ကျယ်ပြန့်သော မိုးကောင်းကင်



မှောင်ရာမှ ဖွဖွကလေးလင်းလာ
လူလုပ်အလင်းရောင်များ ဖျော့ကျလာ
နေရောင်ဟာ တိမ်ကန့်လန့်ကာကြားမှ ဖိတိုးထွက်ပြူလာ
(ညက ရွာထားတဲ့မိုးအရှိန်နဲ့) မြူလိုလိုထဲ
ဖားအော်သံ ကွက်ကွက် ကွက်ကွက်
သရကာငှက်သံ ကြားဖြတ် ညံ့သက်
ကော်ဖီခွက်လက်ကျန်ကို အပြီးသတ်မော့ချလိုက်ကာ
ဇီးကွက် ညည့်ငှက် ကဗျာဆရာ
အိပ်တန်းတက်ပါတော့မယ် တစ်ခေါက်ပြန်ဖတ်တယ်
          စာလုံး အပူးအကပ်ကလေးတွေပြင်တယ် ခုမှ
          ကော်ဖီလက်ကျန်ကို တကယ်မော့လိုက်တယ်
          ဝရံတာက လှမ်းမြင်နေရတဲ့ တိုက်တန်းတွေမှာ
          မီးရောင်တွေ မှိန်ကျလာတာနဲ့အမျှ အလင်းဟာ
          ပိုမိုကျယ်ပြန့်စိမ့်ဝင်လာတယ် စောစောက နာရီနဲ့
          ချီပြီးဖတ်ခဲ့သမျှ စိတ်တွေ ဘောင်ဘင်ခတ်ခဲ့သမျှ
          တပေါက်ပေါက်ကျနေတဲ့ ရေသံနဲ့ အလှစိုက်ဝါးပင်ကို
          ငေးစိုက်ရင်း စိတ်အပန်းခဏဖြေရတယ် ဖန်စပ်နေတဲ့
          မျက်လုံးကို မျက်တောင်တဖျပ်ဖျပ် ခတ်ပေးရတယ်
           ညီးစီခြင်းဟာ တဘဝလုံးအပေါ် ပိကျနေသလိုလိုပဲ
          မျက်စေ့ရှေ့တည့်တည့်က ကွန်ပြူတာမျက်နှာပြင်ကို
          ကျော်ကာ ဆက်တီစားပွဲရဲ့ ဟိုဖက် ဝရံတာလက်ရမ်း
          နားကပ်ချထားတဲ့ ပန်းအိုးတွေ နောက် မြက်ခင်းပြင်
         သူ့နောက် တောအုပ်အုပ်ကလေး ပြီးတော့ကွန်ဒို
         တိုက်တန်းတွေကိုဆီးမြင်ရ သူ့နောက်မှာ
         ကျယ်ပြန့်သောမိုးကောင်းကင်….
တမင်တကာထပ်ဖြည့်သောမှတ်ချက်။   ။(၁၉၇၇ ခန့်က ကျောင်းသားဘဝ
ပထမဦးဆုံး ရေးဖြစ်သော ဝတ္တုတို ခေါင်းစဉ်ကို ပြန်လည်ယူငင်သုံးစွဲပါသည်၊
ဝတ္တုမှာ ဘယ်သောအခါကမှ ပုံနှိပ်ထုတ်ဝေခြင်းမရှိခဲ့သည့်အပြင်လက်ခံကော်ပီ
လဲ မရှိတော့ပါ၊ နှလုံးသားထဲမှာသာ ပုံရိပ်အဖြစ်စွဲကျန်ရစ်ခဲ့..)

ခင်အောင်အေး
၁၇၊ နိုဝင်ဘာ၊၂၀၁၀ စင်္ကာပူ ဝရး၁၄ နာရီ


0 ယောက်ကဒီလိုမြင်တယ် to "ကျယ်ပြန့်သော မိုးကောင်းကင်"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts