ဘလောဂ်ဂါများ animated tag cloud မပေါ်တော့ရင်


ပြီးခဲ့တဲ့ နှစ်ပါတ်လောက်က ကျွန်တော့ ဘလော့မှာ ထည့်ထားတဲ့ animated tag cloud လေးဘာမှ မပေါ်တော့ပဲ ဗျောင် အဖြူထည် ကြီးပဲ ပေါ်နေလို့ တော်တော် စိတ်ညစ်သွားတယ် သူ့မှာ ထည့်ထားတဲ့ JS ဖိုင်တွေ အလုပ်မလုပ်တော့ လို့လား Swf ဖိုင်ပဲ လင့်သေနေလို့လား အမျိုးမျိုး ကြိုးစား ကြည့်တယ် ဘယ်လိုမှ မရဘူးဗျာ..

ဒါနဲ့ သူ့နဂို ပိုင်ရှင် ဆိုဒ်မှာ သွားပြန်ထပ်ကြည့်တယ် အမေးအဖြေ တွေ ကြည့်ပြီး ပြန်လုပ် ကြည့်တာ ဟောဗျာ အခုတော့ သကောင့်သား ပြန်ပေါ်လာပါပြီ ကျွန်တော့် ဘလော့ဂ် အောက်ဆုံးမှာ သွားကြည့်နိုင်ပါတယ်...

ကျွန်တော် အရင်က သွားလည်ရင်း ဒီ လေဘယ် animated tag cloud လေးတွေ ထည့်ထားတဲ့ ဘလော့ဂ်တွေကို သွားလိုက် ပြန်ရှာ ကြည့်တော့ သူတို့လဲ အကုန် ဗျောင်တွေ ဖြစ်နေတယ် တစ်ချို့လဲ ရိုးရိုး tag cloud တွေ ပြောင်းထည့်ထားတာ တွေ့ရတယ် ဒီတော့ ကျွန်တော် ပြန်လည်ပြီး ဒီကောင်ကို အသက်ဘယ်လို ပြန်သွင်းရမလဲ ဆိုတာ ဝေမျှ ပါရစေ တစ်ကယ်လို့ မထည့်ဖူးဘူး အခုမှ ထည့်မယ် ဆိုလဲ ရပါတယ်ဗျာ ဒီအောက်က နည်းအတိုင်းသာ လုပ်လိုက်ပါ..။


သင့်ရဲ့ Blogger dashboard ထဲကနေ Layout>Edit HTML ကိုသွားလိုက်ပါဗျာ..

ကုဒ်တွေ ပြထားတဲ့ Box ကြီးရဲ့ ညာဘက် အပေါ်ထောင့်လေးမှာ "Expand widget templates" box လေးအသေးလေး ရှိပါတယ် အဲဒါကို လုံးဝ check မလုပ်ပါနဲ့ check လုပ်တယ် ဆိုတာ အဲဒီ အကွက်လေးကို နှိပ်လိုက်ရင် အမှန်ခြစ်ကလေး ဖြစ်သွားပါမယ် အမှန်မခြစ်ပါနဲ့ပေါ့ဗျာ...

ပြီးရင်တော့ ဟောဒီ အောက်က ကုဒ်လေးတွေ ကို ရှာလိုက်ပါ..

<b:section class='sidebar' id='sidebar' preferred='yes'>

ဘယ်လို ရှာရမလဲ ဆိုတော့ မျက်စိနဲ့ရှာပေါ့ ဟက် ဟက် နောက်တာပါ ဒီအတိုင်း လိုက်ရှာနေရင် ခေါင်းမူးပြီး တစ်ခါထဲ စိတ်ကုန်သွားမှာပေါ့ CTRL+F ကို တွဲနှိပ်လိုက်ရင် ဖိုင်းယားဖောက်စ် မှာ ဆိုရင် ဘရောက်ဇာ ဘယ်ဘက် အောက်မှာ Find: ဆိုပြီး ကွက်လပ်ကလေး ပေါ်နေပါလိမ့်မယ် IE ဆိုလဲ အပေါ် ဘယ်ဘက်မှာ Find: ဆိုပြီးပေါ်လာရင်အပေါ်က ကုဒ်လေးကို ကော်ပီ ပေ့စ် လုပ်လိုက်ရင် အဲဒီ စာကြောင်း ရှိတဲ့ ဆီ တစ်ခါထဲ တန်းရောက်သွားမှာပါ..(မသိသေးသူ များအတွက် ရည်ရွယ်ပြီး လေကြောရှည်ခြင်း ဖြစ်ပါသည် သိပြီးသူများ ကျော်လွှား၍ ဆက်ဖတ် နိုင်ပါသည်..။)

တွေ့ပြီလား အဲဒီကုဒ် အိုကေ ဒါဆို သင့်အတွက် လွယ်ကူစွာ နောက်တစ်ဆင့်သွား ရုံပါပဲ..
ရှာတွေ့တဲ့ ကုဒ်ရဲ့ အောက်မှာ ဟောဒီ အောက်က ကုဒ်တွေကို ကူးထည့်လိုက်ပါဗျာ..

<b:widget id='Label99' locked='false' title='Labels' type='Label'>
<b:includable id='main'>
  <b:if cond='data:title'>
    <h2><data:title/></h2>
  </b:if>
  <div class='widget-content'>

    &lt;object type="application/x-shockwave-flash" data="http://Your Url/tagcloud.swf" width="250" height="200" allowscriptaccess="always" &gt;
        &lt;param name="movie" value="http://Your Url/tagcloud.swf" /&gt;
        &lt;param name="bgcolor" value="#ffffff" /&gt;
        &lt;param name="flashvars" value="tcolor=0x000000&amp;mode=tags&amp;distr=true&amp;tspeed=100&amp;tagcloud=&lt;tags&gt;
      <b:loop values='data:labels' var='label'>
<a expr:dir='data:blog.languageDirection' expr:href='data:label.url' style='12'><data:label.name/></a>
</b:loop>
&lt;/tags&gt;" /&gt;
        &lt;p&gt;Blogumulus by &lt;a href='http://www.roytanck.com/'&gt;Roy Tanck&lt;/a&gt; and &lt;a href='http://www.bloggerbuster.com'&gt;Amanda Fazani&lt;/a&gt;&lt;/p&gt;
    &lt;/object&gt;


  </div>

  <b:include name='quickedit'/>
</b:includable>
</b:widget>

တန်းပလိတ် အမျိုးအစားကို လိုက်ပြီး တစ်ချို့မတွေ့နိုင်ပါဘူး အဲဒီလို မတွေ့သူတွေ အတွက် အရင် ထည့်ထားတဲ့ သူတွေနဲ့ လုံးဝ မထည့်ဘူးသေးတဲ့ သူများဆိုပြီး ရှာဖို့ ကုဒ် နှစ်မျိုး ပေးပါ့မယ်..။

ထည့်ဖူးသူများအတွက် ရှာရန်..

<b:widget id='Label99' locked='false' title='Labels' type='Label'/>

လုံးဝ မထည့်ဘူးပဲ ရိုးရိုး Label ပဲ ထည့်ထားသူများ ရှာရန်..

<b:widget id='Label1' locked='false' title='Labels' type='Label'/> 

ကဲ တွေ့ကြပြီ ဆိုရင်တော့ ကျွန်တော် ခုနက အပေါ်မှာ ပြထားတဲ့ ထည့်ရမယ့် ကုဒ်တွေကို အခုတွေ့တဲ့ ကုဒ် နေရာမှာ အစားထိုး ထည့်လိုက်ရုံပါပဲ ထပ်ပြောပါမယ်

ပထမဆုံး ရှာရန် ပေးထားတဲ့ ကုဒ်ကို တွေ့ခဲ့ရင် သူ့ရဲ့ အောက်မှာ ထည့်ရမည့် ကုဒ်ကို တန်းထည့်ပါ..
ဒုတိယ နဲ့ တတိယ ကုဒ်တွေပဲ တွေ့တယ် ဆိုရင် အဲဒီ ကုဒ်တွေ နေရာမှာ အစားထိုးထည့်ရ ပါမယ်.. ပြီးရင် အရင်ဆုံး Preview ကြည့်လိုက်ပါ ကုဒ်ထည့်တာတွေ မှန်တယ်ဆို ကိုယ့်လင့်ကို ရောက်သွားပါမယ် ..
ပြီးရင်တော့ တန်းပလိတ်ကို Save လုပ်လိုက်ပေါ့ဗျာ..အခုမှ ဒီကုဒ်ကို ထည့်မယ် ဆိုတဲ့သူတွေ အတွက်တော့ ဆေ့ဖ်လုပ်ချိန်မှာ အရင် widget အဟောင်းကို ဖျက်မလား မေးပါလိမ့်မယ် ဒါဆို Delete Widget ဆိုတာလေး သာနှိပ်ပေးလိုက်ပါ..။

တစ်ခု ရှိတာကတော့ သူ့ရဲ့ အရင် ဖိုင်လင့်တွေက သေသွားပါပြီ အဲဒီတော့ ကိုယ့်ဖာသာကိုယ် ဖရီးနဲ့ဒါရိုက်လင့် ပေးတဲ့ ဟော့စ်စတင် တစ်ခုခုမှာ SWF ဖိုင်လေးကို အပ်လုဒ် တင်ပြီး သုံးကြပါ ဒါဟာ အကောင်းဆုံး နဲ့ ကြာရှည် သုံးနိုင်မယ့် နည်းလမ်းပါပဲ ကျွန်တော် တင်ပေးလဲ ရပါတယ် ဒါပေမယ့် ဝိုင်းသုံးကြ ရင် ခဏလေးနဲ့ ဒီလိုပဲ လင့်သေသွားမှာ မို့လို့ ကိုယ့်ဖာသာ တင်ပြီး ကိုယ်ပိုင် လင့်ကို သုံးတာ အကောင်းဆုံးပါ ကျွန်တော် သုံးတဲ့ ဟော့စတင်း လင့်က  ဒီမှာ ပါ အောက်က SWF ဖိုင်လေးကို ဒေါင်းလုဒ် လုပ်ပြီးရင် ကျွန်တော် ပြောတဲ့ ဟော့စတင်မှာ သွားတင်လိုက်ပါ ပြီးရင်တော့ http://Your Url/tagcloud.swf ဆိုပြီး အနီရောင်နဲ့ ရေးပြထားတဲ့ နေရာတွေမှာ ကိုယ့်ဖိုင်လင့်တွေ အစားထိုးထည့်လိုက်ပါ.။

Tag Cloud SWF

ဘက်ဂရောင်း နောက်ခံ အရောင်တွေ စာလုံး အရောင်တွေ အကြီးအသေးတွေ စသဖြင့် ကိုယ်လိုချင်သလို ပြောင်းဖို့ကတော့ အရင်က ကျွန်တော် ရေးခဲ့တဲ့ Blogger များအတွက် Flash Animated Label Cloud ဆိုတဲ့ ပိုစ့်မှာ သွားကြည့်နိုင်ပါတယ် ခင်ဗျာ..။

အားလုံးပဲ အဆင်ပြေ ကြပါစေ.


PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။


0 ယောက်ကဒီလိုမြင်တယ် to "ဘလောဂ်ဂါများ animated tag cloud မပေါ်တော့ရင်"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts