နောက်ပြောင်ခြင်းမဟုတ်ပါ !
ဂျာမန် ကွန်ပြူတာ လုံခြုံရေး အထူးကျွမ်းကျင်သူက ဗိုင်းရပ်စ် အသစ်တစ်မျိုး ဖြစ်တဲ့ "Conficker" လို့ အမည်တွင်တဲ့ ဗိုင်းရပ်စ်ဟာ ဧပြီလ ၁ ရက်နေ့မှာ သန်းနဲ့ချီတဲ့ ကွန်ပြူတာတွေကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတယ်လို့ ပြောကြားသွားပါတယ်..။
ဒီဗိုင်းရပ်စ်ဟာ အော်တိုမစ်တစ် ပရိုဂရမ်တစ်မျိုးကုဒ် တစ်မျိုးဖြစ်ပြီး အင်တာနက်ပေါ်က ဒေါင်းလုဒ်လုပ်ခြင်းများ မှတဆင့် ဝင်ရောက်လာမယ် လို့ပြောကြားသွားပါတယ် ကွန်ပြူတာ တစ်လုံးနဲ့တစ်လုံး ကိုဘယ်လို ကူးစက်နိုင်တယ် ဆိုတာတော့ ဗိုင်းရပ်စ်ထွက်ပေါ်လာမှ သိနိုင်မှာ ဖြစ်ပါတယ်..။
ဒီဗိုင်းရပ်စ်ဟာ ပထမအဆင့် ကွန်ပြူတာလုံခြုံရေး ပရိုဂရမ်တွေကို ရပ်တန့်သွားအောင် အရင်ကြိုးပမ်း မှာဖြစ်ပြီး လုံခြုံရေးပရိုဂရမ်တွေ ရပ်တန့်သွားမှ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင် သွားမယ်လို့မျှော်မှန်းထားပါတယ် အသေးစိတ် တိုက်ခိုက်နိုင်မှုကိုတော့ လောလောဆယ် မသိရှိနိုင်သေးပါဘူး..။
အဆိုပါ ကျွမ်းကျင်သူက ဧပြီ ၁ ရက်နေ့မှာ Anti-virus-software တွေကို နောက်ဆုံး ပေါ်အပ်ဒိပ် ဖြစ်နေအောင် လုပ်ထားဖို့နဲ့ ဖိုင်းယားဝေါလ် ပရိုဂရမ် တွေကိုပါ အသုံးပြုဖို့ အကြံပေးထား ပါတယ်..။
ဂျာမန်နိုင်ငံတော်လုံခြုံရေး အဖွဲ့က ကမ္ဘာနဲ့အဝှမ်း ကွန်ပြူတာ အလုံးပေါင်း ၁၀ သန်းခန့် အဲဒီ ဗိုင်းရပ်စ် တိုက်ခိုက်မှုကို ခံရနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်..။
ကျွန်တော်တို့ မြန်မာလူမျိုး အင်တာနက် အသုံးပြုသူများ သတိဝိရိယ ထားရှိနိုင်ရန် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်..။
ဒါလေးတွေလဲ ရှိသေးတယ်
7 ယောက်ကဒီလိုမြင်တယ် to "Virus အသိပေးကွညောခကျြ"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
အိုင်လွယ်ပန် says:
ကျေးဇူးအစ်ကိုရေ ...
ပြင်ဆင်ထားသင့်တာတွေ ပြင်ဆင်ထားလို့ရတာပေါ့ ...
ကောင်လေး says:
အဲဒါဆိုရင်ဒေါင်းလော့ လုပ်တာတွေ ကို ရှောင်တော့မယ်..။ သားသားကြောက်ကြော် ဦးရီးတော်ရေ..။
အောင်သာငယ် says:
ဒွတ်ခပါပဲကွာ နေရင်းထိုင်ရင်း ကြောက်နေရပါလား
မသက်ဇင် says:
စိတ်ဝင်စားစရာပါပဲ
ကျေးဇူးပါ--
Anonymous says:
ကျေးဇူးပါဗျာ ဘယ်ကောင်လဲ အဲဒီဗိုင်းရပ်စ် လုပ်တာ သူမို့
အားအားယားယားဗျာ သူများတွေဒုက္ခလိုက်ပေးတယ်။
BLACK DREAM says:
လိမ်တယ် ညာတယ် လူညာကြီးရယ်..။ ယုံအောင်ဖြီးတတ်တယ်..။ ဟိ..။ အဆောင်အောက်မှာလဲ အဲ့ဒီ့အတိုင်းပဲရေးထားတဲ့ ကြော်ညာချက်ကြီးတစ်ခု ရုရှားဘာသာစကားဖြင့် ကပ်ထားလေရဲ့ :D
အမရာ says:
ကျေးဇူးပဲ..ဘရိုရေ.....