သမိုင်းနဲ့ လူလုပ်မီးရထား




လူတွေကို ငါဘယ်လို သဘောထားရမလဲ
ငါ့ ကိုယ်ငါ ဘယ်လို သဘောထားရမလဲ
မေးခွန်း ၂ ခုဟာ တခုကို ဖြေရှင်းပြီးရင်
နောက်တခု အလိုလို ဖြေရှင်းမိလျက်သားဖြစ်မှာပဲ

သဘောထား ဆိုတာကို ငါဘယ်လိုသဘောထားရမလဲ
ဘယ်လို ဆိုတာကို ငါဘယ်လို သဘောထားရမလဲ
သဘော ဆိုတာကို ဘယ်နားမှာ ဘယ်လိုထားပြီး
ဘယ်လို ဆိုတာကို ဘယ်နားမှာ ဘယ်လို သဘောထားမလဲ

ဝူးဝူး ဝါးဝါးကနေ
လက်ဟန်ခြေဟန်နဲ့ပေါင်းစပ်
နောက် အသံမှာ သငေ်္ကတတွေ ပါလာပြီး
အချက်ပြသလို နားလည်မှုနဲ့ ရှေ့ဆက်တက်လာခဲ့ကြ
သောင်းဂဏန်းမျှ နှစ်ကာလတွေ ဖြတ်ကျော်မိပြီးတဲ့အခါ

ဘာသာစကားတွေ အသီးသီးပေါ်ထွန်းလာ
ဟုတ်ပီ ထင်ရတဲ့ စကား စာသား စာပေ ယဉ်ကျေးမှု
ဟုတ်ပီ ထင်ရတဲ့ အတွေးအခေါ် အမြော်အမြင် ယဉ်ကျေးမှု
ငါ အခုနက မေးမိတာ ငါ တော်တော် တုံးတာလား
ငါ အဖုံးတခုကို လှပ်မိတာလား

ဝေါကနဲ ရထားတစ်စင်းဟာ ဖြတ်သွားရဲ့
ဟော လှေကားမှာ ခြေသံကြားရပြီ

ငါအခုပြောနေတာနဲ့
ခုနလေးတင်ကပြောနေတာနဲ့
ဟိုတလောလေးက ပြောနေတာနဲ့

သဘောထားတွေချည့်ပါပဲ
ရထားဟာ အဆက်မပြတ် ခုတ်မောင်းသွားနေတယ်
သမိုင်းကတော့ ငါးခူပြုံးပြုံးလို့။ ။

ခင်အောင်အေး
၃၀၊ သြဂုတ်၊ ၂၀၁၁ ရုဒက်ဆိုင်မြို့ ဂျာမဏီ ၁၂း၅၂ နာရီ
Read more


လျှပ်တပြက်မှတ်တမ်း




လျှပ်တပြက်မှတ်တမ်း
(လန်ဒန်-ဂျာမဏီ ခရီးစဉ်)

၂၀၁၁၊ သြဂုတ်၊ ၂၃ မနက် ၉း၃၀ ဖရန့်ဖတ် ဟမ် လေဆိပ်မှာ ဂျာမဏီမြေကိုနင်းရတယ်။
အို ပျော်စရာကြီးပေါ့။ အရှေ့တိုင်းသား တစ်ယောက်အတွက် ဥရောပရဲ့ အထင်ကရ နိုင်ငံမှာ
ဒါ တကယ် အရေးကြီးတဲ့ အချိန်ပဲ ထူးခြားတဲ့အချိန်ပဲ ဂုဏ်မာန်တက်နေရမယ့် အချိန်ပဲ

ပျော်နိုင်မှာလား မင်းစဉ်းစား..တကယ်ပျော်နိုင်မှာလား မင်းစဉ်းစား
ည တုန်းက စကားမဆုံးခင် ဆိုင်းအောက်လုပ်သွားတာ ကဗျာတပုဒ်သာ အဖတ်တင်ခဲ့တာ
စာ တိုကလေး တစ်စောင် ချန်ခဲ့တာ ဖတ်လိုက်ရတာ လေယာဉ်ပေါ်သာ ရောက်သွား မူးရိပ်မူးရီနဲ့..

ဘယ်ရောက်ရောက် ဘာကိုမှ မတွေးပဲ ပျော်နိုင်ခွင့်ကို ပေးသနားပါ
ဘယ်လိုပဲဖြစ်ဖြစ် အင်တာနက် ကွန်နက်ရှင်အဆိုးအကောင်းကို သည်းခံတတ်မှုကို ပေးသနားပါ
ဘယ်တော့ပဲ ဖြစ်ဖြစ် သူ့ကို သတိရနေခြင်းနဲ့ လုံလောက်နေတတ်တဲ့ ခွန်အားကို ပေးသနားပါ

အကြင်သူသည် တစုံတယောက်အား ချစ်ခြင်းအားဖြင့်….
အကြင်သူသည် တစုံတယောက်အား ချစ်ခြင်းအားဖြင့်….
အကြင်သူသည် တစုံတယောက်အား ချစ်ခြင်းအားဖြင့်….

ဘယ်တော့ပဲ ဖြစ်ဖြစ် သူ့ကို သတိရနေခြင်းနဲ့ မူးရိပ်မူးရီနဲ့..
ဘယ်တော့ပဲ ဖြစ်ဖြစ် သူ့ကို သတိရနေခြင်းနဲ့ မူးရိပ်မူးရီနဲ့..
ဘယ်တော့ပဲ ဖြစ်ဖြစ် သူ့ကို သတိရနေခြင်းနဲ့ မူးရိပ်မူးရီနဲ့..

၂၀၁၁၊ သြဂုတ်၊ ၂၃ မနက် ၉း၃၀ ဖရန့်ဖတ် ဟမ် လေဆိပ်မှာ ဂျာမဏီမြေကိုနင်းရတယ်။
ပျော်နိုင်မှာလား မင်းစဉ်းစား..တကယ်ပျော်နိုင်မှာလား မင်းစဉ်းစားပါ။ ။

ခင်အောင်အေး

၂၃၊ သြဂုတ်၊ ၂၀၁၁ ဖရန့်ဖတ် ဂျာမဏီ ၁၆း၃၃ နာရီ

Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts