မိုက်ကယ်လ်ဂျက်ဆင်၊ သေပြီဆရာ..


နေရောင်လက်ကျန်က တိုက်နံရံတချို့ ဓါတ်တိုင်နဲ့ ပလက်ဖောင်းပေါ် ကိုးလိုးကန့်လန့်
သက်ရှိသတ္တဝါလိုဖွဲ့ရရင် မခွဲနိုင် မခွာရက်ဟန် သင်တန်းကျောင်းမှာ သင်ခန်းစာ
အသစ် ပြဌာန်းစာအုပ် ပါမလာလို့ ဒဏ်ပေးခံရတဲ့ ကလေးဘ၀ ဓါတ်ပုံ အယ်လဘမ်
အနှစ်ခြောက်ဆယ် မြေဂရမ် စာချုပ် သမဝါယမ ဆိုင်းဘုတ်အောက်မှာ


ခုလေးတင် တက္ကစီပေါ်က ဆင်းလာတယ် အပြေးတပိုင်းဘဲလ်ဘွိုင် ကို ဘောက်ဆူးတွေ
ဘာတွေ ပစ်ပေးပြီး ရှန်ပိန် မှာသံ လဲ ကြားလိုက်တယ်၊ တိမ်ပေါ်မှာ ပန်းချီရေးမလား ရေငွေ့
ပါဝင်မှု နှုန်း နဲ့ ကာဗွန်ပမာဏ ကိုတွက်ချက်မလား၊ ကြိုက်ရာရွေးဖို့ အခွင့်အရေး ရလေ သင့်
အရေပြား တွန့်ရွဲ့မှု ကိန်း မြင့်တက်လေလေ


တိမ်တောက်ချိန် ဆိုတဲ့ ဗမာစကားလုံး တောက်ပလွန်းနေတယ် အမြင်အာရုံ ပြာဟောက်သွားသည်ထိ
တေးသွားကို တီးခတ်လိုက်စဉ် အားလျော့ ပျော့ခွေစ အလင်းတွေ နောက်ဆုတ်ထွက်ခွာမှုမှာ
ကြယ်တာရာ အသိန်းအသောင်း တို့ ရယ်သွမ်းသွေးသံဖြင့် စိုပြေ စိုပြေ စိုပြေ
ကင်းခြေများတွေ မြူးတူးကြတဲ့ ဒီအချိန်မျိုး ပေါ့


ကျွန်ပ်ကဘာကို ဆက်လက် ရွတ်ဖတ်ပြရဦးမည်နည်း။ အော်ပရေတာ..အော်ပရေတာ..
နှင်းခဲ တွေ ပြည့်သိပ်နေတဲ့မြင်ကွင်းမျိုး ကြည့်လို့သိပ်ကောင်းတယ် “သားရေ..နှာခေါင်းမှာ
ဘာတပ်” “ဟုတ်..ဖေ..၊ သား ကဲရော့ ပြေးယူလိုက်ဦးမယ်” ဝက်ကမ်င် မှာ သားအဖ ဆက်ဆံရေး
အေးခဲတဲ့ ရာသီဥတု အောက်က something နွေးနွေးလေး မျက်ဝန်းမှာ ငွေ့ရည် လဲ့လဲ့


မရှိတာကို ရှိတာလို လုပ်ပြီး ရှိတာကိုမရှိ တာ လုပ်ပစ်တဲ့ သိပ္ပံလောကကြီး အနုပညာနဲ့
ထိပ်တိုက်တွေ့တဲ့အခါ သူက ဦးအောင် ရူးချင်ယောင်ဆောင်သတဲ့၊ ရတယ်..ကိစ္စမရှိဘူး
လူ့အဖွဲ့အစည်း၏ယဉ်ကျေးမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပညာသားပါပါ မယဉ်ကျေးတာ
ကိုက ယဉ်ကျေးမှုလို့ ဇွတ်ဖြည့်စွက်နိုင်သေး


ကွယ်လွန်သွားပါပြီ.. နေလုံးကြီး အနောက်အရပ်မိုးကုပ်စက်ဝိုင်းကိုမေးတင်ပြီး တစတစ ကွယ်ပျောက်
လွန်မြောက် သွားတာကိုပြောတာပါ ဟေ့ ကလေး.. မင်းဆိုနေတာ ဘာသီချင်း…မိုက်ကယ်ဂျက်ဆင်
ကိုမင်းသိလား အိုး မိုင်ဂေါ့ဒ် သူက မွန်းဝေါ့ခ်တောင် ကပြလိုက်သေးတယ် သေပြီဆရာ…။ ။


ခင်အောင်အေး
၃၊ စက်တင်ဘာ၊ ၂၀၀၉
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts