May
26

နာနာဘာဝစာအုပ်

ကလေးသင် ပထဝီဝင်စာအုပ်မှာ ငါဖတ်ခဲ့တယ်လူ့သမိုင်းတစ်နံတစ်လျားမှာ ငါဖတ်ခဲ့တယ်မိုးမှုန်မှုန်နဲ့ သရက်ပင်အုပ်အုပ်မှာ ငါဖတ်ခဲ့တယ်ပင်လယ်တစ်ကြော စုန်ဆန်မျောနေတဲ့ နှစ်ကာလတွေမှာ ငါဖတ်ခဲ့တယ်မထွေးနိုင် မမျိုနိုင် အဖြစ်အပျက်တွေမှာ ငါဖတ်ခဲ့တယ်စုံးစုံးနစ်တော့မယ့် ၂မိနစ်အလိုမှာ ငါဖတ်ခဲ့တယ်နတ်သမီးပုံပြင်နဲ့ ဂြိုလ်တုသတင်းတွေမှာ ငါဖတ်ခဲ့တယ်အကြောင်ရိုက်တတ်တဲ့ ကံကြမ္မာရဲ့ ထွေပြားမှုတွေမှာ ငါဖတ်ခဲ့တယ်အပုပ်ခံဆေးနဲ့ စီရင်ထားတဲ့ ဘဝကွေ့ချိုးတွေမှာ ငါဖတ်ခဲ့တယ်ခရမ်းရင့်ရောင် ကတီ္တပါကားလိပ်နဲ့ တိုင်ဖုံးနောက်ကွယ်မှာ ငါဖတ်ခဲ့တယ်။ငါဖတ်ခဲ့ပါတယ်...ငါဖတ်ခဲ့တာတွေကတော့...
Read more

May
19

ရနံ့

တနေ့တနေ့ကျနော်တို့ မမေ့မလျှော့ ပြောဆို မိကြတာကဘဝကို ဆေးလုံးတွေလို မြိုမချမိဖို့ရယ်အချိန်ကိုပေကြိုးနဲ့မတိုင်းမိဖို့ရယ်ပါပဲ။ကဲ...လာဟောဒီမှာကြည့်ကြခပ်တိုးတိုးလည်း အာမေဋိတ်ပြုကြသူများထက် နောက်မကျခင် အဦးအဖျားကတီ္တပါအနားကွပ် ဘုရင့်ဝတ်ရုံတော်မှော်အတတ်နဲ့ အသက်သွင်းလိုက်ပြီ။လျှောက်တော့ မေးရမှာပဲပြိုင်ပွဲဆိုတာ အရှုံးတမျိုးထဲလားလို့သစ်ရွက်ကြွေသလို စကားတွေ တဖွဲဖွဲတစ်ယောက်ပြီး တစ်ယောက်လဲကျ ကျန်ရစ်ခဲ့ကြ။အပေါ်ကငုံ့ကြည့်သလိုမျိုးတော့အကြည့်ရမဆိုးလှပါဘူးနူးနူးညံ့ညံ့အိပ်မက်မျိုးတွေလဲတခါတလေတော့မက်ကြည့်ရဦးမယ်။ပွဲမပြီးခင်...ခရီးရဲ့အတိုအရှည်“မိတ်ဆွေ”လေထဲမှာ...
Read more

May
12

ညစ်ထေးခြင်း သတ္တမနေ့

ဒါဟာ ရူးနှမ်းမှုတစ်ခုလားအဖျားတက်နေတဲ့ တေးသွားတစ်ပိုဒ်လား ။မနေ့တုန်းကတော့အရာရာဟာ သေသေသပ်သပ်ပြီးဆုံးတော့လုမတတ်ပြဇာတ် တစ်ပုဒ်ကိုမကြေညက်မချင်း အထပ်ထပ်ကနေရသလိုငြီးငွေ့စရာကောင်းလှချည့် ။နင်နေတဲ့ လည်ချောင်းထဲကအရာအော့အန်ချင် စိတ်နဲ့ ပျို့တက်လာတဲ့အခါငါတတ်နိုင်တာကဘာမှ မဖြစ်သလို ဟန်လုပ်နေလိုက်ဖို့ပဲ ။ကြည့်ကြစမ်းပါဦးဗျာတို့ဘဝတစ်လျှောက်လုံးသယ်ပိုးခဲ့ရတာတွေများဖုံတက်နေတဲ့ လှေကားတစ်စင်းရယ်စာအုပ်ထူထူ တစ်အုပ်ရယ်ပိုးဟပ် အသေ တစ်ကောင်ရယ် ။ကျုပ်ကနောင်တတွေနဲ့ ပွတ်သီးပွတ်သပ်နေချင်သူပေါ့အိမ်မွေးကြောင်ကလေးတွေကို ချော့မြူကြသလိုမျိုးလေ..။...
Read more

May
05

ဆင်ခြေဖုံးအစ (၁ရ.၁၁.၉၀)

တနေ့ထက်တနေ့ ထူလာတဲ့နှင်းတွေတမာ မန်ကျည်းနဲ့ မယ်ဇလီပင်တွေပေါ်မှာ ဖွဲဖွဲလွင့်လွင့်ရပ်နေသင့်သလားဆက်လျှောက်သင့်သေးသလားအသံဟာ အဖျားဆတ် တုံခါသွားတယ်။တကိုယ်တော်စွန့်စားခန်းဆန်ဆန်အဝေးပြေးလမ်းမပေါ်က ခန္ဓာဝန်တစ်ခုလေးလံနေပုံဟာအားရပါးရ ရယ်ချလိုက်ဖို့ ခက်လှပေရဲ့။ဘဝတွေ တပြုံတမကြီးအနားက ဝှီးကနဲ ဖြတ်ကျော်သွားတော့မှအသက်ဝဝရှုဖို့ကို သတိရကာခေါင်းကိုမော့ရင်ပတ်ကြီးကိုလဲ ကော့ပစ်လိုက်တယ်။အဲဒီနေ့ကနေလုံးကြီး မြောက်တက်မလာခင်ကမန်းကတန်း အိမ်ထဲပြန်ဝင်ခဲ့မိ။ ။ခင်အောင်...
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

SuMoTuWeThFrSa
View Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts