင်စိမ်ရင်းနဲ့ အိပ်ပျော်ပြီး ရေအောက်ရောက်လို့ ရေမွန်းမှ အလန့်တကြားနဲ့ ထလာမယ် ဒါပဲလေ ဒီဖြစ်ရပ်တွေက ဘယ်နှစ်ကြိမ်မှန်းတောင် သူမရေတွက်နိုင်တော့ ဒါပေမယ့်လဲ သူအမှတ်မရှိ အဲဒီအတိုင်းလုပ်နေတုန်း..။

အဲ ထူးဆန်းတာ တစ်ခုတော့ ရှိတယ် သူအမူးလွန်တိုင်း အိပ်ပျော်သွားတိုင်း အိပ်မက်ထဲမှာ သူအမူးလွန်ကားမောင်းပြန်လာတိုင်း ကားတိုက်မှုဖြစ်တယ် ကားကားချင်း ဖြစ်ဖြစ် ကားနဲ့ တစ်ခြားအရာတစ်ခုခု ဖြစ်ဖြစ်ပေါ့..။

စာပိုဒ်(၂)

ဒေါက်တာ မိုးဟိန်း တစ်ယောက် မနက်မိုးလင်း ဂျူတီလွဲ ပေးပြီးတော့ အိမ်ကို ကားမောင်း ပြန်လာရင်း စဉ်းစားလာနေမိတယ်..

ညက ကားတိုက်မှုနဲ့ ရောက်လာတဲ့ လူနာ တစ်ယောက် အကြောင်းကိုပေါ့ ဒီလူက တစ်ခါလဲ မဟုတ် နှစ်ခါလဲ မဟုတ် အမူးလွန်တိုင်း ကားတစ်စီးနဲ့ လျှောက်မောင်းပြီး အမြဲ ကားတိုက်မှုဖြစ်တယ် နောက်တော့လဲ သူတို့ ဆေးရုံကို ရောက်လာတာပဲ ဖြစ်လိုက်တိုင်းလဲ အဆုံးစွန်ထိ ဘယ်လိုမှ အဖတ် ဆယ်လို့ မရတော့လောက်အောင် ကိုဆိုးတယ် ညကလဲ လမ်းဘေးက သစ်ပင် ကို ဝင်တိုက်လာလိုက်တာ ကားကော လူကော တစ်ကိုယ်လုံး ကျိုးကြေလို့ ဒီတော့လဲ ထုံးစံ အတိုင်းပဲပေါ့ အဲဒီလူကို ဆေးရုံနောက်က လူခန္ဓာကိုယ် အကျိုးအပျက် တွေကို ကြိတ်ချေပြီး မြေသြဇာ လုပ်တဲ့ စက်ထဲ ပစ်ထည့်လိုက်ရတော့တာပဲ ...။

နောက်တော့ သူ့ရဲ့ ဦးနှောက်ထဲက မိုက်ခရိုချပ်စ် ပြားလေးကနေ ဂြိုလ်တုကတစ်ဆင့် သူ့ရဲ့မန်မိုရီခေါ် မှတ်ဉာဏ်တွေ သိမ်းထားတဲ့ မှတ်ဉာဏ်ဘဏ်တိုက် ထဲကနေ ပြီး သူ့ရဲ့ဒေတာတွေ ကိုပြန်ပြီး သူကြိုဝယ်ထားတဲ့ သူ့ရဲ့ Clone ခေါ် ပုံတူကိုယ်ပွား ထဲကို ပြန်ထည့် အသက်သွင်းပြီး သူ့အိမ်က ရေချိုးကန်ထဲ သွားပြန်ထည့် ပေးထားခဲ့ရတယ် ဒီတော့ သူနောက်ဆုံးဖြစ်သွား ခဲ့တဲ့ ဖြစ်ရပ်အထိကို တစက္ကန့်မလပ် သူ့အသိဉာဏ်ထဲ ရှိနေလို့ သူပြန်ရှင်သန်လာတဲ့အခါ ကားတိုက်မှုကို အိပ်မက်မက်တယ် ပဲ သူထင်နေတယ် ဘာလို့လဲဆိုတော့ ညက မူးလဲ မူးနေတယ် ဆိုတော့ အာရုံတွေက ဝိုးတဝါးပေကိုး...

အင်းလေ တော်သေးတာပေါ့ ဒီလူ က ၂၅ ရာစုနှစ်မှာ လူလာဖြစ်နေပြီးတော့ ပိုက်ဆံကလဲ တတ်နိုင်တယ် ဆိုတော့ ပုံတူကိုယ်ပွားတွေ ဝယ်ထား နိုင်တာကိုး ကျုပ်လဲ ဒီလိုလူတွေ နဲ့ အလုပ်ဖြစ်တော့ ကျုပ်အတွက်လဲ လောလောဆယ် ပုံတူကိုယ်ပွား နှစ်ခုလောက်တော့ ဝယ်စုထားနိုင် လို့ နောင်ရေးတော့ အတော်လေး စိတ်အေးရပါပြီလေ..။


9 ယောက်ကဒီလိုမြင်တယ် to "၂၅ ရာစုထဲကလူ"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts