ကလေးသင် ပထဝီဝင်စာအုပ်မှာ ငါဖတ်ခဲ့တယ်
လူ့သမိုင်းတစ်နံတစ်လျားမှာ ငါဖတ်ခဲ့တယ်
မိုးမှုန်မှုန်နဲ့ သရက်ပင်အုပ်အုပ်မှာ ငါဖတ်ခဲ့တယ်
ပင်လယ်တစ်ကြော စုန်ဆန်မျောနေတဲ့ နှစ်ကာလတွေမှာ ငါဖတ်ခဲ့တယ်
မထွေးနိုင် မမျိုနိုင် အဖြစ်အပျက်တွေမှာ ငါဖတ်ခဲ့တယ်
စုံးစုံးနစ်တော့မယ့် ၂မိနစ်အလိုမှာ ငါဖတ်ခဲ့တယ်
နတ်သမီးပုံပြင်နဲ့ ဂြိုလ်တုသတင်းတွေမှာ ငါဖတ်ခဲ့တယ်
အကြောင်ရိုက်တတ်တဲ့ ကံကြမ္မာရဲ့ ထွေပြားမှုတွေမှာ ငါဖတ်ခဲ့တယ်
အပုပ်ခံဆေးနဲ့ စီရင်ထားတဲ့ ဘဝကွေ့ချိုးတွေမှာ ငါဖတ်ခဲ့တယ်
ခရမ်းရင့်ရောင် ကတီ္တပါကားလိပ်နဲ့ တိုင်ဖုံးနောက်ကွယ်မှာ ငါဖတ်ခဲ့တယ်။
ငါဖတ်ခဲ့ပါတယ်...
ငါဖတ်ခဲ့တာတွေကတော့ အများကြီးမှ အများကြီး။
ခွင့်လွှတ်ပါ၊
အခု ပြန်ပြောပြဖို့ ကြိုးစားတော့
မကျွတ်မလွတ်သေးတဲ့ နာနာဘာဝပြိတ္တာတစ်ကောင်လို
လူတွေကြားအောင် သိအောင် ငါ့မှာ လုပ်ဆောင်နိုင်စွမ်းမရှိဖြစ်ရတယ်။ ။
ခင်အောင်အေး
(ရုပ်ရှင်အမြုတေမဂ္ဂဇင်း၂၀၀၃၊သြဂုတ်လ)
ဒါလေးတွေလဲ ရှိသေးတယ်
3 ယောက်ကဒီလိုမြင်တယ် to "နာနာဘာဝစာအုပျ"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Anonymous says:
လန်ထွက်နေတာပဲဗျာ..။ နမိတ်ပုံတွေ ခုန်ဆွခုန်ဆွနဲ့ ဖတ်ရတာ
အတွေးများစွာနဲ့ အဆုံးသတ်တာလေးမိုက်တယ်။
မိုးသောက်ယံ says:
တခေါက်ဖတ်လို့ နားမလည်ခဲ့ဘူး .. ၃ ခေါက်လောက်ဖတ်မှ လိုရင်းကို မိလာတယ် .. ညီ နားလည်သလောက်ပြောရရင်တော့ .. တခါတလေ ကျနော်တို့ဘဝမှာ တတ်နိုင်သမျှ စွမ်းဆောင်ခဲ့ပေမဲ့ .. လူမသိ သူမသိ ကျဆုံးသွားတဲ့ အဖြစ်တွေ အများကြီးပဲလို့ ...
BLACK DREAM says:
ရှင်းလေရှုပ်လေ လှုပ်လေမြုပ်လေ လောကနွံထဲ တစ်ခါတစ်လေတော့လဲ မသိချင်ယောင်ဆောင်ပြီး မျက်နှာလွဲထားလိုက်တာပဲ ကောင်းမယ်ထင်တယ် အစ်ကိုရေ...။