အင်း.....လူတွေ..လူတွေ...ခက်တယ်ဗျာ......
အကုန် လုံးကို တော့ မဆိုလို ပါဘူးဗျာ...တချို့တွေပါ။
ဒီလိုဗျ ကျွန်တော် မြင်ဖူးတဲ့ ထဲက တယောက် ဆိုပါတော့ ဗျာ၊
သူနဲ့ကျွန်တော် နှစ်အတော် ကြာ အလုပ်တွဲ လုပ်ကြပါတယ်...၊
တရက် မှာဗျာ မျက်မှန်းတန်း မိနေတဲ့ လူ တစ်ယောက် က အကူအညီ တောင်းလို့ကျွန်တော်
ကူညီ လိုက်ပါတယ်.....
ဒါကိုမြင်တဲ့ အခါ အလုပ်တွဲ လုပ်နေတဲ့ လူက ဘာပြောလဲ ဆိုတော့.....
"ခင်ဗျား ဗျာ သူဟာ ခင်ဗျား အပေါ် ကျေးဇူး ခံ ကျေးဇူး စား လဲ ရှိတာ မဟုတ် ဘဲနဲ့ အပင်ပန်းခံ လို့သွား
ကူညီနေတယ်"
ကျွန်တော် အတော် လေး စိတ်ထဲ ရွံရှာ သွားမိတယ်...ဘယ်လို လူလဲ ...?
ကျေးဇူးရှိ မှ ကူညီ ကြကြေး ဆိုရင် ဒီကျေးဇူး ကိုဘယ်သူက စပြီး ပြုမှာလဲ...? ဒီလူ့ အပေါ်မှာ
ဘာမှ ကျေးဇူး မရှိ ဘဲ ကူညီခဲ့ သူတွေ အပေါ်ရော ဒီလူ ငပေါ တွေလို့မြင်မှာလား...?
ကျွန်တော် သဘော ပေါက်သွားတယ် ဒီလူဟာ သူ့ အပေါ် ကျေးဇူး ရှိခဲ့ ရင် မလွှဲသာ လို့ အကြွေးဆပ် သလို ပြန်ကူ ညီမယ်....ကျေးဇူး မရှိ တဲ့သူကို ကူညီတယ် ဆိုတာ လဲ သူ့အတွက် အခွင့် အရေး တွေ ရနိုင်လို့သာ
အကျိုး မျှော်ပြီး ကူညီ တတ်သူ ဆိုတာ ကိုပေါ့.....
ဒါကြောင့် ကျွန်တော် လဲ သူနဲ့ အလုပ် ဆက်မလုပ် ဘဲ ကျောခိုင်း လိုက်ပါတယ်......
မိတ်ဆွေ တို့ရော ကျေးဇူး ရှိ မှ လူတွေ ကို ကူညီမှာလား...ဒါမှ မဟုတ်..........................................။

ဒါလေးတွေလဲ ရှိသေးတယ်
3 ယောက်ကဒီလိုမြင်တယ် to "လူ နှင့် ကျေးဇူး"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
ညမီးအိမ် says:
အစ်ကိုရေကောင်းတယ်ဗျ။ များများရေးပါဗျို့မျှော်နေမယ်။
စိုးထက် - Soe Htet ! says:
အင်းဗျ ... လူတော်တော် များများက မျှော်လင့်ချက်နဲ့ ကူညီကြတာ များတယ် လေ ... ကျွန်တော်လည်း အဲဒီလို သြဝါဒမျိုး ပေးခံရတာ ခဏခဏပေါ့ :)
BLACK DREAM says:
မှန်တယ်အစ်ကို..နဖူးတည့်တည့်ပဲ..အဟဲ..နောက်တာ။ လူတွေက Give & Take ကိုအရမ်းအားသာ လွန်းကျတယ်...။ တကယ်တမ်းကျတော့ ကိုယ့်အလှည့်ကျ မသိချင်ယောင် ဆောင်နေကြတာက ပိုတောင်များသေးတယ်။