မြန်မာပြည်တစ်နေရာရှိဆေးရုံဓါတ်ခွဲခန်းအတွင်း
မဖြစ်နိုင်ဘူး ဆိုတဲ့ ရင်ဘတ်ထဲ က ထွက်ပေါ် လာတဲ့ အသံ ဟာ နားစည် က တစ်ဆင့် ဝင်ရောက် လာတဲ့ ဆရာဝန်ကြီးရဲ့ ရှင်းလင်း ချက်တွေက ဖိနှိပ် လိုက်တဲ့ အတွက် လည်ချောင်း အရင်း မှာတင် အပြင် ကို ထွက်ပေါ် မလာနိုင်ပဲ ပျောက်ဆုံး သွားတယ်..
“အဲဒီတော့ မောင်ဖြိုးအောင် အနေနဲ့ ဆရာ တို့ကို တစ်ခုလောက် ကူညီစေချင်တယ်”
“ဘာကူညီရမှာလဲ ဆရာ ဒီဘဝ ဒီအခြေ အနေကြီးနဲ့ ကျွန်တော် က ကူညီဖို့ နေနေသာသာ ကျွန်တော် ကိုယ်တိုင် တောင် အကူအညီ ကင်းမဲ့ နေပါပြီ..”
“မဟုတ်ဘူးလေ မောင်ဖြိုးအောင် ကိုယ်တိုင်လဲ ဆရာဝန်လောင်း တစ်ယောက်ပဲလေ ဒီ ရောဂါ ဟာ သူ့အလိုလို ကူးစက် တတ်တဲ့ ရောဂါ မဟုတ်ဘူး ဆိုတာနဲ့ တိုက်ရိုက် ထိတွေ့မှု တွေကပဲ ဒီရောဂါ ဟာ တစ်ဦးကို တစ်ဦး ကူးစက် နိုင်တယ် ဆိုတာ မောင်ဖြိုးအောင်လဲ သိသားပဲ ဒီတော့ ဖြစ်နိုင်မယ် ဆိုရင် ရောဂါ ကူးစက် နိုင်တဲ့ လမ်းကြောင်းလေး ကို သေချာစဉ်းစားပြီး ပြောပြပါလား..” “မောင်ဖြိုးအောင်လဲ ဆရာ့ မျက်စိရှေ့တင် ကြီးပြင်းလာပြီး စာတော်တယ် ရိုးသားတယ် ကြိုးစားတယ် မကောင်းတာမလုပ်ဘူး ဆိုတာ သိနေတော့ ကူးစက် ဖို့ရာ နည်းလမ်း ကို ဆရာ စဉ်းစားမရ ဖြစ်နေတယ်”
“ဟုတ်ပါတယ် ဆရာ ကျွန်တော် မဟုတ်တာ တစ်ခုမှ မလုပ်ခဲ့ဖူးပါဘူး မူးယစ်ဆေး အကြောထဲ မသွင်းဘူး၊ မကောင်းတဲ့ မိန်းမ မလိုက်စားဘူး ၊ တစ်ခြား နည်းတွေ နဲ့ ကျွန်တော် မသိပဲ ဝင်လာခဲ့မယ် ဆိုရင်တော့ မပြောတတ်ဘူး ဆရာ..”
ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌါန
“ဆရာ ဒီလို လုပ်လို့ ဖြစ်ပါ့မလား လူနာ ခွင့်ပြုချက် မရပဲ သွေးစစ် တယ်ဆိုတာ ကာယကံရှင် သိသွားရင် မကောင်းဘူးနော် နောက် လူနာ ကိုယ်တိုင်လဲ ဆရာဝန်မ တစ်ယောက်ပဲ...”
“ကိုယ်ပြောသလိုသာ လုပ်ပါ ဒေါက်တာ ဒီကိစ္စ ကို လိပ်ခဲတည်းလည်း ဖြစ်နေတာ အတော် ကြာပီ သူ့ကိုသွေး စစ် ကြည့်ရအောင် ပြောဖို့ကလဲ သူလဲ ဂုဏ်သရေ ရှိ ဆရာဝန်မ တစ်ယောက် ဆိုတော့ အတော်လေး ခက်ခဲ နေတာ အခု သူ အက်ဆီးဒင့် ဖြစ်လို့ ဆေးရုံ ရောက်လာတုန်း လေး စစ်ဆေးကြည့်မှ ဖြစ်မယ်..”
အချိန်အတိုင်းအတာ တစ်ခု ကြာသော်
“ဟုတ်တယ် ဆရာ ပေါ့စတစ်ဗ် ပဲ”
“အင်း ဆရာ ထင်တဲ့ အတိုင်းပါပဲလား”
လွန်ခဲ့သော တစ်နှစ်ခန့်က
သူ ဒီဆေးရုံမှာ ဟောက်စ်ဆာဂျင် ဆင်းရတာ အရမ်းကို ပျော်တယ် ဒီကို ရောက်အောင် ဖန်ဆင်းပေးလိုက်တဲ့ ကံကြမ္မာ ကြီး ကိုလဲ ကျေးဇူး အထပ်ထပ် တင်ခဲ့မိပါရဲ့..
သူတို့အုပ်စု ကို သင်တန်းပေးတာက ဆရာဝန်မ ငယ်ငယ် ချောချောလေး သူမ ကိုတွေ့လိုက် ကတဲက သူ့ရင်မှာ အချစ်ဆိုတာ အမြစ်တွယ် သွားခဲ့တယ် ..
နောက်တော့ သူ့ရဲ့ သံယောဇဉ် မျက်ဝန်းတွေ ကြောင့်လား မသိ မမ ကလဲ သူ့ကို အခွင့်အရေး တွေ ပေးလာတယ် ဒီလိုနဲ့ နောက်ဆုံး သိပ်မကြာခင် ကာလ မှာပဲ ချစ်သူတွေ ဖြစ်သွားကြပြီး စည်းတွေ ဘောင်တွေ ကျော်ကုန်တဲ့ အထိ ချစ်မိခဲ့ကြလေရဲ့..။
ဒီလိုနဲ့ တစ်နေ့ ဆေးရုံမှာ သွေးသွင်းဖို့ လိုတဲ့ လူနာကို သွေးလှု ဖို့အတွက် သူ့သွေး ကို စစ်ဆေး ကြည့်လိုက်တော့ ဖြိုးအောင် တစ်ယောက် ကမ္ဘာကြီး တစ်ခုလုံး သွက်သွက် ခါရမ်းသွားတယ်.........
ဆရာဝန်မလေး ၏ နောက်ဆုံး ဖြောင့်ချက်
“ကျမ ကို ခွင့်လွှတ်ပါ ဆရာ လွန်ခဲ့တဲ့ နှစ်နှစ်လောက် က ကျွန်မ ချစ်သူ ဟာ ကျွန်မဘဝကို ထုံးလိုချေ ရေလို နှောက် ပြီး ခြေဆေးလို့ အားရတဲ့ အချိန်မှာ ကျွန်မ ကို ပစ်ထားခဲ့တယ်လေ ကျွန်မ အရမ်းအချစ်ကြီးလို့ အမျက်ကြီးတယ် ဒါပေမယ့် လူလဲ မသတ်ရဲဘူး ဒီတော့ သူ့ကို အကောင်းဆုံး ဂလဲ့စားချေနိုင်အောင် AIDS လူနာတစ်ယောက်ဆီက သွေးကိုယူပြီး ကိုယ့်ဖာသာ ထိုးထည့်လိုက်တယ် ပြီးတော့ သူ့ကို အရမ်းလွမ်းလို့ တစ်ခေါက် လောက်တွေ့ပါရစေ ဆိုပြီး ဟိုတယ် တစ်ခုမှာ တစ်ည နေလိုက်တယ်... နောက်ပိုင်းလဲ ချစ်လှချည်ရဲ့ ကြိုက်လှ ချည်ရဲ့ ဆိုပြီး အသွေးအသား ကိုဝါးမြိုချင်တဲ့ သူတွေကို သူတို့လိုချင်တာ ပေးလိုက်တယ်လေ ဟက် ဟက် သူတို့လဲ သူတို့လိုချင်တာ ရတဲ့ အပြင် အဆစ် ပေးတာကိုပါ ရသွားကြတယ်.. ဆရာ့တပည့် လေးအတွက်တော့ စိတ်မကောင်းပါဘူး သူ့ကို ကျွန်မ သံယောဇဉ် ရှိလို့ အကြိမ်ကြိမ် တားပါတယ် အကာအကွယ် သုံးဖို့ပြောတာကို သုံးပြီးတော့မှ အလစ်မှာ ချွတ်ပစ်လိုက်တယ်လေ ”...။
အခုတော့ အားလုံးပြီးဆုံးခဲ့ပါပြီ ယောကျၤားတွေ ကို စိတ်နာပြီး ဂလဲစား ချေတဲ့ ဆရာဝန်မလေးကော သူ့ရဲ့ သားကောင်များကော ချစ်တဲ့ မမဆရာဝန် ကို လက်လွှတ်ရမှာ စိုးလို့ အပိုင်ကြံမိတဲ့ ဖြိုးအောင်ကော အားလုံး ငြိမ်းချမ်းရာမှာ အိပ်စက် သွားခဲ့ ကြပါပြီ..။
PS: သူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ..။
Saturday, January 31, 2009
//
အမ်ိဳးအစားက:
True Story
//
27
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
27 ယောက်ကဒီလိုမြင်တယ် to "ခဈြဂလဲ့စား"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
Anonymous says:
ဖတ်လို့ကောင်းလိုက်တာဗျာ..
စိတ်မကောင်းစရာလေး...
အဲ့လိုမိန်းကလေးမျိုးလည်း ရှိသေးတယ်နော်.. သတ္တိကတော့ တကယ်မခေဘူးပဲ..။
အင်း သူလည်းမထူးဇာတ်ခင်းလိုက်တာနေမှာ...
ဖြိုးအောင်ကလည်း လောဘသား။ တဏှကြီးရှာသကိုး...။
မွန် says:
အယ် ကြောက်တယ်
Anonymous says:
အာ.. ရက်စက်လိုက်တာဗျာ သေပြီဆရာပေါ့နော။
Apprenticeship says:
မီးမီး ကြောက်ကြောက်။ မချစ်ရဲတော့ဘူး :P
Anonymous says:
အောင်မြန်လေးဗျ....
ATN
ဆောင်းယွန်းလ says:
ဖတ်ရ ကြားရတာ စိတ်မကောင်းလိုက်တာ ညီလေးရာ .
မလုပ်သင့်တဲ့နည်းနဲ့ ဂလဲ့စားချေလိုက်တာပါလား....
BLACK DREAM says:
တယ်...အိပ်စရာရှားလို့ ကျွန်တော့်နေရာမှာ လာအိပ်ရတယ်လို့...။
P.S- Deep Kissing မှလည်း ကူးစက်နိုင်ပါကြောင်း...။
khin oo may says:
မယုံနိင်အောင်ပါဘဲလား။။ ဂျူး ဝတိထုတဲက ကောင်မလေး တိုက်ပေါးက ခုန်ချပြီး ရည်းစားတွန်းချတာပါလို့မသေခင် ပြောသွားသလိုထက်တောင် ဆိုးသေးတယ။်
Anonymous says:
ဆရာဝန်မလုပ်တာ ကောင်းတယ်
ဒါပေမဲ့ သူတခြားသူတွေခုပ်တာကိုတော့ မကောင်းဘူးပေါ့။ ဒါကတော့ ပညာတတ်ဆိုပီး ဆင်ခြင်မဲ့လုပ်လိုက်တာ ။
သူနဲ့ သူတယောက်ပဲထိခိုက်ပစေပေါ့ အများကို ထိခိုက်စေတာတော့ မကောင်းပါဘူး
MN
Anonymous says:
ဘဝတစ်ကွေ့မှာ မခံစားနိုင်လောက်အောင် ဖြစ်လာခဲ့ရင် ဒါမှမဟုတ် အရမ်းနာကြည်းမိသွာပြီဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါဟာ ပညာတတ်တာ မတတ်တာနဲ့မဆိုင်ပါဘူး။ ခံစားမှု ကိုထိန်ချုပ်နိုင်စွမ်းနဲ့သာဆိုင်တယ်လေ။
Thant says:
အီး.... ရက်စက်လိုက်တာ ။
maymoe says:
ဖတ်လို့လဲကောင်း ဝမ်းနည်းစရာလဲကောင်းလိုက်တာ လူတွေက အချစ်နဲ့ပက်သက်ရင် ရူးနေကြတာပါလား။ ဒါပေမဲ့ ဒီလိုလုပ်တာတော့ မကောင်းပါဘူး။
sin dan lar says:
ဝတ္ထုလေးကောင်းလိုက်တာ...။ တကယ့် အဖြစ်အပျက်ကိုး...၊
ဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ကျတော့ သူ့ကို သစ္စာဖောက်ပြီး တခြားတစ်ယောက်နဲ့
ယူသွားတဲ့ယောကျ်ားကို ကလဲ့စားချေချင်လို့ သူ့ကိုယ်သူ AIDS ကူးအောင်လုပ်ပြီး ချစ်သူဟောင်းရဲ့ သားကလေး(ကလေးလေး)ကို ရင်းနှီးအောင်လုပ်၊ အရုပ်လက်ဆောင်ပေးပြီး ကလေးနှုတ်ခမ်းကို သွေးထွက်အောင် နမ်းပြီး ရောဂါကူးစေခဲ့တာပါ...။
စာရေးသူနာမည်တော့မေ့သွားပြီ...။
မောင်မျိုး says:
ဟား...ကြောက်စရာကြီး သူတို့အချစ်က တယ်လည်း အမျက်ကြီးပါလားကွယ် ။ ဟိုတစ်ယောက်ကလည်း စားမယ်ဆိုတာင်္ကြီးပဲ ဟားဟား အင်းး ရင်လေးတယ် ။
ကောင်းကင်ပြာ says:
စိတ်မကောင်းစွာ ဖတ်သွားပါတယ်၊ဘယ်သူ့မှ အပြစ်တင်လို့မရတာ အချစ် ကြောင့်ပါ၊
ပန်းခရေ says:
စိတ်မကောင်းဘူး
အချစ်ဆိုတာ တစ်ကယ်ကိုမကောင်းတာပဲ
Judith says:
စိတ်တော့ မကောင်းပါဘူး ဆရာဝန်လေး အတွက်ပေါ့နော်..
ဒါပေမဲ့ လည်း ဆရာဝန်တစ်ယောက်ဖြစ်နေပြီးတော့နော်..
ခက်တယ်နော်
ဂလဲ့စားတဲ့လားဗျာ
ပျူနိုင်ငံ says:
ဝတ္ထုတစ်ပုဒ် ဆိုရင်ကောင်းမယ်၊ တကယ့်ဇာတ်လမ်းဆိုရင် လန့်စရာပါပဲ။
ညမီးအိမ် says:
အစ်ကိုရေ အစ်ကို ပိုစ်လေးဖတ်ပြီးတော့ သတိထားသင့်သူတွေ သတိထားလို့ရတာပေါ့။ ဥပမာ ရည်းစားရှိတဲ့လူတွေပေါ့ ကျွန်တော်ကတော့ ရည်းစားမရှိတော့(ကြေငြာဝင်တာ :P ) ပူစရာလိုဘူး။
My Diary says:
ဝေဖန်တာမဟုတ်ဘူးနော်
အချစ်အကြောင်းပြောကြည့်တာပါ
အချစ်နဲ့ တဏှာက ဆိုင်ဘူးလေ
အဲဒါအချစ်လား (အဟီးဟင့်)
ကြောက်စရာကြီးးးးးး
JulyDream says:
စိတ်ကူးယဉ် ရေးဖွဲ့ထားတယ်လို့ ထင်မှတ်မိပေမယ့် ဖြစ်ရပ်မှန်ဆိုတော့လည်း ဖြစ်နိုင်ခြေ ရှိတာကို တွေးမိပါတယ်။ ပညာတတ်တွေရဲ့ ရက်စက်မှုက တခါတလေ ကြောက်စရာ ကောင်းပါတယ်။ ဆေးလောကသား တစ်ဦးအနေနဲ့ သိရဲ့သားနဲ့ လုပ်တယ်ဆိုတာ တမင်တကာ ကြံစည်မှုပါပဲ။
ပထမအပိုဒ်ကို ဖတ်မိတုန်းကတော့ ဟောက်စ်ဆင်းတုန်း လူနာတွေရဲ့ သွေးကနေ တဆင့် မထင်မှတ်ပဲ ကူးစက်သွားတယ်လို့ ထင်ခဲ့မိတာပါ။ အခုခေတ် ဆရာဝန်တွေမှာ အဲဒီလို ကူးစက်ခံရမှု အခွင့်အရေးက အလွန်များပါတယ်။ ဆေးရုံတွေမှာ လက်အိတ်သုံးပါ ပြောပေမယ့် လက်အိတ်ဆိုတာကလည်း အလွယ်တကူ မရှိသလို ရှိပြန်တော့လဲ အရေးပေါ် အခြေအနေ ဆိုတာတွေကြောင့် မသုံးမိတာတွေ ရှိနိုင်ပါတယ်။ အဲဒီလိုနဲ့များ ကူးစက်သွားသလားလို့ ထင်မိပါသေးတယ်။
အင်း...နောက်ဆုံးကျမှ ဇာတ်ရည်လည်သွားပါတယ် ခင်ဗျာ။
Welcome says:
ဘယ်သူ့ကို အပြစ်တင်ရမလဲနော်။
တစ်ဦးတစ်ယောက်ရဲ့ သစ္စာမဲ့မှုကြောင့်
လူအများအပြား ဒုက္ခရောက်ရတာ မတန်မရာပါပဲ။
အောင်မြေ says:
သံဝေဂရစရာပါပဲနော်။
ကြယ်ပြာ says:
ဖတ်ပြီးစိတ်ထဲဘယ်လိုကြီးလဲမသိဘူးရယ် ...
Anonymous says:
သြော်အချစ် ....အချစ် ကြောက်စရာအလွန်ကောင်းပါလား။
ကောင်လေး says:
ဦးရီးတော် ကလည်းစောစောစီးစီး ရေးပါလားလို့...အခုတော့... ဟင့်ဟင့်..။
အချစ်ကအဲလောက်တောင် ကြောက်ဖို့ကောင်းရင် ချစ်ရဲတော့ပါဘူးဂျာ....။
ဝေလေး says:
အဲ.... တယ်ခက်ပါလား။
ဂလဲ့စားချေတာကလည်း ကိုယ့်ကိုကိုယ်လူညွန့်တုံးအောင်ပါလုပ်ရတယ်လို့။
မီးမီးကြောက်ကြောက်.....