ကျောက်ကျောတုံး

အလုပ် က အပြန် အိမ်မှာ အေးဆေး နှပ်နေတုန်း တယ်လီဖုန်း မြည်သံ ကြောင့် စည်းစိမ် လေးပျက် သွားတယ်.
ဟယ်လို....မင်းသိမ်း စကားပြော နေပါတယ်၊
ဟား...ဟား...ဇီဝက မဟုတ်ဘူးလား..?
ရယ်သံ နှင့် တဆက် ထဲ လိုက်ပါ လာတဲ့ မေးခွန်း ကြောင့် ဘယ်သူ လဲ ဆိုတာ ကျွန်တော် သိလိုက် ပါပြီ...၊ဒါနဲ့ စကား လေး ဘာလေး ပြောပြီး ဖုန်းပြန် ချလိုက် အပြီး မှာ ကျွန်တော့ စိတ်တွေ လွန်ခဲ့ သော နှစ် ၂၀ ကိုပြန်လည် ရောက်သွား ပါ တော့တယ်.....။

အဲ့ဒီ အချိန် က လူတွေ က ၁၅ နှစ် ၁၆ နှစ်သားတွေ အချစ် ဆိုတာ စူးစမ်း တဲ့ အရွယ်
ခုန ဖုန်းဆက် တဲ့ နိုင်အေး ဆိုတဲ့ ကျွန်တော့် သူငယ်ချင်း က အလွန် စန်းပွင့် တဲ့ကောင်
သူနဲ့တွေ့ရင် သူ့အတွေ့အကြုံ တွေ ပြန်လည် ဖောက်သည် ချတိုင်း ဒီကောင်မှာ
ဘယ်လို ကြီး ဖြစ်ဖြစ် သွားမှန်း မသိ ဘူး......။

ပြန်ပြော ရမှာလဲ ရှက်ပါ ရဲ့ဗျာ...သူ ပြောတဲ့ အထဲ မှာ ချစ်သူ နှုတ်ခမ်း ဆို တာ ကျောက်ကျော တုံး လေးနဲ့အလား သဏ္ဍန် တူဆို ဘဲ....။အဲဒီတော့ အဲ့ဒီ ကျောက်ကျော တုံး ကို တွေ့ဖူး ချင်လို့ အပြင်းအထန် ရှာလိုက်တာ အနည်း ငယ်နီး စပ်လာတယ် ဆို ပါတော့ဗျာ....။

ကျောင်းပိတ် တဲ့ တရက် ကျွန်တော့ ရဲ့ ပစ်မှတ် ကလေး အိမ်ကို သွားလည် တော့ အခန့်သင့်ဘဲ သူလေး ကိုတွေ့ပါတယ်...သူမ ရဲ့ မိဘ တွေ လည်း အလှုသွား နေကြ တယ် ဆိုတဲ့ အကြောင်း သိလိုက် ရချိန် မှာ ကျွန်တော့ ရင်ထဲ မှာ ဘန်ဒါအာချေး မှာလှုပ်သွား တဲ့ ငလျှင် လို တုန်ခါ သွားပြီး ဝမ်းသာ မှု လှိုင်းလုံး တွေကလဲဆူနာမီ ထက်တောင် ပိုနေ မိပါတယ်........။

ဒီနောက် တော့ ကောင်မလေး ကို ဘာမပြော ညာမပြော နဲ့ အနား ကပ်သွား ပြီး အကြံ အတိုင်း ရုတ်တရက်
ကျွန်တော် အရမ်း သိချင် နေတဲ့ ကျောက်ကျော တုံး လေးကို လက်တွေ့ပိုင်ပိုင် နိုင်နိုင် ကြီး နမ်းစုပ် လိုက်ချိန်မှာတော့ .............................။

ကျွန်တော် ရုတ်တရက် ချာကနဲ ကောင်မလေး ကို တောင် နှုတ်မဆက် ဘဲ လှည့်ထွက် လာခဲ့တယ်သူလေး ကတော့ နောက်က လိုက်ခေါ် ပါရဲ့........ကျွန်တော် လှည့်မကြည့် ပဲ ခြေဦး တည့်ရာ ထွက်လာမိတယ်.............။

နောက်နေ့တွေလည်း ကောင်မလေး ....ကျွန်တော် ကပဲ ယောက်ျား တန်မဲ့ ရှက်ကြောက်ပီး ရှောင်နေ တယ် အောက်မေ့ လို့လာလာ ရှာ ပါတယ်......။

ဒီအကြောင်း နိုင်အေး သိသွား ပြီး ကျွန်တော့် ကို မေးလို့ဖြစ်ကြောင်း ရယ် ကုန်စင်ကိုနတ်သံနှောပြီးပြောပြလိုက်တဲ့ အချိန်မှာတော့ အဲဒီ အချိန်က တီဗွီ ကြော်ညာ တွေမှာ ခေတ်စား နေတဲ့ ဇီဝက သွားတိုက် ဆေး ကိုဆောင်ထား မင်းသိမ်း လို့ပြောပြီး နောက်ပိုင်း ဒီကောင်ဖွတာနဲ့ဇီဝက မင်းသိမ်း ဆိုပြီးသူငယ်ချင်းတွေကြားမှာ အမည် တွင် သွားရ ပါ တော့တယ်.......။

မိတ်ဆွေ တို့စဉ်းစား ကြည့်လေ ညက အလှုအိမ် သွား ကူလို့အိပ်ရာထ နောက်ကျ ပြီး ထလာကာစကောင်မလေး ကို သွားပြီး ကျောက်ကျော တုံး လေး ဆိုပြီး သွားစမ်း မိတဲ့ ကျွန်တော် နှင်းရည် ဆမ်းထားတဲ့ ကျောက်ကျော တုံး မတွေ့ရပဲ ဘယ်လို ကျောက်ကျော တုံး မျိုး တွေ့လို့ထွက်ပြေး တဲ့ ဘဝ ရောက်ရလဲ ဆိုတာ..........။

PS:စင်္ကာပူ ရောက် ငယ်သူငယ် ချင်း မင်းသိမ်း အတွက် ငယ်ဘဝ အမှတ် တယ....။


4 ယောက်ကဒီလိုမြင်တယ် to "ကျောက်ကျောတုံး"

  • အာ..ဂလိုကိစ္စမျိုးနဲ့ပတ်သတ်ပြီး...အနော့်မှာလည်းကိုယ်တွေ့ တစ်ခုရှိဘူးတယ်...ကျွန်တော်က ပိုဆိုးတယ်အစ်ကိုရေ...သဘူတောတယ်..သဘူတောတယ်..။

  • ကျွန်တော် ကျောက်ကျောလေးကအဲလိုဟုတ်ဖူးဗျ။ ကောင်းတယ်။ ဟီးဟီး။ အခုတော့ရှိတော့ဘူး။

  • အင်း ကျွန်တော်ကြားဖူးတဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းက ဒီလိုဗျ။ ကျောက်ကျောတုံးကို မက်မက်မောမောလေး အရသာခံလိုက်တာ ... မုန့်ညင်းဖတ်ကြီးပါ ပါလာသတဲ့။
    (အဲဒါ ကချင်ပြည်နယ်က အဖြစ်အပျက်တစ်ခုဗျ။ ကျွန်တော်တို့ကချင်ပြည်နယ်မှာက မုန့်ညင်းဟင်းကို ကြက်သားဟင်းနဲ့တောင် မလဲဘူးလို့ အဆိုရှိတာကိုး။ ကောင်မလေးကလည်း မုန့်ညင်းရွက်ဟင်းကို ကြိုက်တယ်နဲ့ တူပါတယ်။ ညစာကို အဲဒီဟင်းနဲ့ စားလာတယ်နဲ့ တူပါရဲ့)
    ကျွန်တော်ကြားဖူးတာကို ပြောပြတာပါ။ အဲဒီထဲက ဇာတ်ကောင်က ကျွန်တော်မဟုတ်ပါကြောင်း အတည်ပြုပြောကြားလိုပါတယ်။

  • ရယ်ရတယ်ဗျို့။ ဒါမျိုးလေး များများဖတ်ချင်ပါတယ် :)

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts