အကိုကြီး အောင်သာငယ် တက်ဂ် လို့ ကျွန်တော့်ရဲ့ ပထမဆုံး တွေကို မနည်းကြီး ကိုစဉ်းစားပြီး ရေးလိုက်ပါတယ်...။
ပထမဦးဆုံးနေခဲ့သည့်ကျောင်း~~~~~~~~အထက(၅)ကမာရွတ်
ပထမဦးဆုံး ရခဲ့သည့်မုန့်ဖိုး~~~~~~~~~ ၁၀ ပြား ၊ရေခဲချောင်းတစ်ချောင်း ၁ ပြား ၂ ပြားခန့်သာပေးရသည်၊ကပ်စီးနဲ အလုံးကြီးမှ ၂ ပြား..
ပထမဦးဆုံး စီးဘူးသည့် ဘက်စ်ကား~~~~~ (၁၆) ကားကို စီးပြီး ပုဇွန်တောင် ကို ကျောင်းသွားတက် ရစဉ်က ပထမဆုံး စီးဖူးခြင်း ကားခက လှည်းတန်းမှ လမ်း ၅၀ ထိ ၅ ပြား တစ်ခါတစ်လေ စပယ်ယာက ကျောင်းစိမ်းနှင့် ကလေး မို့မတောင်းလျှင် ကျောင်းမုန့်စားတန်း မှ အသုတ်တပွဲ ဝယ်စား၍ ရသည်
ပထမဦးဆုံးကျောင်းပြေးဖူးသည့်အချိန်~~~~~~(၆)တန်း ကျောင်းသား ဘဝ တစ်ယောက်ထဲ မြို့ထဲသွားပြီး On The Road ဆိုသည့် ဂျပန် အချစ်ကားလေး သွားကြည့်သည်..။
ပထမဦးဆုံး ဂစ်တာတီး သင်ရင်းဆိုခဲ့သည့် သီချင်း~~~~~~ဖိုးချို ၏ မင်းဘယ်လမ်းသွားသွား သီချင်း သူက C Am Dm G ရောင်းဒ် ကောဒ့် ဆိုတော့ လွယ်တယ်လေ
ပထမဦးဆုံး ထိုင်ဖူးသည့် လဘ္ဘက်ရည်ဆိုင်~~~~~တာမွေ ကျားကွက်သစ်ထဲက ရာမကွင်းတွင် ညဘက် ဖွင့်သည့် ဆိုင် သူက ညမှ ကွင်းထဲတွင် ဖျာများခင်း၍ ထိုင်ရသည် ခွေးခြေ ဟုခေါ်သော ခုံပု များ မသုံးပါ..။
ပထမဦးဆုံးသောက်ဖူးသည့် စီးကရက်~~~~~~ဇင်ဇင်း, XinXing ဟုပေါင်းသည်ထင်သည် တရုပ်ပြည်မှ လာသည်
ပထမဦးဆုံးသောက်ဖူးသည့် ဆေးပေါ့လိပ်~~~~~~~ရွှေပြည်စိုး
ပထမဦးဆုံးရည်းစားထားဖူးသည့် အချိန်~~~~~~~~၁၅ နှစ် ၁၀ တန်းကျောင်းသား ဘဝ
ပထမဦးဆုံးဖတ်ဖူးသည့်ဝတ္တုစာအုပ်~~~~~~~~စောညို ၏ စနေထွန်း ထိုစဉ် က ကျွန်တော် သုံးတန်း ကျောင်းသား အမေ ဝတ္တုဖတ်တိုင်း ရင်ခွင်ထဲ ဝင်ပြီး လိုက်ဖတ် တတ်သည် ကျွန်တော် ဖတ်၍မပြီးသေးလျှင် အမေလဲ နောက် တစ်မျက်နှာ မကူးပြောင်းနိုင်၍ အလွန်စိတ်ညစ်သည်..။
ပထမဦးဆုံး ဖတ်ဖူးသည့် ဘာသာရေးကျမ်း ~~~~~~ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး ပြုစုသည့် ဇိနထ္တပကာသနီ ဗုဒ္ဒဝင် ကျမ်း
ပထမဦးဆုံး အရက်မူးဖူး သည့်အချိန်~~~~~~~~~ တက္ကသိုလ်ကျောင်းသား အကို က သူ့သူငယ်ချင်း မင်္ဂလာဆောင် မင်္ဂလာဦးည နန်းသီတာတွင် သူငယ်ချင်းများ ကိုပြုစုသည့် ပွဲ သို့ခေါ်သွားပြီး အကို့သူငယ်ချင်းများ တစ်ယောက်နည်းနည်း စီ ဝိုင်းတိုက် ရာ မှ ဒေါင်ချာစိုင်းအောင် စ၍ အရက်မူးဖူးသည် ထိုစဉ်က ကျွန်တော် သူငယ်တန်းကျောင်းသား
ပထမဦးဆုံး ပစ်ဖူးသည့် သေနတ်~~~~~~~~~သူကြီး ဘစီ ကိုင်သော နှစ်လုံးပူးဟု ခေါ်သည့် သေနတ် ဘာကြောင့်လဲဆိုတော့ အဖေ့ မှာ က နှစ်လက်တောင် ရှိသည် အဖေက တပ်မတော် က အငြိမ်းစား ပီပီ သေနတ်မရှိ မနေတတ် :P အဖေ့ ကို နယ်က တပည့်တွေ လာခေါ်လို့ အမဲလိုက် သွားတုန်းက ကျွန်တော် ပါလိုက်သွားပြီး ပစ်ဖူးတာ...။
ပထမဦးဆုံး ရောက်ခဲ့ဖူးသော နိုင်ငံခြား~~~~~~~~ စင်္ကာပူ
ပထမဦးဆုံး ရေးခဲ့သော ဘလော့ဂ် ပိုစ့်~~~~~~~~လူပျိုကြီးနဲ့ခွေးပါရဂူ
ကဲ ကျွန်တော် သတိရသလောက် ပထမဆုံးလေး တွေပါ အပြည့်အစုံတော့ မဟုတ်ဘူးပေါ့ ဒီတော့ ကျွန်တော်လဲ ကိုယ်ချည်းပဲ အတဂ် ခံနေရတော့ ဒီတစ်ခါ ညီတွေ ညီမတွေ ကိုပါ ဆွဲခေါ်တော့မယ် ဟီး ဟီး
ကိုယ့်စိတ်ကူးထဲ ရှိရာ ပထမဆုံး တွေ ဖြစ်ရင် ပြီးတာပါပဲ ကျွန်တော် ရေးထားသလို ဖြစ်စရာမလိုပါဘူး
ကျွန်တော် ဆက် တဂ် မည့် ညီတွေ ညီမတွေ ကတော့
ဘလက်ဒရင်း(ရေးပြီး) , ညမီးအိမ်(ရေးပြီး) ,ထိုက်မင်း(ရေးပြီး) ,ဇောင်း(ရေးပြီး) ,ကြယ်ဇင်သွေး(ရေးပြီး) ,အိမ်(ရေးပြီး) ,မိုးသောက်ယံ(ရေးပြီး) ,
မောင်မျိုး(ရေးပြီး) ကတော့ ကို အောင်သာငယ်တဂ်ထားပြီးဖြစ်ပေမယ့်လို့ ထပ်ထည့်ထားတယ်
နတ်သမီးလေး မွန်(ရေးပြီး) ,Apprenticeship(ရေးပြီး) ,အိမ်လေး ,မေမိုးမခ(ရေးပြီး) ,မီးငယ်(ရေးပြီး) ,မေမိုး(ရေးပြီး) ,ဝေလေး(ရေးပြီး) ,အမရာ(ရေးပြီး)
ပထမဦးဆုံး တဂ် တဲ့ တဂ် ပိုင်ရှင် ကိုအောင်သာငယ် ပြောသလို ပါပဲ အဆင်ပြေမှ ရေးပါ အဆင် မပြေလဲ ကိစ္စမရှိပါဘူး ဝိစ္စ လောက်ပဲ ရှိမှာ ...။

Tuesday, September 23, 2008
//
အမ်ိဳးအစားက:
Tag Post
//
14
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
14 ယောက်ကဒီလိုမြင်တယ် to "ကျွန်တော့်ရဲ့ ပထမဆုံး များ"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
ဝေလေး says:
ပထမဆုံးတွေ ကိုစဉ်းစားရမယ်ပေါ့...... အင်းး အဲ...
ဟဲ....... ရေးပေးပါ့မယ် လာမယ် ကြာမယ်.. ဟီးးး
:P
Anonymous says:
အင်းမမှတ်မိတော့ဘူး။ စဉ်းစားရဦးမယ်။
Anonymous says:
ရေးမယ်နော့် အသက်ကကြီးတော့ မေ့နေပြီး စဉ်းစားလိုက်အုံးမယ် း)
ဇောင်း says:
နောင်တော်ကြီး ရေ ရေးလိုက်မယ်ဗျာ.......
အောင်သာငယ် says:
မောင်ရင် မှားနေပြီ - မင်းဘယ်လမ်းသွားသွား - အစချီတဲ့သီချင်းက ဖိုးချို ဆိုခဲ့တာ ဟ။ မွန်းအောင် မဟုတ်ဘူး။
ပထမဆုံးတွေက စိတ်ဝင်စားစရာတွေချည်းပါ့။ ရေးပေးတာကျေးဇူး ညီရေ့။
natasha says:
nice blog!
congratulation friend..
အိမ်လေး says:
ပထမဆုံးတွေကို ဖတ်သွားတယ်ငါ့အကို...
BLACK DREAM says:
ကျေးဇူးပြု၍ ပထမဦးဆုံး ညစာကို ပြောပြပေးပါ။ :P ဘာဟင်းနဲ့များ ဘယ်နေရာမှာစားခဲ့သလဲလို့ :P
မွန် says:
ကျောင်းပြေးတာက ၆တန်းထဲကတဲ့ ဟဟ ဇရှိတယ်တော့ တဲလန့်ရှိတာပေါ့နော်
ရေးပါမယ် မောင်မျိုးအကြွေးလဲ မဆပ်ရသေးဘူး
ရက်စက်ကြပါ
ညမီးအိမ် says:
၁၅နှစ်နဲ့ရည်းစားထားနေတာဆိုတော့ ငါ့အစ်ကိုကြီးက ငယ်ငယ်ကတည်းက "ဇ" မသေးဘူးပဲ :P ပြန်လာရင်ကျွန်တော့်ကိုလဲတစ်ယောက်လောက်ရှာပေးနော်။ တစ်ယောက်တည်းနေရတော့ ပျင်းခြောက်ခြောက်ကြီးရယ် :D :P
အမရာ says:
ပျေက်ချက်သားကောင်းနေပြီးတော့
Tag တယ်ပေါ့လေ.............
ညမီးအိမ် says:
ညီလေးရေ ရေးပြီးပြီဟ လာဖတ်ဦး။
ကိုအောင်(ပျူနိုင်ငံ) says:
လင်းထက်ရေ ပထမဆုံးတွေ လာဖတ်သွားတယ်ဗျာ။ ကောင်းတယ်။
Anonymous says:
ဘာမှ တော့ မဆိုင်ဘူး..
အစ်ကို့ရဲ့ blog ကိုကြည့်ပြီး
အမေ့ကို သတိရလို့.. စိတ်မရှိပါနဲ့....
ခေါင်းစဉ်ကတော့ အစ်ကို စိတ်ထဲရှိတာ ပေးလိုက်ပါ.
ဒဏ်ရာတွေ၊ အိပ်မက်တွေ
ပြည်လုနီးပါနဲ့ ယိုင်နဲ့နဲ့ အိမ်ငယ်
ဖခင်က အဝေးတစ်နေရာမှာ
သားငယ်လေးသုံးယောက်နဲ့
လောကဓံကို ကြံကြံခံခဲ့တဲ့
မိခင်တစ်ယောက်.....
ပျော်စရာတွေ မရှိပေမယ့်
လူတကာကို အောက်မကျို့ခဲ့ပါဘူး။...။
မာနလို့ ခေါ်မလား
ဘဝမြင့်တယ်လို့ ပြောမလား မသိနိုင်တဲ့
အတ္တတွေကို ကိုင်စွဲလို့
လူလားမြောက်တဲ့ ဘဝတွေကိ
မစိုးရိမ်မကြောင့်ကြနိုင်တဲ့
လူသားရယ်လို့ဖြစ်လာနိုင်အောင်
အဲဒီ မိခင်လေ ရင်နဲ့ ရင်းပြီး
ဖန်ဆင်းပေးခဲ့တယ်။....။
မိုးရေစက်တွေကျနေတဲ့
အိမ်ခေါင်မိုးပေါ်ကို
မော့ကြည့်ရင်။
သားတွေကို သူ့ရဲ့ ရင်ငွေနဲ့
အလုံခြုံဆုံး အနွေးထွေးဆုံးဖြစ်အောင်
ထွေးပွေ့ထားခဲ့ဖူးတယ်။....။
အဲဒီ မိခင်လေ
ဘ၀ ခက်နက်နက်ထဲက
လူမှန်း သိတတ်စ ကလေးငယ်တွေကို
တွင်းနှုတ်ခမ်းပေါ်ရောက်အောင်
သူ့ ပခုံးနဲ့ ထမ်းတင်ပေးခဲ့တယ်။...။
စားဖို့မရှိတဲ့အချိန်တွေမှာ
သူလေ..
ထမင်းဝချင်ယောင်ဆောင်ပြီး.
သားတွေအတွက်
ထမင်းခူးပေးခဲ့တယ်။...။.
မေမေရယ်..
သားလေ....
မေမေ့ရင်ခွင်ထဲမှာ
အပူအပင်တွေ၊ ဟန်ဆောင်မှူတွေမရှိပဲ
အိပ်ရေး၀၀ တစ်ရေးလောက်
အိပ်ခွင့်ရချင်သေးတယ်။...။