မျှော်လင့်ခြင်း နှင်းထု



မျှော်လင့်ခြင်းတွေချည်းသာ..
တဆုံးတစ ပါပဲ တုပ်နှောင်ထားတဲ့ မမြင်ရတဲ့ ဆုပ်ကိုင်ဖမ်းပြလို့လဲ
မဖြစ်နိုင်တဲ့ ဆင်ခြင်တုံတရားကို မပြတ် တီးခေါက်နေတဲ့ လှုပ်ချင်သလို
လှုပ်လို့လဲ မရနိုင်တဲ့ တရွေ့ရွေ့တိုးဝင်သွားခြင်းဖြင့်သာ အေးစက်မှုဟာ
ရက်စက်တဲ့ သားစားကျူး သတ္တဝါရိုင်းတစ်ကောင်ရဲ့သွားစွယ်တွေလို တဖွေးဖွေး
နစ်ဝင်နေတဲ့ မျှော်လင့်ချက်တွေ မျှော်လင့်ခြင်းအပေါ် အထပ်ထပ် လိမ်းကျံမိတဲ့
မျှော်လင့်ခြင်းတွေသာ အထပ်ထပ် ထူထဲလာဆဲ…
နှင်းတွေ.. ပြီးတော့..နှင်းတွေ

နောက်ထပ်လဲ
နှင်းတွေချည်းပဲ ။      ။

ခင်အောင်အေး
၂၃၊ နိုဝင်ဘာ။ ၂၀၁၀  စင်္ကာပူ ၁၃း၀၂ နာရီ
Read more


ကျယ်ပြန့်သော မိုးကောင်းကင်



မှောင်ရာမှ ဖွဖွကလေးလင်းလာ
လူလုပ်အလင်းရောင်များ ဖျော့ကျလာ
နေရောင်ဟာ တိမ်ကန့်လန့်ကာကြားမှ ဖိတိုးထွက်ပြူလာ
(ညက ရွာထားတဲ့မိုးအရှိန်နဲ့) မြူလိုလိုထဲ
ဖားအော်သံ ကွက်ကွက် ကွက်ကွက်
သရကာငှက်သံ ကြားဖြတ် ညံ့သက်
ကော်ဖီခွက်လက်ကျန်ကို အပြီးသတ်မော့ချလိုက်ကာ
ဇီးကွက် ညည့်ငှက် ကဗျာဆရာ
အိပ်တန်းတက်ပါတော့မယ် တစ်ခေါက်ပြန်ဖတ်တယ်
          စာလုံး အပူးအကပ်ကလေးတွေပြင်တယ် ခုမှ
          ကော်ဖီလက်ကျန်ကို တကယ်မော့လိုက်တယ်
          ဝရံတာက လှမ်းမြင်နေရတဲ့ တိုက်တန်းတွေမှာ
          မီးရောင်တွေ မှိန်ကျလာတာနဲ့အမျှ အလင်းဟာ
          ပိုမိုကျယ်ပြန့်စိမ့်ဝင်လာတယ် စောစောက နာရီနဲ့
          ချီပြီးဖတ်ခဲ့သမျှ စိတ်တွေ ဘောင်ဘင်ခတ်ခဲ့သမျှ
          တပေါက်ပေါက်ကျနေတဲ့ ရေသံနဲ့ အလှစိုက်ဝါးပင်ကို
          ငေးစိုက်ရင်း စိတ်အပန်းခဏဖြေရတယ် ဖန်စပ်နေတဲ့
          မျက်လုံးကို မျက်တောင်တဖျပ်ဖျပ် ခတ်ပေးရတယ်
           ညီးစီခြင်းဟာ တဘဝလုံးအပေါ် ပိကျနေသလိုလိုပဲ
          မျက်စေ့ရှေ့တည့်တည့်က ကွန်ပြူတာမျက်နှာပြင်ကို
          ကျော်ကာ ဆက်တီစားပွဲရဲ့ ဟိုဖက် ဝရံတာလက်ရမ်း
          နားကပ်ချထားတဲ့ ပန်းအိုးတွေ နောက် မြက်ခင်းပြင်
         သူ့နောက် တောအုပ်အုပ်ကလေး ပြီးတော့ကွန်ဒို
         တိုက်တန်းတွေကိုဆီးမြင်ရ သူ့နောက်မှာ
         ကျယ်ပြန့်သောမိုးကောင်းကင်….
တမင်တကာထပ်ဖြည့်သောမှတ်ချက်။   ။(၁၉၇၇ ခန့်က ကျောင်းသားဘဝ
ပထမဦးဆုံး ရေးဖြစ်သော ဝတ္တုတို ခေါင်းစဉ်ကို ပြန်လည်ယူငင်သုံးစွဲပါသည်၊
ဝတ္တုမှာ ဘယ်သောအခါကမှ ပုံနှိပ်ထုတ်ဝေခြင်းမရှိခဲ့သည့်အပြင်လက်ခံကော်ပီ
လဲ မရှိတော့ပါ၊ နှလုံးသားထဲမှာသာ ပုံရိပ်အဖြစ်စွဲကျန်ရစ်ခဲ့..)

ခင်အောင်အေး
၁၇၊ နိုဝင်ဘာ၊၂၀၁၀ စင်္ကာပူ ဝရး၁၄ နာရီ
Read more


အင်တာနက်ဒေါင်းလုဒ် မန်နေဂျာ ၆.ဝ.၃



အခုနောက်ဆုံး ထွက်တဲ့ ဗားရှင်း ၆.ဝ.၄ build 2 ကို အသစ်တင် ထားပါတယ် ဒီလင့်မှာပါ..

သိပ်တော့ အထွေအထူး မပြောချင်တော့ဘူး ဒီဆော့ဖ်ဝဲလ်ဟာ ဘာလဲ ဆိုတာ သုံးဖူးသူတွေ အကုန်သိမှာပါ မသိသေးရင်လဲ စမ်းသုံးကြည့်ပါ web-player တွေက ဗွီဒီယိုတွေကိုပဲ ဒေါင်းချင်သလား ဒေါင်းလုဒ်လင့်တွေက ဟာတွေပဲ ဒေါင်းချင်သလား ဒေါင်းချင်ရာဒေါင်း ဒေါင်းလုဒ် စပိဒ် အဆ ၅၀၀% နှုန်းလောက် မြှင့်တင်ပေးနိုင်တဲ့ ကောင်ပါ..။


ဒါက မသိသူတွေ အတွက် ထပ်ကြော်ငြာတာ သိပြီးသူတွေ အတွက် ဘာလို့ ထပ်တင်ပေးတာလဲ???
ကျွန်တော် ဒီ ဒေါင်းလုဒ်မန်နေဂျာကို နှစ်ခါ ရှိပါပြီ တင်ပေးထားတာ ဒါက သုံးခါမြောက်ပါ ဘာလို့လဲ ဆိုတော့ အရင် ပေးထားတဲ့ Path file က ၆.ဝ.၂ အထိ အလုပ်လုပ်ပါတယ် ၆.ဝ.၃ လဲ အပ်ဒိပ် လုပ်လိုက်ကော တစ်ခါထဲ ဂွိ တော့တာပါပဲ ကျွန်တော် ကိုယ်တိုင် ခံစားလိုက်ရတာပါ အခု ဒီကောင်ကို ဖြေရှင်းဖို့ အတွက် နောက်ဆုံး ထွက်ရှိတဲ့ Path ဖိုင်နဲ့ တွဲပြီး ထပ်တင်ပေးလိုက်ပါတယ် ကျွန်တော် စမ်းပြီး အဆင်ပြေလို့ တင်ပေးလိုက်တာပါ..


လုပ်ပုံလုပ်နည်းတွေတော့ ထပ်မရှင်းပြတော့ဘူးနော် အရင် ပို့စ်အဟောင်း တွေသွားဖတ်ပြီး လုပ်ကြည့်လိုက်ပါ..။


အောက်မှာ ဒေါင်းလုဒ်လင့်ပါခင်ဗျာ.




PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


ဒီနေ့ သို့မဟုတ် D day (၁၃၊နိုဝင်ဘာ၊၂၀၁၀)

ပန်းချီ ကိုမျိုး ပို့စ်ကဒ် မိုးမခမှ ရယူသည်

တလောကလုံး ဝရုန်းသုန်းကား
ဒီ့ိထက် နည်းနည်းပိုကြာသွားရင်
စကြာဝဠာပါမှောက်တော့မယ်။

ဟော ခုတော့ ချိန်မီ ခါမီ
ဗေဒါပျံ အံခဲလျက် ထွက်ပေါ်လာပါပြီ
မကြာမီ တပြည်လုံး ပန်းပန်ကြရတော့မည်။ ။

ခင်အောင်အေး
၁၄၊ နိုဝင်ဘာ၊၂၀၁၀ ၀၂း၀၀ နာရီ
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts