သူများ အကြောင်း တွေ ပြောရတာ အားမရလို့ကိုယ့်ပေါင် လေးလည်း ကိုယ် ပြန်လှန် ထောင်းလိုက် အုံးမယ်.....။
ဖြစ်ပုံ က ဒီလို ဗျ....။
ကျွန်တော် အခု ရောက်ရှိ နေထိုင် နေတဲ့ မြို့လေး ကို ရောက်လာ ခါစ ပေါ့ဗျာ၊
ဒီမြိ့ုလေး ဟာ ခရီးသွား လုပ်ငန်း နဲ့အသက် မွေးတဲ့ မြိ့ုကလေး ပီပီ နွေရာသီ ရောက်တာနဲ့ခရီးသွား လုပ်ငန်း ဖွင့်ပွဲကို အကြီးအကျယ် ကျင်းပလေ့ ရှိ ပါတယ်....
ကျွန်တော် နေထိုင် တဲ့ အိမ်မှာ အိမ်နီး ချင်း ဂျာမန် ညီအမ လှလှ လေး ၂ ယောက်လည်း ရှိတယ် ဆိုပါတော့ ဗျာ....သူတို့၂ ယောက် ဟာ မျက်နှာထား အလွန် တည်တယ် လို့လည်း အိမ်မှာ ရှိတဲ့ မြန်မာ ရပ်ကွက် မှာ သတင်းကြီးပါတယ်.....
ဒီလို နဲ့မြိ့ုရဲ့ ခရီးသွား လုပ်ငန်း ဖွင့်ပွဲနေ့ ညဘက် မှာ တခြား မြိ့ုက နေ လာလည်တဲ့ သူငယ်ချင်း ကို ဧည့်သည် ကြိုဆိုပွဲ လုပ်ရာ မြိ့ု အနီး က မြစ်ဆိပ် ကို လိုက်ပြ ပါတယ်...သူတို့အခမ်းအနား ကျင်းပ ပုံက ဒီလိုဗျ....ဧည့်သည် တွေ လိုက်ပါလာ တဲ့ သငေ်္ဘာတွေ မြစ်ကြောင်း ထဲ ဝင်လာချိန်မှာ မြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကနေ မီးရှုးမီးပန်း တွေ ဖောက် အမြောက် တွေ ဖောက် ပြီး ကြိုဆိုတာ...
ကျွန်တော် တို့ ၂ ယောက် အဲဒီ နေရာ ကို ရောက်ရှိ ချိန်မှာ အိမ်နီး ချင်း ညီအမ နှစ်ဖော် လဲ အဲဒီ မှာ ရှိနေတယ်...ကျွန်တော် တို့ လဲ ကိုရွှေ တို့ထုံးစံ အတိုင်း တယောက် နဲ့တယောက် ပခုံး လေး ဖက်ပြီး ကောင်မလေး နှစ်ယောက် ကို ကြည့် အဲလေ ယောင်လို့ မီးရှုး မီးပန်း တွေ ကြည့်နေ ကြတယ်...မကြာပါဘူး အငယ်မလေး ကနောက် လှည့်ကြည့် တော့ ကျွန်တော် တို့ကို မြင်တော့ ချက်ခြင်း ပြုံးသွားတယ်..ပြီးတော့ သူ့အမ နားကပ် ပြီးပြောလိုက် တော့ သူ့အမ လဲ လှည့်ကြည့် ပြီး ပြုံးပြန် ပါတယ်....
ကျွန်တော် တို့ရင်ထဲ ဝင်ကြည့် လိုက်စမ်း ပါဗျာ....ဒီလောက် မျက်နှာ တည်တဲ့ ညီအမ ၂ယောက် ပြုံးပြ တယ်ဆိုတော့ ဘယ်လို ခံစား ရမလဲ ဆိုတာကို....အိမ်အပြန် လမ်း တောက်လျှောက် လဲ သူတို့နောက်က သူငယ်ချင်း ၂ယောက်သား ပခုံးဖက် ပြီး ကောင်မလေး၂ယောက် ကလှည့်ကြည့် ပြီးပြုံးလိုက် ကိုယ်ကလဲ ပြန်ပြုံး ပြလိုက် နဲ့ခြေထောက် နဲ့မြေကြီး ထိတယ် တောင်မထင် တော့ဘူး.....နောက်နေ့ တွေလဲ ဒီလို ပါဘဲ..ကျွန်တော့် သူငယ်ချင်း ပြန်သွား ပေမယ့် ညီအမ ၂ယောက်ကတော့ ပြုံးပြနေဆဲပါပဲ....ကျွန်တော် လဲ သွက်သွက် လက်လက် နဲ့အငယ် မလေး ကိုပဲ ရွေး ရင်ကောင်းမလား..?..အိနြေ္ဒ လေးနဲ့အကြီး မလေးကိုပဲရွေးရင်ကောင်းမလား...?..တယောက် ကို ရွေးလိုက် ပြန်ရင် လဲ ကျန်တဲ့ တယောက် ခမျာစိတ် မကောင်း ဖြစ်သွား မှာပဲ ဆိုပြီး တယောက် ထဲ လေထဲ မှာ တိုက်အိမ် ဆောက်နေ တာပေါ့ ဗျာ....
မကြာ ပါဘူး တနေ့တော့ ဆက်လက် သည်းခံ နိုင်စွမ်း ရှိဟန် မတူတော့ တဲ့ အငယ် မလေး ကျွန်တော် တယောက် ထဲအိမ်ရှေ့ ပန်းခြံ ထဲ ထိုင်နေ တုန်း ကျွန်တော့် ရှေ့က ခုံလေး မှာ စွေ့ကနဲ ဝင်ထိုင် လိုက်ရင်း
""...ဟေ့...တယောက် ထဲလား...?""
အင်း...
နင့် ရည်းစား ဘယ်ရောက် သွားလဲ.....?
ကျွန်တော် ကြောင်သွား တယ်...ဒီမှာ ရောက်ကာ စ ဘယ်နား သွား ရည်းစား က ရှိမှာ တုန်း...
အခု မှ သူတို့ ညီအမ နှစ်ယောက် ထဲ က ဘယ်သူ့ရွေးရင် ကောင်းမလဲ စဉ်းစားတုန်းဟာကို...
ကောင်မလေး တော့ နောက်ပြီ ဆိုပြီး......
ငါ့မှာ ရည်းစား မရှိသေး ဘူး ငါကြိုက် တာတော့ တွေ့ထားတယ်..ဆိုပြီး စွတ်တင် တော့တာပေါ့....
အဲဒီမှာ ကောင်မလေး ပြန်ပြော လိုက်တာ ကြောင့် လူ့မှာ နထင် နရင်း တွေ ကြီးပြီး ဆံပင် မွှေးတွေ ပါ ထောင်သွား ရပါ တော့တယ်....။
"အောင်မာ....ဟို ခရီးသွား ဖွင့်ပွဲ နေ့က တွေ့ပါတယ်နော်....၂ ယောက်သား ပခုံးချင်း ဖက်ပြီး ပြုံးလို့ ရွှင်လို့"
သေပါ ပြီ အရပ် ကတို့ရေ ကျွန်တော် တို့ သူငယ်ချင်း တွေ ကိုယ့်နိုင်ငံ မှာ သွားသလို ပခုံးချင်း ဖက်ပြီး သွားမိတာ.....ဒီမှာ..အနောက် နိုင်ငံ တွေမှာ က လိင်တူ ဆက်ဆံ သူ ခြင်းသာ ကျား၊ကျား ခြင်း မ၊မ ခြင်း ပခုံးဖက်သွားလေ့ ရှိကြောင်း နောက်ပိုင်း မှ သိလိုက် ရလို့.....နောက်ပိုင်း မြန်မာ လောက မှာ ဘယ်တော့ မှ ဘယ်သူမှ ပခုံး မဖက် ရဲကြ တော့ပါ......ဘာပဲ ဖြစ်ဖြစ် ကျွန်တော် တို့ ၂ ယောက် ကတော့ ရှာဖွေ တွေ့ရှိ သူများ အဖြစ်မှတ် တမ်း အတင် ခံ လိုက်ရ ပါပြီ..........။
PS:ဖတ်ပြီး လျှင် မေးမြန်း စုံစမ်း ခြင်း သီးခံပါ.....။ရှက်လို့

ဒါလေးတွေလဲ ရှိသေးတယ်
3 ယောက်ကဒီလိုမြင်တယ် to "လှဲခကျြကနာ"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Min Min says:
ဖြစ်မှဖြစ်ရလေဗျာ.. ဟက်ဟက်.. များသောအားဖြင့် နိုင်ငံခြားတွေမှာ သိပ်မဖက်ကြတော့ပါဘူး။ ကျွန်တော ်မလေးနိုင်ငံက အခင်ဆုံးသူငယ်ချင်းလည်း ဖက်ပါတယ်၊ ဒါပေမဲ့ အမြဲတော့ မဟုတ်ဘူးပေါ့ဗျာ.. အရမ်းကြီးကို ဒေါသထွက်လို့ ဖက်ညှစ်တယ် .. ဒီလောက်ပါပဲ.
အကြာကြီးဖက်မိရင်လည်း အဲလို အထင်ခံရမှာဆိုးတာလည်း ပါတယ်ပေါ့..
ညမီးအိမ် says:
ဟာဟာ ဖြစ်တတ်ပါပေ့ မှတ်သားထားရဦးမယ်။ အနော်လဲရောက်ခဲ့ရင်ပေါ့မဖက်မိအောင်ကြိုးစားရမယ်။
(မှတ်ချက်။ ။ မိန်းကလေးတော့ဖက်မှာဗျ) :)
BLACK DREAM says:
အဟိ..အဟိ...ခွိ...။ အသိနောက်ကျလိုက်လေခြင်း အစ်ကိုရယ်...။ အဟိ...အဟိ...ခွိ။